Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ကားထိုင္ခံုျဖဳတ္ၿပီး ေရေဆးခိုင္းတဲ့ သမီးေတာ္ – လက္ေစာင္းထက္

အေနာက္ နန္းမေတာ္ႀကီးက အားလပ္ရက္ဆိုရင္ ရန္ကုန္ ေနျပည္ေတာ္ အျပင္က သူတို႔ရဲ႕ ေႏြရာသီ စံအိမ္ကို လာလည္တတ္ပါတယ္။ လာရင္လည္း သမီးေတာ္ တစ္ခ်ိဳ႕က လိုက္ပါလာၿပီး လိပ္ဥတူး တတ္ၾကပါတယ္။ လိပ္ဥေလးေတြကေတာ့ ေခ်ာေခ်ာလွလွ စစ္ဗိုလ္ေလးေတြေပါ့ဗ်ာ။ သူတို႔လာမယ္ ဆိုတာနဲ႔ တပ္မတစ္ခုလံုး ေၾကာ္ၾက ေလွာ္ၾကနဲ႔ အလုပ္႐ႈပ္ရတာကလည္း ထံုးစံျဖစ္ေနပါၿပီ။ တစ္ခါတုန္းက ျမန္မာ့႐ိုးရာမုန္႔ေတြ စားခ်င္တယ္၊ အခ်ဥ္ကို လား႐ိႈးက အခ်ဥ္မွဆိုလို႔ စာေတာ္ကဲ အဖြဲ႕ခမ်ာ လား႐ိႈးက ဘယ္လို အခ်ဥ္မ်ိဳးပါလဲဆိုၿပီး ေခါင္းကိုက္ခဲ့ဖူးပါတယ္။ ေနာက္ဆံုးမွာ ရိပ္သာ တပ္ၾကပ္ႀကီးက ရွာလကာရည္ထဲ င႐ုပ္သီးေတြ ၾကက္သြန္ျဖဴေတြ ထည့္ၿပီး ဒါလား႐ိႈး အခ်ဥ္ပဲဆိုၿပီး ခပ္တည္တည္ ၿဖီးျဖန္းလိုက္မွ ၿပီးသြားတာမ်ိဳးေတြလည္း ရွိပါတယ္။

ဒီတစ္ပတ္မွာ မယ္မယ္ဘုရားနဲ႔အတူ သမီးေတာ္ တစ္ပါးပဲပါမယ္လို႔ ႀကိဳသတင္းရထားပါတယ္။ ဒါေပမယ့္ ပါလာမယ့္ သမီးေတာ္က အေမႊဆိုတာ လူတိုင္းသိေနေတာ့ အားလံုး ေၾကာက္ၾကတာေပါ့။ မၾကာပါဘူး။ မယ္မယ္ ဘုရားတို႔ရဲ႕ ယာဥ္တန္းႀကီးက ေႏြရာသီ စံနန္းေတာ္ထဲ ၀င္လာပါေတာ့တယ္။ ေရွ႕ကားေပၚက မယ္မယ္ဘုရားက ဆင္းၿပီး သူ႔စံအိမ္ေတာ္ထဲ ၀င္သြားပါၿပီ။ ဒုတိယကားေပၚကေတာ့ မ်က္ႏွာတစ္ခုလံုး ပုပ္သုတ္ေနတဲ့ သမီးေတာ္ ဆင္းလာပါတယ္။ သမီးေတာ္ရဲ႕ ကားေရွ႕ခန္း ဒ႐ိုင္ဘာ ေဘးခံုမွာ ထိုင္လိုက္လာတဲ့ တိုင္းမွဴး ကေတာ္ႀကီကလည္း မ်က္စိပ်က္ မ်က္ႏွာပ်က္နဲ႔ ဆင္းလာပါတယ္။ အဲဒီတိုင္းမွဴးကေတာ္ႀကီး ေရွ႕မွာပဲ သမီးေတာ္က ကားသမားကို အမိန္႔ ေပးလိုက္ပါတယ္။ ေပးလိုက္တဲ့ အမိန္႔ကေတာ့ ခုနတိုင္းမွဴးကေတာ္ ႀကီးထိုင္စီးလာတဲ့ ခံုကိုကားကေန ျဖဳတ္ၿပီး ဆပ္ျပာနဲ႔ ေသေသခ်ာခ်ာ ေဆးလိုက္ဆိုတာပါပဲ။ ေဘးနားမွာ သမီးေတာ္ကို ႀကိဳဖို႔ေစာင့္ေနတဲ့ တပ္မွဴးကေတာ္ေတြမွာလည္း သူတို႔ရဲ႕ အႀကီးမွဴး တိုင္းမွဴးကေတာ္ႀကီး မ႐ႈမလွ အလဲအကြဲ အေျပာခံလိုက္ရတာကို ၾကားၿပီး မ်က္ႏွာေတြ ပူကုန္ပါတယ္။ ဇာတ္လမ္းအစကေတာ့ မယ္မယ္ဘုရားပဲ ျဖစ္တယ္။ မယ္မယ္ဘုရားက ညည္းကားမယူလာနဲ႔၊ သမီးေတာ္ကားနဲ႔ လိုက္ခဲ့လို႔ အမိန္႔ေတာ္ခ်လို႔ သမီးေတာ္ကားေပၚ လိုက္စီးခဲ့ရတာ ျဖစ္တယ္။ သူ႔ခမ်ာလည္း အမိန္႔ေတာ္ခ်လို႔သာ အတူ တူစီးခဲ့ရတယ္။ ကားအတူတူ စီးရမယ့္အစား က်ားၿမီးသာ ေျပးဆြဲခ်င္တဲ့ စိတ္နဲ႔ လိုက္လာရတာေလ။ ကားေပၚမွာ သမီးေတာ္ရဲ႕ ဆူပူေငါက္ငန္းမႈေတြကို အလူးအလဲ ခံခဲ့ရပံုပါပဲ။ ကားေပၚက စကားေတြကေတာ့ လံုးေစ့ပတ္ေစ့ ဘယ္သူမွ ေမးမရလို႔ မသိရေပမယ့္ သမီးေတာ္ရဲ႕ အခ်စ္ဇာတ္လမ္းေဟာင္း တစ္ခုေၾကာင့္လို႔ အတြင္းစကား သိလိုက္ရတယ္။

ဒီလိုပါ။ သမီးေတာ္ေတြက တိုင္းခန္းလွည့္လည္ရင္း ေခ်ာေခ်ာလွလွ လူပ်ိဳအရာရွိေလးေတြ ေတြ႕ရင္ အဲဒီအရာရွိေလးေတြဟာ သိပ္မၾကာခင္မွာ အိမ္ေတာ္ လံုၿခံဳေရးဆိုၿပီး ေျပာင္းမိန္႔ထြက္ပါတယ္။ တစ္ခါမေတာ့ ခပ္ေခ်ာေခ်ာ အရာရွိေလး တစ္ေယာက္ကို ေျပာင္းမိန္႔နဲ႔ အိမ္ေတာ္ေခၚလိုက္ပါသတဲ့။ သမီးေတာ္ေတြ မသိတာက အဲဒီအရာရွိေလးက ေပ်ာ္ေပ်ာ္ေနတတ္သလို စကားကိုလည္း သိပ္စည္းမေစာင့္တတ္ဘူး။ စစ္တပ္စကားနဲ႔ ေျပာရရင္ အာေခ်ာင္တတ္တယ္ေပါ့။ အိမ္ေတာ္ေရာက္ၿပီး မၾကာမီမွာ အဲဒီအရာရွိေလးနဲ႔ တစ္ျခားအရာရွိေတြ အျပင္မွာ အရက္ စုေသာက္ၾကပါတယ္။ အရက္မူးေတာ့ ကၽြဲခိုးေပၚေအာင္ တစ္ျခား အရာရွိေတြက သူ႔ကိုလွည့္ပတ္ၿပီး အိမ္ေတာ္ အေၾကာင္းနဲ႔ သမီးေတာ္ေတြအေၾကာင္း ေမးၾကပါေတာ့တယ္။ အဲဒီအခ်ိန္မွာ မူးေနတဲ့ အရာရွိေလးက ဘာေတြ အိတ္သြန္ဖာေမွာက္ ေျပာလိုက္မိသလဲေတာ့ မသိဘူး။ ေနာက္ေန႔မနက္မွာ အိပ္ရာထေတာ့ အိမ္ေတာ္ကိုေတာင္ သြားခြင့္မရေတာ့ပဲ ညတြင္းခ်င္း ထြက္လာတဲ့ ေျပာင္းေရႊ႕တဲ့ အမိန္႔စာနဲ႔အတူ အေဆာင္ကို တိုင္းမွဴးေရာက္လာပါတယ္။ မင္း ရခိုင္ကတပ္ တစ္တပ္ကို ေျပာင္းရယ္။ ခ်က္ျခင္း အ၀တ္အစားေတြ သိမ္းဆိုေတာ့ ဟိုအရာရွိေလးလဲ ဘာမွ ေစာဒကမတက္ရဲပဲ ကုတ္ေခ်ာင္းေခ်ာင္းနဲ႔ ပစၥည္းေတြ သိမ္းရတာေပါ့။ သိမ္းၿပီး သူ႔အတြက္ အသင့္ထိုးထားတဲ့ ကားေပၚကို တက္ၿပီး ေလယာဥ္ကြင္းကို ေမာင္းထြက္ခဲ့ေပမယ့္ ေနာက္မွာတိုင္းမွဴးကားက ကပ္လွ်က္ပါလာတယ္။ ေလယာဥ္ကြင္းမွ အဲဒီအရာရွိေလး ေလယာဥ္ထြက္တဲ့အထိ တိုင္းမွဴးက ေစာင့္ၾကည့္ၿပီးမွ ျပန္သြားတယ္လို႔ ျမင္ေတြ႕သူေတြက ေျပာၾကတယ္။ အဲဒီအရာရွိေလးကုိ ရန္ကုန္မွာ မျမင္ခ်င္ဘူးဆိုတဲ့ အမိန္႔ေတာ္လဲ အိမ္ေတာ္ႀကီးက ခ်လိုက္သတဲ့။

ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ တစ္ရက္မွာ ေရႊတိဂံုဘုရားေပၚမွာ သမီးေတာ္ေတြ ဘုရားလာဖူးတုန္း အဲဒီအရာရွိေလးကို ေကာင္မေလး တစ္ေယာက္နဲ႔ ဘုရားေပၚမွာ သမီးေတာ္တစ္ပါးက ေတြ႕ျဖစ္ေအာင္ ေတြ႕လိုက္ပါသတဲ့။ မေရွာင္သာ မတိမ္းသာ တည့္တည့္တိုးတာလား။ တမင္အရႊဲ႕တိုက္ၿပီး သူ႔ရည္းစားကို ျပသလားဆုိတာကေတာ့ ကာယကံရွင္ အရာရွိေလးပဲ သိပါလိမ့္မယ္။ ဘာေျပာေကာင္းမလဲ ရခိုင္ဘက္က တိုင္းမွဴးေရာ၊ ရန္ကုန္က သူ႔ဟာသူေနတဲ့ တိုင္းမွဴးေရာ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ေခၚယူသတိေပး ဆံုးမခံလိုက္ၾကရပါတယ္။ သူ႔ကို ရခိုင္တပ္ေရာက္ေတာ့ ဟိုကလူေတြက မင္းဘာေၾကာင့္ အိမ္ေတာ္ကေန ရခိုင္ေရာက္လာတာလဲဆိုတာ ေမးေပမယ့္ လံုး၀ ေမးမရေတာ့ပါဘူး။ အာေခ်ာင္တတ္တဲ့ အရာရွိေလးရဲ႕ ပါးစပ္ဟာ တစ္ခါတည္း ေတမိမင္းလို ပိတ္သြားပါေတာ့တယ္။ အဲဒီထက္ ထူးဆန္းတာက အဲဒီ ျပည္ႏွင္ဒဏ္ခံလိုက္ရတဲ့ အရာရွိေလးနဲ႔ အရက္အတူတူ ေသာက္ခဲ့ၾကတဲ့ တစ္ျခား အရာရွိေတြကိုပါ ခင္မင္သူေတြက အဲဒီအရာရွိေလး ဘာေတြမ်ား ေျပာခဲ့တာလဲလို႔ စနည္းနာၾကေပမယ့္ ရာဇေဒါသထြက္ရင္ ဇက္မေရြးဘူးဆိုတာ သိေနၾကေလေတာ့ ဘယ္သူ႔ ပါးစပ္ကမွ အဲဒီအေၾကာင္းကို ဖြင့္မေျပာၾကေတာ့ပါဘူး။ အခုအခ်ိန္ထိ အဲဒီအရာရွိေလးနဲ႔ သူငယ္ခ်င္း တစ္စုရဲ႕ ညေနခင္း အရက္၀ိုင္းက စကားကို ဘယ္သူမွ မသိႏိုင္ေပမယ့္ အလြန္ထူးဆန္းတာက သူငယ္ခ်င္းတစ္စု အရက္၀ိုင္းက စကားဟာ ညတြင္းခ်င္း အိမ္ေတာ္ကို ေရာက္သြားတဲ့ ကိစၥပါပဲ။ ဒါေၾကာင့္ ေန႔ေျပာ ေနာက္ၾကည့္၊ ညေျပာ ေအာက္ၾကည့္လို႔ ေရွးလူႀကီးေတြ သတိေပးခဲ့တာျဖစ္မွာ။ ၿပီးေတာ့ မင္းနားတစ္ေထာင္ဆိုတဲ့ စကားႀကီးကလည္း ရွိေသးတယ္ မဟုတ္ေပလားဗ်ာ။ ေနာက္ဆံုးမေတာ့ ျဖစ္သမွ်ဒဏ္ င၀က္ခံဆိုသလို တုိင္းမွဴးကေတာ္ႀကီး ခင္မ်ာ ကားေပၚမွာ အဆြဲခံရ႐ံုမက ေအာက္ေရာက္ေတာ့လည္း သူထိုင္တဲ့ ထိုင္ခံုကိုပါ ျဖဳတ္ၿပီး ဆပ္ျပာနဲ႔ ေဆးလို႔ အမိန္႔ေတာ္ခ်တာ ခံလိုက္ရေသးတယ္။ ဆိုးတဲ့သူေတြက ဆိုးပဲ ဆိုးႏိုင္သလို သည္းခံတဲ့ သူေတြကလည္း လက္မလြတ္ႏိုင္တဲ့ သူတို႔ စည္းစိမ္အိုးအိမ္ အာဏာအတြက္ ေျပာသမွ် ငံု႕ခံတတ္ၾကတာကလည္း ခႏၲီစပါရမီ ျပည့္ႏိုင္လြန္းၾကေလရဲ႕ဗ်ာ။

လက္ေစာင္းထက္

Tomorrow Journal
....................
ကားထိုင်ခုံဖြုတ်ပြီး ရေဆေးခိုင်းတဲ့ သမီးတော် – လက်စောင်းထက်

အနောက် နန်းမတော်ကြီးက အားလပ်ရက်ဆိုရင် ရန်ကုန် နေပြည်တော် အပြင်က သူတို့ရဲ့ နွေရာသီ စံအိမ်ကို လာလည်တတ်ပါတယ်။ လာရင်လည်း သမီးတော် တစ်ချို့က လိုက်ပါလာပြီး လိပ်ဥတူး တတ်ကြပါတယ်။ လိပ်ဥလေးတွေကတော့ ချောချောလှလှ စစ်ဗိုလ်လေးတွေပေါ့ဗျာ။ သူတို့လာမယ် ဆိုတာနဲ့ တပ်မတစ်ခုလုံး ကြော်ကြ လှော်ကြနဲ့ အလုပ်ရှုပ်ရတာကလည်း ထုံးစံဖြစ်နေပါပြီ။ တစ်ခါတုန်းက မြန်မာ့ရိုးရာမုန့်တွေ စားချင်တယ်၊ အချဉ်ကို လားရှိုးက အချဉ်မှဆိုလို့ စာတော်ကဲ အဖွဲ့ခမျာ လားရှိုးက ဘယ်လို အချဉ်မျိုးပါလဲဆိုပြီး ခေါင်းကိုက်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ ရိပ်သာ တပ်ကြပ်ကြီးက ရှာလကာရည်ထဲ ငရုပ်သီးတွေ ကြက်သွန်ဖြူတွေ ထည့်ပြီး ဒါလားရှိုး အချဉ်ပဲဆိုပြီး ခပ်တည်တည် ဖြီးဖြန်းလိုက်မှ ပြီးသွားတာမျိုးတွေလည်း ရှိပါတယ်။

ဒီတစ်ပတ်မှာ မယ်မယ်ဘုရားနဲ့အတူ သမီးတော် တစ်ပါးပဲပါမယ်လို့ ကြိုသတင်းရထားပါတယ်။ ဒါပေမယ့် ပါလာမယ့် သမီးတော်က အမွှေဆိုတာ လူတိုင်းသိနေတော့ အားလုံး ကြောက်ကြတာပေါ့။ မကြာပါဘူး။ မယ်မယ် ဘုရားတို့ရဲ့ ယာဉ်တန်းကြီးက နွေရာသီ စံနန်းတော်ထဲ ၀င်လာပါတော့တယ်။ ရှေ့ကားပေါ်က မယ်မယ်ဘုရားက ဆင်းပြီး သူ့စံအိမ်တော်ထဲ ၀င်သွားပါပြီ။ ဒုတိယကားပေါ်ကတော့ မျက်နှာတစ်ခုလုံး ပုပ်သုတ်နေတဲ့ သမီးတော် ဆင်းလာပါတယ်။ သမီးတော်ရဲ့ ကားရှေ့ခန်း ဒရိုင်ဘာ ဘေးခုံမှာ ထိုင်လိုက်လာတဲ့ တိုင်းမှူး ကတော်ကြီကလည်း မျက်စိပျက် မျက်နှာပျက်နဲ့ ဆင်းလာပါတယ်။ အဲဒီတိုင်းမှူးကတော်ကြီး ရှေ့မှာပဲ သမီးတော်က ကားသမားကို အမိန့် ပေးလိုက်ပါတယ်။ ပေးလိုက်တဲ့ အမိန့်ကတော့ ခုနတိုင်းမှူးကတော် ကြီးထိုင်စီးလာတဲ့ ခုံကိုကားကနေ ဖြုတ်ပြီး ဆပ်ပြာနဲ့ သေသေချာချာ ဆေးလိုက်ဆိုတာပါပဲ။ ဘေးနားမှာ သမီးတော်ကို ကြိုဖို့စောင့်နေတဲ့ တပ်မှူးကတော်တွေမှာလည်း သူတို့ရဲ့ အကြီးမှူး တိုင်းမှူးကတော်ကြီး မရှုမလှ အလဲအကွဲ အပြောခံလိုက်ရတာကို ကြားပြီး မျက်နှာတွေ ပူကုန်ပါတယ်။ ဇာတ်လမ်းအစကတော့ မယ်မယ်ဘုရားပဲ ဖြစ်တယ်။ မယ်မယ်ဘုရားက ညည်းကားမယူလာနဲ့၊ သမီးတော်ကားနဲ့ လိုက်ခဲ့လို့ အမိန့်တော်ချလို့ သမီးတော်ကားပေါ် လိုက်စီးခဲ့ရတာ ဖြစ်တယ်။ သူ့ခမျာလည်း အမိန့်တော်ချလို့သာ အတူ တူစီးခဲ့ရတယ်။ ကားအတူတူ စီးရမယ့်အစား ကျားမြီးသာ ပြေးဆွဲချင်တဲ့ စိတ်နဲ့ လိုက်လာရတာလေ။ ကားပေါ်မှာ သမီးတော်ရဲ့ ဆူပူငေါက်ငန်းမှုတွေကို အလူးအလဲ ခံခဲ့ရပုံပါပဲ။ ကားပေါ်က စကားတွေကတော့ လုံးစေ့ပတ်စေ့ ဘယ်သူမှ မေးမရလို့ မသိရပေမယ့် သမီးတော်ရဲ့ အချစ်ဇာတ်လမ်းဟောင်း တစ်ခုကြောင့်လို့ အတွင်းစကား သိလိုက်ရတယ်။

ဒီလိုပါ။ သမီးတော်တွေက တိုင်းခန်းလှည့်လည်ရင်း ချောချောလှလှ လူပျိုအရာရှိလေးတွေ တွေ့ရင် အဲဒီအရာရှိလေးတွေဟာ သိပ်မကြာခင်မှာ အိမ်တော် လုံခြုံရေးဆိုပြီး ပြောင်းမိန့်ထွက်ပါတယ်။ တစ်ခါမတော့ ခပ်ချောချော အရာရှိလေး တစ်ယောက်ကို ပြောင်းမိန့်နဲ့ အိမ်တော်ခေါ်လိုက်ပါသတဲ့။ သမီးတော်တွေ မသိတာက အဲဒီအရာရှိလေးက ပျော်ပျော်နေတတ်သလို စကားကိုလည်း သိပ်စည်းမစောင့်တတ်ဘူး။ စစ်တပ်စကားနဲ့ ပြောရရင် အာချောင်တတ်တယ်ပေါ့။ အိမ်တော်ရောက်ပြီး မကြာမီမှာ အဲဒီအရာရှိလေးနဲ့ တစ်ခြားအရာရှိတွေ အပြင်မှာ အရက် စုသောက်ကြပါတယ်။ အရက်မူးတော့ ကျွဲခိုးပေါ်အောင် တစ်ခြား အရာရှိတွေက သူ့ကိုလှည့်ပတ်ပြီး အိမ်တော် အကြောင်းနဲ့ သမီးတော်တွေအကြောင်း မေးကြပါတော့တယ်။ အဲဒီအချိန်မှာ မူးနေတဲ့ အရာရှိလေးက ဘာတွေ အိတ်သွန်ဖာမှောက် ပြောလိုက်မိသလဲတော့ မသိဘူး။ နောက်နေ့မနက်မှာ အိပ်ရာထတော့ အိမ်တော်ကိုတောင် သွားခွင့်မရတော့ပဲ ညတွင်းချင်း ထွက်လာတဲ့ ပြောင်းရွှေ့တဲ့ အမိန့်စာနဲ့အတူ အဆောင်ကို တိုင်းမှူးရောက်လာပါတယ်။ မင်း ရခိုင်ကတပ် တစ်တပ်ကို ပြောင်းရယ်။ ချက်ခြင်း အဝတ်အစားတွေ သိမ်းဆိုတော့ ဟိုအရာရှိလေးလဲ ဘာမှ စောဒကမတက်ရဲပဲ ကုတ်ချောင်းချောင်းနဲ့ ပစ္စည်းတွေ သိမ်းရတာပေါ့။ သိမ်းပြီး သူ့အတွက် အသင့်ထိုးထားတဲ့ ကားပေါ်ကို တက်ပြီး လေယာဉ်ကွင်းကို မောင်းထွက်ခဲ့ပေမယ့် နောက်မှာတိုင်းမှူးကားက ကပ်လျှက်ပါလာတယ်။ လေယာဉ်ကွင်းမှ အဲဒီအရာရှိလေး လေယာဉ်ထွက်တဲ့အထိ တိုင်းမှူးက စောင့်ကြည့်ပြီးမှ ပြန်သွားတယ်လို့ မြင်တွေ့သူတွေက ပြောကြတယ်။ အဲဒီအရာရှိလေးကို ရန်ကုန်မှာ မမြင်ချင်ဘူးဆိုတဲ့ အမိန့်တော်လဲ အိမ်တော်ကြီးက ချလိုက်သတဲ့။

ဒါပေမယ့် ကံဆိုးချင်တော့ တစ်ရက်မှာ ရွှေတိဂုံဘုရားပေါ်မှာ သမီးတော်တွေ ဘုရားလာဖူးတုန်း အဲဒီအရာရှိလေးကို ကောင်မလေး တစ်ယောက်နဲ့ ဘုရားပေါ်မှာ သမီးတော်တစ်ပါးက တွေ့ဖြစ်အောင် တွေ့လိုက်ပါသတဲ့။ မရှောင်သာ မတိမ်းသာ တည့်တည့်တိုးတာလား။ တမင်အရွှဲ့တိုက်ပြီး သူ့ရည်းစားကို ပြသလားဆိုတာကတော့ ကာယကံရှင် အရာရှိလေးပဲ သိပါလိမ့်မယ်။ ဘာပြောကောင်းမလဲ ရခိုင်ဘက်က တိုင်းမှူးရော၊ ရန်ကုန်က သူ့ဟာသူနေတဲ့ တိုင်းမှူးရော အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေး ဆုံးမခံလိုက်ကြရပါတယ်။ သူ့ကို ရခိုင်တပ်ရောက်တော့ ဟိုကလူတွေက မင်းဘာကြောင့် အိမ်တော်ကနေ ရခိုင်ရောက်လာတာလဲဆိုတာ မေးပေမယ့် လုံးဝ မေးမရတော့ပါဘူး။ အာချောင်တတ်တဲ့ အရာရှိလေးရဲ့ ပါးစပ်ဟာ တစ်ခါတည်း တေမိမင်းလို ပိတ်သွားပါတော့တယ်။ အဲဒီထက် ထူးဆန်းတာက အဲဒီ ပြည်နှင်ဒဏ်ခံလိုက်ရတဲ့ အရာရှိလေးနဲ့ အရက်အတူတူ သောက်ခဲ့ကြတဲ့ တစ်ခြား အရာရှိတွေကိုပါ ခင်မင်သူတွေက အဲဒီအရာရှိလေး ဘာတွေများ ပြောခဲ့တာလဲလို့ စနည်းနာကြပေမယ့် ရာဇဒေါသထွက်ရင် ဇက်မရွေးဘူးဆိုတာ သိနေကြလေတော့ ဘယ်သူ့ ပါးစပ်ကမှ အဲဒီအကြောင်းကို ဖွင့်မပြောကြတော့ပါဘူး။ အခုအချိန်ထိ အဲဒီအရာရှိလေးနဲ့ သူငယ်ချင်း တစ်စုရဲ့ ညနေခင်း အရက်ဝိုင်းက စကားကို ဘယ်သူမှ မသိနိုင်ပေမယ့် အလွန်ထူးဆန်းတာက သူငယ်ချင်းတစ်စု အရက်ဝိုင်းက စကားဟာ ညတွင်းချင်း အိမ်တော်ကို ရောက်သွားတဲ့ ကိစ္စပါပဲ။ ဒါကြောင့် နေ့ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်လို့ ရှေးလူကြီးတွေ သတိပေးခဲ့တာဖြစ်မှာ။ ပြီးတော့ မင်းနားတစ်ထောင်ဆိုတဲ့ စကားကြီးကလည်း ရှိသေးတယ် မဟုတ်ပေလားဗျာ။ နောက်ဆုံးမတော့ ဖြစ်သမျှဒဏ် ငဝက်ခံဆိုသလို တိုင်းမှူးကတော်ကြီး ခင်မျာ ကားပေါ်မှာ အဆွဲခံရရုံမက အောက်ရောက်တော့လည်း သူထိုင်တဲ့ ထိုင်ခုံကိုပါ ဖြုတ်ပြီး ဆပ်ပြာနဲ့ ဆေးလို့ အမိန့်တော်ချတာ ခံလိုက်ရသေးတယ်။ ဆိုးတဲ့သူတွေက ဆိုးပဲ ဆိုးနိုင်သလို သည်းခံတဲ့ သူတွေကလည်း လက်မလွတ်နိုင်တဲ့ သူတို့ စည်းစိမ်အိုးအိမ် အာဏာအတွက် ပြောသမျှ ငုံ့ခံတတ်ကြတာကလည်း ခန္တီစပါရမီ ပြည့်နိုင်လွန်းကြလေရဲ့ဗျာ။

လက်စောင်းထက်

Tomorrow Journal

No comments:

Post a Comment