Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 13, 2015
Credit : Ayesay
...................
ဂျော်ဂျီယာက ရွေ့လျားနေတဲ့ အထိမ်အမှတ်အရုပ်ကြီးများ
ည ရ နာရီရောက်ပြီ ဆိုတာနဲ့ ဒီအရုပ်ကြီး နှစ်ရုပ်ဟာ စတင်ရွေ့လျားလာပြီး အချိန်ခဏကြာ ပေါင်းစည်းသွားပါတယ်။ ခဏအတွင်းမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက် အရပ်ကို ထွက်သွားပါတော့တယ်။ အရုပ်ကြီးတွေဟာ ၈ မီတာ ( ၂၆ပေ ) ရှိပြီး ယောက်ျားရုပ် တစ်ရုပ် နဲ့ မိန်းမရုပ် တစ်ရုပ် ဖြစ်ပါတယ်။
ဒီအရုပ်ကြီး နှစ်ရုပ်ဟာ ဂျော်ဂျီယာနိုင်ငံ Batumi မြို့မှာတည်ရှိတာဖြစ်ပြီးဂျော်ဂျီယာအနုပညာရှင် Tamara Kvesitadze က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီအရုပ်နှစ်ရုပ်ဟာ စာရေးဆရာ Kurban ရဲ့ 1937 ၀ထ္ထုထဲက ဇာတ်ကောင် အလီ နဲ့ နီနို ကို ကိုယ်စားပြုထားတာပါ။ ဒီအလွမ်းအဆွေး ၀ထ္ထုရဲ့ ဇာတ်လမ်းအဆုံးမှာ ဆိုဗီယက်ရဲ့ ကျူးကျော်မှုကြောင့် ချစ်သူနှစ်ဦး ဟာ ကွဲကွာသွားခဲ့ရပါတယ်။
ဒီအရုပ်တွေကို ၂၀၀၇ တည်းက ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပေမယ့် ၂၀၁၀ရောက်မှစတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အမည် ကိုတော့ Aliand Nano လို့အမည်ပေးထားပါတယ်။ အရုပ်တွေဟာ နေ့တိုင်း ည ရ နာရီရောက်တာနဲ့ စတင်ရွေ့လျားပြီး အချင်းချင်း ပူးကပ်သွားပြီး ထို့နောက်မှာတော့ ခွဲခွာသွားကြပါတယ်။ ဒီအတွက် အချိန် ၁၀ မိနစ်သာ ကြာမြင့်ပါတယ်။
Credit : Ayesay
No comments:
Post a Comment