Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

စႏုိဒန္က အေမရိကန္တြင္ ျပန္လည္ ေနထုိင္ခြင့္ရရန္ ေထာင္က်ခံမည္ဟု ေတာင္းဆုိ




၀ါရွင္တန္ ၊ ၈-၁၀-၂၀၁၅

အေမရိကန္ အမ်ိဳးသား လံုၿခံဳေရး ေအဂ်င္စီ မွ ေထာက္လွမ္းေရး အခ်က္အလက္ မ်ားကုိ ဖြင့္ခ်ခဲ့သည့္ အတြက္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန္႔မွ စ၍ ႐ုရွားႏုိင္ငံတြင္ ခုိလႈံေနေသာ အက္ဒ္၀ပ္စႏုိဒန္ က အေမရိကန္ ႏုိင္ငံ၌ ျပန္လည္ ေနထုိင္ခြင့္ရရွိရန္ ေထာင္က်ခံမည္ ဟု အေမရိကန္ အစုိးရကုိ အႀကိမ္ေပါင္း မ်ားစြာ ေတာင္းဆုိထားၿပီး အစုိးရ၏ အေျဖကုိ ေစာင့္ဆုိင္းေနေၾကာင္း CNN သတင္းဌာနက ေအာက္တုိဘာ ၇ ရက္တြင္ ေဖာ္ျပထားသည္။

စႏုိဒန္ သည္ ယခုရက္သတၱပတ္ အတြင္းက ဘီဘီစီ သတင္းဌာန ႏွင့္ ျပဳလုပ္ေသာ ေတြ႕ဆံုေမးျမန္းခန္း တြင္ ယခုကဲ့သုိ႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ လက္ရွိ အခ်ိန္တြင္ အေမရိကန္ အစုိးရ အေနျဖင့္ ၄င္းကို ညႇဥ္းပန္း ႏွိပ္စက္မႈ ျပဳလုပ္မည္ မဟုတ္ေၾကာင္း အေၾကာင္းၾကားမႈ မွလြဲ၍ မည္သည့္ အေသးစိတ္ အခ်က္အလက္ ကုိမွ် ရရွိျခင္း မရွိေသးေၾကာင္း စႏုိဒန္ က ေျပာၾကားသည္။

ထုိ႔ေနာက္ ၄င္းႏွင့္ ၄င္း၏ ေရွ႕ေနတုိ႔ အေနျဖင့္ အေမရိကန္ အစုိးရႏွင့္ ညိႇႏႈိင္း ေဆြးေႏြးမႈ အေျခအေနကုိ သတင္းဌာနက ေမးျမန္းခဲ့ရာ မိမိတို႔ကုိ ျပန္ေခၚမည့္ အေမရိကန္ အစုိးရ၏ တုန္႔ျပန္မႈကုိ ေစာင့္ဆုိင္းေနဆဲ ျဖစ္ေၾကာင္း စႏုိဒန္ က ျပန္လည္ ေျဖၾကားခဲ့သည္။

အေမရိကန္ အစုိးရသည္ စႏုိဒန္ ကုိ ႏုိင္ငံသုိ႔ ျပန္ေခၚရန္ အတြက္ ေဆြးေႏြးညိႇႏႈိင္း မႈမ်ား လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း ေျပၾကား ထားေသာ္လည္း လက္ေတြ႕တြင္ စိန္ေခၚမႈ အနည္းငယ္ႏွင့္ ရင္ဆုိင္ ေနရေၾကာင္း သိရသည္။ ထုိ႔အျပင္ သည္ အေမရိကန္ တြင္ ေထာင္ဒဏ္မည္မွ် က်ခံမည္ဟု ေတာင္းဆုိထားျခင္း ရွိ- မရွိကုိ ထုတ္ေဖာ္ ေျပာၾကားျခင္း မရွိေၾကာင္း သိရသည္။

#PyiChitThar
........................................................................................................................

စနိုဒန်က အမေရိကန်တွင် ပြန်လည် နေထိုင်ခွင့်ရရန် ထောင်ကျခံမည်ဟု တောင်းဆို



၀ါရှင်တန် ၊ ၈-၁၀-၂၀၁၅

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ မှ ထောက်လှမ်းရေး အချက်အလက် များကို ဖွင့်ချခဲ့သည့် အတွက် လွန်ခဲ့သော နှစ်နှစ်ခန့်မှ စ၍ ရုရှားနိုင်ငံတွင် ခိုလှုံနေသော အက်ဒ်ဝပ်စနိုဒန် က အမေရိကန် နိုင်ငံ၌ ပြန်လည် နေထိုင်ခွင့်ရရှိရန် ထောင်ကျခံမည် ဟု အမေရိကန် အစိုးရကို အကြိမ်ပေါင်း များစွာ တောင်းဆိုထားပြီး အစိုးရ၏ အဖြေကို စောင့်ဆိုင်းနေကြောင်း CNN သတင်းဌာနက အောက်တိုဘာ ရ ရက်တွင် ဖော်ပြထားသည်။

စနိုဒန် သည် ယခုရက်သတ္တပတ် အတွင်းက ဘီဘီစီ သတင်းဌာန နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် အမေရိကန် အစိုးရ အနေဖြင့် ၄င်းကို ညှဉ်းပန်း နှိပ်စက်မှု ပြုလုပ်မည် မဟုတ်ကြောင်း အကြောင်းကြားမှု မှလွဲ၍ မည်သည့် အသေးစိတ် အချက်အလက် ကိုမျှ ရရှိခြင်း မရှိသေးကြောင်း စနိုဒန် က ပြောကြားသည်။

ထို့နောက် ၄င်းနှင့် ၄င်း၏ ရှေ့နေတို့ အနေဖြင့် အမေရိကန် အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးမှု အခြေအနေကို သတင်းဌာနက မေးမြန်းခဲ့ရာ မိမိတို့ကို ပြန်ခေါ်မည့် အမေရိကန် အစိုးရ၏ တုန့်ပြန်မှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း စနိုဒန် က ပြန်လည် ဖြေကြားခဲ့သည်။

အမေရိကန် အစိုးရသည် စနိုဒန် ကို နိုင်ငံသို့ ပြန်ခေါ်ရန် အတွက် ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြေကြား ထားသော်လည်း လက်တွေ့တွင် စိန်ခေါ်မှု အနည်းငယ်နှင့် ရင်ဆိုင် နေရကြောင်း သိရသည်။ ထို့အပြင် သည် အမေရိကန် တွင် ထောင်ဒဏ်မည်မျှ ကျခံမည်ဟု တောင်းဆိုထားခြင်း ရှိ- မရှိကို ထုတ်ဖော် ပြောကြားခြင်း မရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment