Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 22, 2015
...................
ဂျပန်အမျိုးသားများ အမျိုးသမီး လစဉ်သုံး ပစ္စည်းများကို အသုံးပြုနေ
ဂျပန်အမျိုးသားများသည် သူတို့၏ဖခင်များ မလုပ်ရဲသည်ကို လုပ်ဆောင်လိုက်ကြပြီ ဖြစ်သည်။ အမျိုးသမီး လစဉ်သုံး ပစ္စည်းများကို ချွေးသုတ်ရာတွင် အသုံးပြုနေကြခြင်း ဖြစ်သည်။
ဂျပန်အမျိုးသားများသည် အမျိုးသမီး လစဉ်သုံး ပစ္စည်းများအား အသုံးပြုကြောင်း ယခင်က ၀န်ခံရန် ရှက်ကြကြသော်လည်း ယခုအချိန်တွင်မူ ချွေးသုတ်ရန်နှင့် စအိုနားတွင် သွေးစုနာ ပေါက်ပါက ဖိကပ်ထားရန် အသုံးပြုနေကြောင်း တဖြည်းဖြည်း ၀န်ခံလာကြပြီဟု Asahi Shimbun သတင်းစာ၏ ၀က်ဘ်ဆိုက် DOT က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။
လစဉ်သုံး ပစ္စည်းများမှာ အချိန်အကြာကြီး ထိုင်ရသည့် ကုန်တင်ကား မောင်းသူများကြားတွင် လူကြိုက်များနေသည်။ ထို့ပြင် ဆေးရုံများကလည်း စအိုနားတွင် သွေးစုနာပေါက်သည့် အမျိုးသားများ အတွက်လည်း လစဉ်သုံးပစ္စည်းများကို ညွှန်းဆိုနေကြပြီ ဖြစ်သည်။
''အစကတော့ သုံးဖို့ရှက်နေတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းက အနာကို သက်သာစေတော့ အခုဆိုရင် မရှက် မကြောက်ကို သုံးနေပါပြီ'' ဟု အသက် (၄၀) ကျော် အရွယ်ရှိပြီ ဖြစ်သည့် အမျိုးသား တစ်ဦးက ပြောဆိုခဲ့သည်။
အသက် (၄၀) တွင်းရှိပြီ ဖြစ်သည့် အမျိုးသား တစ်ဦးကလည်း ချိုင်းချွေးထွက်သောကြောင့် အင်္ကျီများ၏ ချိုင်းနေရာတွင် အဝါကွက်များ ရှိနေခဲ့ရာ ချိုင်းတွင် လစဉ်သုံးပစ္စည်းကို ထားရှိချိန်မှစပြီး အဝါကွက်များ မရှိတော့ကြောင်း ပြောဆိုခဲ့သည်။ ကောလိပ်တွင် အမေရိကန် ဘောလုံး ကစားသည် ဆိုသည့် လူငယ် တစ်ဦးကလည်း ဦးထုတ်အောက်တွင် လစဉ်သုံး ပစ္စည်းကို ချွေးစုပ်ရန် ထားရှိခဲ့ကြောင်း ပြောဆိုခဲဲ့သည်။
messenger news journal
No comments:
Post a Comment