Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

အမ်ိဳးသမီး႐ုပ္တုရဲ႕ ရင္သားမ်ားကုိ ကိုင္တြယ္ဓာတ္ပုံမ႐ုိက္ရ

တ႐ုတ္ျပည္ Shaanxi ခ႐ုိင္မွာရွိတဲ့ အေပၚပုိင္းဗလာနဲ႔ အမ်ိဳးသမီး႐ုပ္တုေတြရဲ႕ ရင္သားကုိ ကုိင္တြယ္ပြတ္သပ္ၿပီး အေပ်ာ္တမ္းဓာတ္ပုံ႐ုိက္ကူးျခင္းအား ခရီးသြားေတြအေနျဖင့္ မျပဳလုပ္ၾကဖုိ႔ တုိက္တြန္းႏိႈးေဆာ္ခ်က္မ်ားကုိ တ႐ုတ္ျပည္အမ်ိဳးသားေန႔ပိတ္ရက္အၿပီးမွာ ထုတ္ျပန္ခဲ့ရပါတယ္။

ပုံမွာျမင္ေတြ႔ရေသာ ခရီးသြားအေျမာက္အမ်ား ကိုင္တြယ္႐ုိက္ကူးေနတဲ့ အမ်ိဳးသမီး႐ုပ္တုကေတာ့ Huaqing ေရပူစမ္းမွာထားရွိတဲ့ တ႐ုတ္အင္ပါယာ ထန္မင္းဆက္ရဲ႕ ၾကင္ယာေတာ္တဦးလည္းျဖစ္ ေရွးေခတ္ တ႐ုတ္ျပည္ရဲ႕ အလွပေဂးတဦးအျဖစ္ လူသိမ်ားထင္ရွားသူ Yang Guifei ရဲ႕ ႐ုပ္တုပါ။

ခရီးသြားမ်ားအား “ယဥ္ေက်းစြာျပဳမူ ဓာတ္ပုံ႐ုိက္ၾကပါရန္” ဆုိတဲ့ တုိက္တြန္းထားတဲ့ အသိေပးဆုိင္ဘုတ္မ်ားကုိ ေဖာ္ျပထားေပမယ့္လည္း အဲ့ဒီဆုိင္းဘုတ္ေတြ၊ တုိက္တြန္းခ်က္ ႏႈိးေဆာ္ခ်က္ေတြကုိ မသိက်ိဳးကြ်ံျပဳကာ ႐ုပ္တုမ်ားကုိ ဆုိးဆုိးရြားရြား ဖမ္းဆုပ္ကုိင္တြယ္ ႐ုိက္ကူးခဲ့ၾကတယ္လုိ႔ ႐ုပ္တုမ်ားကုိ ထိန္းသိမ္းေစာင့္ေရွာက္ေရး ၀န္ထမ္းမ်ားကဆုိပါတယ္။


“အေနာက္ဘက္သုိ႔ခရီးသြားျခင္း”ဆုိတဲ့ တ႐ုတ္ႏုိင္ငံရဲ႕ ဂႏၲ၀င္၀တၴဳထဲက အမ်ိဳးသမီးဇာတ္ေကာင္တဦးျဖစ္တဲ့ မင္းသမီး Iron Fan ႐ုပ္တုရဲ႕ ရင္သားႏွစ္ဘက္စလုံးဟာဆုိရင္ ထိေတြ႔ခံရပါမ်ားလာတဲ့အတြက္ေၾကာင့္ သိသာ ထင္ရွားစြာ ပါးလ်ားစုတ္ျပတ္ လာတာပါ။ ဒါ့အျပင္ Shaanxi ခ႐ုိင္ရွိ သမုိင္း၀င္တည္ေနရာမ်ားမွ အျခားေသာ အမ်ိဳးသမီး ႐ုပ္တုတခုကုိ ကမၻာလွည့္ခရီးသြားမ်ားက ပြတ္သပ္နမ္း႐ႈံၿပီး႐ုိက္ကူးထားတဲ့ပုံမ်ားဟာလည္း အြန္လုိင္းစာမ်က္ႏွာေတြမွာပ်ံ႕ွႏွံ႔လာခဲ့ပါတယ္။

Ref: CCTV news
Irrawaddy
........................................................
အမျိုးသမီးရုပ်တုရဲ့ ရင်သားများကို ကိုင်တွယ်ဓာတ်ပုံမရိုက်ရ

တရုတ်ပြည် Shaanxi ခရိုင်မှာရှိတဲ့ အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးရုပ်တုတွေရဲ့ ရင်သားကို ကိုင်တွယ်ပွတ်သပ်ပြီး အပျော်တမ်းဓာတ်ပုံရိုက်ကူးခြင်းအား ခရီးသွားတွေအနေဖြင့် မပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်များကို တရုတ်ပြည်အမျိုးသားနေ့ပိတ်ရက်အပြီးမှာ ထုတ်ပြန်ခဲ့ရပါတယ်။

ပုံမှာမြင်တွေ့ရသော ခရီးသွားအမြောက်အများ ကိုင်တွယ်ရိုက်ကူးနေတဲ့ အမျိုးသမီးရုပ်တုကတော့ Huaqing ရေပူစမ်းမှာထားရှိတဲ့ တရုတ်အင်ပါယာ ထန်မင်းဆက်ရဲ့ ကြင်ယာတော်တဦးလည်းဖြစ် ရှေးခေတ် တရုတ်ပြည်ရဲ့ အလှပဂေးတဦးအဖြစ် လူသိများထင်ရှားသူ Yang Guifei ရဲ့ ရုပ်တုပါ။

ခရီးသွားများအား “ယဉ်ကျေးစွာပြုမူ ဓာတ်ပုံရိုက်ကြပါရန်” ဆိုတဲ့ တိုက်တွန်းထားတဲ့ အသိပေးဆိုင်ဘုတ်များကို ဖော်ပြထားပေမယ့်လည်း အဲ့ဒီဆိုင်းဘုတ်တွေ၊ တိုက်တွန်းချက် နှိုးဆော်ချက်တွေကို မသိကျိုးကျွံပြုကာ ရုပ်တုများကို ဆိုးဆိုးရွားရွား ဖမ်းဆုပ်ကိုင်တွယ် ရိုက်ကူးခဲ့ကြတယ်လို့ ရုပ်တုများကို ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ထမ်းများကဆိုပါတယ်။


“အနောက်ဘက်သို့ခရီးသွားခြင်း”ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ဂန္တဝင်ဝတ္ထုထဲက အမျိုးသမီးဇာတ်ကောင်တဦးဖြစ်တဲ့ မင်းသမီး Iron Fan ရုပ်တုရဲ့ ရင်သားနှစ်ဘက်စလုံးဟာဆိုရင် ထိတွေ့ခံရပါများလာတဲ့အတွက်ကြောင့် သိသာ ထင်ရှားစွာ ပါးလျားစုတ်ပြတ် လာတာပါ။ ဒါ့အပြင် Shaanxi ခရိုင်ရှိ သမိုင်းဝင်တည်နေရာများမှ အခြားသော အမျိုးသမီး ရုပ်တုတခုကို ကမ္ဘာလှည့်ခရီးသွားများက ပွတ်သပ်နမ်းရှုံပြီးရိုက်ကူးထားတဲ့ပုံများဟာလည်း အွန်လိုင်းစာမျက်နှာတွေမှာပျံ့ှနှံ့လာခဲ့ပါတယ်။




Ref: CCTV news
Irrawaddy

No comments:

Post a Comment