Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

ဘားရက္ အိုဘားမား မိသားစု၏ က်န္းမာေရး အေလ့အထမ်ား

Obama_family_Easter_2013

အေမရိကန္ သမၼတ ဘားရက္ အိုဘားမားရဲ႕ ခႏၶာကိုယ္က ႀကံ့ခိုင္ သန္စြမ္းၿပီး က်န္းမာ ေနပါတယ္။ အလားတူ သူ႔ဇနီး မီရွဲလ္ အိုဘားမား ကလည္း က်န္းမာႀကံ့ခိုင္တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ပါ တယ္။ သူတို႔ ဒီလို သန္စြမ္း က်န္းမာတဲ့ ခႏၶာကိုယ္ ပိုင္ဆိုင္ရတာက ေလ့က်င့္ခန္း အၿမဲလုပ္ၿပီး အာဟာရျပည့္ဝတဲ့ အစားအေသာက္ကို အၿမဲစားေလ့ရွိ တာေၾကာင့္ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ ေျပာေရး ဆိုခြင့္ရွိသူက ဆိုပါတယ္။
ဟင္းသီးဟင္းရြက္မ်ားမ်ား စားသံုးျခင္း
ေန႔တိုင္း အိုဘားမားတို႔ မိသားစုအတြက္ ဟင္းႏုနယ္ရြက္၊ ပန္းေဂၚဖီစိမ္း၊ ပဲသီးစိမ္း စတဲ့ ဟင္းသီး ဟင္းရြက္မ်ိဳးစံုကို ခ်က္ျပဳတ္ေကြ်းရေလ့ရွိေၾကာင္း အိမ္ျဖဴေတာ္ စားဖိုမွဴးက ဆိုပါတယ္။ ဟင္းသီး ဟင္းရြက္ ဟင္းလ်ာနဲ႔ အတူ ငါး၊ ၾကက္သားနဲ႔ ဆန္လံုးညိဳ တို႔ကို စားေလ့ ရွိပါတယ္။
မွ်တေသာအာဟာရ စားျခင္း
အိုဘားမားတို႔ ဇနီးေမာင္ႏွံက ပီဇာ ဒါမွမဟုတ္ ဘာဂါစားရတာ ႀကိဳက္ၾကေပမယ့္ အလြန္မွ်တတဲ့ အစား အေသာက္ကိုပဲ အၿမဲစားေလ့ ရွိပါတယ္။
မိသားစုစံုညီ ေလ့က်င့္ခန္း လုပ္ျခင္း
အိုဘားမားတို႔ မိသားစုဟာ ေျပးတာ၊ ဘတ္စကက္ေဘာ၊ ေဘာလံုးကစားတာ၊ ထိုင္-ထေလ့က်င့္တာ၊ ႀကိဳးခုန္တာ၊ လက္ ေဝွ႔ထိုးတာစတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ေလ့ ရွိပါတယ္။ မိဘေတြအေနနဲ႔ ကေလးေတြကို ေလ့က်င့္ခန္း လုပ္ျဖစ္ေအာင္ တိုက္တြန္းဖို႔နဲ႔ ေလ့က်င့္ခန္း လုပ္ခိုင္းၾကဖို႔ အေရးႀကီးေၾကာင္း မီရွဲလ္ အိုဘားမားက တိုက္တြန္း ထားပါတယ္။
အိမ္တြင္ျပဳလုပ္ေသာ က်န္းမာေရးႏွင့္ ညီၫြတ္သည့္ သေရစာေကြ်းျခင္း
မီရွဲလ္ အိုဘားမားဟာ ကေလးေတြကို အိမ္မွာျပဳလုပ္တဲ့ သေရစာကိုပဲ အၿမဲ ေကြ်းခဲ့ပါတယ္။ ဒါေၾကာင့္ ကေလးေတြက အျပင္စာကို စားေလ့ မရွိေတာ့ပါဘူး။ “သူတို႔က လတ္ဆတ္တဲ့ သစ္သီးနဲ႔ သစ္သီးေျခာက္ေတြကို ႀကိဳက္လြန္းလို႔ သူတို႔ အလြယ္တကူယူလို႔ မရတဲ့ေနရာမွာ သိမ္းထားခဲ့ရတဲ့ အထိေတာင္ ျဖစ္ခဲ့တယ္” လို႔ မီရွဲလ္က ဆိုပါတယ္။
စာဖတ္ရန္ တြန္းအားေပးျခင္း
ကေလးေတြရဲ႕ အသိဥာဏ္ တိုးတက္ေစဖို႔ အလြန္အေရးႀကီး တာေၾကာင့္ စာဖတ္ခိုင္းဖို႔ လိုပါတယ္။ “စာဖတ္တဲ့ အခါ က်န္းမာေရး ပညာေပးတဲ့ စာေတြကိုလည္း ေရြးေပးတာေၾကာင့္ ကေလးေတြက က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အေလ့အထကို ႀကီးတဲ့အထိ စြဲၿမဲသြားမွာ ျဖစ္ပါတယ္”လို႔ မီရွဲလ္က ရွင္းျပ ပါတယ္။
Credit: Myawady Health
...................................................................................................

ဘားရက် အိုဘားမား မိသားစု၏ ကျန်းမာရေး အလေ့အထများ

အမေရိကန် သမ္မတ ဘားရက် အိုဘားမားရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင် သန်စွမ်းပြီး ကျန်းမာ နေပါတယ်။ အလားတူ သူ့ဇနီး မီရှဲလ် အိုဘားမား ကလည်း ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပါ တယ်။ သူတို့ ဒီလို သန်စွမ်း ကျန်းမာတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ရတာက လေ့ကျင့်ခန်း အမြဲလုပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ကို အမြဲစားလေ့ရှိ တာကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

ဟင်းသီးဟင်းရွက်များများ စားသုံးခြင်း

နေ့တိုင်း အိုဘားမားတို့ မိသားစုအတွက် ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲသီးစိမ်း စတဲ့ ဟင်းသီး ဟင်းရွက်မျိုးစုံကို ချက်ပြုတ်ကျွေးရလေ့ရှိကြောင်း အိမ်ဖြူတော် စားဖိုမှူးက ဆိုပါတယ်။ ဟင်းသီး ဟင်းရွက် ဟင်းလျာနဲ့ အတူ ငါး၊ ကြက်သားနဲ့ ဆန်လုံးညို တို့ကို စားလေ့ ရှိပါတယ်။

မျှတသောအာဟာရ စားခြင်း

အိုဘားမားတို့ ဇနီးမောင်နှံက ပီဇာ ဒါမှမဟုတ် ဘာဂါစားရတာ ကြိုက်ကြပေမယ့် အလွန်မျှတတဲ့ အစား အသောက်ကိုပဲ အမြဲစားလေ့ ရှိပါတယ်။

မိသားစုစုံညီ လေ့ကျင့်ခန်း လုပ်ခြင်း

အိုဘားမားတို့ မိသားစုဟာ ပြေးတာ၊ ဘတ်စကက်ဘော၊ ဘောလုံးကစားတာ၊ ထိုင်-ထလေ့ကျင့်တာ၊ ကြိုးခုန်တာ၊ လက် ဝှေ့ထိုးတာစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်လေ့ ရှိပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်အောင် တိုက်တွန်းဖို့နဲ့ လေ့ကျင့်ခန်း လုပ်ခိုင်းကြဖို့ အရေးကြီးကြောင်း မီရှဲလ် အိုဘားမားက တိုက်တွန်း ထားပါတယ်။

အိမ်တွင်ပြုလုပ်သော ကျန်းမာရေးနှင့် ညီညွတ်သည့် သရေစာကျွေးခြင်း

မီရှဲလ် အိုဘားမားဟာ ကလေးတွေကို အိမ်မှာပြုလုပ်တဲ့ သရေစာကိုပဲ အမြဲ ကျွေးခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေက အပြင်စာကို စားလေ့ မရှိတော့ပါဘူး။ “သူတို့က လတ်ဆတ်တဲ့ သစ်သီးနဲ့ သစ်သီးခြောက်တွေကို ကြိုက်လွန်းလို့ သူတို့ အလွယ်တကူယူလို့ မရတဲ့နေရာမှာ သိမ်းထားခဲ့ရတဲ့ အထိတောင် ဖြစ်ခဲ့တယ်” လို့ မီရှဲလ်က ဆိုပါတယ်။

စာဖတ်ရန် တွန်းအားပေးခြင်း

ကလေးတွေရဲ့ အသိဉာဏ် တိုးတက်စေဖို့ အလွန်အရေးကြီး တာကြောင့် စာဖတ်ခိုင်းဖို့ လိုပါတယ်။ “စာဖတ်တဲ့ အခါ ကျန်းမာရေး ပညာပေးတဲ့ စာတွေကိုလည်း ရွေးပေးတာကြောင့် ကလေးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထကို ကြီးတဲ့အထိ စွဲမြဲသွားမှာ ဖြစ်ပါတယ်”လို့ မီရှဲလ်က ရှင်းပြ ပါတယ်။

Credit: Myawady Health

No comments:

Post a Comment