Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 27, 2015

ေတာင္တရုတ္ပင္လယ္ထဲ ကန္ဖ်က္သေဘၤာ၀င္ေရာက္မႈ တရုတ္ကန္႔ကြက္

ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္း ခုတ္ေမာင္းခဲ႔တဲ႔ USS Lassen ဖ်က္သေဘာၤ။
ေတာင္တရုတ္ ပင္လယ္ျပင္အတြင္းက တရုတ္တို႔က ပိုင္ဆိုင္တယ္လို႔ ေျပာဆိုၿပီး သိမ္းပိုက္ထားတဲ႔ သႏၱာေက်ာက္တန္းနဲ႔ ေရမိုင္ ၁၂ မိုင္ အတြင္း အေမရိကန္တို႔ရဲ႕ ဖ်က္သေဘာၤတစင္း ဒီကေန႔ ခုတ္ေမာင္းခဲ႔တဲ႔ အေပၚ တရုတ္ အစိုးရက ကန္႔ကြက္လိုက္ပါတယ္။ ျပႆနာ တစံုတရာ မရွိဘဲ လုပ္ငန္းစဥ္ ေအာင္ျမင္ခဲ႔တယ္လို႔ အေမရိကန္ စစ္တပ္ သတင္းရင္းျမစ္က ေျပာပါတယ္။

ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္း ခုတ္ေမာင္းခဲ႔တဲ႔ USS Lassen ဖ်က္သေဘာၤ ေနာက္ကို တရုတ္တို႔က ေစာင့္ၾကည့္ၿပီး ေနာက္ကေျခရာခံ လိုက္ခဲ႔ၿပီးေနာက္ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ Spratly ကြ်န္းစုရဲ႕ Subi သႏၱာေက်ာက္တန္းေတြ အနီး တရုတ္တို႔ ေရပိုင္နက္ထဲက ထြက္ခြာသြားဖို႔ သတိေပးခဲ႔တယ္လို႔လည္း တရုတ္တို႔က ေျပာဆိုပါတယ္။

အေမရိကန္ ဖ်က္သေဘာၤဟာ ႏုိင္ငံတကာ ဥပေဒေတြ အရ ေတာင္တရုတ္ ပင္လယ္ျပင္အတြင္း ပံုမွန္ လႈပ္ရွားမႈ လုပ္ေဆာင္ခဲ႔တာ ျဖစ္ၿပီး ကြ်န္းစုေတြရဲ႕ အခ်ဳပ္အခ်ာ အာဏာပိုင္မႈအေပၚ အျငင္းပြားမႈေတြနဲ႔ မပတ္သက္ဘူးဆိုၿပီး အေမရိကန္ ကာကြယ္ေရးဆိုင္ရာ အရာရွိ တဦးက ေျပာပါတယ္။

တရုတ္တို႔ဘက္ကေတာ့ အေမရိကန္တို႔ဟာ တရုတ္ေရပိုင္နက္ထဲကို တရားမ၀င္ ၀င္ေရာက္ခဲ႔ၿပီး တရုတ္တို႔ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို ျခိမ္းေျခာက္မႈ တရပ္ ျဖစ္တယ္လို႔ တရုတ္ႏုိင္ငံ့ျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Lu Kang က တုံ႔ျပန္လိုက္ပါတယ္။

ေတာင္တရုတ္ ပင္လယ္ျပင္ အတြင္းက ထိုင္၀မ္၊ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္နဲ႔ တရုတ္တို႔ၾကား ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ႔ Subi သႏၱာေက်ာက္တန္းေတြနားကို အေမရိကန္ ဖ်က္သေဘာၤ USS Lassen ခ်ဥ္းကပ္ခုတ္ေမာင္းမႈမွာေတာ့ အေမရိကန္ ေရတပ္ ေထာက္လွမ္းေလယာဥ္ P-8A နဲ႔ P-3 တို႔လည္း အတူလိုက္ပါခဲ႔ပါတယ္။

တ႐ုတ္ႏုိင္ငံက ပိုင္ဆိုင္တယ္လို႔ေျပာထားတဲ့ လူလုပ္ကၽြန္းတုေတြရွိရာ ေရျပင္ကို အေမရိကန္ေရတပ္က သေဘၤာတစင္း ေစလႊတ္မယ္လုိ႔ အေမရိကန္တာ၀န္ရွိသူေတြက ၿပီးခဲ့တဲ့သီတင္းပတ္ အေတာ္ၾကာကတည္းက ထုတ္ေဖာ္ေျပာဆိုထားတာပါ။ Subi သႏၱာေက်ာက္တန္းေပၚမွာ တရုတ္ တပ္ဖြဲ႔၀င္ ၂၀၀ ေလာက္လည္း တပ္ခ်ထားတယ္လို႔ ယူဆရပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................
 တောင်တရုတ် ပင်လယ်ပြင် အတွင်း ခုတ်မောင်းခဲ့တဲ့ USS Lassen ဖျက်သဘောင်္။
တောင်တရုတ် ပင်လယ်ပြင်အတွင်းက တရုတ်တို့က ပိုင်ဆိုင်တယ်လို့ ပြောဆိုပြီး သိမ်းပိုက်ထားတဲ့ သန္တာကျောက်တန်းနဲ့ ရေမိုင် ၁၂ မိုင် အတွင်း အမေရိကန်တို့ရဲ့ ဖျက်သဘောင်္တစင်း ဒီကနေ့ ခုတ်မောင်းခဲ့တဲ့ အပေါ် တရုတ် အစိုးရက ကန့်ကွက်လိုက်ပါတယ်။ ပြဿနာ တစုံတရာ မရှိဘဲ လုပ်ငန်းစဉ် အောင်မြင်ခဲ့တယ်လို့ အမေရိကန် စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း ခုတ်မောင်းခဲ့တဲ့ USS Lassen ဖျက်သဘောင်္ နောက်ကို တရုတ်တို့က စောင့်ကြည့်ပြီး နောက်ကခြေရာခံ လိုက်ခဲ့ပြီးနောက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Spratly ကျွန်းစုရဲ့ Subi သန္တာကျောက်တန်းတွေ အနီး တရုတ်တို့ ရေပိုင်နက်ထဲက ထွက်ခွာသွားဖို့ သတိပေးခဲ့တယ်လို့လည်း တရုတ်တို့က ပြောဆိုပါတယ်။

အမေရိကန် ဖျက်သဘောင်္ဟာ နိုင်ငံတကာ ဥပဒေတွေ အရ တောင်တရုတ် ပင်လယ်ပြင်အတွင်း ပုံမှန် လှုပ်ရှားမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကျွန်းစုတွေရဲ့ အချုပ်အချာ အာဏာပိုင်မှုအပေါ် အငြင်းပွားမှုတွေနဲ့ မပတ်သက်ဘူးဆိုပြီး အမေရိကန် ကာကွယ်ရေးဆိုင်ရာ အရာရှိ တဦးက ပြောပါတယ်။

တရုတ်တို့ဘက်ကတော့ အမေရိကန်တို့ဟာ တရုတ်ရေပိုင်နက်ထဲကို တရားမဝင် ၀င်ရောက်ခဲ့ပြီး တရုတ်တို့ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ခြိမ်းခြောက်မှု တရပ် ဖြစ်တယ်လို့ တရုတ်နိုင်ငံ့ခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Lu Kang က တုံ့ပြန်လိုက်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်းက ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Subi သန္တာကျောက်တန်းတွေနားကို အမေရိကန် ဖျက်သဘောင်္ USS Lassen ချဉ်းကပ်ခုတ်မောင်းမှုမှာတော့ အမေရိကန် ရေတပ် ထောက်လှမ်းလေယာဉ် P-8A နဲ့ P-3 တို့လည်း အတူလိုက်ပါခဲ့ပါတယ်။

တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောထားတဲ့ လူလုပ်ကျွန်းတုတွေရှိရာ ရေပြင်ကို အမေရိကန်ရေတပ်က သင်္ဘောတစင်း စေလွှတ်မယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြီးခဲ့တဲ့သီတင်းပတ် အတော်ကြာကတည်းက ထုတ်ဖော်ပြောဆိုထားတာပါ။ Subi သန္တာကျောက်တန်းပေါ်မှာ တရုတ် တပ်ဖွဲ့ဝင် ၂၀၀ လောက်လည်း တပ်ချထားတယ်လို့ ယူဆရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment