Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

အစိုးရဖြဲ ့မယ္ဆိုရင္ ျပင္ပပညာရွင္ေတြကို အသံုးျပဳမည္ဟုေျပာ

 ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီးမွာ ေအာက္တိုဘာလ ၁၁ ရက္ေန႔က က်င္းပတဲ့ ေရြးေကာက္ပဲြေအာင္နုိင္ေရး ေဟာေျပာပဲြ မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႔ရစဥ္။ Photo: Kyaw Zaw Win/ RFA
ေရြးေကာက္ပဲြအၿပီး အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က အစိုးရဖဲြ႔နိုင္ခဲ့ရင္ နိုင္ငံကိုအက်ိဳးျပဳနုိင္တဲ့ ျပင္ပပညာရွင္ေတြနဲ႔ ဖဲြ႔စည္းသြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။

ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီးမွာ ဒီကေန႔ က်င္းပတဲ့ ေရြးေကာက္ပဲြေအာင္နုိင္ေရး ေဟာေျပာပဲြ မွာ ေဒၚေအာင္ဆန္းစုၾကည္က အန္အယ္လ္ဒီက အျပတ္အသတ္အနိုင္ရၿပီး အစိုးရဖဲြ႔စည္းတဲ့အခါ ပါတီဝင္မဟုတ္ တဲ့ ပညာရွင္ေတြကိုလည္း ဦးစားေပးအေနနဲ႔ ခန္႔အပ္ဖဲြ႔စည္းမယ္လို႔ ေျပာလိုက္တာျဖစ္ပါတယ္။

"က်မတို႔အစိုးရဖြဲ႔တဲ့အခါမွာ ႏိုင္ငံကိုအက်ိဳးျပဳႏိုင္တဲ့ပုဂၢိဳလ္ေတြကို ပါဝင္ ပတ္သက္ဖို႔ က်မတို႔ဖိတ္ေခၚမွာပါ၊ ႀကိဳဆိုမွာပါ၊ က်မအခုတည္းက ပြင့္ပြင့္လင္းလင္းေျပာ ထားမယ္၊ က်မတို႔ရဲ႕ကိုယ္စားလွယ္တစ္ေယာက္နဲ႔ အျခားျပင္ပ ပညာရွင္တစ္ေယာက္ဒီႏွစ္ေယာက္တည္းက ျပင္ပပညာရွင္က ႏိုင္ငံကိုပိုအက်ိဳးျပဳႏိုင္တယ္ဆို က်မတို႔က ျပင္ပ ပညာရွင္ကိုပဲသံုးမွာပါ၊ ကိုယ့္လူကိုအားေပးတဲ့အေနနဲ႔ ကိုယ့္လူကိုဆုေပးတဲ့အလုပ္မ်ိဳး က်မတို႔ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး"

ဒါ့အျပင္ ဝန္ထမ္းေတြ လာဒ္ေပးလာဒ္ယူမႈေတြ ရိွေနတာဟာ လစာ မေလာက္ငတဲ့အတြက္ ျဖစ္ေၾကာင္းနဲ႔ ဒါဟာဝန္ထမ္းေတြေၾကာင့္မဟုတ္ပဲ စနစ္မေကာင္းလို႔ သာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တခ်ိဳ႕လူပုဂၢိဳလ္ေတြက လမ္းေဖါက္ေပးတယ္ တံတားေဆာက္ေပးတယ္ ေျပာၿပီး မဲဆြယ္စည္းရံုးေနတာေတြ ရိွေနေၾကာင္း တကယ္ေတာ့ အဲဒီလမ္းေဖါက္၊ တံတားေဆာက္တာေတြဟာ ျပည္သူ႔ဘ႑ာေငြနဲ႔ ေဆာက္လုပ္ ထားတာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီကေန႔ လွည္းကူးၿမိဳ႕နယ္ ေဖာင္ႀကီး ေဟာေျပာပဲြအၿပီးမွာ ရဲမြန္ရြာနဲ႔ ရဲမြန္တပ္ၿမိဳ႕မွာ လည္း ေဟာေျပာခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............................

 ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်ခဲ့ရင် နိုင်ငံကိုအကျိုးပြုနိုင်တဲ့ ပြင်ပပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးမှာ ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီက အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့စည်းတဲ့အခါ ပါတီဝင်မဟုတ် တဲ့ ပညာရှင်တွေကိုလည်း ဦးစားပေးအနေနဲ့ ခန့်အပ်ဖွဲ့စည်းမယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။

"ကျမတို့အစိုးရဖွဲ့တဲ့အခါမှာ နိုင်ငံကိုအကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်တွေကို ပါဝင် ပတ်သက်ဖို့ ကျမတို့ဖိတ်ခေါ်မှာပါ၊ ကြိုဆိုမှာပါ၊ ကျမအခုတည်းက ပွင့်ပွင့်လင်းလင်းပြော ထားမယ်၊ ကျမတို့ရဲ့ကိုယ်စားလှယ်တစ်ယောက်နဲ့ အခြားပြင်ပ ပညာရှင်တစ်ယောက်ဒီနှစ်ယောက်တည်းက ပြင်ပပညာရှင်က နိုင်ငံကိုပိုအကျိုးပြုနိုင်တယ်ဆို ကျမတို့က ပြင်ပ ပညာရှင်ကိုပဲသုံးမှာပါ၊ ကိုယ့်လူကိုအားပေးတဲ့အနေနဲ့ ကိုယ့်လူကိုဆုပေးတဲ့အလုပ်မျိုး ကျမတို့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး"

ဒါ့အပြင် ဝန်ထမ်းတွေ လာဒ်ပေးလာဒ်ယူမှုတွေ ရှိနေတာဟာ လစာ မလောက်ငတဲ့အတွက် ဖြစ်ကြောင်းနဲ့ ဒါဟာဝန်ထမ်းတွေကြောင့်မဟုတ်ပဲ စနစ်မကောင်းလို့ သာဖြစ်ကြောင်းလည်း ပြောပါတယ်။

တချို့လူပုဂ္ဂိုလ်တွေက လမ်းဖေါက်ပေးတယ် တံတားဆောက်ပေးတယ် ပြောပြီး မဲဆွယ်စည်းရုံးနေတာတွေ ရှိနေကြောင်း တကယ်တော့ အဲဒီလမ်းဖေါက်၊ တံတားဆောက်တာတွေဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ဆောက်လုပ် ထားတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ လှည်းကူးမြို့နယ် ဖောင်ကြီး ဟောပြောပွဲအပြီးမှာ ရဲမွန်ရွာနဲ့ ရဲမွန်တပ်မြို့မှာ လည်း ဟောပြောခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment