Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 19, 2015

ခင္ပြန္းျဖစ္သူ ေဖာက္ျပန္တာကို ဗီဒီယိုရိုက္ အရွက္ခြဲတဲ့ ဇနီး ေထာင္ ၁ ႏွစ္က်

ေဆာ္ဒီ အာေရဗ်ႏိုင္ငံက အမ်ိဳးသမီး တစ္ေယာက္ ဟာ သူ႔ရဲ႕ ခင္ပြန္းသည္က အိမ္ေဖာ္ နဲ႔ ေဖာက္ျပန္ေနတာကို ဗီဒီယို ရိုက္ၿပီး Twitter ေပၚတင္ အရွက္ခြဲခဲ့တဲ့အတြက္ ေထာင္က်သြားခဲ့ရပါတယ္။

အားလံုးကေတာ့ ထို ဇနီးသည္ အေနနဲ႔ သူမရဲ႕ ခင္ပြန္းက အျခား အမ်ိဳးသမီး တစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ၾကည္ႏူးေနတာကို ေတြ႕သြားတဲ့အခါမွာ ေဒါသ ထြက္ခြင့္ရွိတာပဲ လို႔ ျဖည့္ေတြးေပးၾကမွာပါ။ IB Times သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရေတာ့ ထို ဇနီးသည္ဟာ သူမ ရဲ႕ ခင္ပြန္းသည္ ေဖာက္ျပန္ေနတယ္ဆိုတာကို သံသယ ရွိေနခဲ့တာ ၾကာၿပီျဖစ္ၿပီး သူမ ရဲ႕ ခင္ပြန္း ေဖာက္ျပန္ေနတဲ့ အျဖစ္အပ်က္ေတြကိုလည္း သူမရဲ႕ ဖုန္းနဲ႔ ဗီဒီယို ရိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့သူမဟာ ထို ဗီဒီယို ကို လူမႈ ကြန္ရက္ေပၚတင္ၿပီး "ဒီေယာက်ာၤးအတြက္ အနိမ့္ဆံုးျပစ္ဒဏ္ကေတာ့သူ႔ကို သိကၡာခ်ဖို႔ပါပဲ ဆိုတဲ့ေခါင္းစဥ္ကို ေရးသားထားပါတယ္။

ဒါေပမယ့္လည္း ေဆာ္ဒီ အာေရဗ် ႏိုင္ငံ မွာ ခ်မွတ္ထားတဲ့ ဥပေဒအရ လူတစ္ေယာက္ကို နာမည္ပ်က္ေစရန္အတြက္ ဗီဒီယို ရိုက္ကူး အသံုးျပဳျခင္းကို တားျမစ္ထားၿပီး ထို ဥပေဒကို က်ဴးလြန္ရင္လည္း ျပင္းထန္စြာ အျပစ္ေပးခံရမွာပါ။ အခုလို အိမ္ေဖာ္နဲ႔ ခင္ပြန္းေတြနဲ႔ ေဖာက္ျပန္တယ္ဆိုတာဟာလည္း ႀကီးမားတဲ့ ျပသနာ တစ္ခုျဖစ္ေနၿပီး ဒါကို တစ္ႏိုင္ငံလံုး ကိုယ္က်င့္တရား မေကာင္းမြန္ျခင္းရဲ႕ လကၡဏာ တစ္ရပ္ျဖစ္တယ္လို႔ သတ္မွတ္ထားၾကပါတယ္။

ဒါေၾကာင့္ ခင္ပြန္းသည္ ရဲ႕ အိမ္ေထာင္ေရး ေဖာက္ျပန္မႈ ကို အမိဖမ္းၿပီး ဗီဒီယို ရိုက္ကာ လူမႈကြန္ရက္ေပၚတင္ၿပီး အရွက္ခြဲခဲ့တဲ့ ထို ဇနီးသည္ အမ်ိဳးသမီး ဟာ ဥပေဒအရ ေထာင္ဒဏ္ တစ္ႏွစ္က်ခံရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ သူမ ရိုက္ကူးထားတဲ့ ဗီဒီယိုကေတာ့ Twitter မွာ ၁၂ နာရီအတြင္း Mention ေပါင္း ၂၅၀၀၀ အထိ ရရွိခဲ့တယ္လို႔ သိရပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror
..................................
ခင်ပွန်းဖြစ်သူ ဖောက်ပြန်တာကို ဗီဒီယိုရိုက် အရှက်ခွဲတဲ့ ဇနီး ထောင် ၁ နှစ်ကျ

ဆော်ဒီ အာရေဗျနိုင်ငံက အမျိုးသမီး တစ်ယောက် ဟာ သူ့ရဲ့ ခင်ပွန်းသည်က အိမ်ဖော် နဲ့ ဖောက်ပြန်နေတာကို ဗီဒီယို ရိုက်ပြီး Twitter ပေါ်တင် အရှက်ခွဲခဲ့တဲ့အတွက် ထောင်ကျသွားခဲ့ရပါတယ်။

အားလုံးကတော့ ထို ဇနီးသည် အနေနဲ့ သူမရဲ့ ခင်ပွန်းက အခြား အမျိုးသမီး တစ်ယောက်နဲ့ ချစ်ကြိုက်ကြည်နူးနေတာကို တွေ့သွားတဲ့အခါမှာ ဒေါသ ထွက်ခွင့်ရှိတာပဲ လို့ ဖြည့်တွေးပေးကြမှာပါ။ IB Times သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ ထို ဇနီးသည်ဟာ သူမ ရဲ့ ခင်ပွန်းသည် ဖောက်ပြန်နေတယ်ဆိုတာကို သံသယ ရှိနေခဲ့တာ ကြာပြီဖြစ်ပြီး သူမ ရဲ့ ခင်ပွန်း ဖောက်ပြန်နေတဲ့ အဖြစ်အပျက်တွေကိုလည်း သူမရဲ့ ဖုန်းနဲ့ ဗီဒီယို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့သူမဟာ ထို ဗီဒီယို ကို လူမှု ကွန်ရက်ပေါ်တင်ပြီး "ဒီယောကျာင်္းအတွက် အနိမ့်ဆုံးပြစ်ဒဏ်ကတော့သူ့ကို သိက္ခာချဖို့ပါပဲ ဆိုတဲ့ခေါင်းစဉ်ကို ရေးသားထားပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျ နိုင်ငံ မှာ ချမှတ်ထားတဲ့ ဥပဒေအရ လူတစ်ယောက်ကို နာမည်ပျက်စေရန်အတွက် ဗီဒီယို ရိုက်ကူး အသုံးပြုခြင်းကို တားမြစ်ထားပြီး ထို ဥပဒေကို ကျူးလွန်ရင်လည်း ပြင်းထန်စွာ အပြစ်ပေးခံရမှာပါ။ အခုလို အိမ်ဖော်နဲ့ ခင်ပွန်းတွေနဲ့ ဖောက်ပြန်တယ်ဆိုတာဟာလည်း ကြီးမားတဲ့ ပြသနာ တစ်ခုဖြစ်နေပြီး ဒါကို တစ်နိုင်ငံလုံး ကိုယ်ကျင့်တရား မကောင်းမွန်ခြင်းရဲ့ လက္ခဏာ တစ်ရပ်ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် ခင်ပွန်းသည် ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု ကို အမိဖမ်းပြီး ဗီဒီယို ရိုက်ကာ လူမှုကွန်ရက်ပေါ်တင်ပြီး အရှက်ခွဲခဲ့တဲ့ ထို ဇနီးသည် အမျိုးသမီး ဟာ ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူမ ရိုက်ကူးထားတဲ့ ဗီဒီယိုကတော့ Twitter မှာ ၁၂ နာရီအတွင်း Mention ပေါင်း ၂၅၀၀၀ အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment