Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

ေနျပည္ေတာ္ စံုတြဲ လူသတ္မုဒိမ္းျပဳက်င့္ခံရမႈ က်ဳးလြန္သူ ၂ ဦး ဖမ္းဆီးရမိ

  

 စက္တင္ဘာ ၂၉ ရက္ ည ၁၁ နာရီအခ်ိန္ခန္႔က ေနျပည္ေတာ္ ဒကၡိဏသီရိျမိဳ႕နယ္ Junction Center အေနာက္တြင္ ျဖစ္ပြားခဲ့ေသာ အသက္ ၁၆ ႏွစ္အရြယ္ လင္မယားစံုတြဲမွ ခင္ပြန္း အသတ္ခံရျပီး အမ်ဳိးသမီး အဓၶမျပဳက်င့္ခံရမႈျဖစ္စဥ္တြင္ က်ဳးလြန္သူ ၄ ဦးအနက္ ၂ ဦးကို ေအာင္တိုဘာ ၆ ရက္ေန႔တြင္ ရဲတပ္ဖြဲ႔က ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။



ဖမ္းဆီးရမိသူ ၂ ဦးမွာ ေက်ာ္ေမာင္ (ခ) ညီညီ (အသက္ ၁၉) ႏွင့္ ေအာင္ပိုင္ (ခ) ေအာင္တင္မ်ိဳး (အသက္ ၂၁ ႏွစ္) တို႔ ျဖစ္ျပီး ဖမ္းဆီးရမိခ်ိန္တြင္ သက္ေသခံပစၥည္းအျဖစ္ လူသတ္မႈက်ဳးလြန္ရာတြင္ အသံုးျပဳခဲ့ေသာ ဓါး ၂ လက္ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ ယင္းအျပင္း အခင္းျဖစ္ပြားရာသို႔ လိုက္လံျပသေစရာ ေသဆံုးသူ ခ်စ္နိင္ဦးကို ရုိက္ႏွက္ခဲ့ေသာ အိပ္ေဇာပိုက္ကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။



အခင္းျဖစ္ပြားခဲ့ပံုမွာ စက္တင္ဘာ ၂၉ ည ၁၁ နာရီခန္႔တြင္ မ--- (အသက္ ၁၆ ႏွစ္) ႏွင့္ ေမာင္ခ်စ္နိုင္ဦး (အသက္ ၁၆ ႏွစ္) တို႔ ဇနီးေမာင္ႏွံ ၂ ဦး ဆိုင္ကယ္စီးထြက္ခဲ့ၾကျပီး ည ၁၂ နာရီ ၃၀ မိနစ္ခန္႔တြင္ ဒကၡိဏသီရိျမိဳ႕နယ္ Junction Center အေက်ာ္တြင္ ဆိုင္ကယ္ကိုေကြ႔ျပီးျပန္အထြက္ ဆိုင္ကယ္ ၂ စီးျဖင့္ အမည္မသိ လူ ၄ ဦးႏွင့္ေတြ႔ျပီး ျခိမ္းေျခာက္ေျပာဆို၍ ၎တို႔စီးလာေသာဆိုင္ကယ္အား လူ ၄ ဦး ဆိုင္ကယ္ ၂ စီးမွ ညွပ္၍ေခၚေဆာင္လာျပီး Junction Center ေနာက္ သံတမန္ဇံု B လမ္း လမ္းသြယ္အေရာက္တြင္ ဇနီးေမာင္နွံ၏ဆိုင္ကယ္အား တြန္းလွဲျပီး ခင္ပြန္းျဖစ္သူ ခ်စ္နိုင္ဦးအား အမည္မသိလူ ၂ ဦးမွ ဆြဲေခၚသြားျပီး ဓါးျဖင့္ထိုးျပီး က်န္ ၂ ဦးမွ မ---- အား သားမယားျပဳက်င့္ခဲ့ၾကျခင္း ျဖစ္သည္။

ထြန္း (ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...................................................

 စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီအချိန်ခန့်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်တွင် ဖြစ်ပွားခဲ့သော အသက် ၁၆ နှစ်အရွယ် လင်မယားစုံတွဲမှ ခင်ပွန်း အသတ်ခံရပြီး အမျိုးသမီး အဓ္ဓမပြုကျင့်ခံရမှုဖြစ်စဉ်တွင် ကျုးလွန်သူ ၄ ဦးအနက် ၂ ဦးကို အောင်တိုဘာ ၆ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။



ဖမ်းဆီးရမိသူ ၂ ဦးမှာ ကျော်မောင် (ခ) ညီညီ (အသက် ၁၉) နှင့် အောင်ပိုင် (ခ) အောင်တင်မျိုး (အသက် ၂၁ နှစ်) တို့ ဖြစ်ပြီး ဖမ်းဆီးရမိချိန်တွင် သက်သေခံပစ္စည်းအဖြစ် လူသတ်မှုကျုးလွန်ရာတွင် အသုံးပြုခဲ့သော ဓါး ၂ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းအပြင်း အခင်းဖြစ်ပွားရာသို့ လိုက်လံပြသစေရာ သေဆုံးသူ ချစ်နိင်ဦးကို ရိုက်နှက်ခဲ့သော အိပ်ဇောပိုက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။



အခင်းဖြစ်ပွားခဲ့ပုံမှာ စက်တင်ဘာ ၂၉ ည ၁၁ နာရီခန့်တွင် မ--- (အသက် ၁၆ နှစ်) နှင့် မောင်ချစ်နိုင်ဦး (အသက် ၁၆ နှစ်) တို့ ဇနီးမောင်နှံ ၂ ဦး ဆိုင်ကယ်စီးထွက်ခဲ့ကြပြီး ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒက္ခိဏသီရိမြို့နယ် Junction Center အကျော်တွင် ဆိုင်ကယ်ကိုကွေ့ပြီးပြန်အထွက် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိ လူ ၄ ဦးနှင့်တွေ့ပြီး ခြိမ်းခြောက်ပြောဆို၍ ၎င်းတို့စီးလာသောဆိုင်ကယ်အား လူ ၄ ဦး ဆိုင်ကယ် ၂ စီးမှ ညှပ်၍ခေါ်ဆောင်လာပြီး Junction Center နောက် သံတမန်ဇုံ B လမ်း လမ်းသွယ်အရောက်တွင် ဇနီးမောင်နှံ၏ဆိုင်ကယ်အား တွန်းလှဲပြီး ခင်ပွန်းဖြစ်သူ ချစ်နိုင်ဦးအား အမည်မသိလူ ၂ ဦးမှ ဆွဲခေါ်သွားပြီး ဓါးဖြင့်ထိုးပြီး ကျန် ၂ ဦးမှ မ---- အား သားမယားပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment