ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္းက ကေလးသူငယ္လုပ္သားမ်ား။ |
လက္ဘက္ရည္ဆိုင္ေတြ၊ စားေသာက္ဆုိင္ေတြမွာ ကေလးေတြ စားပြဲထိုး လုပ္ေနတဲ့ျမင္ကြင္းက ျမန္မာႏိုင္ငံမွာ ပုံမွန္္ျမင္ေတြ႔ ေနၾက ျမင္ကြင္း တခုပါ။ ျမန္မာႏုိင္ငံတ၀န္းမွာ ကေလးသူငယ္လုပ္သား ေလးသန္းကေန ငါးသန္းၾကားရွိမယ္လုိ႔ ခန္႔မွန္းထားၾကပါ တယ္။ အဲဒီကေလးေတြထဲမွာ တေန႔ကို ၁၄ နာရီနဲ႔ တပတ္လံုး အလုပ္လုပ္ၾကရသူေတြေတာင္မွ ရွိပါတယ္။
ပညာသင္ရမယ့္အရြယ္မွာ ပညာသင္ခြင့္မရၾကဘဲ ၀မ္းေရးအတြက္ အလုပ္လုပ္ေနၾကရတဲ့ အဲဒီကေလးေတြကို အကူအညီေပးေန တဲ့ အစိုးရမဟုတ္တဲ့အဖြဲ႔အစည္းေတြထဲမွာ ျမန္မာေရြ႕လ်ား ပညာေရးစီမံကိန္း myME လည္း တခုအပါအ၀င္ပါ။
“ျမန္မာႏုိင္ငံတ၀မ္းၾကည့္လုိက္ရင္ လမ္းေထာင့္ေတြမွာ၊ မီးပိြဳင့္ေတြမွာ ပန္း ေရာင္းေနတဲ့၊ တျခားပစၥည္းေတြ ေရာင္းေနတဲ့ကေလးေတြ၊ စားေသာက္ဆုိင္ေတြ၊ ေဟာ္တယ္ေတြအျပင္ အိမ္အကူေတြအျဖစ္ လုပ္ေနတဲ့ကေလးေတြကို ေနရာတိုင္းမွာ ေတြ႔ရမွာပါ။ ျပႆနာက ဒီလို ကေလးေတြအလုပ္လုပ္ေနရတာကို တခုခုေတာ့ လြဲေန တယ္ဆိုၿပီး ဘယ္သူကမွ တကယ္တမ္း မထင္ၾကတာပါပဲ။”
ကိုတင္ေမာင္ေအးတို႔ရဲ႕ myME စီမံကိန္းကေန ရန္ကုန္နဲ႔မႏၲေလးၿမိဳ႕ေတြက လက္ဘက္ရည္ဆိုင္ေတြမွာ အလုပ္လုပ္ေနတဲ့ ကေလးငယ္ ၆၀၀ ကို ဆိုင္ပိတ္ခ်ိန္ေတြက်ရင္ လက္ဘက္ရည္ဆုိင္ထဲမွာပဲ စာသင္ေပးေနတာပါ။ အဲဒီထဲမွာ အသက္ငါးႏွစ္ အရြယ္ကတည္းကစၿပီး အလုပ္လုပ္ေနရတဲ့ အခုေတာ့ အသက္ ၁၅ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ေမာင္ႏုိင္လင္းေအာင္လည္း အပါအ၀င္ပါ။
“myMEမွာက်ေတာ့ က်ေနာ္႔ကို ေက်င္းသားေတြ အခ်င္းက က်ေနာ္႔ကိုလာေျပာတာေပါ့။ myMEမွာ တက္ရတာ ကိုယ့္ဘ၀မွာ ေရွ႕ေလွ်ာက္ ဘာမွ မျဖစ္ႏိုင္ဘူးဆိုတာ ႀကိဳေျပာလို႔မရဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ေရွ႕ေလွ်ာက္ English စာပိုင္း နဲနဲပါးပါးသိလာေအာင္၊ က်န္းမာေရးဗဟုသုတေတြလည္း ရလာေအာင္ ၿပီးေတာ့ ဒီ လူေတြနဲ႔ေျပာဆိုဆက္ဆံတက္လာေအာင္ က်ေနာ္လာတက္တာပါ။”
ဆင္းရဲမဲြေတမႈနဲ႔ ျမန္မာႏုိင္ငံရဲ႕ ည့ံဖ်င္းတဲ့ ပညာေရးစနစ္တို႔ဟာ ဒီလို ကေလးေတြ အလုပ္လုပ္ေနရတာရဲ႕ အေျခခံအေၾကာင္းရင္း ေတြျဖစ္တယ္လို႔ အမ်ားအျပားက ျမင္ၾကပါတယ္။ အသက္ဘယ္ႏွႏွစ္မွာမွ စၿပီး အလုပ္လုပ္ခြင့္ရမယ္ ဆိုတာကိုအလုပ္သမား ဥပေဒေတြမွာ ရွင္းရွင္းလင္းလင္း ျပဌာန္းထားတာမရွိဘဲ လက္ရွိဥပေဒေတြနဲ႔ အက်ဴံးမ၀င္ဘူးလို႔ အျပည္ျပည္ဆုိင္ရာ အလုပ္ သမားအဖြဲ႔ခ်ဳပ္ ILO တာ၀န္ရွိသူတဦးက ေျပာပါတယ္။
“ကေလးေတြ ေက်ာင္းဆက္တက္ႏုိင္မယ္၊ ေက်ာင္းတက္ ပညာသင္တာဟာ သူတို႔မိသားစုအတြက္၊ သူတို႔ ကေလးေတြအတြက္ ပိုေကာင္းတဲ့အလုပ္အကိုင္ ရလာေစ မယ္ဆိုတဲ့ အနာဂတ္ကို သူတို႔ျမင္ႏုိင္မယ္ဆိုရင္ ဘယ္မိဘမွ သူတို႔ကေလးေတြ အလုပ္လုပ္ရတာကို ျမင္ခ်င္မွာမဟုတ္ပါဘူး။”
၂၀၁၄ ခုႏွစ္မွာေကာက္ခံတဲ့ သန္းေခါင္စာရင္း အရ ျမန္မာႏုိင္ငံမွာ ေက်ာင္းမတက္ႏုိင္ တဲ့ အသက္ ၁၈ ႏွစ္ေအာက္ ကေလးသူငယ္ ခန္႔မွန္းေျခ ၄.၄ သန္းေလာက္ရွိပါတယ္။ လူမႈစီးပြားဆန္းစစ္ေလ့လာတဲ့ ၿဗိတိန္ႏုိင္ငံအေျခစိုက္ Verisk Maplecroft ကုမၸဏီရဲ႕ ၂၀၁၄ ခုႏွစ္အစီရင္ခံစာအရ ျမန္မာႏုိင္ငံဟာ ကေလးလုပ္သားအေျခအေန အဆိုးရြားဆံုးျဖစ္ေနတဲ့ ကမာၻ႔ႏုိင္ငံ ၁၀ ႏိုင္ငံထဲမွာ ဆိုမာလီယာ၊ ဆူဒန္၊ အာဖဂန္နစၥတန္၊ ယီမန္ စတဲ့ႏုိင္ငံေတြနဲ႔အတူ ပါေနပါတယ္ခင္ဗ်ား။
မၾကာေသးခင္က ျပဌာန္းထားတဲ့ အမ်ဳိးသားပညာေရးဥပေဒထဲမွာ အခမဲ့မသင္မေနရ မူလတန္းပညာေရးကို ဦးတည္အေကာင္ အထည္ေဖာ္ၿပီး အဆင့္ဆင့္တိုးခ်ဲ႕ေဆာင္ရြက္ေရးဆိုတဲ့ အေျခခံမူတခု ထည့္သြင္းျပဌာန္းထားေပမဲ့ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေနတာမ်ဳိး အခုခ်ိန္ထိေတာ့ မၾကားရေသးပါဘူး။
ေက်ာ္ေက်ာ္သိန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................................
မန်မာကလေး လုပ်သားများ အနာဂတ်ရေး
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်းက ကလေးသူငယ်လုပ်သားများ။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကနေ စက်ရုံတွေအထိ လုပ်ငန်းအသီးသီးမှာ ကလေးသူငယ်လုပ်သားတွေကို တွေ့နေကြရပါတယ်။ သန်းပေါင်းများစွာသော အဲဒီ ကလေးသူငယ်လုပ်သားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မကြာသေးခင် အချိန်ကာလတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး လှုပ်ရှား တာ မရှိခဲ့ဖူးပါဘူး။ အခုတော့ ဒီ ကလေးတွေ အပေါ်ထားတဲ့ အမြင်သဘောထားတွေကိုသာမက သက်ဆိုင်တဲ့ ဥပဒေတွေကိုပါ အပြောင်းအလဲလုပ်ဖို့ တွန်းအားပေး လှုပ်ရှားတာတွေ ရှိလာနေပါပြီ။ AFP သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ကလေးတွေ စားပွဲထိုး လုပ်နေတဲ့မြင်ကွင်းက မြန်မာနိုင်ငံမှာ ပုံမှန််မြင်တွေ့ နေကြ မြင်ကွင်း တခုပါ။ မြန်မာနိုင်ငံတဝန်းမှာ ကလေးသူငယ်လုပ်သား လေးသန်းကနေ ငါးသန်းကြားရှိမယ်လို့ ခန့်မှန်းထားကြပါ တယ်။ အဲဒီကလေးတွေထဲမှာ တနေ့ကို ၁၄ နာရီနဲ့ တပတ်လုံး အလုပ်လုပ်ကြရသူတွေတောင်မှ ရှိပါတယ်။
ပညာသင်ရမယ့်အရွယ်မှာ ပညာသင်ခွင့်မရကြဘဲ ၀မ်းရေးအတွက် အလုပ်လုပ်နေကြရတဲ့ အဲဒီကလေးတွေကို အကူအညီပေးနေ တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲမှာ မြန်မာရွေ့လျား ပညာရေးစီမံကိန်း myME လည်း တခုအပါအဝင်ပါ။
“မြန်မာနိုင်ငံတဝမ်းကြည့်လိုက်ရင် လမ်းထောင့်တွေမှာ၊ မီးပွိုင့်တွေမှာ ပန်း ရောင်းနေတဲ့၊ တခြားပစ္စည်းတွေ ရောင်းနေတဲ့ကလေးတွေ၊ စားသောက်ဆိုင်တွေ၊ ဟော်တယ်တွေအပြင် အိမ်အကူတွေအဖြစ် လုပ်နေတဲ့ကလေးတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ။ ပြဿနာက ဒီလို ကလေးတွေအလုပ်လုပ်နေရတာကို တခုခုတော့ လွဲနေ တယ်ဆိုပြီး ဘယ်သူကမှ တကယ်တမ်း မထင်ကြတာပါပဲ။”
ကိုတင်မောင်အေးတို့ရဲ့ myME စီမံကိန်းကနေ ရန်ကုန်နဲ့မန္တလေးမြို့တွေက လက်ဘက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးငယ် ၆၀၀ ကို ဆိုင်ပိတ်ချိန်တွေကျရင် လက်ဘက်ရည်ဆိုင်ထဲမှာပဲ စာသင်ပေးနေတာပါ။ အဲဒီထဲမှာ အသက်ငါးနှစ် အရွယ်ကတည်းကစပြီး အလုပ်လုပ်နေရတဲ့ အခုတော့ အသက် ၁၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မောင်နိုင်လင်းအောင်လည်း အပါအဝင်ပါ။
“myMEမှာကျတော့ ကျနော့်ကို ကျေင်းသားတွေ အချင်းက ကျနော့်ကိုလာပြောတာပေါ့။ myMEမှာ တက်ရတာ ကိုယ့်ဘဝမှာ ရှေ့လျှောက် ဘာမှ မဖြစ်နိုင်ဘူးဆိုတာ ကြိုပြောလို့မရဘူးပေါ့နော်။ အဲဒါကြောင့်ရှေ့လျှောက် English စာပိုင်း နဲနဲပါးပါးသိလာအောင်၊ ကျန်းမာရေးဗဟုသုတတွေလည်း ရလာအောင် ပြီးတော့ ဒီ လူတွေနဲ့ပြောဆိုဆက်ဆံတက်လာအောင် ကျနော်လာတက်တာပါ။”
ဆင်းရဲမွဲတေမှုနဲ့ မြန်မာနိုင်ငံရဲ့ ည့ံဖျင်းတဲ့ ပညာရေးစနစ်တို့ဟာ ဒီလို ကလေးတွေ အလုပ်လုပ်နေရတာရဲ့ အခြေခံအကြောင်းရင်း တွေဖြစ်တယ်လို့ အများအပြားက မြင်ကြပါတယ်။ အသက်ဘယ်နှနှစ်မှာမှ စပြီး အလုပ်လုပ်ခွင့်ရမယ် ဆိုတာကိုအလုပ်သမား ဥပဒေတွေမှာ ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာမရှိဘဲ လက်ရှိဥပဒေတွေနဲ့ အကျူံးမဝင်ဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် ILO တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကလေးတွေ ကျောင်းဆက်တက်နိုင်မယ်၊ ကျောင်းတက် ပညာသင်တာဟာ သူတို့မိသားစုအတွက်၊ သူတို့ ကလေးတွေအတွက် ပိုကောင်းတဲ့အလုပ်အကိုင် ရလာစေ မယ်ဆိုတဲ့ အနာဂတ်ကို သူတို့မြင်နိုင်မယ်ဆိုရင် ဘယ်မိဘမှ သူတို့ကလေးတွေ အလုပ်လုပ်ရတာကို မြင်ချင်မှာမဟုတ်ပါဘူး။”
၂၀၁၄ ခုနှစ်မှာကောက်ခံတဲ့ သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင် တဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ခန့်မှန်းခြေ ၄.၄ သန်းလောက်ရှိပါတယ်။ လူမှုစီးပွားဆန်းစစ်လေ့လာတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Verisk Maplecroft ကုမ္ပဏီရဲ့ ၂၀၁၄ ခုနှစ်အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကလေးလုပ်သားအခြေအနေ အဆိုးရွားဆုံးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ဆိုမာလီယာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ယီမန် စတဲ့နိုင်ငံတွေနဲ့အတူ ပါနေပါတယ်ခင်ဗျား။
မကြာသေးခင်က ပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေထဲမှာ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင် အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေးဆိုတဲ့ အခြေခံမူတခု ထည့်သွင်းပြဌာန်းထားပေမဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နေတာမျိုး အခုချိန်ထိတော့ မကြားရသေးပါဘူး။
ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment