Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 28, 2015

ရဟတ်ယာဉ် ပစ်ချခံရ၍ ထရီပိုလီအစိုးရ အရာရှိကြီးများ သေဆုံး



လစ်ဗျားအစိုးရဟု ၎င်း တို့ဘာသာ သတ်မှတ်ထားသော ထရီပိုလီမြို့ အခြေစိုက်အဖွဲ့မှ စစ်ဘက်တပ်မှူး အများအပြား လိုက်ပါလာသည့် ရဟတ်ယာဉ် အခြားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ချခဲ့၍ ယင်းအစိုးရအဖွဲ့ တပ်မှူးအများအပြား သေဆုံးခဲ့ပြီး ပြိုင်ဘက်လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။


လစ်ဗျားနိုင်ငံသည် ယင်းထရီပိုလီအစိုးရနှင့် နိုင်ငံအရှေ့ပိုင်းမှ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရအဖွဲ့ကြား ပဋိပက္ခတွင် ကြားညပ်နေသည်။

ယင်းအစိုးရနှစ်ဖွဲ့ကြား ညီညွတ်ရေးအစိုးရဖွဲ့ရေး ကုလသမဂ္ဂက ကြိုးပမ်းနေစဉ် ယခု ရဟတ်ယာဉ်ပစ်ချမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ထရီပိုလီမြို့တော်သို့ ပြန်လာသော ရဟတ်ယာဉ်သည် လေယာဉ်ပစ်လက်နက်ဖြင့် ပစ်ချခံရပြီး အယ်လ်မာယာမြို့အနီး ပင်လယ်ထဲသို့ ပျက်ကျခဲ့သည်ဟု ထရီပိုလီအစိုးရ အရာရှိချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၁၉ ဦးအနက် ၁၃ ဦး၏ အလောင်း ဆယ်ယူရရှိထားပြီး ယင်းတွင် ထရီပိုလီစစ်ဦးစီးချုပ်အဖွဲ့မှ ဗိုလ်မှူးကြီးသုံးဦး ပါဝင်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွားပြီးနောက် ထရီပိုလီမြို့အနောက်ပိုင်း ဇာဝီယာမြို့ရှိ လက်နက်ကိုင်အဖွဲ့များနှင့် ၀ါရှာဖာနာမြို့ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ဇာဝီယာအဖွဲ့က ထရီပိုလီ အစိုးရကို ထောက်ခံပြီး ၀ါရှာဖာ နာလက်နက်ကိုင်များက ရဟတ်ယာဉ်ကို ပစ်ချခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် မည်သည့်အဖွဲ့ကမျှ ရဟတ်ယာဉ်ပစ်ချမှုကို ၎င်းတို့ လက်ချက်ဟု ၀န်ခံမထားပေ။

—Ref: Reuters
http://7daydaily.com/story/49669

.......................................

ရဟတ်ယာဉ် ပစ္ခ်ခံရ၍ ထရီပိုလီအစိုးရ အရာရွိကြီးမ်ား သေဆုံး


လစ္ဗ်ားအစိုးရဟု ၎င်း တို့ဘာသာ သတ္မွတ္ထားသော ထရီပိုလီမြို့ အျေခစိုက်အဖြဲ့မွ စစ္ဘက္တပ္မွူး အမ်ားအျပား လိုက္ပါလာသည့် ရဟတ်ယာဉ် အျခားလက္နက္ကိုင်အဖြဲ့တစ္ဖြဲ့က ပစ္ခ်ခဲ့၍ ယင်းအစိုးရအဖြဲ့ တပ္မွူးအမ်ားအျပား သေဆုံးခဲ့ပြီး ပြိုင္ဘက္လက္နက္ကိုင် အဖြဲ့မ်ားကြား တိုက္ပဲမြ်ာျးပင်းထန္ခဲ့သည်။


လစ္ဗ်ားနိုင်ငံသည် ယင်းထရီပိုလီအစိုးရနွင့် နိုင်ငံအေရွ့ပိုင်းမွ နိုင်ငံတကာ အသိအမွတ်ျပုအစိုးရအဖြဲ့ကြား ပဋိပက္ခတြင် ကြားညပ်နေသည်။

ယင်းအစိုးရနွစ္ဖြဲ့ကြား ညီညတ်ြရေးအစိုးရဖြဲ့ရေး ကုလသမဂ္ဂက ကြိုးပမ်းနေစဉ် ယခု ရဟတ်ယာဉ္ပစ္ခ်မျှုဖစ္ပြာျးခင်ျးဖစ်သည်။

ထရီပိုလီမြို့တော်သိျု့ပန္လာသော ရဟတ်ယာဉ်သည် လေယာဉ္ပစ္လက္နက်ျဖင့် ပစ္ခ်ခံရပြီး အယ္လ္မာယာမြို့အနီး ပင္လယ္ထဲသို့ ပ်က္က်ခဲ့သည်ဟု ထရီပိုလီအစိုးရ အရာရွိခ်ုပ်၏ျေပာရေးဆိုခြင့်ရွိသူကျေပာသည်။

ရဟတ်ယာဉ်ပေါ် လိုက္ပါသြားသူ ၁၉ ဦးအနက် ၁၃ ဦး၏ အေလာင်း ဆယ်ယူရရွိထားပြီး ယင်းတြင် ထရီပိုလီစစ်ဦးစီးခ်ုပ်အဖြဲ့မွ ဗိုလ္မွူးကြီးသုံးဦး ပါဝင်သည်ဟု လုံခြုံရေးသတင်းရင်ျးမစ္မ်ားကျေပာသည်။

အဆိုပါ ရဟတ်ယာဉ် ပ်က္က်မျှုဖစ္ပြားပြီးနောက် ထရီပိုလီမြို့အေနာက္ပိုင်း ဇာဝီယာမြို့ရွိ လက္နက္ကိုင်အဖြဲ့မ်ားနွင့် ၀ါရွာဖာနာမြို့ လက္နက္ကိုင်အဖြဲ့မ်ားကြား တိုက္ပဲမြ်ာျးပင်းထန္ခဲ့သည်။

ဇာဝီယာအဖြဲ့က ထရီပိုလီ အစိုးရကို ထောက္ခံပြီး ၀ါရွာဖာ နာလက္နက္ကိုင္မ်ားက ရဟတ်ယာဥ္ကို ပစ္ခ်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

သို့သော် မည်သည့်အဖြဲ့ကမွ် ရဟတ်ယာဉ္ပစ္ခ်မှုကို ၎င်းတို့ လက္ခ်က်ဟု ၀န္ခံမထားပေ။

—Ref: Reuters
http://7daydaily.com/story/49669

No comments:

Post a Comment