Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 1, 2015





Ref: Mirror
http://www.trend.com.mm/2015/10/01/news-7769
..........................................................................................

ချစ်သူနဲ ့ပြတ်ပြီးနောက် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ပန်းခြံထဲမှာ မိမိကိုယ်ကို မီးရှို ့သတ်သေ


ye wint
အသက် ၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ရည်းစားကောင်လေးက ဖြတ်တာခံရပြီးနောက် ပန်းခြံတစ်ခုမှာ မိမိကိုယ်ကိုမီးရှို ့သတ်သေမှုဖြစ်ပွားခဲ့တယ်လို ့သိရပါတယ်။
ချစ်သူကောင်လေးဟာ သူတို ့နှစ်ဦးရဲ့ ခုနစ်လကြာ ချစ်သက်တမ်းကို အဆုံးသတ်လိုက်ပြီးနောက်၊ Rebe ခေါ် Rebecca Berry ဆိုသူ ကလေးမလေးဟာ ဆိုရှယ်မီဒီယာကနေ တဆင့် မိမိကိုယ်ကို သတ်သေဖို ့ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပြောကြားထားတဲ့ မက်ဆေ့တွေ ကောင်လေးဆီ တသီတသန်းကြီး ပို ့ခဲ့ပါတယ်။
ဒါပေမယ့် (ဥပဒေအရနာမည်ဖော်ပြခွင့်မရှိတဲ့) ကောင်လေးဟာ Rebe တစ်ယောက် အရင်ကလည်း ဒီလိုမျိုးတွေ ပို ့ဖူးတာကြောင့် သူမရဲ့ ခြိမ်းခြောက်မှုတွေကို အတည်မထင်ခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆေ့တွေပို ့ပြီး မကြာခင်မှာပဲ Rebe ဟာ East Dorset ခရိုင်၊ Edmondsham မြို ့ငယ်လေးမှာရှိတဲ့ မိသားစုနေ အိမ်ပန်းခြံထဲက သီးသန် ့အခန်းငယ်လေး တစ်ခုမှာ မိမိကိုယ်ကို မီးရှို ့သတ်သေသွားခဲ့ပါတယ်။ သူမရဲ့အလောင်းကို အခင်းဖြစ်ပွားရာနေရာမှာပဲ မီးလောင်ဒဏ်ရာတွေနဲ ့သေဆုံးနေတာကို မွေးစားအမေ ဖြစ်သူ Gill Scott-Taylor က တွေ ့ရှိခဲ့တာဖြစ်ပါတယ်။
Rebe တစ်ယောက် သူမရဲ့ ချစ်သူဟောင်းကို နောက်ဆုံးပို ့ထားတဲ့ မက်ဆေ့က “ နောက်ဆုံးအနေနဲ ့ ငါမင်းကို ချစ်တယ်လို ့ ပဲပြောချင်ပါတယ်။ ဒါဆို နှုတ်ဆက်ပါတယ်နော်” ဖြစ်တယ်လို ့အခင်းဖြစ်ပွားရာအနီးက သစ်ပင်တစ်ပင်ဘေးမှာ တွေ ့ရတဲ့ သူမရဲ့ ဖုန်းအရ သိရပါတယ်။

Ref: Mirror

No comments:

Post a Comment