Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

ေသခါနီးလူ ေစာင့္ေရွာက္မႈမွာ ျမန္မာနိမ့္က်

ျမန္မာႏိုင္ငံရဲ့ palliative care လို႔ေခၚတဲ့ ေနာက္ဆုံးအဆင့္ ေရာဂါ ခံစားေနရသူေတြကို ေစာင့္ေရွာက္မႈဟာ ကမာၻ႔ရဲ့ ေအာက္ဆုံး စာရင္းမွာ ပါဝင္တယ္လို႔ လန္ဒန္အေျခစိုက္ Economist Intelligence Unit က ေျပာပါတယ္။

၂၀၁၅ ခုႏွစ္ရဲ့ Quality of Death Index စာရင္းအရ ျမန္မာႏိုင္ငံဟာ ေနာက္ဆုံးအဆင့္ ေရာဂါ ခံစားရသူေတြကို ေစာင့္ေရွာက္မႈမွာ အဆင့္အနိမ့္ဆုံး ႏိုင္ငံမွာ ပါဝင္ေၾကာင္း ျပသထားပါတယ္။

ႏိုင္ငံေပါင္း ၈၀ က ေသခါနီးလူေတြအတြက္ ေစာင့္ေရွာက္မႈကို ေလ့လာရာက အီရတ္ႏိုင္ငံက အဆိုးဆုံးေနရာမွာ ေရာက္ေနၿပီး ေနာက္အဆိုးဆုံး ႏိုင္ငံေတြကေတာ့ ဘဂၤလားေဒ့ရွ္၊ ဖိလစ္ပိုင္၊ ႏိုင္ဂ်ီးရီးယားနဲ႔ ျမန္မာတို႔ ျဖစ္ပါတယ္။

ေသခါနီး လူနာေတြအတြက္ ေဆးရုံေဆးခန္းမွာ ေစာင့္ေရွာက္မႈ စနစ္ေတြ၊ လူမႈအသိုင္းအဝိုင္းမွာ ေစာင့္ေရွာက္မႈ စနစ္ေတြ မရွိတာေတြေၾကာင့္ ျဖစ္ရတာလို႔ ဆိုပါတယ္။

ေသခါနီးလူေတြကို အေကာင္းဆုံး ေစာင့္ေရွာက္တဲ့ ႏိုင္ငံကေတာ့ ၿဗိတိန္ႏိုင္ငံျဖစ္ၿပီး ဒုတိယကေတာ့ ၾသစေၾတးလ် အဲဒီေနာက္ နယူးဇီလန္၊ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယံနဲ႔ ထိုင္ဝမ္ႏိုင္ငံတို႔ ျဖစ္ပါတယ္။

မြန္ဂိုးလီးယား၊ ယူဂန္ဒါ လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာေတာ့ ေသခါနီးလူေတြကို ေစာင့္ေရွာက္မႈ အဆင့္တိုးလာတယ္လို႔ ေျပာပါတယ္။

ေသခါနီးလူနာေတြ အနာသက္သာေအာင္၊ ေစာင့္ေရွာက္ရတဲ့ လူေတြ သက္သာေအာင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ အမ်ားစုမွာ မလုပ္ႏိုင္ေသးတာကို ေတြ႔ရၿပီး အဓိက အေၾကာင္းရင္းကေတာ့ ကြ်မ္းက်င္သူ နည္းပါးမႈနဲ႔ အေျခခံ အေဆာက္အဦး မလုံေလာက္မႈေတြေၾကာင့္ ျဖစ္ရတယ္လို႔လည္း ေျပာပါတယ္။

လူေတြ အသက္ပိုရွည္လာတာနဲ႔အမွ် ေနာက္ဆုံးအဆင့္ ေရာဂါခံစားရသူေတြကို ေစာင့္ေရွာက္တဲ့စနစ္ေတြကို ပိုမိုလိုအပ္လာတာကို ႏိုင္ငံတကာ အစိုးရအေနနဲ႔ ေမ့မထားသင့္ဘူးလို႔လည္း အႀကံျပဳထားပါတယ္။

ABC Radio Australia
......................
သေခါနီးလူ စောင့်ရှောက်မှုမှာ မြန်မာနိမ့်ကျ

မြန်မာနိုင်ငံရဲ့ palliative care လို့ခေါ်တဲ့ နောက်ဆုံးအဆင့် ရောဂါ ခံစားနေရသူတွေကို စောင့်ရှောက်မှုဟာ ကမ္ဘာ့ရဲ့ အောက်ဆုံး စာရင်းမှာ ပါဝင်တယ်လို့ လန်ဒန်အခြေစိုက် Economist Intelligence Unit က ပြောပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ Quality of Death Index စာရင်းအရ မြန်မာနိုင်ငံဟာ နောက်ဆုံးအဆင့် ရောဂါ ခံစားရသူတွေကို စောင့်ရှောက်မှုမှာ အဆင့်အနိမ့်ဆုံး နိုင်ငံမှာ ပါဝင်ကြောင်း ပြသထားပါတယ်။

နိုင်ငံပေါင်း ၈၀ က သေခါနီးလူတွေအတွက် စောင့်ရှောက်မှုကို လေ့လာရာက အီရတ်နိုင်ငံက အဆိုးဆုံးနေရာမှာ ရောက်နေပြီး နောက်အဆိုးဆုံး နိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယားနဲ့ မြန်မာတို့ ဖြစ်ပါတယ်။

သေခါနီး လူနာတွေအတွက် ဆေးရုံဆေးခန်းမှာ စောင့်ရှောက်မှု စနစ်တွေ၊ လူမှုအသိုင်းအဝိုင်းမှာ စောင့်ရှောက်မှု စနစ်တွေ မရှိတာတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

သေခါနီးလူတွေကို အကောင်းဆုံး စောင့်ရှောက်တဲ့ နိုင်ငံကတော့ ဗြိတိန်နိုင်ငံဖြစ်ပြီး ဒုတိယကတော့ သြစတြေးလျ အဲဒီနောက် နယူးဇီလန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနဲ့ ထိုင်ဝမ်နိုင်ငံတို့ ဖြစ်ပါတယ်။

မွန်ဂိုးလီးယား၊ ယူဂန်ဒါ လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ သေခါနီးလူတွေကို စောင့်ရှောက်မှု အဆင့်တိုးလာတယ်လို့ ပြောပါတယ်။

သေခါနီးလူနာတွေ အနာသက်သာအောင်၊ စောင့်ရှောက်ရတဲ့ လူတွေ သက်သာအောင် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ မလုပ်နိုင်သေးတာကို တွေ့ရပြီး အဓိက အကြောင်းရင်းကတော့ ကျွမ်းကျင်သူ နည်းပါးမှုနဲ့ အခြေခံ အဆောက်အဦး မလုံလောက်မှုတွေကြောင့် ဖြစ်ရတယ်လို့လည်း ပြောပါတယ်။

လူတွေ အသက်ပိုရှည်လာတာနဲ့အမျှ နောက်ဆုံးအဆင့် ရောဂါခံစားရသူတွေကို စောင့်ရှောက်တဲ့စနစ်တွေကို ပိုမိုလိုအပ်လာတာကို နိုင်ငံတကာ အစိုးရအနေနဲ့ မေ့မထားသင့်ဘူးလို့လည်း အကြံပြုထားပါတယ်။

ABC Radio Australia

No comments:

Post a Comment