Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

ျမန္မာ မိန္းကေလး ငယ္မ်ား ေပ်ာက္ဆံုးမႈႏွင့္ တ႐ုတ္အမ်ဳိးသားတို႔ သတို႔သမီး လိုအပ္လာမႈ အႏၲရာယ္

တ႐ုတ္တြင္ လူကုန္ကူးခံရေသာ ဗီယက္နမ္ႏုိင္ငံမွ အမ်ဳိးသမီးအခ်ဳိ႕ကုိ တ႐ုတ္ရဲတပ္ဖြဲ႕၀င္မ်ားက ျပန္လည္လႊဲေျပာင္းေပးေနစဥ္

ယခုရက္ပိုင္း အထက္တန္း ေက်ာင္းသူမ်ား အပါအ၀င္ ျမန္မာမိန္းကေလးငယ္မ်ား ေပ်ာက္ဆံုးေနမႈ ခပ္စိပ္စိပ္ၾကားလာရသည္။ ေက်းလက္ေတာရြာ လူမသိသူမသိအရပ္မ်ားတြင္ မည္မွ်ေပ်ာက္ဆံုးေနသည္မသိ။ ေျမာက္ဥကၠလာပၿမိဳ႕နယ္အပါအ၀င္ ရန္ကုန္ၿမိဳ႕၏ ဧရိယာနယ္နိမိိတ္မွာပင္ ေက်ာင္းသူကေလးငယ္မ်ား ေက်ာင္းသြားရာမွ ေပ်ာက္ဆံုးေနျခင္း၊ ဘာသတင္းတစ္စမွ မၾကားရျခင္းစသည့္ လူေပ်ာက္ဆံုးျခင္းေၾကာ္ျငာမ်ားကို ျမန္မာလူမ်ဳိးမ်ား၏ ေဖ့စ္ဘြတ္ခ္တြင္ မၾကာခဏ ေတြ႕ေနရသည္။

‘‘အဲဒီလို ေပ်ာက္တာေတြ မ်ားေတာ့ ကေလးေတြကို အိမ္နီးပါးခ်င္းဆီေတာင္ လႊတ္မကစားရဲေတာ့ဘူး။ အရင္က အဲဒီလိုမရွိပါဘူး။ တကယ္စိတ္ညစ္မိတယ္။ ရန္ကုန္လို ၿမိဳ႕ႀကီးမွာေတာင္ က ေလးေတြအတြက္ လံုၿခံဳမႈမရွိ ေတာ့ပါဘူး’’

ေျမာက္ဥကၠလာပေန (၅) ႏွစ္ အရြယ္ႏွင့္ (၁၂) ႏွစ္အရြယ္ သမီးႏွစ္ဦး၏မိခင္ မယုဇနက ညည္းတြားေျပာဆိုသည္။ ေပ်ာက္ဆံုးေနေသာ မိန္းကေလးငယ္မ်ားကို ယခုအခ်ိန္ထိ ျပန္မေတြ႕ၾကေသးသျဖင့္ ဘာေၾကာင့္ေပ်ာက္ဆံုးရသလဲ၊ ဘယ္ကိုေရာက္သြားၾကသလဲ မည္သူမွ တိတိက်က်မေျပာႏိုင္ၾကေပး။

သို႔ေသာ္လည္း ျဖစ္ႏုိင္စရာ တစ္ခုေတာ့ရွိပါ၏။ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးအဖြဲ႕ မ်ား ႀကံဳေတြ႕ခဲ့ရသည့္အတိုင္း၊ သတိေပးထားသည့္အတိုင္း ထို မိန္းကေလးငယ္မ်ား ႀကံဳေတြ႕ ေနၿပီလားဟု ေတြးစရာအေၾကာင္းရွိလာပါသည္။ ျမန္မာအစိုးရ၏ လတ္တေလာလူကုန္ကူးမႈအစီ ရင္ခံစာအရ ၿပီးခဲ့သည့္ ငါးႏွစ္အ တြင္း ျမန္မာႏုိင္ငံတြင္ ျဖစ္ပြားခဲ့သည့္ မိန္းကေလးမ်ားလူကုန္ကူးခံရမႈမ်ားအနက္ ၈၀ ရာခိုင္ႏႈန္းသည္ တစ္ဖက္တ႐ုတ္ႏိုင္ငံက တ႐ုတ္လူမ်ဳိးမ်ားႏွင့္ အတင္းအက်ပ္ လက္ထပ္ေပးရန္ ခိုးယူေရာင္းစား ခံရျခင္းျဖစ္သည္ဟု တင္ျပ ထားပါသည္။ က်န္ေသာ အမ်ဳိး သမီးလူကုန္ကူးမႈမ်ားကေတာ့ နယ္စပ္ျဖတ္ေက်ာ္ၿပီး ထိုင္း၊ မ ေလးရွားႏွင့္ စင္ကာပူႏိုင္ငံမ်ားသို႔ ခိုးထုတ္ေရာင္းစားျခင္း ျဖစ္သည္ ဟု ဆိုပါသည္။ ထိုင္းႏွင့္ မေလးသို႔ေရာက္သြားသူ အမ်ားစုမွာ လိင္ လုပ္သားမ်ား၊ အလုပ္သမားမ်ား အျဖစ္ ေရာင္းစားခံရျခင္း ျဖစ္ပါ သည္။

သို႔ေသာ္ တ႐ုတ္သို႔ ေရာင္း စားခံရသူမ်ားကေတာ့ ေက်းလက္က တ႐ုတ္အမ်ဳိးသားမ်ားကို လက္ထပ္ရန္ သတို႔သမီးအျဖစ္ ေရာင္းစားခံရျခင္း ျဖစ္ပါသည္။ တ႐ုတ္အမ်ဳိးသားမ်ားက ျမန္မာႏိုင္ငံက သတို႔သမီးမ်ားကို လူကုန္ကူးသူေတြဆီကေန ေငြေပး၀ယ္ယူေနရသည့္ အဓိကအေၾကာင္းမွာ ၁၉၇၉ တြင္ တ႐ုတ္ႏိုင္ငံ၌ စတင္က်င့္သံုးခဲ့သည့္ မိသားစုတစ္စု ကေလးတစ္ေယာက္ဆိုသည့္စနစ္ေၾကာင့္ ျဖစ္သည္။ တ႐ုတ္ျပည္၏ အဆမတန္ေသာ လူဦးေရတိုးပြားလာမႈကို ထိန္းခ်ဳပ္ရန္ ထိုစနစ္ကို က်င့္သံုးခဲ့ျခင္း ျဖစ္၏။

တ႐ုတ္တို႔၏ ဓေလ့ထံုးစံအ ရ သားေယာက်္ားေလးကိုသာ လို ခ်င္ၾကသည့္အတြက္ သမီးမိန္းက ေလးေမြးလာလွ်င္ စြန္႔ပစ္ၾကၿပီး သားေယာက်္ားေလးကိုသာ ယူ ၾက၏။ ထို႔ေၾကာင့္ တ႐ုတ္ျပည္တြင္ က်ားမလူဦးေရအခ်ဳိးအစားက မညီမွ်။ ၂၀၁၀ ျပည့္ႏွစ္ စာရင္းဇယား မ်ားအရ တ႐ုတ္ေယာက်္ားေလး ၁၁၈ဒသမ၆ ဦးတြင္ မိန္းကေလးဦးေရ ၁၀၀ သာရွိ၏။

ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံတြင္ မိန္းကေလးဦးေရက နည္းေန သည္။ ၿမိဳ႕ေပၚရွိ ပညာတတ္ခ်မ္း သာေသာ ေယာက်္ားေလးမ်ား အတြက္ အိမ္ေထာင္ျပဳျခင္းမွာ မခဲယဥ္းေသာ္လည္း နယ္ႏွင့္ ေက်း လက္ေဒသရွိ လယ္သမားႏွင့္ လက္လုပ္လက္စားအရြယ္ေရာက္သူ ေယာက်္ားေလးမ်ားအတြက္ သတို႔သမီးက နည္းပါးလာသည္။

‘‘အေျခအေနက အရမ္းပိုဆိုး လာေနၿပီ။ နယ္က တ႐ုတ္အမ်ဳိး သားေတြက ဇနီးကို အသည္းအ သန္လိုက္ရွာေနၾကတယ္။ သူတို႔ မ်ဳိးဆက္ထားႏိုင္ေအာင္လို႔ေလ’’ ဟု ျမန္မာႏိုင္ငံအေျခစိုက္ World Vision မွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။ ထိုကဲ့သို႔ တ႐ုတ္ေက်းလက္အမ်ဳိးသားမ်ား ၏ သတို႔သမီးရွာပံုေတာ္သည္ ႏိုင္ ငံကိုေက်ာ္ၿပီး ျမန္မာ၊ ဗီယက္နမ္ ႏွင့္ ကေမၻာဒီးယားႏိုင္ငံမ်ားအထိ ေရာက္လာ၏။ ထိုအထဲတြင္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္သြယ္မႈအ မ်ားဆံုး အနီးကပ္ဆံုးလူ၀င္မႈဥပ ေဒႏွင့္ ကာကြယ္မႈအဘက္ဘက္မွ ေပါ့ေလ်ာ့ေနသည့္ ျမန္မာႏိုင္ငံသည္ တ႐ုတ္အမ်ဳိးသားတို႔အ တြက္ သတို႔သမီးရွာပံုေတာ္ဖြင့္ သည့္ အဓိကနယ္ေျမ ျဖစ္လာပါ သည္။

ထိုကဲ့သို႔ ျမန္မာႏွင့္ အိမ္နီး ခ်င္းႏိုင္ငံမ်ားမွ လူကုန္ကူးသူမ်ားေခၚေဆာင္လာသည့္ သတို႔သမီးမ်ားကို တ႐ုတ္မိသားစုမ်ားက သူတို႔၏ သားမ်ားအတြက္ မိန္းကေလးတစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ၄,၆၀၀ မွ ၇,၀၀၀ အထိ ေပး၀ယ္ေနၾကပါသည္။ ထို႔ေၾကာင့္ လူကုန္ကူးသူမ်ားအတြက္လည္း ၿမိဳးၿမိဳးျမက္ျမက္အခြင့္အလမ္းတစ္ခုျဖစ္လာေနပါသည္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕လူကုန္ ကူးမႈတိုက္ဖ်က္ေရးအဖြဲ႕မွ ရဲမွဴး ႀကီး ၫြန္႔လိႈင္က လန္ဒန္အေျခစိုက္ မက္ထ႐ိုယူေကသတင္းစာ အား ေျပာၾကားရာ၌ တ႐ုတ္ရြာသားတစ္ေယာက္တြင္ တ႐ုတ္ယြမ္ေငြ သံုးေသာင္းေလာက္ရွိ႐ုံႏွင့္ ျမန္မာႏွင့္ လာအိုမိန္းကေလးမ်ားကို လြယ္ကူစြာ၀ယ္ယူႏိုင္သည္ဟု ဆိုပါသည္။ အခ်ဳိ႕ျမန္မာသတို႔သမီးမ်ား လက္ထပ္ၾကရသည့္ သတို႔သားမ်ားမွာလည္း တ႐ုတ္အမ်ဳိးသမီးမ်ား လက္မထပ္ခ်င္သည့္ ကိုယ္အဂၤါမသန္စြမ္းခ်ဳိ႕ယြင္းေနသူေယာက်္ားမ်ားျဖစ္ၾကသည္ဟုလည္း သူက ေျပာၾကားခဲ့ပါသည္။

ထို႔ျပင္ တ႐ုတ္အမ်ဳိးသား မ်ားက အတင္းအက်ပ္လက္ထပ္ ျခင္းခံရေသာ ျမန္မာမိန္းကေလး မ်ားကို သူတို႔၏ တ႐ုတ္မိသားစုကအိမ္ထဲမွာ ပိတ္ေလွာင္ထားျခင္း၊ အစာေရစာ၀ေအာင္ မေကြၽးျခင္း၊ ႐ိုက္ႏွက္ႏွိပ္စက္ျခင္းႏွင့္ ေဆးကု သမႈမ်ားလုပ္ေပးျခင္းမရွိဟု တ႐ုတ္ အမ်ဳိးသားတစ္ဦးႏွင့္ လက္ထပ္ ျခင္းခံရၿပီး ျပန္လြတ္ေျမာက္လာ သူ (၁၆) ႏွစ္အရြယ္ ျမန္မာမိန္းက ေလးတစ္ဦးက မက္ထ႐ိုယူေက သတင္းစာအား ေျပာၾကားခဲ့ပါ သည္။

ထိုသတင္းစာပါ သတင္း ေဆာင္းပါးတြင္ ယူနန္ျပည္နယ္မွ တ႐ုတ္အမ်ဳိးသားတစ္ဦးႏွင့္ အ တင္းအဓမၼလက္ထပ္ျခင္းခံခဲ့ရ သည့္ အသက္ (၁၇) ႏွစ္အရြယ္ စုဆိုေသာ အျခားမိန္းကေလးတစ္ဦး၏ အေတြ႕အႀကံဳကိုလည္း ေျပာျပထားပါသည္။ ထိုမိန္းကေလးက သူေနထုိင္ေသာ ယူနန္ျပည္နယ္ က ေက်းရြာတြင္ တ႐ုတ္လယ္သ မားမ်ားႏွင့္ သူ႕ကဲ့သုိ႔အတင္းလက္ ထပ္ျခင္းခံခဲ့ရေသာ ျမန္မာအမ်ဳိး သမီးငယ္အေတာ္မ်ားမ်ားကို ေတြ႕ခဲ့ရသည္ဟု ဆိုပါသည္။

‘‘ကြၽန္မေလ စိတ္ညစ္လို႔ တစ္ခ်ိန္လံုးငုိေနရတယ္။ သံုးခါ ေလာက္ထြက္ေျပးဖို႔ ႀကိဳးစားေသး တယ္။ ဒါေပမဲ့ ရဲေတြက ကြၽန္မကို ဖမ္းၿပီး ကြၽန္မေယာက်္ားဆီျပန္ပို႔ ၾကတယ္။ ကြၽန္မေယာက်္ားက လည္း ကြၽန္မကို ခဏခဏ႐ိုက္ တယ္။ ကြၽန္မမွာ အမာရြတ္ေတြ အမ်ားႀကီးပဲ’’

တ႐ုတ္ႏိုင္ငံသို႔ လူကုန္ကူး သူမ်ားမွတစ္ဆင့္ ျမန္မာမိန္းက ေလးမ်ား သတို႔သမီးအျဖစ္ ေရာင္း ခ်ခံရျခင္းကို ရပ္တန္႔ႏိုင္ရန္ ျမန္မာတာ၀န္ရွိသူေတြက ႀကိဳးစားေနပါ သည္။ နယ္စပ္ေဒသမ်ားတြင္ လူကုန္ကူးမႈတားဆီးေရးအဖြဲ႕မ်ားထားရွိရန္ တ႐ုတ္အစိုးရႏွင့္ ေဆြးေႏြးေနသည္ဟုလည္း ျမန္မာတာ၀န္ရွိသူမ်ားက ေျပာပါသည္။ သို႔ေသာ္လည္း ယခုအခ်ိန္အထိ တ႐ုတ္အစိုးရဘက္ကေတာ့ သည္ျပႆနာကို ေျဖရွင္းဖို႔ ဆႏၵမရွိဘဲ ေနာက္ဆုတ္ေနဆဲသာ ျဖစ္ပါသည္။

ျမန္မာႏိုင္ငံတြင္ လူမ်ဳိးဘာ သာအတြက္ ႏိုင္ငံအတြင္းက မြတ္စလင္လူနည္းစုကိုသာ အာ႐ုံစိုက္ေနၾကခ်ိန္၌ အိမ္နီးနားခ်င္း တ႐ုတ္ႏိုင္ငံက ျမန္မာအမ်ဳိးသမီးမ်ားကို သူတို႔ႏိုင္ငံသားမ်ားႏွင့္ လက္ထပ္ဖို႔အတြက္ လူကုန္ကူးသူမ်ားကေန အတင္းအဓမၼလုပ္ေဆာင္ေနသည္မွာ ျမန္မာမိန္းကေလးေတာ္ေတာ္မ်ားမ်ား ဒုကၡေရာက္ေနၿပီ ျဖစ္ပါသည္။ တကယ္တမ္းဆိုလွ်င္ မြတ္စလင္လူနည္းစုထက္ေၾကာက္စရာေကာင္းသည္မွာ ျမန္မာသတို႔သမီးမ်ားကို အျပင္းအထန္လိုက္ရွာေနေသာ တ႐ုတ္အမ်ဳိးသားမ်ား ျဖစ္ပါသည္။

တ႐ုတ္ႏိုင္ငံသည္ ျမန္မာ စစ္အာဏာရွင္အစိုးရအဆက္ဆက္ႏွင့္ ေပါင္းၿပီး ျမန္မာႏိုင္ငံက သဘာ၀သယံဇာတမ်ဳိးစံုကို လက္၀ါးႀကီးအုပ္ရယူခဲ့သကဲ့သို႔ ယခုအခါတြင္ အဆိုးဆံုးေသာ နည္းမ်ားျဖင့္ လူသယံဇာတကိုပါ ရယူႀကိဳးပမ္းေနပါသည္။ အခ်ိန္မီသာ ကာကြယ္ျခင္းမရွိလွ်င္ ျမန္မာမိန္းကေလးငယ္မ်ားအတြက္ မ်ားစြာအႏၲရာယ္ရွိလာေနၿပီ ျဖစ္၏။

လက္တေလာမိန္းကေလး ငယ္မ်ားေပ်ာက္ဆံုးမႈမ်ားကို လည္း ျမန္မာအစိုးရတာ၀န္ရွိသူမ်ား ဘက္က ထိထိေရာက္ေရာက္ ေစာင့္ေရွာက္ျခင္း၊ တာ၀န္ယူျခင္း မရွိေသးပါ။ ထို႔ေၾကာင့္ မိန္းက ေလးငယ္ရွိသူ မိဘမ်ားအေနျဖင့္ ေခတ္အဆက္ဆက္က ေဆာင္ ရြက္ခဲ့သလို ကိုယ့္ရင္ေသြးငယ္ မ်ား၏ လံုၿခံဳေရးကို ကိုယ့္ဘာသာ သတိႀကီးစြာ ေဆာင္ရြက္တာ၀န္ ယူရမည္ ျဖစ္ပါသည္။

7day daily
........................
မြန်မာ မိန်းကလေး ငယ်များ ပျောက်ဆုံးမှုနှင့် တရုတ်အမျိုးသားတို့ သတို့သမီး လိုအပ်လာမှု အန္တရာယ်

တရုတ်တွင် လူကုန်ကူးခံရသော ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးအချို့ကို တရုတ်ရဲတပ်ဖွဲ့ဝင်များက ပြန်လည်လွှဲပြောင်းပေးနေစဉ်

ယခုရက်ပိုင်း အထက်တန်း ကျောင်းသူများ အပါအဝင် မြန်မာမိန်းကလေးငယ်များ ပျောက်ဆုံးနေမှု ခပ်စိပ်စိပ်ကြားလာရသည်။ ကျေးလက်တောရွာ လူမသိသူမသိအရပ်များတွင် မည်မျှပျောက်ဆုံးနေသည်မသိ။ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် ရန်ကုန်မြို့၏ ဧရိယာနယ်နိမိိတ်မှာပင် ကျောင်းသူကလေးငယ်များ ကျောင်းသွားရာမှ ပျောက်ဆုံးနေခြင်း၊ ဘာသတင်းတစ်စမှ မကြားရခြင်းစသည့် လူပျောက်ဆုံးခြင်းကြော်ငြာများကို မြန်မာလူမျိုးများ၏ ဖေ့စ်ဘွတ်ခ်တွင် မကြာခဏ တွေ့နေရသည်။

‘‘အဲဒီလို ပျောက်တာတွေ များတော့ ကလေးတွေကို အိမ်နီးပါးချင်းဆီတောင် လွှတ်မကစားရဲတော့ဘူး။ အရင်က အဲဒီလိုမရှိပါဘူး။ တကယ်စိတ်ညစ်မိတယ်။ ရန်ကုန်လို မြို့ကြီးမှာတောင် က လေးတွေအတွက် လုံခြုံမှုမရှိ တော့ပါဘူး’’

မြောက်ဥက္ကလာပနေ (၅) နှစ် အရွယ်နှင့် (၁၂) နှစ်အရွယ် သမီးနှစ်ဦး၏မိခင် မယုဇနက ညည်းတွားပြောဆိုသည်။ ပျောက်ဆုံးနေသော မိန်းကလေးငယ်များကို ယခုအချိန်ထိ ပြန်မတွေ့ကြသေးသဖြင့် ဘာကြောင့်ပျောက်ဆုံးရသလဲ၊ ဘယ်ကိုရောက်သွားကြသလဲ မည်သူမှ တိတိကျကျမပြောနိုင်ကြပေး။

သို့သော်လည်း ဖြစ်နိုင်စရာ တစ်ခုတော့ရှိပါ၏။ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ များ ကြံုတွေ့ခဲ့ရသည့်အတိုင်း၊ သတိပေးထားသည့်အတိုင်း ထို မိန်းကလေးငယ်များ ကြံုတွေ့ နေပြီလားဟု တွေးစရာအကြောင်းရှိလာပါသည်။ မြန်မာအစိုးရ၏ လတ်တလောလူကုန်ကူးမှုအစီ ရင်ခံစာအရ ပြီးခဲ့သည့် ငါးနှစ်အ တွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မိန်းကလေးများလူကုန်ကူးခံရမှုများအနက် ၈၀ ရာခိုင်နှုန်းသည် တစ်ဖက်တရုတ်နိုင်ငံက တရုတ်လူမျိုးများနှင့် အတင်းအကျပ် လက်ထပ်ပေးရန် ခိုးယူရောင်းစား ခံရခြင်းဖြစ်သည်ဟု တင်ပြ ထားပါသည်။ ကျန်သော အမျိုး သမီးလူကုန်ကူးမှုများကတော့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်း၊ မ လေးရှားနှင့် စင်ကာပူနိုင်ငံများသို့ ခိုးထုတ်ရောင်းစားခြင်း ဖြစ်သည် ဟု ဆိုပါသည်။ ထိုင်းနှင့် မလေးသို့ရောက်သွားသူ အများစုမှာ လိင် လုပ်သားများ၊ အလုပ်သမားများ အဖြစ် ရောင်းစားခံရခြင်း ဖြစ်ပါ သည်။

သို့သော် တရုတ်သို့ ရောင်း စားခံရသူများကတော့ ကျေးလက်က တရုတ်အမျိုးသားများကို လက်ထပ်ရန် သတို့သမီးအဖြစ် ရောင်းစားခံရခြင်း ဖြစ်ပါသည်။ တရုတ်အမျိုးသားများက မြန်မာနိုင်ငံက သတို့သမီးများကို လူကုန်ကူးသူတွေဆီကနေ ငွေပေးဝယ်ယူနေရသည့် အဓိကအကြောင်းမှာ ၁၉၇၉ တွင် တရုတ်နိုင်ငံ၌ စတင်ကျင့်သုံးခဲ့သည့် မိသားစုတစ်စု ကလေးတစ်ယောက်ဆိုသည့်စနစ်ကြောင့် ဖြစ်သည်။ တရုတ်ပြည်၏ အဆမတန်သော လူဦးရေတိုးပွားလာမှုကို ထိန်းချုပ်ရန် ထိုစနစ်ကို ကျင့်သုံးခဲ့ခြင်း ဖြစ်၏။

တရုတ်တို့၏ ဓလေ့ထုံးစံအ ရ သားယောကျ်ားလေးကိုသာ လို ချင်ကြသည့်အတွက် သမီးမိန်းက လေးမွေးလာလျှင် စွန့်ပစ်ကြပြီး သားယောကျ်ားလေးကိုသာ ယူ ကြ၏။ ထို့ကြောင့် တရုတ်ပြည်တွင် ကျားမလူဦးရေအချိုးအစားက မညီမျှ။ ၂၀၁၀ ပြည့်နှစ် စာရင်းဇယား များအရ တရုတ်ယောကျ်ားလေး ၁၁၈ဒသမ၆ ဦးတွင် မိန်းကလေးဦးရေ ၁၀၀ သာရှိ၏။

ထို့ကြောင့် တရုတ်နိုင်ငံတွင် မိန်းကလေးဦးရေက နည်းနေ သည်။ မြို့ပေါ်ရှိ ပညာတတ်ချမ်း သာသော ယောကျ်ားလေးများ အတွက် အိမ်ထောင်ပြုခြင်းမှာ မခဲယဉ်းသော်လည်း နယ်နှင့် ကျေး လက်ဒေသရှိ လယ်သမားနှင့် လက်လုပ်လက်စားအရွယ်ရောက်သူ ယောကျ်ားလေးများအတွက် သတို့သမီးက နည်းပါးလာသည်။

‘‘အခြေအနေက အရမ်းပိုဆိုး လာနေပြီ။ နယ်က တရုတ်အမျိုး သားတွေက ဇနီးကို အသည်းအ သန်လိုက်ရှာနေကြတယ်။ သူတို့ မျိုးဆက်ထားနိုင်အောင်လို့လေ’’ ဟု မြန်မာနိုင်ငံအခြေစိုက် World Vision မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ တရုတ်ကျေးလက်အမျိုးသားများ ၏ သတို့သမီးရှာပုံတော်သည် နိုင် ငံကိုကျော်ပြီး မြန်မာ၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံများအထိ ရောက်လာ၏။ ထိုအထဲတွင် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှုအ များဆုံး အနီးကပ်ဆုံးလူဝင်မှုဥပ ဒေနှင့် ကာကွယ်မှုအဘက်ဘက်မှ ပေါ့လျော့နေသည့် မြန်မာနိုင်ငံသည် တရုတ်အမျိုးသားတို့အ တွက် သတို့သမီးရှာပုံတော်ဖွင့် သည့် အဓိကနယ်မြေ ဖြစ်လာပါ သည်။

ထိုကဲ့သို့ မြန်မာနှင့် အိမ်နီး ချင်းနိုင်ငံများမှ လူကုန်ကူးသူများခေါ်ဆောင်လာသည့် သတို့သမီးများကို တရုတ်မိသားစုများက သူတို့၏ သားများအတွက် မိန်းကလေးတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄,၆၀၀ မှ ရ,၀၀၀ အထိ ပေးဝယ်နေကြပါသည်။ ထို့ကြောင့် လူကုန်ကူးသူများအတွက်လည်း မြိုးမြိုးမြက်မြက်အခွင့်အလမ်းတစ်ခုဖြစ်လာနေပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့လူကုန် ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူး ကြီး ညွန့်လှိုင်က လန်ဒန်အခြေစိုက် မက်ထရိုယူကေသတင်းစာ အား ပြောကြားရာ၌ တရုတ်ရွာသားတစ်ယောက်တွင် တရုတ်ယွမ်ငွေ သုံးသောင်းလောက်ရှိရုံနှင့် မြန်မာနှင့် လာအိုမိန်းကလေးများကို လွယ်ကူစွာဝယ်ယူနိုင်သည်ဟု ဆိုပါသည်။ အချို့မြန်မာသတို့သမီးများ လက်ထပ်ကြရသည့် သတို့သားများမှာလည်း တရုတ်အမျိုးသမီးများ လက်မထပ်ချင်သည့် ကိုယ်အင်္ဂါမသန်စွမ်းချို့ယွင်းနေသူယောကျ်ားများဖြစ်ကြသည်ဟုလည်း သူက ပြောကြားခဲ့ပါသည်။

ထို့ပြင် တရုတ်အမျိုးသား များက အတင်းအကျပ်လက်ထပ် ခြင်းခံရသော မြန်မာမိန်းကလေး များကို သူတို့၏ တရုတ်မိသားစုကအိမ်ထဲမှာ ပိတ်လှောင်ထားခြင်း၊ အစာရေစာဝအောင် မကျွေးခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းနှင့် ဆေးကု သမှုများလုပ်ပေးခြင်းမရှိဟု တရုတ် အမျိုးသားတစ်ဦးနှင့် လက်ထပ် ခြင်းခံရပြီး ပြန်လွတ်မြောက်လာ သူ (၁၆) နှစ်အရွယ် မြန်မာမိန်းက လေးတစ်ဦးက မက်ထရိုယူကေ သတင်းစာအား ပြောကြားခဲ့ပါ သည်။

ထိုသတင်းစာပါ သတင်း ဆောင်းပါးတွင် ယူနန်ပြည်နယ်မှ တရုတ်အမျိုးသားတစ်ဦးနှင့် အ တင်းအဓမ္မလက်ထပ်ခြင်းခံခဲ့ရ သည့် အသက် (၁၇) နှစ်အရွယ် စုဆိုသော အခြားမိန်းကလေးတစ်ဦး၏ အတွေ့အကြံုကိုလည်း ပြောပြထားပါသည်။ ထိုမိန်းကလေးက သူနေထိုင်သော ယူနန်ပြည်နယ် က ကျေးရွာတွင် တရုတ်လယ်သ မားများနှင့် သူ့ကဲ့သို့အတင်းလက် ထပ်ခြင်းခံခဲ့ရသော မြန်မာအမျိုး သမီးငယ်အတော်များများကို တွေ့ခဲ့ရသည်ဟု ဆိုပါသည်။

‘‘ကျွန်မလေ စိတ်ညစ်လို့ တစ်ချိန်လုံးငိုနေရတယ်။ သုံးခါ လောက်ထွက်ပြေးဖို့ ကြိုးစားသေး တယ်။ ဒါပေမဲ့ ရဲတွေက ကျွန်မကို ဖမ်းပြီး ကျွန်မယောကျ်ားဆီပြန်ပို့ ကြတယ်။ ကျွန်မယောကျ်ားက လည်း ကျွန်မကို ခဏခဏရိုက် တယ်။ ကျွန်မမှာ အမာရွတ်တွေ အများကြီးပဲ’’

တရုတ်နိုင်ငံသို့ လူကုန်ကူး သူများမှတစ်ဆင့် မြန်မာမိန်းက လေးများ သတို့သမီးအဖြစ် ရောင်း ချခံရခြင်းကို ရပ်တန့်နိုင်ရန် မြန်မာတာဝန်ရှိသူတွေက ကြိုးစားနေပါ သည်။ နယ်စပ်ဒေသများတွင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့များထားရှိရန် တရုတ်အစိုးရနှင့် ဆွေးနွေးနေသည်ဟုလည်း မြန်မာတာဝန်ရှိသူများက ပြောပါသည်။ သို့သော်လည်း ယခုအချိန်အထိ တရုတ်အစိုးရဘက်ကတော့ သည်ပြဿနာကို ဖြေရှင်းဖို့ ဆန္ဒမရှိဘဲ နောက်ဆုတ်နေဆဲသာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူမျိုးဘာ သာအတွက် နိုင်ငံအတွင်းက မွတ်စလင်လူနည်းစုကိုသာ အာရုံစိုက်နေကြချိန်၌ အိမ်နီးနားချင်း တရုတ်နိုင်ငံက မြန်မာအမျိုးသမီးများကို သူတို့နိုင်ငံသားများနှင့် လက်ထပ်ဖို့အတွက် လူကုန်ကူးသူများကနေ အတင်းအဓမ္မလုပ်ဆောင်နေသည်မှာ မြန်မာမိန်းကလေးတော်တော်များများ ဒုက္ခရောက်နေပြီ ဖြစ်ပါသည်။ တကယ်တမ်းဆိုလျှင် မွတ်စလင်လူနည်းစုထက်ကြောက်စရာကောင်းသည်မှာ မြန်မာသတို့သမီးများကို အပြင်းအထန်လိုက်ရှာနေသော တရုတ်အမျိုးသားများ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် မြန်မာ စစ်အာဏာရှင်အစိုးရအဆက်ဆက်နှင့် ပေါင်းပြီး မြန်မာနိုင်ငံက သဘာဝသယံဇာတမျိုးစုံကို လက်ဝါးကြီးအုပ်ရယူခဲ့သကဲ့သို့ ယခုအခါတွင် အဆိုးဆုံးသော နည်းများဖြင့် လူသယံဇာတကိုပါ ရယူကြိုးပမ်းနေပါသည်။ အချိန်မီသာ ကာကွယ်ခြင်းမရှိလျှင် မြန်မာမိန်းကလေးငယ်များအတွက် များစွာအန္တရာယ်ရှိလာနေပြီ ဖြစ်၏။

လက်တလောမိန်းကလေး ငယ်များပျောက်ဆုံးမှုများကို လည်း မြန်မာအစိုးရတာဝန်ရှိသူများ ဘက်က ထိထိရောက်ရောက် စောင့်ရှောက်ခြင်း၊ တာဝန်ယူခြင်း မရှိသေးပါ။ ထို့ကြောင့် မိန်းက လေးငယ်ရှိသူ မိဘများအနေဖြင့် ခေတ်အဆက်ဆက်က ဆောင် ရွက်ခဲ့သလို ကိုယ့်ရင်သွေးငယ် များ၏ လုံခြံုရေးကို ကိုယ့်ဘာသာ သတိကြီးစွာ ဆောင်ရွက်တာဝန် ယူရမည် ဖြစ်ပါသည်။

7day daily

No comments:

Post a Comment