Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 26, 2015

က်ပ္သိန္း(၂၅၀၀) ေက်ာ္နဲ႔ ေလယာဥ္ ျပန္ေပးဆြဲမႈအေၾကာင္း

ျမန္မာႏိုင္ငံတြင္ တကယ့္ျဖစ္ရပ္မွန္တစ္ခု ျဖစ္ခဲ့သည့္ ျမန္မာ့ေလေၾကာင္းမွ ေလယာဥ္တစ္စီးကို KNU မ်ားက ျပန္ေပးဆြဲခဲ့ေသာ အေၾကာင္းအရာကို ဒါ႐ိုက္တာ အဏ္ေထာ္ဏီက “ေရာင္နီဦး အလင္းေရာင္ႏွင့္အတူ” အမည္ျဖင့္ (World First Hijack) ကုိ သ႐ုပ္ေဆာင္ အသစ္မ်ားႏွင့္ ႐ိုက္ကူးပုံေဖာ္ခ့ဲရာ စုစုေပါင္း ကုန္က်ေငြ က်ပ္သိန္း (၂၅၀၀)ေက်ာ္ ကုန္က်ခဲ့ေၾကာင္း ဒါ႐ိုက္တာ အဏ္ေထာ္ဏီက ေျပာသည္။

ထို႐ုပ္ရွင္ဇာတ္လမ္းသည္ ၁၉၅၄ ခုႏွစ္က အုပ္ခ်ဳပ္ခဲ့ေသာ အစိုးရကို မေက်နပ္ေသာေၾကာင့္ ကရင္ျပည္နယ္ လြတ္ေျမာက္ေရး အတြက္ KNU အဖြဲ႕က ျမန္မာ့ေလေၾကာင္းပိုင္ ေလယာဥ္တစ္ဦးကို ျပန္ေပးဆြဲခဲ့ေသာ အေၾကာင္းအရာ ျဖစ္ၿပီး KNU မွ ဗိုလ္ႀကီးေစာေက်ာ္ေအး၏ ဘ၀အေၾကာင္းကုိ ႐ိုက္ကူးထားျခင္း ျဖစ္သည္။ ဦးေစာေက်ာ္ေအး ကိုယ္တုိင္ ေရးသားထားေသာ ဇာတ္လမ္းတစ္ပုဒ္လည္း ျဖစ္ၿပီး၊ ဇာတ္လမ္းတြင္ ေပးထားေသာ မက္ေဆ့ခ်္သည္ ျမန္မာႏိုင္ငံတြင္ ေနထိုင္ၾကေသာ တိုင္းရင္းသားလူမ်ဳိး အားလုံးသည္ စည္းလုံးညီၫြတ္ေစရန္ ရည္ရြယ္ကာ ေျပာင္းလဲမႈမ်ားကို မွတ္တိုင္ထူႏိုင္ျခင္းႏွင့္ လက္တြဲပူးေပါင္းႏိုင္ပါက စစ္မွန္ေသာ ၿငိမ္းခ်မ္းမႈကို ရႏိုင္ေၾကာင္း၊ မိမိသားသမီးတို႔၏ အနာဂတ္မ်ားလည္း လွပႏိုင္ေၾကာင္းကို ေဖာ္က်ဴးထားျခင္း ျဖစ္သည္။ လက္ရွိတြင္ ဦးေစာေက်ာ္ေအးသည္ အလင္း၀င္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕၊ ေရႊျပည္သာၿမိဳ႕နယ္တြင္ ေနထိုင္လ်က္ရွိသည္။

ဓာတ္ပံု ဒါ႐ိုက္တာ အဏ္ေထာ္ဏီ

“ဒီကားေလးကေတာ့ တကယ့္ျဖစ္ရပ္မွန္ကို ႐ိုက္ထားတာပါ။ ျမန္မာျပည္မွာ ပထမဆံုး ေလယာဥ္ ျပန္ေပးဆြဲတဲ့ အေၾကာင္းကို ႐ိုက္ထားတယ္။ ကၽြန္ေတာ္တို႔ ဒီကားကို႐ုိက္ဖုိ႔က ပြင့္ပြင့္လင္းလင္း ေျပာရရင္ တပ္မေတာ္ေလယာဥ္ မဂၤလာဒုံ ေလတပ္စခန္းမွ ေလယာဥ္ႀကီးရဖုိ႔ကို ကၽြန္ေတာ္တို႔က ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ တိုက္႐ိုက္ခြင့္ျပဳခ်က္ ရေအာင္ ႀကိဳးစားပါတယ္။ ႀကိဳးစားတဲ့အတြက္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္တိုင္က မဂၤလာဒုံ ေလယာဥ္တပ္စခန္းမွာ ျပထားတဲ့ ေလယာဥ္ကို သုံးခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ၁၉၅၄ ခုႏွစ္က လက္နက္ေတြ ျပည္ထဲေရးမွာပဲရွိေတာ့ ျပည္ထဲေရး၀န္ႀကီးကလည္း ႐ိုက္ခြင့္ရေအာင္ ရဲခ်ဳပ္ကလည္း ခြင့္ျပဳေပးခဲ့တယ္။လက္နက္ အစစ္ေတြ သုံးခြင့္ရခဲ့ပါတယ္။ေလယာဥ္က ၁၉၇၈ ကတည္းက မပ်ံေတာ့ဘူး၊ ရပ္ထားတယ္။ ျပထားတဲ့ဟာဆိုေတာ့ အထဲမွာ ဘာမွမရွိဘူး။ အထဲကိုလည္း ျပင္ရတယ္။ အဲဒီတုန္းက ယူဘီေအ အေရာင္ျဖစ္ေအာင္ တစ္စီးလံုး ျပင္ရတယ္။ မွတ္တမ္းေတြ ရွာၿပီးေတာ့ အကုန္လုပ္ရတယ္။ျပဳျပင္စရိတ္က သိန္းတစ္ရာေက်ာ္ေလာက္ ကုန္တယ္။ ဒါက ေလယာဥ္တစ္စီးစာ ျပင္ဆင္စရိတ္ပဲ ရွိတယ္။ အခက္အခဲက ေလယာဥ္က ေလေပၚပ်ံလို႔ မရတဲ့အတြက္ ပ်ံလို႔ရေအာင္ 3D ပညာရွင္ေတြနဲ႔ သုံးႀကိမ္ေလာက္ ျပန္ျပင္ရတယ္။ ဒါကေတာ့ ကၽြန္ေတာ္တုိ႔ တိုင္းျပည္မွာ မျပည့္စုံတဲ့ ပစၥည္းအခက္အခဲေပါ့။ ႐ိုက္ကူးခ်ိန္ကေတာ့ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာလမွာ ကန္ေတာ့ပြဲ ေပးၿပီးေတာ့ ႐ိုက္လိုက္နားလုိက္နဲ႔ ႐ိုက္တာ ၂၀၁၄ ခုႏွစ္၊ ဇြန္လမွာ ၿပီးတယ္။ ၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔မွာ ပထမအႀကိမ္ ဆင္ဆာစၾကည့္တယ္။ ဆင္ဆာမွာေတာ့ ေခတ္နဲ႔ မကိုက္တဲ့ ျပကြက္တခ်ဳိ႕ကို ေထာက္ညႊန္တယ္။ ဒါကလည္း လက္နက္ျပကြက္ေတြရယ္၊ ပိုင္းေလာ့ပခုံးက ဘားေတြေပါ့ေနာ္။ ဒါေတြက နည္းနည္းလည္း ကြာဟခ်က္ရွိလို႔ ျပန္႐ိုက္ရတာ ရွိတယ္။ က်န္တာေတာ့ မရွိပါဘူး။ ၂၀၁၅ ခုႏွစ္၊ ေအာက္တုိ ဘာလ(၁၅)ရက္မွ ေနာက္ဆုံးအႀကိမ္ ဆင္ဆာၾကည့္ေတာ့ အခုမွ ဆင္ဆာခြင့္ျပဳခ်က္ ရသြားတာပါ။ ဇာတ္ကားတစ္ကားလုံး အၿပီးအစီးဆိုရင္ ကုန္က်စရိတ္က က်ပ္သိန္း(၂၅၀၀) ေက်ာ္ ကုန္ပါတယ္။ ၂၀၁၅ ခုႏွစ္ အကယ္ဒမီ ဇာတ္ကား၀င္ေအာင္ ျပမယ္။ ၿပီးရင္ေတာ့ ထိုင္းႏိုင္ငံမွာလည္း ဒီကားကို ပရက္႐ႈိး ထပ္ျပမယ္။ ထိုင္းမွာျပၿပီးရင္ေတာ့ ထိုင္းမွာ ႐ုံတင္ႏိုင္ေအာင္ ကၽြန္ေတာ္တို႔ ညိႇႏႈိင္းပါမယ္။ ကၽြန္ေတာ္ ႐ိုက္ထားတဲ့ ကားေလးကလည္း တက္သစ္စ ကေလးေတြကို ေျမေတာင္ေျမႇာက္ၿပီးေတာ့ ႐ိုက္ေပးတဲ့ ကားေလးပါ။ ပရိသတ္အတြက္ မက္ေဆ့ခ်္ကေတာ့ လက္နက္ကိုင္ လမ္းစဥ္ကို စြန္႔လႊတ္ၿပီးေတာ့ ေနထိုင္ရင္ ေအးခ်မ္းစြာ ေနထိုင္ရတယ္ ဆိုတာကို ေပးခ်င္တယ္။

သ႐ုပ္ေဆာင္စိုင္းလွ်ံ (KNUမွ ဗိုလ္ႀကီး ေစာေက်ာ္ေအးအျဖစ္ သ႐ုပ္ေဆာင္ထားသူ)

“ကၽြန္ေတာ္ KNU ဗိုလ္ေစာေက်ာ္ေအး ေနရာက သ႐ုပ္ေဆာင္ထားတယ္။ ဒါေပမဲ့လည္း ကၽြန္ေတာ့္ရဲ႕ မ်က္ႏွာ အေနအထားကေတာ့ လိုပါေသးတယ္။ မ်က္ႏွာက နည္းနည္းေပ်ာ့ေနတယ္ ေပါ့ေနာ္။ ကၽြန္ေတာ္ကေတာ့ ကာ႐ိုက္တာနဲ႔ တူေအာင္လို႔ေတာ့ မ်က္ႏွာကိုေတာ့ တင္းထားပါတယ္။ ခက္ထန္ေအာင္လို႔ေတာ့ ႀကိဳးစားၿပီး လုပ္ထားတယ္။ ကၽြန္ေတာ္ တတ္သေလာက္၊ မွတ္သေလာက္ လုပ္ထားတာေလးေတြကို ပရိသတ္က လက္ခံေပးမယ္၊ အသိအမွတ္ေတာ့ ျပဳေပးမယ္လို႔ ယုံၾကည္ပါတယ္။ ေလယာဥ္ျပန္ေပးဆြဲရတဲ့ အခန္းကို ႐ိုက္ေတာ့ ကၽြန္ေတာ့္အတြက္ အခက္အခဲေတာ့ ရွိခဲ့ပါတယ္။ ခရီးသြားတဲ့ အခ်ိန္မွာ လမ္းေတြကလည္း ၾကမ္းတယ္။ စစ္တိုက္တဲ့ အခန္းဆိုရင္လည္း အလူးအလဲ ႐ိုက္ရတယ္။ အခုျပန္ၾကည့္ရတာေတာ့ မထည့္ထားတဲ့ အခန္းေတြလည္း ပါပါတယ္။ ဒါေပမဲ့လည္း ကၽြန္ေတာ္ အတတ္ႏိုင္ဆုံး ႀကိဳးစားထားတယ္။ ျဖတ္လိုက္ရတဲ့ အခန္းေတြမွာ ကၽြန္ေတာ္အားထုတ္ၿပီး ႐ိုက္ထားတဲ့ အခန္းေတြလည္း ပါသြားပါတယ္။ အခက္အခဲၾကားကေန လုပ္ထားတာ ျဖစ္လို႔ ပရိသတ္ေတြလည္း အားေပးမယ္လုိ႔ ယုံၾကည္ပါတယ္။

သ႐ုပ္ေဆာင္ မိုးျမင့္သဇင္ (သူနာျပဳဆရာမ ေနာ္ပူးပူးအျဖစ္ သ႐ုပ္ေဆာင္ထားသူ)

“ညီမတို႔ ဒီကားကို နယ္စပ္ေတြမွာ ႐ိုက္ထားတာပါ။ လမ္းပန္း ဆက္သြယ္ေရးလည္း ခက္ခဲတယ္။ ညီမတို႔႐ိုက္တဲ့ ေနရာဆိုရင္ ေရေတာင္ ေသာက္စရာမရွိတဲ့ေနရာ။ ဒုကၡလည္း ေရာက္တယ္။ ညီမဆို က်န္းမာေရး မေကာင္းျဖစ္ခဲ့ရတယ္။ေရာက္တာနဲ႔ ဖ်ားတယ္။ ဒါေပမဲ့လည္း ညီမႀကိဳးစားၿပီး ႐ိုက္တယ္။ ကိုယ္လုပ္ႏုိင္သေလာက္ကို ညီမႀကိဳးစားၿပီး သ႐ုပ္ေဆာင္တယ္။ အခုလို ႐ုံတင္ျပသေတာ့မယ္ ဆိုေတာ့လည္း အရမ္းေပ်ာ္တယ္။ ႐ိုက္ထားတာကလည္း တစ္ႏွစ္ေက်ာ္ၿပီ။ ဂုဏ္လည္းယူတယ္။ ဒီကားေလးက ျဖစ္ရပ္မွန္လည္း ျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံမွာ ၁၉၅၄ ခုႏွစ္က ေလယာဥ္ျပန္ေပးဆြဲတယ္။ ညီမတုိ႔ေတာင္ မေမြးေသးပါဘူး။ ဒီကားမွာလည္း ႐ိုက္ခြင့္ပါခြင့္ရတဲ့ အတြက္ ဂုဏ္ယူပါတယ္။ ပရိသတ္ကို ေျပာခ်င္တာက ညီမတို႔က အသစ္ေတြ၊ ၀ါရင့္သ႐ုပ္ေဆာင္ ေတြလည္း မပါဘူး။ ညီမတို႔မွာ လိုအပ္တာေတြ ရွိရင္လည္း နားလည္ေပးခ်င္တယ္။ ခြင့္လႊတ္ေပး ေစခ်င္တယ္။ လာၾကည့္ဖုိ႔လည္း ဖိတ္ေခၚခ်င္တယ္။ ညီမအတြက္ အမွတ္တရကေတာ့ ညီမရဲ႕သမီးေလး ေဆးမကုႏိုင္တာေပါ့ေနာ္။ ကိုယ္တုိင္ကလည္း သူနာျပဳဆရာမ ျဖစ္ၿပီးေတာ့ ကိုယ့္သမီးကို ေဆးမကုႏိုင္တာကို ၀မ္းနည္းၿပီး ငိုတဲ့အခန္းေပါ့။ အဲဒီအခန္းဆိုရင္ တစ္ေန႔လုံး ညီမငိုခဲ့ရတယ္။ အဲဒါေလးက အမွတ္တရ ျဖစ္ပါတယ္”
messenger news journal
.........................
ကျပ်သိန်း(၂၅၀၀) ကျော်နဲ့ လေယာဉ် ပြန်ပေးဆွဲမှုအကြောင်း

မြန်မာနိုင်ငံတွင် တကယ့်ဖြစ်ရပ်မှန်တစ်ခု ဖြစ်ခဲ့သည့် မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီးကို KNU များက ပြန်ပေးဆွဲခဲ့သော အကြောင်းအရာကို ဒါရိုက်တာ အဏ်ထော်ဏီက “ရောင်နီဦး အလင်းရောင်နှင့်အတူ” အမည်ဖြင့် (World First Hijack) ကို သရုပ်ဆောင် အသစ်များနှင့် ရိုက်ကူးပုံဖော်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း (၂၅၀၀)ကျော် ကုန်ကျခဲ့ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ပြောသည်။

ထိုရုပ်ရှင်ဇာတ်လမ်းသည် ၁၉၅၄ ခုနှစ်က အုပ်ချုပ်ခဲ့သော အစိုးရကို မကျေနပ်သောကြောင့် ကရင်ပြည်နယ် လွတ်မြောက်ရေး အတွက် KNU အဖွဲ့က မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်ဦးကို ပြန်ပေးဆွဲခဲ့သော အကြောင်းအရာ ဖြစ်ပြီး KNU မှ ဗိုလ်ကြီးစောကျော်အေး၏ ဘဝအကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ဦးစောကျော်အေး ကိုယ်တိုင် ရေးသားထားသော ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပြီး၊ ဇာတ်လမ်းတွင် ပေးထားသော မက်ဆေ့ချ်သည် မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး အားလုံးသည် စည်းလုံးညီညွတ်စေရန် ရည်ရွယ်ကာ ပြောင်းလဲမှုများကို မှတ်တိုင်ထူနိုင်ခြင်းနှင့် လက်တွဲပူးပေါင်းနိုင်ပါက စစ်မှန်သော ငြိမ်းချမ်းမှုကို ရနိုင်ကြောင်း၊ မိမိသားသမီးတို့၏ အနာဂတ်များလည်း လှပနိုင်ကြောင်းကို ဖော်ကျူးထားခြင်း ဖြစ်သည်။ လက်ရှိတွင် ဦးစောကျော်အေးသည် အလင်းဝင်ပြီးနောက် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်လျက်ရှိသည်။

