Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

က်႐ူံးသူရဲ႕ ေအာင္ျမင္မႈ

Schulz လို႔ေခၚတဲ့ ကေလးငယ္ တစ္ဦးဟာ သူ႔ရဲ႕ေက်ာင္းတက္ ရက္ေတြကို ပင္ပင္ပန္းပန္းနဲ႔ ျဖတ္ေ
က်ာ္ေန ရတယ္။ မူလတန္း ကတည္းက သူဟာ သင္သမွ် ဘာသာတိုင္းမွာ မင္နီေတြ နဲ႔ ျပည့္ေန တတ္တယ္။ အလယ္တန္း ေရာက္ေတာ့ သူ႔ရဲ႕ ႐ူပေဗဒ အမွတ္က အျမဲသုညျဖစ္ေနတယ္။ သူဟာ သူတက္တဲ့ ေက်ာင္းမွာ ႐ူပေဗဒအမွတ္ အညံ့ဆံုးအျဖစ္ စံခ်ိန္တင္ခဲ့တယ္။ တစ္ျခား သာသာရပ္ မွာ
လည္း အမွတ္ေတြ အျမဲနည္းေန ခဲ့တဲ့အျပင္ အားကစား အမွတ္လည္း ထင္သေလာက္ မျဖစ္ခဲ့ဘူး။

သူၾကီးျပင္းလာခဲ့တဲ့ ဘ၀တစ္ေလွ်ာက္ မွာလည္း ထံုအတဲ့သူ႔မွာ သူငယ္ခ်င္း၊ အေပါင္းအသင္းေတြ
မရွိခဲ့ဘူး။ လူေတြက သူ႔ကို မႏွစ္သက္တာ မဟုတ္ေပမယ့္ ေက်ာင္းအဖဲြ႔ အစည္းေတြမွာလည္း သူ႔အ
ရိပ္ကို မျမင္ခဲ့ရဘူး။ မိသားစုရဲ႕ အၾကည့္ထဲမွာလည္း သူမဝင္ဆန္႔ခဲ့ဘူး။ တစ္ေယာက္ေယာက္ ကမ်ား သူ႔ကို ေယာင္ျပီး ႏႈတ္ဆက္မိရင္ သူဟာ အရမ္းေပ်ာ္မိတတ္တယ္။

မိန္းကေလးေတြနဲ႔ ခ်ိန္းေတြ႔မယ့္ တံုးအ,အ သူ႔ပံုကို ဘယ္သူမွ မျမင္ဖူးဘူး။ သူ႔ကိုလည္း ဘယ္မိန္း
ကေလး ကမွ လက္မခံ ခဲ့ဖူးဘူး။ Schulz ဟာ ကယ္တင္စရာေဆး လံုးဝမ႐ွိတဲ့ က်႐ႈံးသူျဖစ္ခဲ့တယ္။
ဒါကို သူ႔ကိုယ္ သူလည္း သိတယ္။ ဒါေၾကာင့္ ငယ္ရာကေန ၾကီးလာတဲ့အထိ ဘဝဟာ ဘာျဖစ္ေနျဖစ္ေ
န သူဂ႐ုမစိုက္ခဲ့ဘူး။ ဒါေပမယ့္ ကာတြန္းဆဲြဖို႔ တစ္ခုကိုပဲ သူဂ႐ုစိုက္ခဲ့တယ္။

Schulz ဟာ ကာတြန္းကိုေတာ့ ေကာင္းေကာင္း ဆဲြႏိုင္မယ္လို႔ သူ႔ကိုယ္သူ ယံုၾကည္ခဲ့တယ္။ ကုိယ္
ဆဲြတဲ့ ပံုေတြကိုလည္း ဂုဏ္ယူခဲ့တယ္။ ဒါေပမယ့္ သူဆဲြတဲ့ပံုကို ဘယ္သူမွ လွည့္မၾကည့္ခဲ့ဘူး။ အလယ္တန္း တုန္းက ဂ်ာနယ္တခ်ဳိ႔ကို သူ႔ပံုေတြ ပို႔ခဲ့ဖူးတယ္။ အျမဲတမ္း အပယ္ခံခဲ့ရေပမယ့္ ကာတြန္းဆဲြႏိုင္တဲ့ ကိုယ့္ရဲ႕ ယံုၾကည္မႈကိုေတာ့ သူလက္မလႊတ္ခဲ့တဲ့အျပင္ ေအာင္ျမင္တဲ့ ကာတြန္း
ဆရာ တစ္ဦးျဖစ္ရမယ္လို႔လည္း သူဆံုးျဖတ္ခဲ့တယ္။

အလယ္တန္းျပီးတဲ့ႏွစ္မွာပဲ သူဟာ Walt Disney ကုမၸဏီကို မိတ္ဆက္စာတစ္ေစာင္ ေရးခဲ့တယ္။ Disney က သတ္မွတ္ထားတဲ့ပံုနဲ႔ သူ႔လက္ရာကိုၾကည့္ဖို႔ ေတာင္းဆိုခဲ့တယ္။ ဒါဟာ သူ႔အတြက္ လမ္းစပဲဆိုျပီး Schulz ဟာ ကိုယ္ေရာစိတ္ပါနစ္ျပီး ပံုေတြကို ဆဲြခဲ့တယ္။ ဒါေပမယ့္ Disney က သူ႔ကို ျငင္းပယ္လိုက္ပါ တယ္။ ေက်ာက္တံုးကို ေရထဲပစ္ခ် လိုက္သလိုပဲ က်႐ူံးသူဟာ ေနာက္ထပ္တစ္ဖန္ က်႐ူံးတာကို ခံခဲ့ရတယ္။

Schulzရဲ႕ ဘဝဟာ မည္းေမွာင္ျပီး ေခ်ာက္ကမ္းပါးထိပ္ကို ေရာက္ေနသလိုပါပဲ။ ေရွ႕ဆက္ဖို႔ လမ္းစေပ်ာက္ေနခ်ိန္မွာ အဓိပၸာယ္မဲ့တဲ့ ကိုယ့္ဘဝကို ခဲတံေလးနဲ႔ ဆဲြျခစ္ဖို႔ သူစိတ္ကူးမိတယ္။
ကာတြန္းထဲ မွာေျပာမယ့္ စကားလံုးေတြကိုလည္း အေရာင္မလွခဲ့တဲ့ သူ႔ငယ္ဘဝ စကားလံုးေတြ၊ မေအာင္ျမင္ခဲ့တဲ့ စာေမးပဲြေတြ၊ အပယ္ခံရတဲ့ အညတရ အႏုပညာသည္ သူ႔အေၾကာင္း၊ လူေတြ
လ်စ္လ်ဴရႈ ခံထားရတဲ့ က်႐ူံးသူ… စတဲ့ သူၾကံဳေတြ၊ ခံခဲ့ရတဲ့ခံစားခ်က္ေတြကိုသူျမတ္ႏိုးတဲ့၊ ေအာင္ျမင္ေ
အာင္ လုပ္မယ္လို႔ သူဆံုးျဖတ္ထားတဲ့ ကာတြန္းနဲ႔ ျခယ္မႈန္းခဲ့တယ္။

အဲဒီလိုနဲ႔ သူဖန္တီးတဲ့ ဇာတ္ေကာင္တစ္ေကာင္ “Peanuts” ဟာ ေအာင္ျမင္ လာလိမ့္မယ္လို႔ သူ႔ကိုယ္ သူေတာင္ ေတြးမထားမိခဲ့ဘူး။ ဒါေပမယ့္ Peanuts ဇာတ္လမ္းတဲြေတြက တစ္ကမာၻလံုးကို ေတာမီးလို ခဏတြင္းခ်င္း ဟုန္းဟုန္းေတာက္ ကူးစက္ေအာင္ျမင္ခဲ့တယ္။

သူ႔ရဲ႕စုတ္ခ်က္ေအာက္မွာပဲ “Charlie Brown” ဆိုတဲ့ ဇာတ္ေကာင္ တစ္ေကာင္ ထြက္လာခဲ့တယ္။
Charlie Brown ဟာလည္း သူ႔လို က်႐ူံးသူ တစ္ဦးပါပဲ။ Charlie Brown လႊတ္တဲ့ ေလတံခြန္ဟာ ဘယ္ေတာ့ မွ ေကာင္းကင္ အထက္ကို မပံ်ဝဲႏိုင္ခဲ့သလို ေဘာလံုးကိုလည္း ေကာင္းေကာင္း မကန္တတ္ခဲ့ဘူး။ တံုးအတဲ့ သူ႔ကို သူငယ္ခ်င္းေတြက “သစ္တံုးဦးေႏွာက္”လို႔ ေခၚခဲ့ၾကတယ္။

အဲလို ခပ္တံုးတံုးစရိုက္နဲ႔ ခပ္တံုးတံုး ဇာတ္ေကာင္ေတြကို ကမာၻေက်ာ္ေအာင္ ဆဲြခ့ဲတဲ့လူက ႏိုင္ငံေက်ာ္ ကာတြန္းဆရာ “Charles M. Schulz” ပဲျဖစ္တယ္။ သူ႔ဇာတ္ေကာင္ထဲက တစ္ေကာင္ျဖစ္တဲ့ “Snoopy dog” ဟာ တစ္ကမာၻလံုးမွာရွိတဲ့ ကေလး၊ လူၾကီးပါမက်န္ မသိသူ မရွိေအာင္ နာမည္ေက်ာ္ၾကားခဲ့တယ္။


Credit :99 Sanay
.................................
ကျရူံးသူရဲ့ အောင်မြင်မှု



Schulz လို့ခေါ်တဲ့ ကလေးငယ် တစ်ဦးဟာ သူ့ရဲ့ကျောင်းတက် ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ေ
ကျာ်နေ ရတယ်။ မူလတန်း ကတည်းက သူဟာ သင်သမျှ ဘာသာတိုင်းမှာ မင်နီတွေ နဲ့ ပြည့်နေ တတ်တယ်။ အလယ်တန်း ရောက်တော့ သူ့ရဲ့ ရူပဗေဒ အမှတ်က အမြဲသုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တစ်ခြား သာသာရပ် မှာ
လည်း အမှတ်တွေ အမြဲနည်းနေ ခဲ့တဲ့အပြင် အားကစား အမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။

သူကြီးပြင်းလာခဲ့တဲ့ ဘဝတစ်လျှောက် မှာလည်း ထုံအတဲ့သူ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေ
မရှိခဲ့ဘူး။ လူတွေက သူ့ကို မနှစ်သက်တာ မဟုတ်ပေမယ့် ကျောင်းအဖွဲ့ အစည်းတွေမှာလည်း သူ့အ
ရိပ်ကို မမြင်ခဲ့ရဘူး။ မိသားစုရဲ့ အကြည့်ထဲမှာလည်း သူမဝင်ဆန့်ခဲ့ဘူး။ တစ်ယောက်ယောက် ကများ သူ့ကို ယောင်ပြီး နှုတ်ဆက်မိရင် သူဟာ အရမ်းပျော်မိတတ်တယ်။

မိန်းကလေးတွေနဲ့ ချိန်းတွေ့မယ့် တုံးအ,အ သူ့ပုံကို ဘယ်သူမှ မမြင်ဖူးဘူး။ သူ့ကိုလည်း ဘယ်မိန်း
ကလေး ကမှ လက်မခံ ခဲ့ဖူးဘူး။ Schulz ဟာ ကယ်တင်စရာဆေး လုံးဝမရှိတဲ့ ကျရှုံးသူဖြစ်ခဲ့တယ်။
ဒါကို သူ့ကိုယ် သူလည်း သိတယ်။ ဒါကြောင့် ငယ်ရာကနေ ကြီးလာတဲ့အထိ ဘဝဟာ ဘာဖြစ်နေဖြစ်ေ
န သူဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် ကာတွန်းဆွဲဖို့ တစ်ခုကိုပဲ သူဂရုစိုက်ခဲ့တယ်။

Schulz ဟာ ကာတွန်းကိုတော့ ကောင်းကောင်း ဆွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ ကိုယ်
ဆွဲတဲ့ ပုံတွေကိုလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် သူဆွဲတဲ့ပုံကို ဘယ်သူမှ လှည့်မကြည့်ခဲ့ဘူး။ အလယ်တန်း တုန်းက ဂျာနယ်တချို့ကို သူ့ပုံတွေ ပို့ခဲ့ဖူးတယ်။ အမြဲတမ်း အပယ်ခံခဲ့ရပေမယ့် ကာတွန်းဆွဲနိုင်တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကိုတော့ သူလက်မလွှတ်ခဲ့တဲ့အပြင် အောင်မြင်တဲ့ ကာတွန်း
ဆရာ တစ်ဦးဖြစ်ရမယ်လို့လည်း သူဆုံးဖြတ်ခဲ့တယ်။

အလယ်တန်းပြီးတဲ့နှစ်မှာပဲ သူဟာ Walt Disney ကုမ္ပဏီကို မိတ်ဆက်စာတစ်စောင် ရေးခဲ့တယ်။ Disney က သတ်မှတ်ထားတဲ့ပုံနဲ့ သူ့လက်ရာကိုကြည့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သူ့အတွက် လမ်းစပဲဆိုပြီး Schulz ဟာ ကိုယ်ရောစိတ်ပါနစ်ပြီး ပုံတွေကို ဆွဲခဲ့တယ်။ ဒါပေမယ့် Disney က သူ့ကို ငြင်းပယ်လိုက်ပါ တယ်။ ကျောက်တုံးကို ရေထဲပစ်ချ လိုက်သလိုပဲ ကျရူံးသူဟာ နောက်ထပ်တစ်ဖန် ကျရူံးတာကို ခံခဲ့ရတယ်။

Schulzရဲ့ ဘဝဟာ မည်းမှောင်ပြီး ချောက်ကမ်းပါးထိပ်ကို ရောက်နေသလိုပါပဲ။ ရှေ့ဆက်ဖို့ လမ်းစပျောက်နေချိန်မှာ အဓိပ္ပာယ်မဲ့တဲ့ ကိုယ့်ဘဝကို ခဲတံလေးနဲ့ ဆွဲခြစ်ဖို့ သူစိတ်ကူးမိတယ်။
ကာတွန်းထဲ မှာပြောမယ့် စကားလုံးတွေကိုလည်း အရောင်မလှခဲ့တဲ့ သူ့ငယ်ဘဝ စကားလုံးတွေ၊ မအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ၊ အပယ်ခံရတဲ့ အညတရ အနုပညာသည် သူ့အကြောင်း၊ လူတွေ
လျစ်လျူရှု ခံထားရတဲ့ ကျရူံးသူ… စတဲ့ သူကြုံတွေ၊ ခံခဲ့ရတဲ့ခံစားချက်တွေကိုသူမြတ်နိုးတဲ့၊ အောင်မြင်ေ
အာင် လုပ်မယ်လို့ သူဆုံးဖြတ်ထားတဲ့ ကာတွန်းနဲ့ ခြယ်မှုန်းခဲ့တယ်။

အဲဒီလိုနဲ့ သူဖန်တီးတဲ့ ဇာတ်ကောင်တစ်ကောင် “Peanuts” ဟာ အောင်မြင် လာလိမ့်မယ်လို့ သူ့ကိုယ် သူတောင် တွေးမထားမိခဲ့ဘူး။ ဒါပေမယ့် Peanuts ဇာတ်လမ်းတွဲတွေက တစ်ကမ္ဘာလုံးကို တောမီးလို ခဏတွင်းချင်း ဟုန်းဟုန်းတောက် ကူးစက်အောင်မြင်ခဲ့တယ်။

သူ့ရဲ့စုတ်ချက်အောက်မှာပဲ “Charlie Brown” ဆိုတဲ့ ဇာတ်ကောင် တစ်ကောင် ထွက်လာခဲ့တယ်။
Charlie Brown ဟာလည်း သူ့လို ကျရူံးသူ တစ်ဦးပါပဲ။ Charlie Brown လွှတ်တဲ့ လေတံခွန်ဟာ ဘယ်တော့ မှ ကောင်းကင် အထက်ကို မပျံဝဲနိုင်ခဲ့သလို ဘောလုံးကိုလည်း ကောင်းကောင်း မကန်တတ်ခဲ့ဘူး။ တုံးအတဲ့ သူ့ကို သူငယ်ချင်းတွေက “သစ်တုံးဦးနှောက်”လို့ ခေါ်ခဲ့ကြတယ်။

အဲလို ခပ်တုံးတုံးစရိုက်နဲ့ ခပ်တုံးတုံး ဇာတ်ကောင်တွေကို ကမ္ဘာကျော်အောင် ဆွဲခဲ့တဲ့လူက နိုင်ငံကျော် ကာတွန်းဆရာ “Charles M. Schulz” ပဲဖြစ်တယ်။ သူ့ဇာတ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ “Snoopy dog” ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေး၊ လူကြီးပါမကျန် မသိသူ မရှိအောင် နာမည်ကျော်ကြားခဲ့တယ်။


Credit :99 Sanay

No comments:

Post a Comment