Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 27, 2015

မဲေပးခြင့္ဆံုး႐ံႈးေအာင္ ျပဳလုပ္သူ မည္သူမဆုိ တရားစြဲဆိုမည္ဟု ေကာ္မရွင္ေျပာ

    မဇၩိမ ေရြးေကာက္ပြဲ

ဦးလြင္
ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာက္ပြဲေကာ္မရွင္႐ံုးတြင္ ေအာက္တိုဘာ ၂၇ရက္က ျပဳလုပ္ေသာ ေရြးေကာက္ပြဲဆိုင္ရာ သတင္းစာရွင္းလင္းပြဲတြင္ ေကာ္မရွင္၏ ညႊန္ၾကာေရးမွဴး ဦးေသာင္းလိႈင္အား ေတြ႔ရစဥ္(ဓာတ္ပံု - မင္းမင္း/မဇၩိမသတင္းဌာန)

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၂၇ ။ ။ မဲေပးႏုိင္ခြင့္ရွိသည့္ ႏိုင္ငံသားတစ္စုံတစ္ဦးကို မဲေပးခြင့္ဆုံရႈံးေအာင္ ျပဳလုပ္သည္ဟု သိရသည့္ မည္သူ႕ကိုမဆုိ တရားစြဲဆုိသြားမည္ဟု ျပည္ေထာင္စုေရြေကာ္မရွင္အဖြဲ႔ဝင္ ေရြးေကာက္ပြဲဌာန ညႊန္ၾကားေရးမွဴး ဦးေသာင္းလႈိင္က ယေန႔ (ေအာက္တုိဘာ ၂၇ရက္)က သတင္စားရွင္းလင္းပြဲတြင္ ေျပာၾကားလုိက္သည္။  

“ကြ်န္ေတာ္ေမတၱာရပ္ခံတာက တိတိက်က် အမည္နဲ႔ နာမည္နဲ႔ ေဖာ္ထုတ္တင္ျပလုိက္ပါ" ဟု ၎က ေျပာသည္။

ေရြးေကာက္ပြဲေကာ္မရွင္သည္ မဲဆႏၵရွင္စာရင္းကို အဆင့္ဆင့္ ေဆာင္ရြက္လ်က္ ရွိေနၿပီး မဲစာရင္းတြင္ ပါဝင္ႏုိင္ရန္ အေထာက္အထား အျပည့္အစံုတင္ၿပီးေသာ္လည္း မပါဝင္ခဲ့လွ်င္ အေရးယူႏုိင္သည္ဟု ေျပာၾကားခဲ့ျခင္းျဖစ္သည္။

စတင္ဘာ(၁၄)က္က ထုတ္ျပန္သည့္ မဲဆႏၵရွင္စာရင္းတြင္ မပါ၀င္သူမ်ားအေနျဖင့္ပုံစံ (၃-က)ျဖင့္ ေလ်ာက္ထားရမည္ျဖစ္ၿပီး ယင္းသုိ႔ ေလွ်ာက္ထားမႈကုိ သက္ဆုိင္ရာ ရပ္ကြက္ေကာ္မရွင္ရုံးမွ မွတ္တမ္းတင္ထားကာ မဲေပးႏုိင္ခြင့္ အရည္အခ်င္းႏွင့္ ကိုက္ညီလွ်င္ မဲဆႏၵရွင္စာရင္းတြင္ ပါဝင္ရမည္ျဖစ္သည္ဟုလည္း ၎က ျဖည့္စြက္ ေျပာၾကားသည္။

"ကြ်န္ေတာ္တုိ႔ ေကာ္မရွင္ဘက္လည္း ပုံစံ(၃)လက္ခံေၾကာင္း လက္မွတ္ထုိးသလုိ ကာယကံရွင္ကလည္း လာတင္ေၾကာင္း လက္မွတ္ထုိးပါတယ္၊ အဲ့ဒီေတာ့မွ ျပန္စိစစ္ပါ့မယ္၊ စိစစ္တဲ့အခါ မဲေပးႏုိင္ခြင့္ အရည္အခ်င္း မရွိတဲ့သူဆုိရင္ မပါႏုိင္ပါဘူး၊က်န္တဲ့လူေတြက ပါမွာပါ” ဟု ဦေသာင္းလိႈင္ကေျပာၾကာသည္။

သက္ဆုိင္ရာၿမိဳနယ္ ရပ္ကြက္ေကာ္မရွင္အဖြဲ႔ခြဲမ်ားတြင္ ႏိုဝင္ဘာ(၂)ရက္တြင္ ေနာက္ဆုံးမဲဆႏၵရွင္ ဦးေရစာရင္း ကပ္ထားမည္ျဖစ္ၿပီး ယင္းစာရင္းကို ေရြးေကာက္ပြဲ မက်င္းပမီ တစ္ရက္အလို ႏွင့္ ႏွစ္ရက္အလို ႏုိဝင္ဘာ ၆ရက္ ႏွင့္ ၇ရက္တြင္ မဲ႐ံုမ်ားတြင္ ထပ္မံကပ္ေပးမည္ျဖစ္သည္။
- See more at: http://mizzimaburmese.com/article/6595#sthash.yu87fMck.dpuf
...................
မဲပေးခွင့်ဆုံးရှုံးအောင် ပြုလုပ်သူ မည်သူမဆို တရားစွဲဆိုမည်ဟု ကော်မရှင်ပြော

    မဇ္ဈိမ ရွေးကောက်ပွဲ

ဦးလွင်


နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၇ရက်က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်၏ ညွှန်ကြာရေးမှူး ဦးသောင်းလှိုင်အား တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ။ ။ မဲပေးနိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်စုံတစ်ဦးကို မဲပေးခွင့်ဆုံရှုံးအောင် ပြုလုပ်သည်ဟု သိရသည့် မည်သူ့ကိုမဆို တရားစွဲဆိုသွားမည်ဟု ပြည်ထောင်စုရွေကော်မရှင်အဖွဲ့ဝင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ယနေ့ (အောက်တိုဘာ ၂၇ရက်)က သတင်စားရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။  

“ကျွန်တော်မေတ္တာရပ်ခံတာက တိတိကျကျ အမည်နဲ့ နာမည်နဲ့ ဖော်ထုတ်တင်ပြလိုက်ပါ" ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းကို အဆင့်ဆင့် ဆောင်ရွက်လျက် ရှိနေပြီး မဲစာရင်းတွင် ပါဝင်နိုင်ရန် အထောက်အထား အပြည့်အစုံတင်ပြီးသော်လည်း မပါဝင်ခဲ့လျှင် အရေးယူနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

စတင်ဘာ(၁၄)က်က ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် မပါ၀င်သူများအနေဖြင့်ပုံစံ (၃-က)ဖြင့် လျောက်ထားရမည်ဖြစ်ပြီး ယင်းသို့ လျှောက်ထားမှုကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးမှ မှတ်တမ်းတင်ထားကာ မဲပေးနိုင်ခွင့် အရည်အချင်းနှင့် ကိုက်ညီလျှင် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရမည်ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

"ကျွန်တော်တို့ ကော်မရှင်ဘက်လည်း ပုံစံ(၃)လက်ခံကြောင်း လက်မှတ်ထိုးသလို ကာယကံရှင်ကလည်း လာတင်ကြောင်း လက်မှတ်ထိုးပါတယ်၊ အဲ့ဒီတော့မှ ပြန်စိစစ်ပါ့မယ်၊ စိစစ်တဲ့အခါ မဲပေးနိုင်ခွင့် အရည်အချင်း မရှိတဲ့သူဆိုရင် မပါနိုင်ပါဘူး၊ကျန်တဲ့လူတွေက ပါမှာပါ” ဟု ဦသောင်းလှိုင်ကပြောကြာသည်။

သက်ဆိုင်ရာမြိုနယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများတွင် နိုဝင်ဘာ(၂)ရက်တွင် နောက်ဆုံးမဲဆန္ဒရှင် ဦးရေစာရင်း ကပ်ထားမည်ဖြစ်ပြီး ယင်းစာရင်းကို ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို နှင့် နှစ်ရက်အလို နိုဝင်ဘာ ၆ရက် နှင့် ရရက်တွင် မဲရုံများတွင် ထပ်မံကပ်ပေးမည်ဖြစ်သည်။
- See more at: http://mizzimaburmese.com/article/6595#sthash.yu87fMck.dpuf

No comments:

Post a Comment