ဓာတ်ပုံ ဒါရိုက်တာ အဏ်ထော်ဏီ

“ဒီကားလေးကတော့ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ထားတာပါ။ မြန်မာပြည်မှာ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲတဲ့ အကြောင်းကို ရိုက်ထားတယ်။ ကျွန်တော်တို့ ဒီကားကိုရိုက်ဖို့က ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်လေယာဉ် မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်ကြီးရဖို့ကို ကျွန်တော်တို့က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တိုက်ရိုက်ခွင့်ပြုချက် ရအောင် ကြိုးစားပါတယ်။ ကြိုးစားတဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က မင်္ဂလာဒုံ လေယာဉ်တပ်စခန်းမှာ ပြထားတဲ့ လေယာဉ်ကို သုံးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၁၉၅၄ ခုနှစ်က လက်နက်တွေ ပြည်ထဲရေးမှာပဲရှိတော့ ပြည်ထဲရေးဝန်ကြီးကလည်း ရိုက်ခွင့်ရအောင် ရဲချုပ်ကလည်း ခွင့်ပြုပေးခဲ့တယ်။လက်နက် အစစ်တွေ သုံးခွင့်ရခဲ့ပါတယ်။လေယာဉ်က ၁၉၇၈ ကတည်းက မပျံတော့ဘူး၊ ရပ်ထားတယ်။ ပြထားတဲ့ဟာဆိုတော့ အထဲမှာ ဘာမှမရှိဘူး။ အထဲကိုလည်း ပြင်ရတယ်။ အဲဒီတုန်းက ယူဘီအေ အရောင်ဖြစ်အောင် တစ်စီးလုံး ပြင်ရတယ်။ မှတ်တမ်းတွေ ရှာပြီးတော့ အကုန်လုပ်ရတယ်။ပြုပြင်စရိတ်က သိန်းတစ်ရာကျော်လောက် ကုန်တယ်။ ဒါက လေယာဉ်တစ်စီးစာ ပြင်ဆင်စရိတ်ပဲ ရှိတယ်။ အခက်အခဲက လေယာဉ်က လေပေါ်ပျံလို့ မရတဲ့အတွက် ပျံလို့ရအောင် 3D ပညာရှင်တွေနဲ့ သုံးကြိမ်လောက် ပြန်ပြင်ရတယ်။ ဒါကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ မပြည့်စုံတဲ့ ပစ္စည်းအခက်အခဲပေါ့။ ရိုက်ကူးချိန်ကတော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကန်တော့ပွဲ ပေးပြီးတော့ ရိုက်လိုက်နားလိုက်နဲ့ ရိုက်တာ ၂၀၁၄ ခုနှစ်၊ ဇွန်လမှာ ပြီးတယ်။ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှာ ပထမအကြိမ် ဆင်ဆာစကြည့်တယ်။ ဆင်ဆာမှာတော့ ခေတ်နဲ့ မကိုက်တဲ့ ပြကွက်တချို့ကို ထောက်ညွှန်တယ်။ ဒါကလည်း လက်နက်ပြကွက်တွေရယ်၊ ပိုင်းလော့ပခုံးက ဘားတွေပေါ့နော်။ ဒါတွေက နည်းနည်းလည်း ကွာဟချက်ရှိလို့ ပြန်ရိုက်ရတာ ရှိတယ်။ ကျန်တာတော့ မရှိပါဘူး။ ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလ(၁၅)ရက်မှ နောက်ဆုံးအကြိမ် ဆင်ဆာကြည့်တော့ အခုမှ ဆင်ဆာခွင့်ပြုချက် ရသွားတာပါ။ ဇာတ်ကားတစ်ကားလုံး အပြီးအစီးဆိုရင် ကုန်ကျစရိတ်က ကျပ်သိန်း(၂၅၀၀) ကျော် ကုန်ပါတယ်။ ၂၀၁၅ ခုနှစ် အကယ်ဒမီ ဇာတ်ကားဝင်အောင် ပြမယ်။ ပြီးရင်တော့ ထိုင်းနိုင်ငံမှာလည်း ဒီကားကို ပရက်ရှိုး ထပ်ပြမယ်။ ထိုင်းမှာပြပြီးရင်တော့ ထိုင်းမှာ ရုံတင်နိုင်အောင် ကျွန်တော်တို့ ညှိနှိုင်းပါမယ်။ ကျွန်တော် ရိုက်ထားတဲ့ ကားလေးကလည်း တက်သစ်စ ကလေးတွေကို မြေတောင်မြှောက်ပြီးတော့ ရိုက်ပေးတဲ့ ကားလေးပါ။ ပရိသတ်အတွက် မက်ဆေ့ချ်ကတော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ နေထိုင်ရင် အေးချမ်းစွာ နေထိုင်ရတယ် ဆိုတာကို ပေးချင်တယ်။

သရုပ်ဆောင်စိုင်းလျှံ (KNUမှ ဗိုလ်ကြီး စောကျော်အေးအဖြစ် သရုပ်ဆောင်ထားသူ)

“ကျွန်တော် KNU ဗိုလ်စောကျော်အေး နေရာက သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ မျက်နှာ အနေအထားကတော့ လိုပါသေးတယ်။ မျက်နှာက နည်းနည်းပျော့နေတယ် ပေါ့နော်။ ကျွန်တော်ကတော့ ကာရိုက်တာနဲ့ တူအောင်လို့တော့ မျက်နှာကိုတော့ တင်းထားပါတယ်။ ခက်ထန်အောင်လို့တော့ ကြိုးစားပြီး လုပ်ထားတယ်။ ကျွန်တော် တတ်သလောက်၊ မှတ်သလောက် လုပ်ထားတာလေးတွေကို ပရိသတ်က လက်ခံပေးမယ်၊ အသိအမှတ်တော့ ပြုပေးမယ်လို့ ယုံကြည်ပါတယ်။ လေယာဉ်ပြန်ပေးဆွဲရတဲ့ အခန်းကို ရိုက်တော့ ကျွန်တော့်အတွက် အခက်အခဲတော့ ရှိခဲ့ပါတယ်။ ခရီးသွားတဲ့ အချိန်မှာ လမ်းတွေကလည်း ကြမ်းတယ်။ စစ်တိုက်တဲ့ အခန်းဆိုရင်လည်း အလူးအလဲ ရိုက်ရတယ်။ အခုပြန်ကြည့်ရတာတော့ မထည့်ထားတဲ့ အခန်းတွေလည်း ပါပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားထားတယ်။ ဖြတ်လိုက်ရတဲ့ အခန်းတွေမှာ ကျွန်တော်အားထုတ်ပြီး ရိုက်ထားတဲ့ အခန်းတွေလည်း ပါသွားပါတယ်။ အခက်အခဲကြားကနေ လုပ်ထားတာ ဖြစ်လို့ ပရိသတ်တွေလည်း အားပေးမယ်လို့ ယုံကြည်ပါတယ်။

သရုပ်ဆောင် မိုးမြင့်သဇင် (သူနာပြုဆရာမ နော်ပူးပူးအဖြစ် သရုပ်ဆောင်ထားသူ)

“ညီမတို့ ဒီကားကို နယ်စပ်တွေမှာ ရိုက်ထားတာပါ။ လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲတယ်။ ညီမတို့ရိုက်တဲ့ နေရာဆိုရင် ရေတောင် သောက်စရာမရှိတဲ့နေရာ။ ဒုက္ခလည်း ရောက်တယ်။ ညီမဆို ကျန်းမာရေး မကောင်းဖြစ်ခဲ့ရတယ်။ရောက်တာနဲ့ ဖျားတယ်။ ဒါပေမဲ့လည်း ညီမကြိုးစားပြီး ရိုက်တယ်။ ကိုယ်လုပ်နိုင်သလောက်ကို ညီမကြိုးစားပြီး သရုပ်ဆောင်တယ်။ အခုလို ရုံတင်ပြသတော့မယ် ဆိုတော့လည်း အရမ်းပျော်တယ်။ ရိုက်ထားတာကလည်း တစ်နှစ်ကျော်ပြီ။ ဂုဏ်လည်းယူတယ်။ ဒီကားလေးက ဖြစ်ရပ်မှန်လည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ၁၉၅၄ ခုနှစ်က လေယာဉ်ပြန်ပေးဆွဲတယ်။ ညီမတို့တောင် မမွေးသေးပါဘူး။ ဒီကားမှာလည်း ရိုက်ခွင့်ပါခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ပရိသတ်ကို ပြောချင်တာက ညီမတို့က အသစ်တွေ၊ ၀ါရင့်သရုပ်ဆောင် တွေလည်း မပါဘူး။ ညီမတို့မှာ လိုအပ်တာတွေ ရှိရင်လည်း နားလည်ပေးချင်တယ်။ ခွင့်လွှတ်ပေး စေချင်တယ်။ လာကြည့်ဖို့လည်း ဖိတ်ခေါ်ချင်တယ်။ ညီမအတွက် အမှတ်တရကတော့ ညီမရဲ့သမီးလေး ဆေးမကုနိုင်တာပေါ့နော်။ ကိုယ်တိုင်ကလည်း သူနာပြုဆရာမ ဖြစ်ပြီးတော့ ကိုယ့်သမီးကို ဆေးမကုနိုင်တာကို ၀မ်းနည်းပြီး ငိုတဲ့အခန်းပေါ့။ အဲဒီအခန်းဆိုရင် တစ်နေ့လုံး ညီမငိုခဲ့ရတယ်။ အဲဒါလေးက အမှတ်တရ ဖြစ်ပါတယ်”
messenger news journal

က်ပ္သိန္း(၂၅၀၀) ေက်ာ္နဲ႔ ေလယာဥ္ ျပန္ေပးဆြဲမႈအေၾကာင္းျမန္မာႏိုင္ငံတြင္ တကယ့္ျဖစ္ရပ္မွန္တစ္ခု ျဖစ္ခဲ့သည့္ ျမန္မာ့ေလေၾကာင...

Posted by The Melting Pot 4 U on Sunday, 29 November 2015

No comments:

Post a Comment