Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 4, 2015




 အောက်တိုဘာလ ၄ ရက် ၂၀၁၅





ဓါတ်ပုံ- Nang Lao Kham
သျှမ်းသံတော်ဆင့်
................................................................................
၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယမယ်ပြိုင်ပွဲ မြန်မာနိုင်ငံကိုယ်စားပြု သျှမ်းမလေးပထမဆုရ

 အောက်တိုဘာလ ၄ ရက် ၂၀၁၅

 ဥဇဘက်ကစ်စတန်နိုင်ငံတွင်ကျင်းပပြုလုပ်နေဆဲဖြစ်သော ၄၉ ကြိမ်မြောက် အာရှတံခွန်စိုက် ကာယ ဗလ နှင့် ကာယကြံ့ခိုင်မှု မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၅ ဦးအနက် ယမန်နေ့အထိ ယှဉ်ပြိုင်ပွဲတွင် နန်းလောဝ်ခမ်း က ပထမရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် ၅ ဦးအနက် ၆၀ ကီလိုဂရမ်ပြိုင်ပွဲတွင် ထွန်းမင်းက ဒုတိယရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲမှာ ၂၀၁၅ စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်နေ့ အထိကျင်းပနေခြင်းဖြစ်ပါသည်။

သွားရောက် ယှဉ်ပြိုင်သည့် မြန်မာနိုင်ငံ ကာယ ဗလအဖွဲ့ချုပ်မှ အားကစား သမား ၅ ဦးမှာ ၁ - ထွန်းမင်း (၆၀ ကီလို) ၂ - စိုင်းချစ်ငွေ (၆၅ ကီလို) ၃ - ညီဖြူ (၇၀ ကီလို) ၄ - နန်းလောဝ်ခမ်း (၁၆၅ စင်တီမီတာအောက်) ၅ - ချယ်ရီမောင် (၁၆၅ စင်တီမီတာအောက်) တို့ ဖြစ်ပါသည် ။

ဓါတ်ပုံ- Nang Lao Kham
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment