Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

၈ ေလးလံုးေခါင္းေဆာင္ေတြ ေရြးေကာက္ပြဲ ပညာေပးေဟာေျပာ

(Credit: The 88 Generation Peace and Open Society)
 တိုင္းျပည္မွာျဖစ္ေနတဲ့ ျပႆနာအားလံုးကို ေျဖရွင္းႏိုင္ဖို႔ အတြက္ ေရြးေကာက္ပြဲ နည္းလမ္းဟာ တခုတည္း နည္းလမ္း မဟုတ္ဘူးလို႔ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္ က ပန္းဘဲတန္းၿမိဳ႕နယ္မွာ အဂၤါေန႔ ျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲမွာ ေျပာဆိုလိုက္ပါတယ္။ ဒီသတင္း အျပည့္အစံုကိုေတာ့ ဗြီအိုေအ သတင္းေထာက္ မျမင့္ျမင့္ခိုင္ က သတင္းေပးပို႔ထားပါတယ္။

မၾကာခင္က်င္းပမယ့္ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲမွာ ဒီမိုကေရစီ အင္အားစုေတြ အျပတ္အသတ္ အႏိုင္ရ႐ံု အစိုးရဖြဲ႔ႏိုင္႐ံုနဲ႔မၿပီးဘဲ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ႏိုင္မွသာ တိုင္းျပည္ျပႆနာကို ေျဖရွင္းႏိုင္မွာ ျဖစ္တယ္လို႔ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းကိုႏိုင္ က ေျပာဆိုလိုက္ပါတယ္။ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲဟာ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔  ဖြင့္ရမယ့္တံခါး ျဖစ္တယ္လို႔ ေျပာဆိုလိုက္ၿပီး၊ ေရြးေကာက္ပြဲ ေအာင္ႏိုင္ ရင္ေတာင္ ျပည္တြင္းစစ္ကို အေၾကာင္းျပၿပီး တိုင္းျပည္ မၿငိမ္မသက္မႈနဲ႔ ေရြးေကာက္ပြဲရလဒ္ကို ျငင္းပယ္ တာမ်ိဳး မျဖစ္ေအာင္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္လည္း အာ႐ံုစိုက္ၾကဖို႔ လိုမယ္လို႔ ေျပာပါတယ္။

“က်ေနာ္တုိ႔ဘက္ကေတာ့ ဒီေရြးေကာက္ပြဲတခုတည္းဟာ က်ေနာ္တုိ႔ရဲ႕ တခုတည္းေသာ နည္းလမ္းအျဖစ္ မျမင္ဘူး။ ေဟာဒီျပည္ေထာင္စုႀကီးရဲ႕ ျပႆနာေပါင္းစံုဟာ ေရြးေကာက္ပြဲနည္းနဲ႔ က်ေနာ္တုိ႔က ေျဖရွင္း႐ံုမက ေနာက္ထပ္နည္းေတြရွိေသးတယ္။ ဆိုလိုတာက ေရြးေကာက္ပြဲမွာ ဒီမိုကေရစီဘက္ေတာ္သားေတြ ေသာင္ၿပိဳကမ္းၿပိဳ ေနာက္ထပ္ ႏုိင္တယ္ဆုိရင္ေတာင္ ကိစၥက မၿပီးေသးဘူး။ အစိုးရဖြဲ႔ႏုိင္တယ္လို႔ စိတ္ကူးလိုက္၊ အဲဒါလည္း ကိစၥက မၿပီးေသးဘူး။ ဘာေၾကာင့္လဲ။ ဖြဲ႔စည္းပံုမွာ ကာကြယ္ေရး၀န္ႀကီးဌာန၊ ျပည္ထဲေရး၀န္ႀကီးဌာန၊ နယ္စပ္ အားလံုးဟာ လက္ရွိ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြပဲ။ အဲေတာ့ က်ေနာ္တို႔လုပ္ရမယ့္ အလုပ္ဟာ ဖြဲ႔စည္းပံုျပင္တဲ့အထိကို သြားၾကရမွာ။”

လြတ္လပ္သန္႔ရွင္းၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖို႔ မဲထည့္႐ံုတင္မက ႏိုင္ငံေရးပါတီေတြ၊ တက္ႂကြလႈပ္ရွားသူေတြအေနနဲ႔ မဲစာရင္းေတြ ဘာရည္ရြယ္ခ်က္နဲ႔ မွားေနသလဲ၊ ေရြးေကာက္ပြဲမွာ မဲ ကလိမ္ကက်စ္ က်တာမ်ိဳး မႀကံဳေအာင္ အာ႐ံုထား ေစာင့္ၾကည့္ရမွာ ျဖစ္တယ္လို႔ ကိုမင္းကိုႏိုင္က ဆိုပါတယ္။ ဒီေခတ္ကာလမွာ ဒာေျပာင္းအလဲလုပ္ဖို႔ ဘယ္သူေတြ အမွန္တကယ္ ဆႏၵရွိသလဲဆိုတာ ေဝခြဲရ ခက္တာမို႔ သမိုင္းေၾကာင္းနဲ႔ လုပ္ရပ္ကို ၾကည့္ဖို႔လိုၿပီး ျပည္သူေတြကို စာနာစိတ္ နားလည္ႏိုင္တဲ့ လူထုေခါင္းေဆာင္မ်ိဳးရွိတဲ့ အဖြဲ႔အစည္းကို ေထာက္ခံဖို႔ ပန္းဘဲတန္းၿမိဳ႕နယ္မွာ ျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲမွာ ကိုမင္းကိုႏိုင္က ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“ေခတ္က အားလံုးသိတဲ့အတုိင္း ဒီေနရာေတြမွာ ေသနတ္သံေတြ ဖံုးခဲ့တယ္။ ဒီေနရာမွာ ေသြးသံရဲရဲနဲ႔ က်ေနာ္တုိ႔ေတြ ဆြဲၾကထုတ္ခဲ့ၾကရတယ္။ တကယ္ႀကံဳခဲ့ရတာ က်ေနာ္တို႔ေတြ။ အဲဒီတုန္းက က်ေနာ္တုိ႔ဘက္ကို မ်က္ႏွာမူခဲ့တဲ့သူေတြ၊ ေသတာေတာင္ နည္းေသးတယ္လို႔ ႀကံဳး၀ါးခဲ့တဲ့သူေတြက ဒီကေန႔ ဒီမိုကေရစီစကားကို က်ေနာ္တုိ႔ထက္ေတာင္ ေျပာေနေသးတယ္။ ျပည္သူေတြ ဒုကၡ၊ ေသာက ေ၀ေနတဲ့အခ်ိန္မွာ ျပည္သူၾကားထဲကို သာမန္ျပည္သူတေယာက္လို ဆိုလိုတာက ေရွ႕ေနာက္၀ဲယာ လက္နက္ကိုင္ အေစာင့္အၾကပ္ေတြနဲ႔ လာသမွ်လူေတြအကုန္လံုး လမ္းေပၚက ရွင္းေပးရတဲ့ ႏိုင့္ထက္စီးနင္း လာေတြ႔တဲ့ေခါင္းေဆာင္မ်ိဳး မဟုတ္ဘဲနဲ႔ ျပည္သူလူထုၾကားထဲကို မိသားစုေသာကေရးအတြက္ စာနာစိတ္နဲ႔ အျပည့္ေရာက္လာတဲ့ လူထုေခါင္းေဆာင္လိုမ်ိဳး ဘယ္မွာရွိသလဲဆုိတာ စဥ္းစားပါ။ အဲဒီအဖြဲ႔အစည္းကို ေထာက္ခံပါ။”

ေရြးေကာက္ပြဲဟာ ျပည္သူေတြ ပူးေပါင္းပါဝင္ႏိုင္တဲ့ အႏၱရာယ္ကင္းတဲ့ ဒီမိုကေရစီ တိုက္ပြဲျဖစ္တာမို႔ အခ်င္းခ်င္း ေသြးကြဲေနလို႔ မျဖစ္ဘူးလို႔ ၈၈ မ်ိဳးဆက္ေက်ာင္းသား ေခါင္းေဆာင္ ကိုျမေအး က ေျပာပါတယ္။ မဲတျပားရဲ႕ တန္ဖိုးဟာ ကိုယ့္အနာဂတ္ကို ဖန္တီးမယ္ဆိုတာ ယံုၾကည္ေစခ်င္တယ္လို႔ ဆိုပါတယ္။


“ဒီအခ်ိန္မွာ အနည္းငယ္ ပြင့္လင္းလြတ္လပ္တာေလးေတြကို ၾကည့္ၿပီးေတာ့ ငါတို႔ရဲ႕ လိုအင္ဆႏၵေတြ ျပည့္ၿပီလို႔ စိတ္ကူးယဥ္ေနရင္ေတာ့ အေမွာင္သံသရာထဲက ျပည္သူေတြ ဘယ္ေတာ့မွ လြတ္ေျမာက္မွာ မဟုတ္ဘူးဆုိတာ သတိေပးခ်င္ပါတယ္။”

ၿပီးခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပြဲတုန္းက ႀကိဳတင္မဲနဲ႔ အႏိုင္ရသြားတာမ်ိဳးေတြ ရွိတာမို႔ မၾကာခင္ က်င္းပေတာ့မယ့္ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲမွာလည္း ပယ္မဲနဲ႔ အႏိုင္ယူသြားႏိုင္တဲ့ အေျခအေနမ်ိဳးေတြ ရွိတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ နာယက ဦးတင္ဦးကလည္း မေန႔က လမ္းမေတာ္ၿမိဳ႕နယ္မွာ ျပဳလုပ္တဲ့ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး ေဟာေျပာပြဲနဲ႔ ကိုယ္စားလွယ္ေလာင္းမ်ား မိတ္ဆက္ပြဲမွာ ေျပာဆိုထားပါတယ္။

“အခုအခါမွာကေတာ့ သူတုိ႔ အႏုိင္ယူႏုိင္တဲ့နည္းလမ္းဟာ ဘယ္လိုဟာမ်ိဳးေတြျဖစ္မလဲဆုိရင္ ပယ္မဲနဲ႔ က်ေနာ္တို႔ကို အႏုိင္ယူႏုိင္ဖို႔ လံုးပမ္းႏုိင္တယ္ ဆိုတာမ်ိဳး ရွိတာကို သတိထားမိတယ္။”

မဲစာရင္းမွားယြင္းမႈေတြေၾကာင့္ ႏိုင္ငံေရးပါတီေတြ အပါအဝင္ ျပည္သူေတြကပါ ၂၀၁၅ ေရြးေကာက္ပြဲကို ဦးစီးက်င္းပမယ့္ ေရြးေကာက္ပြဲ ေကာ္မရွင္အေပၚ သံသယေတြ ျဖစ္ခဲ့ၾကသလို ၁၉၉၀ ျပည့္ႏွစ္  ေရြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို အုပ္ခ်ဳပ္ခြင့္အာဏာ လႊဲမေပးခဲ့တဲ့အေပၚမွာလည္း ဘဝင္မက် ျဖစ္ေနၾကဆဲ ျဖစ္ပါတယ္။

 ျမင့္ျမင့္ခိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................................

(Credit: The 88 Generation Peace and Open Society)
 တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲ နည်းလမ်းဟာ တခုတည်း နည်းလမ်း မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပန်းဘဲတန်းမြို့နယ်မှာ အင်္ဂါနေ့ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က သတင်းပေးပို့ထားပါတယ်။

မကြာခင်ကျင်းပမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ အင်အားစုတွေ အပြတ်အသတ် အနိုင်ရရုံ အစိုးရဖွဲ့နိုင်ရုံနဲ့မပြီးဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှသာ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့  ဖွင့်ရမယ့်တံခါး ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး၊ ရွေးကောက်ပွဲ အောင်နိုင် ရင်တောင် ပြည်တွင်းစစ်ကို အကြောင်းပြပြီး တိုင်းပြည် မငြိမ်မသက်မှုနဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ် တာမျိုး မဖြစ်အောင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အာရုံစိုက်ကြဖို့ လိုမယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီရွေးကောက်ပွဲတခုတည်းဟာ ကျနော်တို့ရဲ့ တခုတည်းသော နည်းလမ်းအဖြစ် မမြင်ဘူး။ ဟောဒီပြည်ထောင်စုကြီးရဲ့ ပြဿနာပေါင်းစုံဟာ ရွေးကောက်ပွဲနည်းနဲ့ ကျနော်တို့က ဖြေရှင်းရုံမက နောက်ထပ်နည်းတွေရှိသေးတယ်။ ဆိုလိုတာက ရွေးကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေ သောင်ပြိုကမ်းပြို နောက်ထပ် နိုင်တယ်ဆိုရင်တောင် ကိစ္စက မပြီးသေးဘူး။ အစိုးရဖွဲ့နိုင်တယ်လို့ စိတ်ကူးလိုက်၊ အဲဒါလည်း ကိစ္စက မပြီးသေးဘူး။ ဘာကြောင့်လဲ။ ဖွဲ့စည်းပုံမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် အားလုံးဟာ လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေပဲ။ အဲတော့ ကျနော်တို့လုပ်ရမယ့် အလုပ်ဟာ ဖွဲ့စည်းပုံပြင်တဲ့အထိကို သွားကြရမှာ။”

လွတ်လပ်သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဲထည့်ရုံတင်မက နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ မဲစာရင်းတွေ ဘာရည်ရွယ်ချက်နဲ့ မှားနေသလဲ၊ ရွေးကောက်ပွဲမှာ မဲ ကလိမ်ကကျစ် ကျတာမျိုး မကြုံအောင် အာရုံထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။ ဒီခေတ်ကာလမှာ ဒာပြောင်းအလဲလုပ်ဖို့ ဘယ်သူတွေ အမှန်တကယ် ဆန္ဒရှိသလဲဆိုတာ ဝေခွဲရ ခက်တာမို့ သမိုင်းကြောင်းနဲ့ လုပ်ရပ်ကို ကြည့်ဖို့လိုပြီး ပြည်သူတွေကို စာနာစိတ် နားလည်နိုင်တဲ့ လူထုခေါင်းဆောင်မျိုးရှိတဲ့ အဖွဲ့အစည်းကို ထောက်ခံဖို့ ပန်းဘဲတန်းမြို့နယ်မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ခေတ်က အားလုံးသိတဲ့အတိုင်း ဒီနေရာတွေမှာ သေနတ်သံတွေ ဖုံးခဲ့တယ်။ ဒီနေရာမှာ သွေးသံရဲရဲနဲ့ ကျနော်တို့တွေ ဆွဲကြထုတ်ခဲ့ကြရတယ်။ တကယ်ကြံုခဲ့ရတာ ကျနော်တို့တွေ။ အဲဒီတုန်းက ကျနော်တို့ဘက်ကို မျက်နှာမူခဲ့တဲ့သူတွေ၊ သေတာတောင် နည်းသေးတယ်လို့ ကြံုးဝါးခဲ့တဲ့သူတွေက ဒီကနေ့ ဒီမိုကရေစီစကားကို ကျနော်တို့ထက်တောင် ပြောနေသေးတယ်။ ပြည်သူတွေ ဒုက္ခ၊ သောက ဝေနေတဲ့အချိန်မှာ ပြည်သူကြားထဲကို သာမန်ပြည်သူတယောက်လို ဆိုလိုတာက ရှေ့နောက်ဝဲယာ လက်နက်ကိုင် အစောင့်အကြပ်တွေနဲ့ လာသမျှလူတွေအကုန်လုံး လမ်းပေါ်က ရှင်းပေးရတဲ့ နိုင့်ထက်စီးနင်း လာတွေ့တဲ့ခေါင်းဆောင်မျိုး မဟုတ်ဘဲနဲ့ ပြည်သူလူထုကြားထဲကို မိသားစုသောကရေးအတွက် စာနာစိတ်နဲ့ အပြည့်ရောက်လာတဲ့ လူထုခေါင်းဆောင်လိုမျိုး ဘယ်မှာရှိသလဲဆိုတာ စဉ်းစားပါ။ အဲဒီအဖွဲ့အစည်းကို ထောက်ခံပါ။”

ရွေးကောက်ပွဲဟာ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်တဲ့ အန္တရာယ်ကင်းတဲ့ ဒီမိုကရေစီ တိုက်ပွဲဖြစ်တာမို့ အချင်းချင်း သွေးကွဲနေလို့ မဖြစ်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေး က ပြောပါတယ်။ မဲတပြားရဲ့ တန်ဖိုးဟာ ကိုယ့်အနာဂတ်ကို ဖန်တီးမယ်ဆိုတာ ယုံကြည်စေချင်တယ်လို့ ဆိုပါတယ်။



“ဒီအချိန်မှာ အနည်းငယ် ပွင့်လင်းလွတ်လပ်တာလေးတွေကို ကြည့်ပြီးတော့ ငါတို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်ပြီလို့ စိတ်ကူးယဉ်နေရင်တော့ အမှောင်သံသရာထဲက ပြည်သူတွေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူးဆိုတာ သတိပေးချင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ အနိုင်ရသွားတာမျိုးတွေ ရှိတာမို့ မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပယ်မဲနဲ့ အနိုင်ယူသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း မနေ့က လမ်းမတော်မြို့နယ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲနဲ့ ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲမှာ ပြောဆိုထားပါတယ်။

“အခုအခါမှာကတော့ သူတို့ အနိုင်ယူနိုင်တဲ့နည်းလမ်းဟာ ဘယ်လိုဟာမျိုးတွေဖြစ်မလဲဆိုရင် ပယ်မဲနဲ့ ကျနော်တို့ကို အနိုင်ယူနိုင်ဖို့ လုံးပမ်းနိုင်တယ် ဆိုတာမျိုး ရှိတာကို သတိထားမိတယ်။”

မဲစာရင်းမှားယွင်းမှုတွေကြောင့် နိုင်ငံရေးပါတီတွေ အပါအဝင် ပြည်သူတွေကပါ ၂၀၁၅ ရွေးကောက်ပွဲကို ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် သံသယတွေ ဖြစ်ခဲ့ကြသလို ၁၉၉၀ ပြည့်နှစ်  ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အုပ်ချုပ်ခွင့်အာဏာ လွှဲမပေးခဲ့တဲ့အပေါ်မှာလည်း ဘဝင်မကျ ဖြစ်နေကြဆဲ ဖြစ်ပါတယ်။

 မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment