Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 7, 2015

ကိုယ်တော်က စားခါနီးထမင်းလုပ်ပုတ်ချတာကိုး|

|| ဓမ္မဂင်္ဂါ ||
ဘကြီးဘုန်းကြီးနှင့် ငယ်စဉ်က စာသင်ဘက် မိတ်ဆွေအရင်းအချာ မဘသဦးဆောင်ဆရာတော်က သတိတရဖုန်းဆက်သည်။
သူက ဘကြီးဘုန်းကြီးကို မဘသမျိုးစောင့်ဥပဒေပွဲကြီးများ ချိမ့်ချိမ့်သဲ ကျင်းပနေသည့်အကြောင်းနှင့် ရန်ကုန်ပွဲတွင် လူတစ်သိန်းတက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း တက်ကြွစွာ ပြောပြနေသည်။ ထိုမိတ်ဆွေရဟန်းတော်ကို တကယ်ရို့းရိုးသားသားအလုပ်လုပ်နေသူ ဟု ဘကြီးဘုန်းကြီးသိထား မြင်ထားနေ၏။
သူ့အား ဘကြီးဘုန်းကြီးက မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍လည်း မည်သို့မှ မှတ်ချက်မပေးခဲ့ပေ..။ သို့သော် သူ့လုပ်ရပ်များနှင့် ပတ်သက်၍ သဘောတူသည်များရှိသလို သဘောထားကွဲလွဲသည်များလည်း ရှိကြောင်း ရှင်းပြရပါသည်။ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းကဲ့သို့ပင် ကြိုက်သည့်ပရိုဖိုင်ကို လိုက်ခ်နှိပ်ပြီး မကြိုက်လျင်မူ ဆိတ်ဆိတ်သာ နေမည်ဖြစ်ကြောင်း
လျှောက်ထားရပါသည်။
ဖုန်းဆက်နေရင်းမှ မျိုးစောင့်ဥပဒေကြီးပေါ်ပေါက်လာသည့်အတွက် ပျော်လှကြောင်း၊ အမျိုးဘာသာသာသနာအတွက် စိတ်အေးစရာဥပဒေကြီးကို လက်မှတ်ရေးထိုးပေးသည့် သမ္မတကြီးနှင့် လွှတ်တော်အမတ်များကို ကျေးဇူးတင်ကြောင်း ဆက်ပြောပါသည်။
“ ဒါပေမယ့် ငါတို့ကို အစိုးရလက်ကိုင်ဒုတ်ဆိုပြီး ပြောနေကြတာကွာ..။ ငါတို့မှာ အစိုးရဆီက တစ်ပြားတစ်ချပ်မှ မရပါဘူးကွာ....အဲဒါတောင် ငါတို့က အစိုးရလော်ဘီ ဘာညာအပြောခံနေရတယ်..။”
“ ကိုယ်တော်တို့ က ပြည်သူတွေ စားခါနီး ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်သွားတာကိုး”
“ဘယ်လိုတုန်းဟ”
“ ဒီလို နောင်တော်ကြီးရ အရှင်ဘုရားတို့ရဲ့ မျိုးစောင့်ဥပဒေဆိုတာ စတင်ကတည်းက တပည့်တော်လည်း စောင့်ကြည့်ခဲ့တယ်..။ နိုင်ငံရေးအကြပ်အတည်းတစ်ခုဖြစ်စေတော့မယ်လို့လည်း ချက်ချင်းနားလည်ခဲ့တယ်..။ မျိုးစောင့်ဥပဒေဟာ အမျိုးဘာသာသာသနာကြွေးကြော်သံတွေနဲ့ မို့ ထောက်ခံတဲ့သူတွေ ရှိမယ်ဆိုတာလည်း သံသယမဖြစ်ခဲ့ဘူး..။
တပည့်တော်တောင် မျိုးစောင့်ဥပဒေမတိုင်မီ ထမင်းစောင့်ဥပဒေလည်း လုပ်ပါဦးဆိုပြီး စတေးတပ်စ်မိသေးတယ်..။
တပည့်တော်တို့ နိုင်ငံပြည်သူတွေဟာ အာဏာရှင်စနစ်ဆိုးအောက်မှာ ထမင်းငတ်သေတဲ့ မသာမရှိဘူးလို့ ငြင်းနိုင်ပေမယ့် ဟင်းငတ်ပြီး အာဟာရချို့တဲ့တဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ်..။ ဒါဟာ နိုင်ငံရေးစနစ်ကြောင့်လို့
လူတိုင်းက မြင်နေကြတယ်..။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြတယ်..။ အစိုးရအပြောင်းအလဲ တကယ်ဖြစ်တော့မယ်လို့လည်း ယုံကြည်ကြတယ်..။
ဘာဖြစ်လို့ ပြောနိုင်သလဲ ဆိုရင် ရွေးကောက်ပွဲမတိုင်မီမှာ မဲဆွယ်စည်းရုံးရေးကာလရှိတယ်..။ လက်ရှိအစိုးရနဲ့ ပါတီက ဘယ်လို မဲဆွယ်မလဲ..။ သူတို့မှာ ပြည်သူ့အကျိုးလိုလားခြင်း ဆောင်ရွက်ခြင်းဆိုတဲ့ ကောင်းမွန်တဲ့ အတိတ်မရှိခဲ့ဘူး..။
အတိတ်မရှိမှတော့ (သူတို့ကိုယ်တိုင်က အမှန်တကယ် ပြောင်းလဲချင်သည့်တိုင်) သူတို့ပြောတဲ့ အနာဂတ်ကို ပြည်သူတွေ မယုံကြတော့ဘူး။ ယုံကြည်ဖို့ ခက်တဲ့ သာဓကတွေက ရှိခဲ့ပြီးပြီကိုး။
ပြိုင်ဘက်ဖြစ်တဲ့ ပါတီကတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ အတိတ်ရှိခဲ့တယ်..။ ပညာဥာဏ်ကြီးပြီး အနစ်နာခံဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ရှိခြင်းဆိုတဲ့ ပစ္စုပ္ဗန်နဲ့လည်းပြည့်စုံတယ်..။ နိုင်ငံကို ကောင်းမွန်တဲ့ အရွေ့ဆီ ရောက်အောင် ပို့ဆောင်ပေးမယ်လို့ ယုံကြည်ရတဲ့ အနာဂတ်ကိုလည်း ချပြနိုင်တယ်..။
အင်အားကောင်းတဲ့ နိုင်ငံတကာမိတ်ဆွေတွေလည်း ရှိနေခဲ့တယ်..။ မိတ်ဆွေချို့တဲ့ခြင်းဟာ အရာရာချို့တဲ့ခြင်းဆိုတာ နှစ်ပေါင်းများစွာ ခါးသည်းတဲ့ အတွေ့အကြုံအရ သိခဲ့ကြပြီ။
ဆိုရရင် အတိတ် အနာဂတ် ပစ္စုပ္ဗန်ရှိတဲ့ ပါတီကြီးလို့ ပြည်သူတွေက မြင်နေကြတယ်..။
အဲဒီတော့ လက်ရှိအစိုးရမှာ အတိတ်လည်း မရှိ၊ အနာဂတ်လည်း မရှိတော့ ပစ္စုပ္ဗန်တစ်ခုတည်းကိုပဲ အားကိုးရတော့မယ်..။ အရှင်ဘုရားတို့ရဲ့ မျိုါ်စောင့်ဥပဒေဟာ သူတို့ရဲ့ ပစ္စုပ္ဗန်ပဲ..။အရှင်ဘုရားတို့က အမျိုးဘာသာသာသနာချစ်စိတ်အရိုးခံနဲ့ ဒီမျိုးစောင့်ဥပဒေပေါ်ပေါက်လာဖို့ အားထုတ်ခဲ့ကြတယ်..။ လွှတ်တော်ထဲမှာ တင်သွင်းတယ်..။ မဲခွဲဆုံးဖြတ်တဲ့အခါ လက်ရှိအာဏာရပါတီက မဲအများဆုံးပေးတယ်။ လက်ရှိအာဏာရပါတီရဲ့ သမ္မတက လက်မှတ်ထိုးတယ်..။ အဲဒီမှာ အရှင်ဘုရားတို့က အောင်ပွဲခံကျင်းပတယ်..။
အရှင်ဘုရားတို့က အစိုးရလော်ဘီ လက်ကိုင်ဒုတ်မဟုတ်ဘူး ဆိုတာ (စေတနာအရ) မှန်ကောင်းမှန်ပေမယ့် အရှင်ဘုရားတို့ရဲ့ ဟောပြောချက်တွေထဲမှာ
မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ လက်မှတ်ထိုးပေးတဲ့ သူတွေသာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ထည့်သွင်းဟောကြတယ်..။ လက်ရှိအစိုးရကို အလိုလိုထောက်ခံမဲဆွယ်ပေးသလိုဖြစ်လာတယ်..။
တပည့်တော်ကတော့ နိုင်ငံရေးပါရဂူ၊ဥပဒေပါရဂူ မဟုတ်တဲ့ အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးနိုင်ပေမယ့် လက်ရှိအာဏာရပါတီအတွက်တော့ ပစ္စုပ္ဗုန်ထွက်ပေါက်တစ်ခုဖြစ်သွားတာအမှန်ပဲ...။ ထမင်းအငတ်ထားခဲ့တဲ့ အစိုးရကို အားကောင်းအောင်လုပ်ပေးသလိုဖြစ်သွားတာမို့ ထမင်းဟင်း ၀၀ လင်လင် စားရတော့မယ်..။ လူနေမှုဘ၀မြင့်မားတော့မယ် လို့ သေချာပေါက်တွေးပြီး ပျော်နေကြတဲ့ ပြည်သူတွေရဲ့ စားခါနီးထမင်းလုပ်ကို ပုတ်ချလိုက်သလို ဖြစ်သွားစေတာမို့........။
အဲဒီပြည်သူတွေကသာ အစိုးရဖိနှိပ်တဲ့ကြားထဲက ချွေးနှဲစာလေးတွေနဲ့ သာသနာကို အမှန်တကယ်စောင့်လျှောက်ခဲ့တာမဟုတ်လားဘုရား..။
The Ladies News Journal
.................................................................

The Ladies News Journal
Yesterday at 1:46pm ·
ကိုယ်တ္ကော စားခါနီးထမင်းလုပ္ပုတ္ခ်တာကိုး|
|| ဓမ္မဂင်္ဂါ ||
ဘကြီးဘုန်းကြီးနွင့် ငယ္စဥ္က စာသင္ဘက် မိတ်ဆြေအရင်းအခ်ာ မဘသဦးဆောင္ဆရာတ္ကော သတိတရဖုန်းဆက်သည်။
သူက ဘကြီးဘုန်းကြီးကို မဘသမိုးစောင့်ဥပေဒပြဲကြီးမ်ား ခိမ့်ခိမ့်သဲ က်င်းပေနသည့်အေကြာင်းနွင့် ရန္ကုန္ပြဲတြင် လူတစ်သိန်းတက်ရောက္မည်ဟု ခန့်မွန်းထားကြောင်း တက်ကြစြာျေပျာပေနသည်။ ထိုမိတ်ဆြေရဟန်းတ္ကောို တကယ်ရို့းရိုးသားသားအလုပ္လုပ်နေသူ ဟု ဘကြီးဘုန်းကြီးသိထာျးမင္ထားနေ၏။
သူ့အား ဘကြီးဘုန်းကြီးက မိုးစောင့်ဥပေဒနွင့် ပတ်သက်၍လည်း မည်သို့မွ မွတ္ခ်က္မေပးခဲ့ပေ..။ သို့သော် သူ့လုပ်ရပ္မ်ားနွင့် ပတ်သက်၍ သေဘာတူသည္မ်ားရွိသလို သေဘာထားကြဲလြဲသည္မ်ားလည်း ရွိကြောင်း ရွင်ျးပရပါသည်။ ဖေ့စ္ဘြတ္ခ္ပရိုဖိုင်းကဲ့သို့ပင် ကြိုက်သည့်ပရိုဖိုင္ကို လိုက္ခ်နွိပ်ပြီး မကြိုက္လ်င္မူ ဆိတ္ဆိတ်သာ နေမည်ျဖစ်ကြောင်း
လွော်က္ထားရပါသည်။
ဖုန်းဆက်နေရင်းမွ မိုးစောင့်ဥပေဒကြီးပေါ်ပေါက္လာသည့်အတြက် ပော််လွေကြာင်း၊ အမိုးဘာသာသာသနာအတြက် စိတ်အေးစရာဥပေဒကြီးကို လက္မွတ်ရေးထိုးပေးသည့် သမ္မတကြီးနွင့် လွှတ်တော်အမတ္မ်ားကို ကေ်းဇူးတင်ကြောင်း ဆက်ျေပာပါသည်။
“ ဒါပေမယ့် ငါတို့ကို အစိုးရလက္ကိုင္ဒုတ္ဆိုပြီးျေပာနေကြတာကြာ..။ ငါတို့မွာ အစိုးရဆီက တစ်ျပားတစ္ခ်ပ္မွ မရပါဘူးကြာ....အဲဒါတောင် ငါတို့က အစိုးရေလ္ဘာီ ဘာညာအျေပာခံနေရတယ်..။”
“ ကိုယ်တ္တောို့ ကျပည်သူတြေ စားခါနီး ထမင်းလုပ္ကို ပုတ္ခ်သလျိုဖစ်ြသားတာကိုး”
“ဘယ္လိုတုန်းဟ”
“ ဒီလို နောင်တော်ကြီးရ အရွင္ဘုရားတို့ရဲ့ မိုးစောင့်ဥပေဒဆိုတာ စတင္ကတည်းက တပည့်တ္လောည်း စောင့်ကြည့်ခဲ့တယ်..။ နိုင်ငံရေးအကြပ်အတည်းတစ္ချုဖစ်စေတာ့မယ္လို့လည်း ခ်က္ခ်င်းနားလည္ခဲ့တယ်..။ မိုးစောင့်ဥပေဒဟာ အမိုးဘာသာသာသနာကြေးကြော်သံတြေနဲ့ မို့ ထောက္ခံတဲ့သူတြေ ရွိမယ္ဆိုတာလည်း သံသယမျဖစ္ခဲ့ဘူး..။
တပည့်တော်တောင် မိုးစောင့်ဥပေဒမတိုင္မီ ထမင်းစောင့်ဥပေဒလည်း လုပ္ပါဦးဆိုပြီး စေတးတပ္စ္မိသေးတယ်..။
တပည့်တ္တောို့ နိုင်ငျံပည်သူတြေဟာ အာဏာရွင္စနစ္ဆိုးအောက္မွာ ထမင်းငတ်သေတဲ့ မသာမရွိဘူးလိုျု့ငင်းနိုင်ပေမယ့် ဟင်းငတ်ပြီး အာဟာရခို့တဲ့တဲ့ လူတြေ တစ်နေ့တစ်ျခားမ်ားမ်ားလာတယ်..။ ဒါဟာ နိုင်ငံရေးစနစ်ကြောင့်လို့
လူတိုင်းကျမင်နေကြတယ်..။ အဲဒီတော့ ၂၀၁၅ ရြေးကောက္ပြဲကို မွော််ကြတယ်..။ အစိုးရအျေပာင်းအလဲ တကယ်ျဖစ်တော့မယ္လို့လည်း ယုံကြည်ကြတယ်..။
ဘျာဖစ္လို့ျေပာနိုင်သလဲ ဆိုရင် ရြေးကောက္ပြဲမတိုင္မီမွာ မဲဆြယ္စည်းရုံးရေးကာလရွိတယ်..။ လက်ရွိအစိုးရနဲ့ ပါတီက ဘယ္လို မဲဆြယ္မလဲ..။ သူတို့မျွာပည်သူ့အကိုးလိုလာျးခင်း ဆောင်ြရက်ျခင်းဆိုတဲ့ ကောင်းမြန္တဲ့ အတိတ္မရွိခဲ့ဘူး..။
အတိတ္မရွိမွေတာ့ (သူတို့ကိုယ္တိုင္က အမွန္တကယ်ျေပာင်းလဲခ်င်သည့်တိုင်) သူတို့ျေပာတဲ့ အနာဂတ္ကျိုပည်သူတြေ မယုံကြေတာ့ဘူး။ ယုံကြည္ဖို့ ခက္တဲ့ သာဓကေတြက ရွိခဲ့ပြီးပြီကိုး။
ျပိုင္ဘက်ျဖစ္တဲ့ ပါတီကေတျာ့ပည်သူတြေနဲ့ တစ်သားတည်းရပ္တည္ခဲ့တဲ့ အတိတ်ရွိခဲ့တယ်..။ ပညာဥာဏ်ကြီးပြီး အနစ္နာခံဦးဆောင်နိုင္တဲ့ ခေါင်းဆောင်ရျွိခင်းဆိုတဲ့ ပစ္စုပ္ဗန္နဲ့လည်ျးပည့်စုံတယ်..။ နိုင်ငံကို ကောင်းမြန္တဲ့ အေရြ့ဆီ ရောက်အောင် ပို့ဆောင်ပေးမယ္လို့ ယုံကြည်ရတဲ့ အနာဂတ္ကိုလည်း ခ်ျပနိုင္တယ်..။
အင်အားကောင်းတဲ့ နိုင်ငံတကာမိတ်ဆြေတြလည်း ရွိနေခဲ့တယ်..။ မိတ်ဆြေခို့တျဲ့ခင်းဟာ အရာရာခို့တျဲ့ခင်းဆိုတာ နွစ်ပေါင်းမ်ားစြာ ခါးသည်းတဲ့ အေတြ့အကြုံအရ သိခဲ့ကြပြီ။
ဆိုရရင် အတိတ် အနာဂတ် ပစ္စုပ္ဗန်ရွိတဲ့ ပါတီကြီးလိုျု့ပည်သူတြေကျမင်နေကြတယ်..။
အဲဒီတော့ လက်ရွိအစိုးရမွာ အတိတ္လည်း မရွိ၊ အနာဂတ္လည်း မရွိတော့ ပစ္စုပ္ဗန္တစ္ခုတည်းကိုပဲ အားကိုးရေတာ့မယ်..။ အရွင္ဘုရားတို့ရဲ့ မိုါ်စောင့်ဥပေဒဟာ သူတို့ရဲ့ ပစ္စုပ္ဗန္ပဲ..။အရွင္ဘုရားတို့က အမိုးဘာသာသာသနာခ်စ္စိတ်အရိုးခံနဲ့ ဒီမိုးစောင့်ဥပေဒေပ်ါပေါက္လာဖို့ အားထုတ္ခဲ့ကြတယ်..။ လွှတ်တ္ထောဲမွာ တင်ြသင်းတယ်..။ မဲခြဲဆုံျးဖတ္တဲ့အခါ လက်ရွိအာဏာရပါတီက မဲအမ်ားဆုံးပေးတယ်။ လက်ရွိအာဏာရပါတီရဲ့ သမ္မတက လက်္မွတ္ထိုးတယ်..။ အဲဒီမွာ အရွင္ဘုရားတို့က အောင္ပြဲခံက်င်းပတယ်..။
အရွင္ဘုရားတို့က အစိုးရေလ္ဘာီ လက္ကိုင္ဒုတ္မဟုတ္ဘူး ဆိုတာ (စေတနာအရ) မွန်ကောင်းမွန်ပေမယ့် အရွင္ဘုရားတို့ရဲ့ ဟေျာေပာခ်က်တြေထဲမွာ
မိုးစောင့်ဥပေဒကို ထောက္ခံတဲ့ လက္မွတ္ထိုးပေးတဲ့ သူတြေသာ အမိုးဘာသာသာသနာကို ခ်စ်ျမတ်နိုးသျူဖစ်ကြောင်း ထည့်သြင်းဟောကြတယ်..။ လက်ရွိအစိုးရကို အလိုလိုထောက္ခံမဲဆြယ်ပေးသလျိုဖစ္လာတယ်..။
တပည့်တော်ကေတာ့ နိုင်ငံရေးပါရဂူ၊ဥပေဒပါရဂူ မဟုတ္တဲ့ အတြက် မိုးစောင့်ဥပေဒနဲ့ ပတ်သက်ပြီး မွတ္ခ်က္မေပးနိုင်ပေမယ့် လက်ရွိအာဏာရပါတီအတြက်တော့ ပစ္စုပ္ဗုန္ထြက်ပေါက္တစ္ချုဖစ်ြသားတာအမွန္ပဲ...။ ထမင်းအငတ္ထားခဲ့တဲ့ အစိုးရကို အားကောင်းအောင္လုပ်ပေးသလျိုဖစ်ြသားတာမို့ ထမင်းဟင်း ၀၀ လင္လင် စားရေတာ့မယ်..။ လူနေမှုဘ၀ျမင့်မားတော့မယ် လို့ သေခ်ာပေါက်တြေးပြီး ပော််နေကြတျဲ့ပည်သူတြေရဲ့ စားခါနီးထမင်းလုပ္ကို ပုတ္ခ်လိုက်သလျိုဖစ်ြသားစေတာမို့........။
အဲဒျီပည်သူတြေကသာ အစိုးရဖိနွိပ္တဲ့ကြားထဲက ခြေ်းနွဲစာလေးတြေနဲ့ သာသနာကို အမွန္တကယ်စောင့်လွော်က္ခဲ့တာမဟုတ္လားဘုရား..။
The Ladies News Journal

No comments:

Post a Comment