Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

အသြင္ကူးေျပာင္းမႈတြင္ ပါဝင္ေဆာင္႐ြက္ျခင္းမရွိသူမ်ား တိုးတက္မႈကို မျမင္ေတြ႕ႏိုင္ဟု ဦးေဌးဦးဆို

ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီဥကၠ႒ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္၏ဦးေဆာင္မႈျဖင့္ အစိုးရသစ္လက္ထက္တြင္ ႏိုင္ငံေတာ္ဖြံၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ တိုင္းျပည္ဖြံၿဖိဳးတိုးတက္မႈမ်ား ရွိလာေသာ္လည္း အသြင္ကူးေျပာင္းမႈတြင္ ပါဝင္ေဆာင္႐ြက္ျခင္း မရွိသူမ်ားအေနႏွင့္ တိုးတက္ေျပာင္းလဲမႈမ်ားကို ျမင္ေတြ႕ႏိုင္ျခင္းမရွိႏိုင္ေၾကာင္း အဆိုပါ ပါတီ ဒုတိယဥကၠ႒ ဦးေဌးဦးက ေျပာၾကားသည္။

ေအာက္တိုဘာလ ၁၈ ရက္က ပုသိမ္ၿမိဳ႕ ကိုးသိန္းအားကစားကြင္းတြင္ ျပဳလုပ္ခဲ့သည့္ ယင္းပါတီ၏ လူထုေတြ႕ဆုံပြဲအခမ္းအနားတြင္ ဦးေဌးဦးက အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အသြင္ကူးေျပာင္းေရးကာလသည္ အျပည့္အဝၿပီးဆုံးခဲ့သည္ဟု မေျပာႏိုင္ေသာ္လည္း ယေန႔က်င့္သုံးေနေသာ ပါတီစုံဒီမိုကေရစီက်င့္စဥ္ႏွင့္ ႏိုင္ငံသစ္ထူေထာင္ရာတြင္ အေျခခံေကာင္းမ်ားျဖစ္ထြန္းေပၚေပါက္ေနသည္မွာ မျငင္းႏိုင္ေၾကာင္း၊ တိုးတက္ေျပာင္းလဲမႈျဖစ္စဥ္မ်ားတြင္ ကိုယ္တိုင္ကိုယ္က် ပါဝင္ေဆာင္႐ြက္ျခင္း မရွိခဲ့သူမ်ားအေနႏွင့္ မသိႏိုင္၊ မျမင္ႏိုင္ၾကသည္မွာ သဘာ၀က်ေၾကာင္း၊ ႀကံ့ခိုင္ေရးပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားသည္ အမ်ိဳးဂုဏ္ကိုေစာင့္ထိန္းၿပီး ႏိုင္ငံဖြံၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္ၾကသူမ်ားျဖစ္သည့္အတြက္ မဲေပးေ႐ြးခ်ယ္ၾကေစလိုေၾကာင္း ဦးေဌးဦးက ဆက္လက္ေျပာၾကားသည္။

"ကၽြန္ေတာ္တို႔ အစိုးရက အျပည့္အဝအေကာင္အထည္ မေဖာ္ႏိုင္တာေတြလည္းရွိပါတယ္။ အထူးသျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးလုပ္ငန္းမွာပါ။ ဒါကိုပဲ တျခားပါတီေတြက ေထာက္ျပမဲဆြယ္ေနၾကပါတယ္" ဟု ဧရာ၀တီတိုင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီဥကၠ႒လည္းျဖစ္၊ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္လည္းျဖစ္ေသာ ဦးသိန္းေအာင္က ေျပာၾကားသည္။

ပုသိမ္ၿမိဳ႕မွ NLD ပါတီဝင္ ဦးေဇာ္ဝင္းက "သူေျပာတာရွင္းတယ္ေလ။ အဂတိလိုက္စားမႈကို မတိုက္ဖ်က္ႏိုင္ပါဘူးလို႔ ဝန္ခံလိုက္တာပါပဲ" ဟု ဆိုသည္။

ႀကံ႕ခိုင္ေရးပါတီ၏ လူထုေတြ႕ဆုံပြဲသို႔ တိုင္းအတြင္း ၂၆ ၿမိဳ႕နယ္မွ ပါတီဝင္အင္အား ၁၀၀၀၀(တစ္ေသာင္း)ေက်ာ္ တက္ေရာက္ခဲ့ၾကၿပီး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးသိန္းေအာင္၊ ပါတီ ဒုဥကၠ႒ ဦးေဌးဦးႏွင့္ တိုင္းေဒသႀကီး ဘ႑ာေရးဝန္ႀကီး ဦးဝင္းကိုကိုတို႔ ေဟာေျပာစည္း႐ုံးခဲ့ၾကသည္။

The Voice Weekly
.......................
အသွင်ကူးပြောင်းမှုတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသူများ တိုးတက်မှုကို မမြင်တွေ့နိုင်ဟု ဦးဌေးဦးဆို
Monday, October 19, 2015

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဦးဆောင်မှုဖြင့် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကြောင့် တိုင်းပြည်ဖွံဖြိုးတိုးတက်မှုများ ရှိလာသော်လည်း အသွင်ကူးပြောင်းမှုတွင် ပါဝင်ဆောင်ရွက်ခြင်း မရှိသူများအနေနှင့် တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့နိုင်ခြင်းမရှိနိုင်ကြောင်း အဆိုပါ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။

အောက်တိုဘာလ ၁၈ ရက်က ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် ယင်းပါတီ၏ လူထုတွေ့ဆုံပွဲအခမ်းအနားတွင် ဦးဌေးဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလသည် အပြည့်အဝပြီးဆုံးခဲ့သည်ဟု မပြောနိုင်သော်လည်း ယနေ့ကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီကျင့်စဉ်နှင့် နိုင်ငံသစ်ထူထောင်ရာတွင် အခြေခံကောင်းများဖြစ်ထွန်းပေါ်ပေါက်နေသည်မှာ မငြင်းနိုင်ကြောင်း၊ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခြင်း မရှိခဲ့သူများအနေနှင့် မသိနိုင်၊ မမြင်နိုင်ကြသည်မှာ သဘာဝကျကြောင်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများသည် အမျိုးဂုဏ်ကိုစောင့်ထိန်းပြီး နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြသူများဖြစ်သည့်အတွက် မဲပေးရွေးချယ်ကြစေလိုကြောင်း ဦးဌေးဦးက ဆက်လက်ပြောကြားသည်။

"ကျွန်တော်တို့ အစိုးရက အပြည့်အဝအကောင်အထည် မဖော်နိုင်တာတွေလည်းရှိပါတယ်။ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းမှာပါ။ ဒါကိုပဲ တခြားပါတီတွေက ထောက်ပြမဲဆွယ်နေကြပါတယ်" ဟု ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌလည်းဖြစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်လည်းဖြစ်သော ဦးသိန်းအောင်က ပြောကြားသည်။

ပုသိမ်မြို့မှ NLD ပါတီဝင် ဦးဇော်ဝင်းက "သူပြောတာရှင်းတယ်လေ။ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်ပါဘူးလို့ ဝန်ခံလိုက်တာပါပဲ" ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ လူထုတွေ့ဆုံပွဲသို့ တိုင်းအတွင်း ၂၆ မြို့နယ်မှ ပါတီဝင်အင်အား ၁၀၀၀၀(တစ်သောင်း)ကျော် တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုတို့ ဟောပြောစည်းရုံးခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment