Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

ျမန္မာမွာ သတိထားဖို႔ ကန္နဲ႔ ၾသစီတို႔ သတိေပးထား

ျမန္မာႏိုင္ငံ နယ္စပ္ေဒသကို မလိုအပ္ရင္ မသြားဖို႔ ၾသစေၾတးလ်က သတိေပးထားပါတယ္။ (Credit: ABC) 
 ျမန္မာႏိုင္ငံ ​ေရြးေကာက္ပြဲ ​နီးလာတာနဲ႔အမွ် ​ၾသစေၾတးလ်နဲ႔ ​အေမရိကန္တို႔က ​ျမန္မာႏိုင္ငံကို ​သြားေရာက္တဲ့ ​သူတို႔ ​ႏိုင္ငံသားေတြအတြက္ ​သတိေပးခ်က္ေတြ ​ထုတ္ျပန္ထားပါတယ္။

ၾသစေၾတးလ် ​အစိုးရကေတာ့ ​စက္တင္ဘာလ ​၁၁ ​ရက္ေန႔ကတည္းက ​သတိႀကီးႀကီးထားၿပီး ​ျမန္မာႏိုင္ငံမွာ ​သြားလာၾကဖို႔ ​အႀကံျပဳထားပါတယ္။ ​ၾသစေၾတးလ် ​အစိုးရက ​ခရီးသြား ​သတိေပးခ်က္ ​အဆင့္ ​၄ ​ဆင့္ ​သတ္မွတ္ထားၿပီး ​ပထမ ​အဆင့္ကေတာ့ ​သတိထားဖို႔၊ ​ဒုတိယအဆင့္က ​သတိႀကီးႀကီးထားဖို႔၊ ​တတိယအဆင့္က ​မလိုအပ္ရင္ ​မသြားဖို႔နဲ႔ ​ေနာက္ဆုံးအဆင့္က ​လုံးဝမသြားဖို႔ ​ျဖစ္ပါတယ္။

အခုေလာေလာဆယ္ ​ဒုတိယအဆင့္ျဖစ္တဲ့ ​သတိႀကီးႀကီးထားဖို႔ ​သတ္မွတ္ထားၿပီး ​ကခ်င္ျပည္နယ္၊ ​ရွမ္းျပည္ေျမာက္ပိုင္း၊ ​ထိုင္းနယ္စပ္၊ ​လာအိုနယ္စပ္၊ ​ဘဂၤလားေဒ့ရွ္နယ္စပ္နဲ႔ ​အိႏၵိယႏိုင္ငံ ​နယ္စပ္ေဒသနဲ႔ ​ထိစပ္တဲ့ ​ေဒသကိုေတာ့ ​မလိုအပ္ရင္ ​မသြားဖို႔ ​သတိေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာလည္း ​ငပလီ ​ကမ္းေျခကလြဲရင္ ​တျခားေနရာကို ​မလိုအပ္ရင္ ​မသြားဖို႔ ​သတိေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ​ႀကိဳတင္ခြင့္ေတာင္းမွ ​ဆႏၵျပခြင့္ရွိတဲ့အတြက္ ​ဆႏၵျပမႈေတြမွာ ​ဝင္ပါတာမ်ဳိး ​မလုပ္ဖို႔လည္း ​မွာၾကားထားပါတယ္။

အေမရိကန္ ​အစိုးရကလည္း ​လုံၿခဳံေရးနဲ႔ ​ဆက္စပ္ၿပီး ​သတိႀကီးႀကီးထားဖို႔ ​ျမန္မာႏိုင္ငံမွာ ​ေရာက္ရွိေနတဲ့ ​သူ႔ရဲ့ ​ႏိုင္ငံသားေတြကို ​သတိေပးထားပါတယ္။

မတည္ၿငိမ္မႈေတြ ​အခ်ိန္မေရြး ​ျဖစ္ေပၚႏိုင္ၿပီး ​ေဘးနားက ​လူေတြကိုပါ ​ထိခိုက္ႏိုင္တာေၾကာင့္ ​သတိထားဖို႔ ​ေျပာဆိုထားပါတယ္။

အခုအခ်ိန္ကေန ​ျမန္မာႏိုင္ငံ ​ေရြးေကာက္ပြဲလြန္ ​ကာလ ​ဒီဇင္ဘာလ ​၂၀ ​ရက္ေန႔အထိ ​သတိထားဖို႔လည္း ​ထုတ္ျပန္ထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
....................

မြန်မာနိုင်ငံ နယ်စပ်ဒေသကို မလိုအပ်ရင် မသွားဖို့ သြစတြေးလျက သတိပေးထားပါတယ်။ (Credit: ABC)
 မြန်မာနိုင်ငံ ​ရွေးကောက်ပွဲ ​နီးလာတာနဲ့အမျှ ​သြစတြေးလျနဲ့ ​အမေရိကန်တို့က ​မြန်မာနိုင်ငံကို ​သွားရောက်တဲ့ ​သူတို့ ​နိုင်ငံသားတွေအတွက် ​သတိပေးချက်တွေ ​ထုတ်ပြန်ထားပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​စက်တင်ဘာလ ​၁၁ ​ရက်နေ့ကတည်းက ​သတိကြီးကြီးထားပြီး ​မြန်မာနိုင်ငံမှာ ​သွားလာကြဖို့ ​အကြံပြုထားပါတယ်။ ​သြစတြေးလျ ​အစိုးရက ​ခရီးသွား ​သတိပေးချက် ​အဆင့် ​၄ ​ဆင့် ​သတ်မှတ်ထားပြီး ​ပထမ ​အဆင့်ကတော့ ​သတိထားဖို့၊ ​ဒုတိယအဆင့်က ​သတိကြီးကြီးထားဖို့၊ ​တတိယအဆင့်က ​မလိုအပ်ရင် ​မသွားဖို့နဲ့ ​နောက်ဆုံးအဆင့်က ​လုံးဝမသွားဖို့ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​ဒုတိယအဆင့်ဖြစ်တဲ့ ​သတိကြီးကြီးထားဖို့ ​သတ်မှတ်ထားပြီး ​ကချင်ပြည်နယ်၊ ​ရှမ်းပြည်မြောက်ပိုင်း၊ ​ထိုင်းနယ်စပ်၊ ​လာအိုနယ်စပ်၊ ​ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ​အိန္ဒိယနိုင်ငံ ​နယ်စပ်ဒေသနဲ့ ​ထိစပ်တဲ့ ​ဒေသကိုတော့ ​မလိုအပ်ရင် ​မသွားဖို့ ​သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ​ငပလီ ​ကမ်းခြေကလွဲရင် ​တခြားနေရာကို ​မလိုအပ်ရင် ​မသွားဖို့ ​သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ​ကြိုတင်ခွင့်တောင်းမှ ​ဆန္ဒပြခွင့်ရှိတဲ့အတွက် ​ဆန္ဒပြမှုတွေမှာ ​ဝင်ပါတာမျိုး ​မလုပ်ဖို့လည်း ​မှာကြားထားပါတယ်။

အမေရိကန် ​အစိုးရကလည်း ​လုံခြုံရေးနဲ့ ​ဆက်စပ်ပြီး ​သတိကြီးကြီးထားဖို့ ​မြန်မာနိုင်ငံမှာ ​ရောက်ရှိနေတဲ့ ​သူ့ရဲ့ ​နိုင်ငံသားတွေကို ​သတိပေးထားပါတယ်။

မတည်ငြိမ်မှုတွေ ​အချိန်မရွေး ​ဖြစ်ပေါ်နိုင်ပြီး ​ဘေးနားက ​လူတွေကိုပါ ​ထိခိုက်နိုင်တာကြောင့် ​သတိထားဖို့ ​ပြောဆိုထားပါတယ်။

အခုအချိန်ကနေ ​မြန်မာနိုင်ငံ ​ရွေးကောက်ပွဲလွန် ​ကာလ ​ဒီဇင်ဘာလ ​၂၀ ​ရက်နေ့အထိ ​သတိထားဖို့လည်း ​ထုတ်ပြန်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment