Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 25, 2015

ရေချိုးပေးကြရအောင်

အမေရိကန် လွှတ်တော်အမတ်တစ်ယောက်ပြောသွားတာ မှတ်မိနေတယ်။ ဘယ်သူဆိုတာတော့ နာမည် တိတိ ကျကျ မသိတော့ဘူး။ သတင်းထောက်တစ်ယောက်က သူ့ကိုမေးတယ်

“ဘာကြောင့် မဲပေးရမှာလဲ” တဲ့။ သူက ပြန်ဖြေပုံလေး သဘောကျလို့ပါ။

“ခင်ဗျား ဘာကြောင့် ရေချိုးသလဲ” လို့ သတင်းထောက်ကို ပြန်မေးလိုက်တယ်။ သတင်းထောက်က

“သန့်ရှင်းချင်လို့ပေါ့”

“အဲဒါပဲပေါ့ဗျာ။ မဲပေးတယ်ဆိုတာ သန့်ရှင်းစေချင်လို့” တဲ့။ ကောင်းလိုက်တဲ့ ဥပမာ။

ကျွန်တော်တို့ ဘာကြောင့် မဲပေးကြမှာလဲ။

သန့်ရှင်းစေချင်လို့ပါ။

ကျွန်တော်တို့ နိုင်ငံထဲမှာ ခေတ်အဆက်ဆက် ညစ်ပတ်မှုအပေါင်း သရဖူဆောင်းခဲ့သူတွေကြောင့် တစ်တိုင်းပြည်လုံး ပုပ်ဟောင်နေပါပြီဗျာ။ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ အုပ်ချုပ်သူအပေါင်းက မတန်တဆ မျိုချထားတာ တွေဟာ ပြည်သူတွေအတွက်မဟုတ်၊ သူတို့ တစ်ဝမ်းထဲအတွက်ဆိုတော့ မထွေးနိုင် မအန်ဖြစ်ပြီး ဝမ်းပါချုပ်နေတော့ ပုပ်စော်နံနေပြီပေါ့ဗျာ။

ဟုတ်ကဲ့ ဝမ်းနုတ်ဖို့လိုနေပြီ။ ဝမ်းပုပ်ချဖို့လိုနေပြီ။ ရေချိုးသန့်စင်ပြီး အမွှေးနံ့သာ ပက်ဖျန်းဖို့ လိုနေပြီဗျာ။ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုတာ အပုပ်ကောင်ကြီးတွေက ချိတ်ထမီကြီးတွေ ဝတ်ပြ ထားရုံနဲ့ ဖြစ်မလာဘူးဗျ။ ဘယ်လောက်ပဲ တောက်တောက်ပြောင်ပြောင်ဝတ်ဝတ်၊ ဘယ်အရောင်အသွေးတွေ ဆင်ဆင် ပုပ်စော်နံနေတာ နံနေတာပါပဲ။

ဟုတ်ကဲ့ … ကျွန်တော်တို့ ရေချိုးပေးကြရအောင်။ သန့်ရှင်းပေးကြရအောင်။ အနံ့အသက်တွေက မခံနိုင်တော့ ဘူးဗျာ။
Credit: Sayar U Tin Nyunt
..........
ရခိုးပေးကြရေအာင်

အေမရိကန် လွှတ်တော်အမတ္တစ်ယောက်ျေပာသြားတာ မွတ္မိနေတယ်။ ဘယ်သူဆိုတာတော့ နာမည် တိတိ က်က် မသိတော့ဘူး။ သတင်းထောက္တစ်ယောက္က သူ့ကိုမေးတယ်

“ဘာကြောင့် မဲပေးရမွာလဲ” တဲ့။ သူကျပန်ျေဖပုံလေး သေဘာက်လို့ပါ။

“ခင္ဗ်ား ဘာကြောင့် ရေခိုးသလဲ” လို့ သတင်းထောက္ကျိုပန်မေးလိုက္တယ်။ သတင်းထောက္က

“သန့်ရွင်းခ်င္လို့ပေါ့”

“အဲဒါပဲပေါ့ဗ်ာ။ မဲပေးတယ္ဆိုတာ သန့်ရွင်းစေခ်င္လို့” တဲ့။ ကောင်းလိုက္တဲ့ ဥပမာ။

ကျန်ြတ္တောို့ ဘာကြောင့် မဲပေးကြမွာလဲ။

သန့်ရွင်းစေခ်င္လို့ပါ။

ကျန်ြတ္တောို့ နိုင်ငံထဲမွာ ခေတ်အဆက္ဆက် ညစ္ပတ္မှုအေပါင်း သရဖူဆောင်းခဲ့သူတြေကြာင့် တစ္တိုင်ျးပည္လုံး ပုပ်ဟောင်နေပါပြီဗ်ာ။ ကျန်ြတ္တောိျု့မန္မျာပည္ထဲမွာ အုပ္ခ်ုပ်သူအေပါင်းက မတန္တဆ မိုခ်ထားတာ တြေဟျာပည်သူတြေအတြက္မဟုတ်၊ သူတို့ တစ်ဝမ်းထဲအတြက္ဆိုတော့ မေထြးနိုင် မအန်ျဖစ်ပြီး ဝမ်းပါခ်ုပ်နေတာ့ ပုပ်စ္နောံနေပြီပေါ့ဗ်ာ။

ဟုတ္ကဲ့ ဝမ်းနုတ္ဖို့လိုနေပြီ။ ဝမ်းပုပ္ခ်ဖို့လိုနေပြီ။ ရေခိုးသန့်စင်ပြီး အေမွှးနံ့သာ ပက္ဖ်န်းဖို့ လိုနေပြီဗ်ာ။ သန့်ရွင်းသော အစိုးရ ကောင်းမြန်သော အုပ္ခ်ုပ်ရေးဆိုတာ အပုပ်ကောင်ကြီးတြေက ခိတ္ထမီကြီးတြေ ဝတ်ျပ ထားရုံနျဲ့ဖစ္မလာဘူးဗ်။ ဘယ်လောက္ပဲ တောက်တောက်ျေပာင်ျေပာင်ဝတ်ဝတ်၊ ဘယ်ေအရာင်ေအသြးတြေ ဆင္ဆင် ပုပ်စ္နောံနေတာ နံနေတာပါပဲ။

ဟုတ္ကဲ့ … ကျန်ြတ္တောို့ ရေခိုးပေးကြရေအာင်။ သန့်ရွင်းပေးကြရေအာင်။ အနံ့အသက်တြေက မခံနိုင်တော့ ဘူးဗ်ာ။
Credit: Sayar U Tin Nyunt

No comments:

Post a Comment