Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

အသက္ (၄၀) ေက်ာ္လာၿပီဆိုတာနဲ႔ မွီဝဲသင့္တဲ့ေဆးဝါးခုနစ္မ်ဳိး

On  Fri, 2015-10-23 06:30Issue No.No.895 Friday, October 23, 2015

ဗီတာမင္နဲ႔အာဟာရဓာတ္ ေတြဟာ ခႏၶာကိုယ္သန္စြမ္းက်န္း မာေနဖို႔အတြက္ ေရာဂါဘယေတြ ကို စစ္တပ္သဖြယ္ကာကြယ္ေပး တဲ့အရာေတြျဖစ္ပါတယ္။ ခႏၶာ ကိုယ္ဟာ အသက္ (၄၀)အရြယ္ ေရာက္တာနဲ႔ အသက္ (၂၀) ေလာက္ကအလုပ္လုပ္ပံုနဲ႔ လံုးဝ ကိုမတူညီႏိုင္ေတာ့ဘဲ ႂကြက္သား ထုေတြေလ်ာ့ရဲယုိယြင္းလာသလုိ ကိုယ္အေလးခ်ိန္ေတြလည္းတက္၊အမ်ဳိးသမီးေတြဆို မီးယပ္ေသြး ဆံုးတာႀကံဳရ၊ ကင္ဆာ၊ ႏွလံုး ေရာဂါ၊ ဆီးခ်ဳိေရာဂါစတဲ့နာတာ ရွည္ေရာဂါေတြဝင္လာနဲ႔ အမ်ဳိး မ်ဳိးအဖံုဖံု အေျပာင္းအလဲေတြ စႀကံဳရပါၿပီ။

ဒီလိုအေျခအေနေတြကို အသက္အပိုင္းအျခားအလိုက္ အထိုက္အေလ်ာက္ကာကြယ္ႏိုင္ ဖို႔ဆိုရင္ေတာ့ က်န္းမာေရးနဲ႔ညီ ၫြတ္စြာေနထိုင္စားေသာက္ဖို႔ လိုသလို ဗီတာမင္ေဆးဝါးေတြကို ပါ ျဖည့္စြက္စားေပးဖုိ႔လိုအပ္လာ ၿပီဆိုတာ သိထားသင့္ပါတယ္။

ဘီတာမင္ဘီ ၁၂ ဟာ ေရဒါ တစ္ခုလိုတာဝန္ထမ္းေဆာင္ေပး ၿပီး ေသြးလည္ပတ္မႈနဲ႔ ဦးေႏွာက္ ရဲ႕လုပ္ငန္းစဥ္ေတြ ပံုမွန္အလုပ္ လုပ္ေစဖို႔ ေထာက္ကူပါတယ္။ ဗီတာမင္ဘီ ၁၂ ကိုအစားအစာ ေတြကရႏိုင္ေပမယ့္ အသက္ အရြယ္အရ ေဆးအေနနဲ႔ပါ ေသာက္သံုးဖို႔လိုလာပါတယ္။

အ႐ိုးက်န္းမာေရးအတြက္ အဓိကလိုအပ္တဲ့ကယ္လ္ဆီယမ္ (ထံုးဓာတ္)ကိုလည္း ျဖည့္စြက္ စားေပးဖို႔လုိအပ္သလို အသက္ ႀကီးလာတာနဲ႔အမွ် ႀကံဳလာႏိုင္တဲ့ က်န္းမာေရးျပႆနာေတြကာ ကြယ္ဖို႔အတြက္ ဗီတာမင္ဒီက လည္း အေရးပါျပန္ပါတယ္။

အသက္ (၄၀) နဲ႔အထက္ ေရာက္ၿပီဆိုတာနဲ႔ ေသြးဖိအား ပံုမွန္ျဖစ္ေစတဲ့ မဂၢနီဆီယမ္တို႔၊ ပိုတက္ဆီယမ္ေဆးဝါးေတြလည္း ျဖည့္စြက္ေသာက္ေပးဖို႔လိုအပ္ပါ တယ္။

အိုမီဂါ ၃ ဖက္တီးအက္စစ္ ဟာလည္း ဗီတာမင္ဓာတ္လို႔မဆုိ ႏိုင္ေပမယ့္ က်န္းမာေရးအတြက္ ေကာင္းက်ဳိးအနႏၲေပးတာမို႔ လူႀကီးပိုင္းအရြယ္မွာေသာက္ရ မယ့္ေဆးစာရင္းထဲဝင္ေနတာပါ။ ေနာက္တစ္ခုက ပ႐ိုဘိုင္႐ိုတစ္ ေဆးဝါးပါ။ သူကလည္း ဗီတာမင္ လည္းမဟုတ္၊ သတၱဳဓာတ္လို႔ လည္းမဆိုႏိုင္တဲ့အရာျဖစ္ေပ မယ့္ (၄၀) နဲ႔အထက္ အမ်ဳိးသမီး တိုင္းအတြက္ အေရးပါၿပီး ႏွလံုး ေရာဂါ၊ ဆီးခ်ဳိေရာဂါနဲ႔ ေလျဖတ္ တာေတြျဖစ္ႏိုင္ေျခနည္းပါးေစႏုိင္ ပါတယ္။

Ref: prevention.com
http://www.7daydaily.com/story/49291
.............................
အသက် (၄၀) ကျော်လာပြီဆိုတာနဲ့ မှီဝဲသင့်တဲ့ဆေးဝါးခုနစ်မျိုး

On  Fri, 2015-10-23 06:30Issue No.No.895 Friday, October 23, 2015

ဗီတာမင်နဲ့အာဟာရဓာတ် တွေဟာ ခန္ဓာကိုယ်သန်စွမ်းကျန်း မာနေဖို့အတွက် ရောဂါဘယတွေ ကို စစ်တပ်သဖွယ်ကာကွယ်ပေး တဲ့အရာတွေဖြစ်ပါတယ်။ ခန္ဓာ ကိုယ်ဟာ အသက် (၄၀)အရွယ် ရောက်တာနဲ့ အသက် (၂၀) လောက်ကအလုပ်လုပ်ပုံနဲ့ လုံးဝ ကိုမတူညီနိုင်တော့ဘဲ ကြွက်သား ထုတွေလျော့ရဲယိုယွင်းလာသလို ကိုယ်အလေးချိန်တွေလည်းတက်၊အမျိုးသမီးတွေဆို မီးယပ်သွေး ဆုံးတာကြုံရ၊ ကင်ဆာ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါစတဲ့နာတာ ရှည်ရောဂါတွေဝင်လာနဲ့ အမျိုး မျိုးအဖုံဖုံ အပြောင်းအလဲတွေ စကြံုရပါပြီ။

ဒီလိုအခြေအနေတွေကို အသက်အပိုင်းအခြားအလိုက် အထိုက်အလျောက်ကာကွယ်နိုင် ဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ညီ ညွတ်စွာနေထိုင်စားသောက်ဖို့ လိုသလို ဗီတာမင်ဆေးဝါးတွေကို ပါ ဖြည့်စွက်စားပေးဖို့လိုအပ်လာ ပြီဆိုတာ သိထားသင့်ပါတယ်။

ဘီတာမင်ဘီ ၁၂ ဟာ ရေဒါ တစ်ခုလိုတာဝန်ထမ်းဆောင်ပေး ပြီး သွေးလည်ပတ်မှုနဲ့ ဦးနှောက် ရဲ့လုပ်ငန်းစဉ်တွေ ပုံမှန်အလုပ် လုပ်စေဖို့ ထောက်ကူပါတယ်။ ဗီတာမင်ဘီ ၁၂ ကိုအစားအစာ တွေကရနိုင်ပေမယ့် အသက် အရွယ်အရ ဆေးအနေနဲ့ပါ သောက်သုံးဖို့လိုလာပါတယ်။

အရိုးကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ကယ်လ်ဆီယမ် (ထုံးဓာတ်)ကိုလည်း ဖြည့်စွက် စားပေးဖို့လိုအပ်သလို အသက် ကြီးလာတာနဲ့အမျှ ကြံုလာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကာ ကွယ်ဖို့အတွက် ဗီတာမင်ဒီက လည်း အရေးပါပြန်ပါတယ်။

အသက် (၄၀) နဲ့အထက် ရောက်ပြီဆိုတာနဲ့ သွေးဖိအား ပုံမှန်ဖြစ်စေတဲ့ မဂ္ဂနီဆီယမ်တို့၊ ပိုတက်ဆီယမ်ဆေးဝါးတွေလည်း ဖြည့်စွက်သောက်ပေးဖို့လိုအပ်ပါ တယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် ဟာလည်း ဗီတာမင်ဓာတ်လို့မဆို နိုင်ပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးအနန္တပေးတာမို့ လူကြီးပိုင်းအရွယ်မှာသောက်ရ မယ့်ဆေးစာရင်းထဲဝင်နေတာပါ။ နောက်တစ်ခုက ပရိုဘိုင်ရိုတစ် ဆေးဝါးပါ။ သူကလည်း ဗီတာမင် လည်းမဟုတ်၊ သတ္တုဓာတ်လို့ လည်းမဆိုနိုင်တဲ့အရာဖြစ်ပေ မယ့် (၄၀) နဲ့အထက် အမျိုးသမီး တိုင်းအတွက် အရေးပါပြီး နှလုံး ရောဂါ၊ ဆီးချိုရောဂါနဲ့ လေဖြတ် တာတွေဖြစ်နိုင်ခြေနည်းပါးစေနိုင် ပါတယ်။

Ref: prevention.com

No comments:

Post a Comment