Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 3, 2015

မကြည်ညိုကြောင်း ကြေညာထိုက်သော ရဟန်းအင်္ဂါ ရှစ်ပါး


လူတို့သည် မိမိ မကြည်ညိုလိုသောရဟန်းတို့ကို မကြည်ညိုကြောင်းကြေညာနိုင်သည်

မကြည်ညိုကြောင်း ကြေညာထိုက်သော ရဟန်းအင်္ဂါ ရှစ်ပါး

၁) လူတို့ လာဘ်မရစေရန် လုံ့လပြုခြင်း

၂) လူတို့ အကျိုးမဲ့ဖြစ်စေရန် လုံ့လပြုခြင်း

၃) လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း

၎) လူတို့ကို အခြားလူတို့နှင့် သွေးကွဲစေခြင်း

၅) ဘုရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း

၆) တရား၏ ကျေးဇူးမဲ့ကိုဆိုခြင်း

၇) သံဃာ၏ ကျေးဇူးမဲ့ကိုဆိုခြင်း

၈) မသင့်တော်သော ကျက်စားရာ အရပ်၌ တွေ့မြင်ရခြင်း

ဟူသော အင်္ဂါ ရှစ်ပါးနှင့်ပြည့်စုံသောရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် မကြည်ညိုနိုင်ကြောင်း အသိပေးကြေညာကုန်ရာ၏။

လူတို့ အကျိုးမဲ့စေရန် လုံ့လမပြုခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောရဟန်းအား ဥပါသကာတို့သည် အလိုရှိလျှင် ကြည်ညိုကြောင်း အသိပေးကြေညာကုန်ရာ၏ ဟု ဟောကြားတော်မူခဲ့သည်။

အပ္ပသာဒပဝေဒနိယသုတ်
--------------------------

( အင်္ဂုတ္တရနိကာယ် - အဋ္ဌကနိပါတ် ရှစ်ပါးစု တရားများအပိုင်း )

No comments:

Post a Comment