Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

အမတ္ေလာင္းမ်ား က်ပ္ငါးရာႏွင့္အထက္ ေရြးေကာက္ပြဲကုန္္က်စရိတ္မ်ားကို ေျပစာႏွင့္တကြတင္ရမည္

ByနႏၵOn  Mon, 2015-10-19 06:30Locationရန္ကုန္

ဒီခ်ဳပ္ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီ မဲဆြယ္ပြဲမ်ားတြင္ ေထာက္ခံသူမ်ားကို ေတြ႕ရစဥ္။ ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ)၊ စိုင္းေဇာ္
လႊတ္ေတာ္ကုိယ္စား လွယ္ေလာင္းမ်ား တင္သြင္းရ မည့္ေရြးေကာက္ပြဲဆုိင္ရာကုန္က် စရိတ္ အစီရင္ခံစာတြင္ က်ပ္ငါး ရာႏွင့္အထက္ အသုံးစရိတ္မ်ား ကို ေျပစာႏွင့္တကြ ပူးတြဲတင္သြင္း ရမည္ဟု ေရြးေကာက္ပြဲနည္းဥပ ေဒမ်ား၌ ျပ႒ာန္းထားသည္။

ထုိ႔အျပင္ က်ပ္ငါးရာ ေအာက္ေျပစာမရႏုိင္ေသာအသုံး စရိတ္မ်ားအတြက္မူ သုံးစြဲသူကုိယ္တုိင္လက္မွတ္ေရးထုိးထား ေသာ ေျပစာျဖင့္ တင္ျပရမည္ဟု နည္းဥပေဒမ်ားတြင္ပါရွိသည္။

လႊတ္ေတာ္ကိိုယ္စားလွယ္ ေလာင္းမ်ားအတြက္ မဲဆြယ္စည္း ႐ုံးေရးကာလအတြင္း ေရြးေကာက္ ပြဲကုန္က်စရိတ္ကုိ က်ပ္သိန္းတစ္ရာ သတ္မွတ္ေပးထားသည္။ ကုန္က်စရိတ္အစီရင္ခံစာကို ေရြးေကာက္ခံရသည့္ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအမည္စာရင္း ေၾကညာၿပီးသည့္ေန႔မွရက္ေပါင္း ၃၀ အတြင္း သက္ဆုိင္ရာ ေကာ္မရွင္အဖြဲ႕ခြဲသို႔ တင္သြင္းရမည္ျဖစ္သည္။

 ကုိယ္စားလွယ္ေလာင္း သည္ ကုန္က်စရိတ္ အစီရင္ခံစာကို မတင္သြင္းလွ်င္လည္းေကာင္း၊ မမွန္ကန္ေသာ၊ မျပည့္ စုံေသာတင္ျပခ်က္ကို ရည္ရြယ္ ခ်က္ရွိရွိ တင္ျပလွ်င္လည္း ေကာင္း ခုံ႐ုံးဖြဲ႕စစ္ေဆးခံရၿပီးအ ရည္အခ်င္းပ်က္ယြင္းသူအျဖစ္ ေၾကညာျခင္းခံရႏုိင္သည္။

ထုိသုိ႔ ဆုံးျဖတ္ခံရပါက ေရြးေကာက္ခံ လႊတ္ေတာ္ကုိယ္ စားလွယ္အျဖစ္မွ ပ်က္ျပယ္ၿပီး လက္ရွိလႊတ္ေတာ္သက္တမ္းအ တြင္း က်င္းပမည့္ (ၾကားျဖတ္)ေရြးေကာက္ပြဲမ်ားတြင္လည္း ပါ၀င္ ယွဥ္ၿပိဳင္ခြင့္ရမည္ မဟုတ္ ေၾကာင္း ေရြးေကာက္ပြဲဥပေဒမ်ား တြင္ပါရွိသည္။ သုိ႔ေသာ္အယူခံ ၀င္ႏုိင္ၿပီး ျပည္ေထာင္စု ေရြး ေကာက္ပြဲေကာ္မရွင္၏ အဆုံးအ ျဖတ္သာအတည္ျဖစ္သည္။

ေရြးေကာက္ပြဲဆုိင္ရာ ကုန္ က်စရိတ္ အစီရင္ခံစာတင္သြင္း ျခင္းကို ေရြးေကာက္ပြဲတြင္ ႏုိင္သည္ျဖစ္ေစ၊ ႐ႈံးသည္ျဖစ္ေစ ၀င္ေရာက္ယွဥ္ၿပိဳင္ေသာ ကုိယ္စားလွယ္ေလာင္းတုိင္း တင္ျပရမည္ျဖစ္သည္။‘‘ေငြစာရင္းနဲ႔ပတ္သက္ၿပီး အပယ္ခံမထိေအာင္အထူးသတိ ထားပါတယ္။ သင္တန္းေတြ ေတာင္ေပးထားပါတယ္’’ဟု အ မ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဗဟို အလုပ္အမႈေဆာင္ဦးဉာဏ္၀င္း ကေျပာသည္။

ကုိိယ္စားလွယ္ေလာင္းတစ္ ဦးစီ၏ ေရြးေကာက္ပြဲ ကုန္က်စရိတ္ကန္႔သတ္ခ်က္က်ပ္သိန္း တစ္ရာထက္ မပိုေစရန္အထူးသ တိျပဳေဆာင္ရြက္ၾကရန္ အမ်ဳိး သားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဗဟိုေရြး ေကာက္ပြဲေအာင္ႏုိင္ေရးအဖြဲ႕က ကုိယ္စားလွယ္ေလာင္းမ်ားအား စက္တင္ဘာအတြင္း အေၾကာင္းၾကားထားသည္။

ထုိ႔အျပင္ ျပည္နယ္၊ တုိင္း၊ ၿမိဳ႕နယ္ေအာင္ႏုိင္ေရးအဖြဲ႕မ်ား၏ ရေငြ၊ သုံးေငြစာရင္းမ်ားကို အဖြဲ႕ ခ်ဳပ္ စာရင္းစစ္အဖြဲ႕က ေသာ္ လည္းေကာင္း၊ အဖ ြဲ႕ခ်ဳပ္ကတာ ၀န္ေပးအပ္ထားသူမွ ေသာ္လည္းေကာင္း စစ္ေဆးမည္ဟုအေၾကာင္းၾကားစာတြင္ ပါရွိသည္။
http://7daydaily.com/story/48960
...........................
အမတ်လောင်းများ ကျပ်ငါးရာနှင့်အထက် ရွေးကောက်ပွဲကုန််ကျစရိတ်များကို ပြေစာနှင့်တကွတင်ရမည်

Byနန္ဒOn  Mon, 2015-10-19 06:30Locationရန်ကုန်

ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ပွဲများတွင် ထောက်ခံသူများကို တွေ့ရစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)၊ စိုင်းဇော်
လွှတ်တော်ကိုယ်စား လှယ်လောင်းများ တင်သွင်းရ မည့်ရွေးကောက်ပွဲဆိုင်ရာကုန်ကျ စရိတ် အစီရင်ခံစာတွင် ကျပ်ငါး ရာနှင့်အထက် အသုံးစရိတ်များ ကို ပြေစာနှင့်တကွ ပူးတွဲတင်သွင်း ရမည်ဟု ရွေးကောက်ပွဲနည်းဥပ ဒေများ၌ ပြဋ္ဌာန်းထားသည်။

ထို့အပြင် ကျပ်ငါးရာ အောက်ပြေစာမရနိုင်သောအသုံး စရိတ်များအတွက်မူ သုံးစွဲသူကိုယ်တိုင်လက်မှတ်ရေးထိုးထား သော ပြေစာဖြင့် တင်ပြရမည်ဟု နည်းဥပဒေများတွင်ပါရှိသည်။

လွှတ်တော်ကိိုယ်စားလှယ် လောင်းများအတွက် မဲဆွယ်စည်း ရုံးရေးကာလအတွင်း ရွေးကောက် ပွဲကုန်ကျစရိတ်ကို ကျပ်သိန်းတစ်ရာ သတ်မှတ်ပေးထားသည်။ ကုန်ကျစရိတ်အစီရင်ခံစာကို ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာပြီးသည့်နေ့မှရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည်ဖြစ်သည်။

 ကိုယ်စားလှယ်လောင်း သည် ကုန်ကျစရိတ် အစီရင်ခံစာကို မတင်သွင်းလျှင်လည်းကောင်း၊ မမှန်ကန်သော၊ မပြည့် စုံသောတင်ပြချက်ကို ရည်ရွယ် ချက်ရှိရှိ တင်ပြလျှင်လည်း ကောင်း ခုံရုံးဖွဲ့စစ်ဆေးခံရပြီးအ ရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခြင်းခံရနိုင်သည်။

ထိုသို့ ဆုံးဖြတ်ခံရပါက ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ်အဖြစ်မှ ပျက်ပြယ်ပြီး လက်ရှိလွှတ်တော်သက်တမ်းအ တွင်း ကျင်းပမည့် (ကြားဖြတ်)ရွေးကောက်ပွဲများတွင်လည်း ပါ၀င် ယှဉ်ပြိုင်ခွင့်ရမည် မဟုတ် ကြောင်း ရွေးကောက်ပွဲဥပဒေများ တွင်ပါရှိသည်။ သို့သော်အယူခံ ၀င်နိုင်ပြီး ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ အဆုံးအ ဖြတ်သာအတည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ ကုန် ကျစရိတ် အစီရင်ခံစာတင်သွင်း ခြင်းကို ရွေးကောက်ပွဲတွင် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ၀င်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းတိုင်း တင်ပြရမည်ဖြစ်သည်။‘‘ငွေစာရင်းနဲ့ပတ်သက်ပြီး အပယ်ခံမထိအောင်အထူးသတိ ထားပါတယ်။ သင်တန်းတွေ တောင်ပေးထားပါတယ်’’ဟု အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်ဦးဉာဏ်ဝင်း ကပြောသည်။

ကိုိယ်စားလှယ်လောင်းတစ် ဦးစီ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကန့်သတ်ချက်ကျပ်သိန်း တစ်ရာထက် မပိုစေရန်အထူးသ တိပြုဆောင်ရွက်ကြရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရွေး ကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ကိုယ်စားလှယ်လောင်းများအား စက်တင်ဘာအတွင်း အကြောင်းကြားထားသည်။

ထို့အပြင် ပြည်နယ်၊ တိုင်း၊ မြို့နယ်အောင်နိုင်ရေးအဖွဲ့များ၏ ရငွေ၊ သုံးငွေစာရင်းများကို အဖွဲ့ ချုပ် စာရင်းစစ်အဖွဲ့က သော် လည်းကောင်း၊ အဖ ွဲ့ချုပ်ကတာ ၀န်ပေးအပ်ထားသူမှ သော်လည်းကောင်း စစ်ဆေးမည်ဟုအကြောင်းကြားစာတွင် ပါရှိသည်။
http://7daydaily.com/story/48960

No comments:

Post a Comment