Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ႏိုင္ငံေရးအက်ဥ္းသားမ်ား ခြ်င္းခ်က္မရိွ လႊတ္ေပးေရး ဗကသ ေခါင္းေဆာင္ ကုိေအာင္မႈိင္းဆန္း ေထာင္တြင္း အစာငတ္ခံဆႏၵျပ


 သာယာ၀တီအက်ဥ္းေထာင္တြင္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး အမႈရင္ဆုိင္ေနသည့္ ဒီမုိကေရးစီပညာေရး လႈပ္ရွားမႈ ပင္မ သ ပိတ္စစ္ေက်ာင္းမွ ေက်ာင္းသားမ်ား ႏွင့္၀န္းရံျပည္သူမ်ား အပါအ၀င္ ႏုိင္ငံေရးအက်ဥ္းသားမ်ားအားလုံး ခ်ြင္းခ်က္မရိွ ျပန္လည္ လြတ္ေျမာက္ေရးအတြက္ ဗကသေက်ာင္းသားေခါင္းေဆာင္ ကုိေအာင္မႈိင္းဆန္းက ယေန႔ (ေအာက္တုိဘာ ၂၃ ရက္ေန႔ ) မွ စတင္ကာ ေထာင္တြင္း အစာငတ္ခံဆႏၵျပေနၿပီျဖစ္ေၾကာင္း ဗမာႏုိင္လုံးဆုိင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္ (ဗကသ) မွ ကုိုေအာင္ေနပုိင္ က NewsWatch သို႔ ေျပာသည္။

“ဒီေန႔ အစာငတ္ခံ ဆႏၵျပတာ စတင္ပါၿပီ။ သူအေနနဲ႕က ႏုိင္ငံေရး အက်ဥ္းသားေတြ မလႊတ္ေျမာက္မခ်င္း ဆက္ၿပီး လႈပ္ရွားသြားမဲ့ သေဘာရိွပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ကေတာ့ သူ႔ရဲ႕ က်န္းမာေရး စုိးရိမ္တယ္ေပါ့။ အႏၱရာယ္တခုခုျဖစ္သြားမွာကုိလည္း စုိးရိမ္တယ္။ကၽြန္ေတာ္တုိ႔အေနနဲ႔ကေတာ့ ကုိေအာင္မႈိင္းဆန္းကုိ ၀န္းရံသြားဖုိ႔ ရိွပါတယ္။” ဟု ၄င္းကေျပာသည္။

ထုိ႔ျပင္ ကုိေအာင္မႈိင္းဆန္း၏ နုိင္ငံေရးအက်ဥ္းသားမ်ား လြတ္ေျမာက္ေရး သာယာ၀တီေထာင္တြင္း အစာငတ္ခံတုိက္ပြဲအား ႏုိင္ငံေရးတက္ၾကြလႈပ္ရွားသူ ကုိႏုိင္ႏုိင္ေအာင္က ပဲခူးၿမိဳ႕ မွ သာယာ၀တီတုိ႔ တကုိယ္ေတာ္လမ္းေလွ်ာက္ခ်ီတက္ကာ ၀န္းရံေနေၾကာင္း သိရေသာ္လည္း ပဲခူးခရုိင္ဗကသအဖြဲ႔ခ်ဳပ္ႏွင့္ ကုိႏုိင္ႏုိင္ေအာင္တုိ႔ထံမွ သီးျခားအတည္ျပဳခ်က္မရခဲ့ေပ။

“ကုိေအာင္မႈိင္းဆန္းအေနနဲ႔ ေအာက္တုိဘာ ၁၅ ရက္ေန႔မွာ လႊတ္ေျမာက္ဖုိ႔ လႈပ္ရွားမႈ ပထမဆုံး စလုပ္ခဲ့တယ္။ အစုိးရဘက္ ကေနၿပီးေတာ့ ေက်ာင္းသားေတြနဲ႔ နုိင္ငံေရး အက်ဥ္းသားေတြ ျပန္လႊတ္ေျမာက္ျခင္းမရိွတဲ့ အတြက္ သူရဲ႕ မူလ ဆုံးျဖတ္ခ်က္ အ တုိင္း အစာငတ္ခံဆႏၵေဖာ္ထုတ္ဖုိ႔ ျဖစ္တယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ကေတာ့ သူ႕ရဲ႕ ဆုံးျဖတ္ကုိ တန္ဖုိးထားတယ္။ဒါေၾကာင့္ ကုိေအာင္မႈိင္းဆန္းကုိ ဆက္ၿပီးေတာ့ ဗကသ အဖြဲ႔ခ်ဳပ္အေနနဲ႔ ၀န္းရံသြားမယ္ေပါ့။” ဟု ကုိေအာင္ေနပုိင္ကေျပာသည္။

လက္ပံတန္းေက်ာင္းသားသ ပိတ္စစ္ေၾကာင္းကုိ ၿပီးခဲ့သည့္ မတ္လ ၁၀ ရက္ေန႔က လက္ပံတန္းၿမိဳနယ္ ရဲတပ္ဖြဲ႔က အၾကမ္းဖက္ ၿဖိဳခြင္းခဲ့ၿပီး ေက်ာင္းသားႏွင့္ ၀န္းရံျပည္သူ စုစုေပါင္း (၇၀) ၀န္းက်င္ကုိ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ တရားမ၀င္ စီတန္းလွည့္လည္မႈ၊ ဥပေဒမဲ့ အစုအဖြဲ႔တြင္ပါ၀င္မႈ စသည့္ပုဒ္မ ၅ ခုျဖင့္ တရားစြဲဆုိခံခဲ့ရျခင္းျဖစ္ၿပီး လက္ရိွ အခ်ိန္တြင္ သာယာ၀တီအက်ဥ္းေထာင္၌ ဖမ္းဆီးထိန္သိမ္းခံထားရသည့္ ေက်ာင္းသားႏွင့္ ၀န္းရံျပည္သူ ၅၄ တရားရင္ဆုိင္ေနသည္။

ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔စာရင္းမ်ားအရ ျမန္မာႏုိင္ငံအက်ဥ္းေထာင္အသီးသီးတြင္ ႏုိင္ငံေရးအက်ဥ္းသား ( ၁၁၂ ) ဦး ၊ တရားရင္ဆုိင္ေနရသူ (၄၆၀ )ေက်ာ္ ရိွေနသည္ဟု သိရသည္။

အပစ္ရပ္စဲေရးစာခ်ဳပ္ (NCA ) စာခ်ဳပ္ မေရးထုိးမီအခ်ိန္ ႏွင့္ ႏုိ၀င္ဘာ ၈ ရက္ေန႔ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲမတုိင္ခင္ ႏုိင္ငံေရးအက်ဥ္းသားမ်ားအားလုံး ခ်ြင္းခ်က္မရိွလႊတ္ေပးရန္ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔ႏွင့္ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP ) တုိ႔ေပါင္းၿပီး စက္တင္ဘာ ၂၈ ရက္ေန႔က ပူးတဲြ ေၾကညာခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............................

 သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေသည့် ဒီမိုကရေးစီပညာရေး လှုပ်ရှားမှု ပင်မ သ ပိတ်စစ်ကျောင်းမှ ကျောင်းသားများ နှင့်ဝန်းရံပြည်သူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်ရေးအတွက် ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ယနေ့ (အောက်တိုဘာ ၂၃ ရက်နေ့ ) မှ စတင်ကာ ထောင်တွင်း အစာငတ်ခံဆန္ဒပြနေပြီဖြစ်ကြောင်း ဗမာနိုင်လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ကိုုအောင်နေပိုင် က NewsWatch သို့ ပြောသည်။

“ဒီနေ့ အစာငတ်ခံ ဆန္ဒပြတာ စတင်ပါပြီ။ သူအနေနဲ့က နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မြောက်မချင်း ဆက်ပြီး လှုပ်ရှားသွားမဲ့ သဘောရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ သူ့ရဲ့ ကျန်းမာရေး စိုးရိမ်တယ်ပေါ့။ အန္တရာယ်တခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ကျွန်တော်တို့အနေနဲ့ကတော့ ကိုအောင်မှိုင်းဆန်းကို ၀န်းရံသွားဖို့ ရှိပါတယ်။” ဟု ၄င်းကပြောသည်။

ထို့ပြင် ကိုအောင်မှိုင်းဆန်း၏ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သာယာဝတီထောင်တွင်း အစာငတ်ခံတိုက်ပွဲအား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်အောင်က ပဲခူးမြို့ မှ သာယာဝတီတို့ တကိုယ်တော်လမ်းလျှောက်ချီတက်ကာ ၀န်းရံနေကြောင်း သိရသော်လည်း ပဲခူးခရိုင်ဗကသအဖွဲ့ချုပ်နှင့် ကိုနိုင်နိုင်အောင်တို့ထံမှ သီးခြားအတည်ပြုချက်မရခဲ့ပေ။

“ကိုအောင်မှိုင်းဆန်းအနေနဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ လွှတ်မြောက်ဖို့ လှုပ်ရှားမှု ပထမဆုံး စလုပ်ခဲ့တယ်။ အစိုးရဘက် ကနေပြီးတော့ ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်မြောက်ခြင်းမရှိတဲ့ အတွက် သူရဲ့ မူလ ဆုံးဖြတ်ချက် အ တိုင်း အစာငတ်ခံဆန္ဒဖော်ထုတ်ဖို့ ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ သူ့ရဲ့ ဆုံးဖြတ်ကို တန်ဖိုးထားတယ်။ဒါကြောင့် ကိုအောင်မှိုင်းဆန်းကို ဆက်ပြီးတော့ ဗကသ အဖွဲ့ချုပ်အနေနဲ့ ၀န်းရံသွားမယ်ပေါ့။” ဟု ကိုအောင်နေပိုင်ကပြောသည်။

လက်ပံတန်းကျောင်းသားသ ပိတ်စစ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြိုနယ် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကျောင်းသားနှင့် ၀န်းရံပြည်သူ စုစုပေါင်း (၇၀) ၀န်းကျင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှု၊ ဥပဒေမဲ့ အစုအဖွဲ့တွင်ပါ၀င်မှု စသည့်ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးထိန်သိမ်းခံထားရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၅၄ တရားရင်ဆိုင်နေသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့စာရင်းများအရ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ( ၁၁၂ ) ဦး ၊ တရားရင်ဆိုင်နေရသူ (၄၆၀ )ကျော် ရှိနေသည်ဟု သိရသည်။

အပစ်ရပ်စဲရေးစာချုပ် (NCA ) စာချုပ် မရေးထိုးမီအချိန် နှင့် နို၀င်ဘာ ၈ ရက်နေ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) တို့ပေါင်းပြီး စက်တင်ဘာ ၂၈ ရက်နေ့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ထားကြောင်းသိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment