Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

၂၀၁၅ ေရြးေကာက္ပဲြတြင္ အတုံးအရႈန္း ရႈံးနိမ္႔မည္ကုိ လႈိ႔၀ွက္စစ္တမ္း ရလဒ္အရ သိရွိၿပီးျဖစ္ဟု ႀကံ့ခုိင္ေရးပါတီ ႏုိင္ငံေရးအႀကံေပး ေျပာၾကား


 စစ္ဗုိလ္ခ်ဳပ္ႀကီးမ်ား ဦးေဆာင္ပါ၀င္တည္ေထာင္ထားသည့္ အာဏာရ ႀကံ႕ခုိင္ေရးပါတီမွ လာမည့္ ေရြးေကာက္ပြဲတြင္ အတုိက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီကုိ အတုံးအရုန္း ႐ံႈးနိမ့္ႏုိင္သည္ဟု ႀကံ႕ခုိင္ေရးပါတီ၏ ႏုိင္ငံေရးအႀကံေပးမ်ားက လွ်ဳိ႕၀ွက္ျပဳလုပ္ခဲ့သည့္ စစ္တမ္းတစ္ခု၏ ရလဒ္တြင္ ေဖာ္ျပထားသည္ဟု ယူေကႏုိင္ငံထုတ္ The Times သတင္းစာႀကီးက ေဖာ္ျပလုိက္သည္။

အာဏာရ ႀကံ့ခုိင္ေရးပါတီသည္ ယခင္စစ္အစုိးရက ျပဳလုပ္ခဲ့ေသာ အျငင္းပြားဖြယ္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ အမတ္ေနရာ ၃ ပံု ၂ ပံု အႏုိင္ရခဲ့သည္။ The Times သတင္းဌာနက ရရွိခဲ့သည့္ ႀကံ႕ခုိင္ေရးပါတီ၏ လႈိ႔၀ွက္ စာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ လာမည့္လတြင္ ျပဳလုပ္ မည့္ ေရြးေကာက္ပြဲ ၌ ေဒၚေအာင္ဆန္းစုၾကည္၏ NLD ပါတီႏွင့္ ယွဥ္ၿပဳိင္ ရမည့္ ႀကံ႕ခုိင္ေရးပါတီသည္ ျပည္သူ႕လႊတ္ေတာ္တြင္ အမတ္ေနရာ ၅% ေအာက္သာ ရရွိႏုိင္သည္ဟု ဆုိသည္။

စစ္အစုိးရ ေရးဆြဲခဲ့သည့္ လက္ရွိအေျခခံဥပေဒတြင္ အတားအဆီး အမ်ားအျပားရွိေသာ္လည္း ေဒၚေအာင္ဆန္းစုၾကည္သည္ ႏုိင္ငံအတြင္း လူႀကဳိက္ အမ်ားဆံုး ႏုိင္ငံေရးသမားအျဖစ္ ၿပဳိင္ဘက္ကင္း တည္ရွိေန ဆဲျဖစ္ေၾကာင္း အဆုိပါ ႀကံ့ခုိင္ေရးပါတီ၏ စစ္တမ္းရလဒ္က ေဖာ္ျပ ထားသည္ဟု The Times သတင္းစားက ေရးသားခဲ့သည္။ လက္ရွိ အေျခခံဥပေဒ အရ ေဒၚေအာင္ဆန္းစုၾကည္သည္ သမၼတအျဖစ္ ထမ္းေဆာင္ခြင့္ မရွိေပ။

ႀကံ႕ခုိင္ေရးပါတီ၏ လွ်ဳိ႕၀ွက္စစ္တမ္းအရ ေရြးေကာက္ပြဲ တြင္ ျပည္သူ႕ လႊတ္ေတာ္အတြက္ မဲဆႏၵနယ္ ၃၃၀ အနက္ ႀကံ႕ခုိင္ေရးပါတီက ၁၆ ေနရာသာ အႏုိင္ရဖြယ္ရွိသည္ဟု ဆုိသည္။ ထုိစစ္တမ္း စီမံကိန္းကုိ ယခုႏွစ္ ေဖေဖာ္၀ါရီက ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ျပည္နယ္တစ္ခုစီအတြက္ ႀကံ႕ခုိင္ေရးပါတီ အေပၚ ေထာက္ခံမႈကုိ ေလ့လာခဲ့ျခင္းျဖစ္သည္ ။

စစ္တမ္းတြင္ ပါ၀င္လုပ္ေဆာင္ခဲ့သည့္ ႏုိင္ငံေရး အႀကံေပး ျဖစ္သူက “ ၿပီးခဲ့တဲ့ အႀကိမ္တုန္းကလုိ (၂၀၁၀ ေရြးေကာက္ပြဲ) လုပ္ေနမယ္ ဆုိရင္ ေရြးေကာက္ပြဲ မွာ ျပတ္ျပတ္သားသား ႐ံႈးနိမ့္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ မတူညီတဲ့ ပံုစံနဲ႔ ေဆာင္ရြက္ရမယ္လုိ႔ ကၽြန္ေတာ္ ေျပာ ခဲ့ပါတယ္” ဟု The Times သုိ႔ ေျပာၾကားခဲ့သည္ဟု ဆုိသည္။

ႀကံ႕ခုိင္ေရးပါတီ အေနျဖင့္ အေကာင္းဆံုးအေျခအေနတြင္ ပင္ ျပည္သူ႕လႊတ္ေတာ္ အမတ္ေနရာ ၃ ပံု ၁ ပံုသာ ရရွိႏုိင္ၿပီး NLD ကုိ ႐ံႈးနိမ့္ႏုိင္ေျခ ရွိေနသည္ဟု ဆုိသည္။ အဆုိပါ စစ္တမ္းမွာ ယခုအခါ ပါတီဥကၠ႒အျဖစ္မွ ဖယ္ရွားခံခဲ့ရသည့္ သူရဦးေရႊမန္းက ျပဳလုပ္ေစ ခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။

ထုိသုိ႔ အေကာင္းဆံုး အေျခအေနရရန္မွာ လူႀကဳိက္မ်ားသည့္ ကုိယ္စားလွယ္ေလာင္းရွိရာ အႏုိင္ရႏုိင္ေျခရွိေသာ မဲဆႏၵနယ္မ်ားတြင္ အရင္းအျမစ္မ်ား အသံုးျပဳႏုိင္မႈေပၚတြင္ မူတည္ၿပီး ယခုအခ်ိန္အထိ ထုိသုိ႔ ျပဳလုပ္ႏုိင္ျခင္း မရွိခဲ့ဟု အဆုိပါ ႏုိင္ငံေရးအႀကံေပးက ဆုိသည္။

KHTun

The Ladies News Journal
https://www.facebook.com/News.TheLadies
ကုိးကား - http://www.thetimes.co.uk/…/n…/world/asia/article4579168.ece
.......................

 စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ပါ၀င်တည်ထောင်ထားသည့် အာဏာရ ကြံ့ခိုင်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို အတုံးအရုန်း ရှုံးနိမ့်နိုင်သည်ဟု ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံရေးအကြံပေးများက လျှို့ဝှက်ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခု၏ ရလဒ်တွင် ဖော်ပြထားသည်ဟု ယူကေနိုင်ငံထုတ် The Times သတင်းစာကြီးက ဖော်ပြလိုက်သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီသည် ယခင်စစ်အစိုးရက ပြုလုပ်ခဲ့သော အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃ ပုံ ၂ ပုံ အနိုင်ရခဲ့သည်။ The Times သတင်းဌာနက ရရှိခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ လှို့ဝှက် စာရွက်စာတမ်းများတွင် ဖော်ပြချက်အရ လာမည့်လတွင် ပြုလုပ် မည့် ရွေးကောက်ပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် ယှဉ်ပြိုင် ရမည့် ကြံ့ခိုင်ရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၅% အောက်သာ ရရှိနိုင်သည်ဟု ဆိုသည်။

စစ်အစိုးရ ရေးဆွဲခဲ့သည့် လက်ရှိအခြေခံဥပဒေတွင် အတားအဆီး အများအပြားရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအတွင်း လူကြိုက် အများဆုံး နိုင်ငံရေးသမားအဖြစ် ပြိုင်ဘက်ကင်း တည်ရှိနေ ဆဲဖြစ်ကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီ၏ စစ်တမ်းရလဒ်က ဖော်ပြ ထားသည်ဟု The Times သတင်းစားက ရေးသားခဲ့သည်။ လက်ရှိ အခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ထမ်းဆောင်ခွင့် မရှိပေ။

ကြံ့ခိုင်ရေးပါတီ၏ လျှို့ဝှက်စစ်တမ်းအရ ရွေးကောက်ပွဲ တွင် ပြည်သူ့ လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃၀ အနက် ကြံ့ခိုင်ရေးပါတီက ၁၆ နေရာသာ အနိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။ ထိုစစ်တမ်း စီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တစ်ခုစီအတွက် ကြံ့ခိုင်ရေးပါတီ အပေါ် ထောက်ခံမှုကို လေ့လာခဲ့ခြင်းဖြစ်သည် ။

စစ်တမ်းတွင် ပါ၀င်လုပ်ဆောင်ခဲ့သည့် နိုင်ငံရေး အကြံပေး ဖြစ်သူက “ ပြီးခဲ့တဲ့ အကြိမ်တုန်းကလို (၂၀၁၀ ရွေးကောက်ပွဲ) လုပ်နေမယ် ဆိုရင် ရွေးကောက်ပွဲ မှာ ပြတ်ပြတ်သားသား ရှုံးနိမ့်သွားနိုင်ပါတယ်။ ဒါကြောင့် မတူညီတဲ့ ပုံစံနဲ့ ဆောင်ရွက်ရမယ်လို့ ကျွန်တော် ပြော ခဲ့ပါတယ်” ဟု The Times သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီ အနေဖြင့် အကောင်းဆုံးအခြေအနေတွင် ပင် ပြည်သူ့လွှတ်တော် အမတ်နေရာ ၃ ပုံ ၁ ပုံသာ ရရှိနိုင်ပြီး NLD ကို ရှုံးနိမ့်နိုင်ခြေ ရှိနေသည်ဟု ဆိုသည်။ အဆိုပါ စစ်တမ်းမှာ ယခုအခါ ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံခဲ့ရသည့် သူရဦးရွှေမန်းက ပြုလုပ်စေ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ အကောင်းဆုံး အခြေအနေရရန်မှာ လူကြိုက်များသည့် ကိုယ်စားလှယ်လောင်းရှိရာ အနိုင်ရနိုင်ခြေရှိသော မဲဆန္ဒနယ်များတွင် အရင်းအမြစ်များ အသုံးပြုနိုင်မှုပေါ်တွင် မူတည်ပြီး ယခုအချိန်အထိ ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဟု အဆိုပါ နိုင်ငံရေးအကြံပေးက ဆိုသည်။

KHTun

The Ladies News Journal
https://www.facebook.com/News.TheLadies
ကိုးကား - http://www.thetimes.co.uk/…/n…/world/asia/article4579168.ece

No comments:

Post a Comment