Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

အမႈအျမန္ၿပီးျပတ္ေစေရး ဖမ္းဆီးခံ ေက်ာင္းသားႏွစ္ဦး ေတာင္းဆို


 ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစၿပီး ျပည္သူလူထု ဆူပူအံုၾကြမႈ ျဖစ္ေစရန္ လံႈ႔ေဆာ္မႈ
ျဖင့္ တရားစြဲဆုိ ခံထားရသည့္ ေက်ာင္းသားေခါင္းေဆာင္ ကိုေဇယ်ာလြင္ႏွင့္ ကိုပုိင္ရဲ
သူ တုိ႔က အမႈျမန္ျမန္ၿပီးေစရန္ ပန္းဘဲတန္းၿမိဳ႕နယ္ တရားသူႀကီးထံ တင္ျပေတာင္း
ဆိုလိုက္ေၾကာင္း သိရသည္။

ပန္းဘဲတန္းၿမိဳ႕နယ္ တရားရုံးတြင္ ေအာက္တုိဘာလ ၂၀ ရက္နံနက္ ၁၀ နာရီက ႐ုံး
ထုတ္ၿပီး တရားလုိ သက္ေသမ်ားကို စစ္ေဆးစဥ္ ကိုေဇယ်ာလြင္ႏွင့္ ကိုပုိင္ရဲသူတုိ႔က
တရားသူႀကီးထံ တင္ျပလိုက္ျခင္း ျဖစ္သည္။

“ေက်ာင္းသားႏွစ္ဦးကေတာ့ အမႈကိုျမန္ျမန္ၿပီးေစခ်င္တယ္ဆုိၿပီး တရားခြင္မွာ တရား
သူႀကီးကို တင္ျပတာေပါ့။ တရားသူႀကီးကလည္း သူလည္း ျမန္ျမန္ၿပီးေစခ်င္ပါတယ္
လုိ႔ ျပန္ေျပာခဲ့ပါတယ္” ဟု ေက်ာင္းသားေခါင္းေဆာင္ ကိုေဇယ်ာလြင္၏ အမႈလုိက္
ေရွ႕ေန ဦးေက်ာ္ဟုိးက ေျပာသည္။

ကိုေဇယ်ာလြင္ႏွင့္ ကိုပိုင္ရဲသူတုိ႔က ေခါင္းေဆာင္ကာ ၂၀၁၅ ခုႏွစ္၊ ဇြန္လ ၃၀ ရက္
က ရန္ကုန္ၿမိဳ႕၊ သိမ္ႀကီးေစ်း(D)ရုံေရွ႕မွ မဟာဗႏၶဳလ ပန္းျခံေရွ႕အထိ လမ္းေလွ်ာက္
ၿပီး ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရးႏွင့္ လႊတ္ေတာ္တြင္း ေရာက္ရွိေနသည့္ တပ္မေတာ္
သား လႊတ္ေတာ္ ကိုယ္စားလွယ္ ၂၅ ရာခုုိင္ႏႈန္း ႏုတ္ထြက္ ေပးေရးတို႔ကို ခြင့္ျပဳခ်က္
မယူဘဲ ဆႏၵထုတ္ေဖာ္ ခဲ့သည့္အတြက္ ေက်ာက္တံတားၿမိဳ႕နယ္ႏွင့္ ပန္းဘဲတန္း ၿမိဳ႕
နယ္ အုပ္ခ်ဳပ္ေရးမွဴးတုိ႔က ပုဒ္မ ၅၀၅(ခ)ျဖင့္ တရား႐ုံးမ်ားသုိ႔ ဦးတုိက္ေလွ်ာက္ထား
ခဲ့သည့္အတြက္ အင္းစိန္ အက်ဥ္းေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းခံေနရၿပီး အမႈရင္
ဆုိင္ေနရျခင္း ျဖစ္သည္ ။

“ ဒီေန႔ကေတာ့ တရားလုိ ပန္းဘဲတန္းရဲစခန္းက ဒုရဲအုပ္ကို ဆက္စစ္တာပါ။ ေက်ာင္း
သားေတြကလည္း အမႈကို ျမန္ျမန္ၿပီးေစခ်င္တယ္။ တရားသူႀကီးကလည္း အမႈၿပီး
ျပတ္ေအာင္ ျမန္ျမန္ေဆာင္ရြက္ ေပးေနတယ္။ ေနာက္တစ္ပတ္ ႐ုံးခ်ိန္းက်ရင္ေတာ့
တရားလုိႏွစ္ေယာက္ စစ္မယ္ေျပာတယ္။ တရား႐ုံးကို လာႏုိင္မယ့္ သက္ေသႏွစ္ဦးကို
ဆက္စစ္မွာပါ” ဟု ကိုပိုင္ရဲသူ၏ အမႈအား လုိက္ပါေဆာင္ရြက္ေန သည့္ တရားလႊတ္
ေတာ္ေရွ႕ေန ကိုႏုိင္လင္းေဇာ္က ေျပာသည္ ။

အဆုိပါ အမႈအား ပန္းဘဲတန္းၿမိဳ႕နယ္ တရား႐ုံးသို႔ ပန္းဘဲတန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး
မွဴး၊ ဒုဦးစီးမွဴး ၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ စခန္းမွဴး၊ ဒုရဲအုပ္ အပါအ၀င္ သက္ေသ
ကိုးဦးတင္ထားၿပီး ႐ုံုးခ်ိန္းအား ႏုိ၀င္ဘာလ ၃ ရက္သုိ႔ ထပ္မံခ်ိန္းဆုိလုိက္သည္။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
........................................


 နိုင်ငံတော် အကြည်ညိုပျက်စေပြီး ပြည်သူလူထု ဆူပူအုံကြွမှု ဖြစ်စေရန် လှုံ့ဆော်မှု
ဖြင့် တရားစွဲဆို ခံထားရသည့် ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲ
သူ တို့က အမှုမြန်မြန်ပြီးစေရန် ပန်းဘဲတန်းမြို့နယ် တရားသူကြီးထံ တင်ပြတောင်း
ဆိုလိုက်ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၂၀ ရက်နံနက် ၁၀ နာရီက ရုံး
ထုတ်ပြီး တရားလို သက်သေများကို စစ်ဆေးစဉ် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့က
တရားသူကြီးထံ တင်ပြလိုက်ခြင်း ဖြစ်သည်။

“ကျောင်းသားနှစ်ဦးကတော့ အမှုကိုမြန်မြန်ပြီးစေချင်တယ်ဆိုပြီး တရားခွင်မှာ တရား
သူကြီးကို တင်ပြတာပေါ့။ တရားသူကြီးကလည်း သူလည်း မြန်မြန်ပြီးစေချင်ပါတယ်
လို့ ပြန်ပြောခဲ့ပါတယ်” ဟု ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၏ အမှုလိုက်
ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့က ခေါင်းဆောင်ကာ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်
က ရန်ကုန်မြို့၊ သိမ်ကြီးစျေး(D)ရုံရှေ့မှ မဟာဗန္ဓုလ ပန်းခြံရှေ့အထိ လမ်းလျှောက်
ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လွှတ်တော်တွင်း ရောက်ရှိနေသည့် တပ်မတော်
သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခုုိင်နှုန်း နုတ်ထွက် ပေးရေးတို့ကို ခွင့်ပြုချက်
မယူဘဲ ဆန္ဒထုတ်ဖော် ခဲ့သည့်အတွက် ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်း မြို့
နယ် အုပ်ချုပ်ရေးမှူးတို့က ပုဒ်မ ၅၀၅(ခ)ဖြင့် တရားရုံးများသို့ ဦးတိုက်လျှောက်ထား
ခဲ့သည့်အတွက် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အမှုရင်
ဆိုင်နေရခြင်း ဖြစ်သည် ။

“ ဒီနေ့ကတော့ တရားလို ပန်းဘဲတန်းရဲစခန်းက ဒုရဲအုပ်ကို ဆက်စစ်တာပါ။ ကျောင်း
သားတွေကလည်း အမှုကို မြန်မြန်ပြီးစေချင်တယ်။ တရားသူကြီးကလည်း အမှုပြီး
ပြတ်အောင် မြန်မြန်ဆောင်ရွက် ပေးနေတယ်။ နောက်တစ်ပတ် ရုံးချိန်းကျရင်တော့
တရားလိုနှစ်ယောက် စစ်မယ်ပြောတယ်။ တရားရုံးကို လာနိုင်မယ့် သက်သေနှစ်ဦးကို
ဆက်စစ်မှာပါ” ဟု ကိုပိုင်ရဲသူ၏ အမှုအား လိုက်ပါဆောင်ရွက်နေ သည့် တရားလွှတ်
တော်ရှေ့နေ ကိုနိုင်လင်းဇော်က ပြောသည် ။

အဆိုပါ အမှုအား ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေး
မှူး၊ ဒုဦးစီးမှူး ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် သက်သေ
ကိုးဦးတင်ထားပြီး ရုုံးချိန်းအား နို၀င်ဘာလ ၃ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment