Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ျမန္မာႏုိင္ငံတြင္ ႐ုိက္ကူးသြားေသာ ဓာတ္ပုံမ်ား အလွဆုံးစာရင္းတြင္ ပါ၀င္

ၾသစေၾတးလ်ႏုိင္ငံ၊ မဲလ္ဘုန္းၿမဳိ႕ အေျခစုိက္ ခရီးသြားကုမၸဏီ တစ္ခုသည္ ဓာတ္ပုံၿပိဳင္ပဲြတစ္ခု က်င္းပ ျပဳလုပ္ခဲ့သည္။ ယင္းဓာတ္ပုံၿပိဳင္ပဲြကုိ ခရီးသြား ဓာတ္ပုံျပပဲြပာု အမည္ေပးထားၿပီး ၿပိဳင္ပဲြ၀င္ (၃၀၀၀)ေက်ာ္က ဓာတ္ပုံေပါင္း (၇၀၀၀)ေက်ာ္ ေပးပုိ႔ ယွဥ္ၿပိဳင္ခဲ့ၾကသည္။ ယင္းသုိ႔ ယွဥ္ၿပိဳင္္ရာတြင္ အလွဆုံးဓာတ္ပုံ ဆန္ခါတင္စာရင္း၌ ျမန္မာႏုိင္ငံတြင္ ႐ိုက္ကူးသြားေသာ ဓာတ္ပုံသုံးပုံ ပါ၀င္ခဲ့ေၾကာင္း သိရသည္။ ယင္းၿပိဳင္ပဲြကုိ ကမၻာအႏွံ႔မွ ဓာတ္ပုံဆရာ အမ်ားအျပား ပါ၀င္ခဲ့ၿပီး လွပသည့္ ဓာတ္ပုံမ်ားစြာတြင္ ျမန္မာ့႐ူခင္းမ်ားကုိ ေနာက္ခံထားသည့္ ဓာတ္ပုံသုံးပုံမွာ ဆန္ခါတင္စာရင္း၌ ပါ၀င္ခဲ့ျခင္းေၾကာင့္ ဂုဏ္ယူစရာ ျဖစ္ခဲ့သည္။

ဓာတ္ပုံဆရာ စေကာ့လုိင္ရစ္ ႐ိုက္ကူးသည့္ ပုဂံေဒသတြင္ ကုိရင္မ်ား ဆြမ္းခံႂကြေနသည့္ ဓာတ္ပုံႏွင့္ မင္းကြန္း ဘုရားတြင္ ကုိရင္ႏွစ္ပါး ေဆာ့ကစားေနသည့္ ဓာတ္ပုံသည္ ဆန္ခါတင္စာရင္း ၀င္ခဲ့ျခင္း ျဖစ္သည္။

ထုိ႔ျပင္ ဓာတ္ပုံဆရာ ပါရာဒုိက္ရာဂ်ာ ႐ိုက္ကူးခဲ့သည့္ ပုဂံေဒသ ေန၀င္ခ်ိန္႐ူခင္း ဓာတ္ပုံကလည္း ဆန္ခါတင္ စာရင္းတြင္ ပါ၀င္ခဲ့သည္။ ျမန္မာတုိ႔၏ ဘုရားေက်ာင္းကန္မ်ားကုိ ေနာက္ခံထားၿပီး ႐ိုက္ကူးခဲ့သည့္ ဓာတ္ပုံမ်ားသည္ ကမၻာအႏွံ႔မွ ႐ိုက္ကူးထားေသာ ဓာတ္ပုံမ်ားထက္ သာလြန္ၿပီး ေနာက္ဆုံး ဆန္ခါတင္ စာရင္းတြင္ သုံးပုံမွာ ေရြးခ်ယ္ခံရျခင္းသည္ ထူးျခားခ်က္ျဖစ္ခဲ့သည္။ ယင္းဓာတ္ပုံၿပိဳင္ပဲြတြင္ အိႏၵိယႏုိင္ငံမွ ဓာတ္ပုံဆရာ ဆူဂ်န္ဆာကာ ႐ိုက္ကူးသည့္ ကေလးမ်ား ေရထဲတြင္ ေဆာ့ကစားသည့္ ဓာတ္ပုံသည္ ပထမဆု ရရွိသြားခဲ့သည္။ ယင္းၿပိဳင္ပဲြတြင္ ပထမရသူကုိ ေဒၚလာ ( ၂၂၀၀) ႏွင့္ ညီမွ် သည့္ ခရီးသြားခြင့္ကုိ ဆုေၾကးအျဖစ္ ေပးအပ္ခဲ့ေၾကာင္း သိရသည္။ ယင္းၿပိဳင္ပဲြကုိ Intrepid ခရီးသြား ကုမၸဏီမွ ျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး ဆုရရွိသြားေသာ ဓာတ္ပုံသည္ ျမစ္ကမ္း၏ ေန၀င္ခ်ိန္ကုိ ေနာက္ခံထားၿပီး ကေလးမ်ား ေဆာ့ကစားျခင္းကုိ ႐ိုက္ကူးခဲ့ျခင္းေၾကာင့္ အေရာင္အေသြး စုံလင္ခဲ့မႈက အားသာခ်က္ ျဖစ္ခဲ့ေၾကာင္း သိရသည္။
messenger news journal
................................
မြန်မာနိုင်ငံတွင် ရိုက်ကူးသွားသော ဓာတ်ပုံများ အလှဆုံးစာရင်းတွင် ပါ၀င်



သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အခြေစိုက် ခရီးသွားကုမ္ပဏီ တစ်ခုသည် ဓာတ်ပုံပြိုင်ပွဲတစ်ခု ကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းဓာတ်ပုံပြိုင်ပွဲကို ခရီးသွား ဓာတ်ပုံပြပွဲပာု အမည်ပေးထားပြီး ပြိုင်ပွဲဝင် (၃၀၀၀)ကျော်က ဓာတ်ပုံပေါင်း (၇၀၀၀)ကျော် ပေးပို့ ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းသို့ ယှဉ်ပြိုင််ရာတွင် အလှဆုံးဓာတ်ပုံ ဆန်ခါတင်စာရင်း၌ မြန်မာနိုင်ငံတွင် ရိုက်ကူးသွားသော ဓာတ်ပုံသုံးပုံ ပါ၀င်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ကမ္ဘာအနှံ့မှ ဓာတ်ပုံဆရာ အများအပြား ပါ၀င်ခဲ့ပြီး လှပသည့် ဓာတ်ပုံများစွာတွင် မြန်မာ့ရူခင်းများကို နောက်ခံထားသည့် ဓာတ်ပုံသုံးပုံမှာ ဆန်ခါတင်စာရင်း၌ ပါ၀င်ခဲ့ခြင်းကြောင့် ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။

ဓာတ်ပုံဆရာ စကော့လိုင်ရစ် ရိုက်ကူးသည့် ပုဂံဒေသတွင် ကိုရင်များ ဆွမ်းခံကြွနေသည့် ဓာတ်ပုံနှင့် မင်းကွန်း ဘုရားတွင် ကိုရင်နှစ်ပါး ဆော့ကစားနေသည့် ဓာတ်ပုံသည် ဆန်ခါတင်စာရင်း ၀င်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဓာတ်ပုံဆရာ ပါရာဒိုက်ရာဂျာ ရိုက်ကူးခဲ့သည့် ပုဂံဒေသ နေဝင်ချိန်ရူခင်း ဓာတ်ပုံကလည်း ဆန်ခါတင် စာရင်းတွင် ပါ၀င်ခဲ့သည်။ မြန်မာတို့၏ ဘုရားကျောင်းကန်များကို နောက်ခံထားပြီး ရိုက်ကူးခဲ့သည့် ဓာတ်ပုံများသည် ကမ္ဘာအနှံ့မှ ရိုက်ကူးထားသော ဓာတ်ပုံများထက် သာလွန်ပြီး နောက်ဆုံး ဆန်ခါတင် စာရင်းတွင် သုံးပုံမှာ ရွေးချယ်ခံရခြင်းသည် ထူးခြားချက်ဖြစ်ခဲ့သည်။ ယင်းဓာတ်ပုံပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ ဓာတ်ပုံဆရာ ဆူဂျန်ဆာကာ ရိုက်ကူးသည့် ကလေးများ ရေထဲတွင် ဆော့ကစားသည့် ဓာတ်ပုံသည် ပထမဆု ရရှိသွားခဲ့သည်။ ယင်းပြိုင်ပွဲတွင် ပထမရသူကို ဒေါ်လာ ( ၂၂၀၀) နှင့် ညီမျှ သည့် ခရီးသွားခွင့်ကို ဆုကြေးအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို Intrepid ခရီးသွား ကုမ္ပဏီမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဆုရရှိသွားသော ဓာတ်ပုံသည် မြစ်ကမ်း၏ နေဝင်ချိန်ကို နောက်ခံထားပြီး ကလေးများ ဆော့ကစားခြင်းကို ရိုက်ကူးခဲ့ခြင်းကြောင့် အရောင်အသွေး စုံလင်ခဲ့မှုက အားသာချက် ဖြစ်ခဲ့ကြောင်း သိရသည်။
messenger news journal

No comments:

Post a Comment