Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ေရြးေကာက္ပြဲ၌ ႐ုန္းရင္းဆန္ခတ္ ျဖစ္ႏုိင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ သတိေပး

လာမည့္ ႏုိဝင္ဘာ ၈ ရက္ က်င္းပမည့္ ေရြးေကာက္ပဲြေန႔တြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ရန္ ျပဳလုပ္နုိင္သူမ်ားစြာ ရွိႏုိင္သည့္ အတြက္ ျပည္ သူ မ်ား သတိထားၾကရန္ အမ်ိဳးသား ဒီမိုကေရစီ အဖဲြ႕ခ်ဳပ္(NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလိုက္သည္။

by ေမစစ္ပိုင္ | 10 Oct 2015

လာမည့္ ႏုိဝင္ဘာ ၈ ရက္ က်င္းပမည့္ ေရြးေကာက္ပဲြေန႔တြင္ ႐ုန္းရင္းဆန္ခတ္ျဖစ္ရန္ ျပဳလုပ္နုိင္သူမ်ားစြာ ရွိႏုိင္သည့္အတြက္ ျပည္ သူ မ်ား သတိထားၾကရန္အမ်ိဳးသား ဒီမိုကေရစီ အဖဲြ႕ခ်ဳပ္(NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလိုက္သည္။

ယေန႔ သြားေရာက္သည့္ ရန္ကုန္တိုင္း ေမွာ္ဘီနွင့္ တုိက္ႀကီး၌ ျပဳလုပ္သည့္ ေအာင္ႏုိင္ေရးေဟာေျပာပဲြတြင္ ေျပာဆိုျခင္း ျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္က “က်မသတိေပးခ်င္တာက ေရြးေကာက္ပဲြေန႔မွာ ျပည္သူေတြ သတိထားပါလို႔ ေျပာခ်င္တယ္။ အဲဒီေန႔မွာ ႐ုန္းရင္းဆန္ခတ္ မျဖစ္ျဖစ္ေအာင္ လုပ္ခ်င္တဲ့ပုဂၢိဳလ္ေတြ ရွိတယ္။ ဒါေၾကာင့္ အခ်င္းခ်င္း သတိထားဖို႔ လိုတယ္။ တခ်ိဳ႕က ျပည္သူ ေတြ မဲမ်ားမ်ားေပးမွာကုိ သိပ္စိတ္ပါပုံ မရဘူး”ဟု တက္ေရာက္လာသည့္ လူထုကုိ ေျပာသည္။

ထို႔အျပင္ ေရြးေကာက္ပဲြမတုိင္မီ ၾကားကာလတြင္လည္း ႏုိင္ငံ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ လိုအပ္ေၾကာင္း၊ မတည္မၿငိမ္ျဖစ္ေစရန္ လႈ႔ံေဆာ္မႈမ်ားကုိ ဂ႐ုမစိုက္ဘဲ စိတ္ထိန္းထားၾကရန္ လိုအပ္ေၾကာင္း၊ မလိုလားသူမ်ား၏ အျပဳအမႈမ်ားႏွင့္ ေထာင္ေခ်ာက္မ်ား အတြင္း သို႔ မဝင္သြားရန္ ဂ႐ုစိုက္သင့္ေၾကာင္းလည္း ေျပာဆိုသည္။

ဆက္လက္၍ သူက “NLD သာ အစိုးရဖဲြ႕ႏုိင္ရင္ သမၼတေနရာအတြက္ စဥ္းစားထားၿပီးသားပါ။ က်မပဲ ဦးေဆာင္မယ္။ အစိုးရဖဲြ႕ႏုိင္ ရင္ က်မပဲ ဦးေဆာင္မွာျဖစ္တယ္လုိ႔ ျပတ္ျပတ္သားသား ေျပာခ်င္တယ္။ တာဝန္ယူရဲလို႔ အစိုးရလုပ္ခ်င္တာလို႔ ေျပာပါရေစ။ စနစ္ ကို ၁၀၀ ရာခိုင္ႏႈန္းေျပာင္းလဲ ခ်င္တာျဖစ္တယ္။ က်မက အလုပ္ကို လုပ္မယ္ဆုိရင္လည္း ပီပီျပင္ျပင္ လုပ္ခ်င္တယ္၊ မဲကို ၁၀၀ ရာခိုင္ႏႈန္း ႏုိင္ခ်င္တယ္။ NLD အစိုးရ ဖဲြ႕ႏုိင္လို႔ ကလဲ့စားေခ်ဖို႔ဆိုတဲ့မူ က်မတို႔ပါတီမွာ မရွိပါဘူး။ အတိတ္က ျဖစ္ရပ္ေတြက သင္ခန္းစာ ယူဖို႔ျဖစ္တယ္။ ေဒါသနဲ႔ အာဃာတေတြ ထားဖို႔ မဟုတ္ဘူး”ဟုလည္း လူထုကို ရွင္းလင္းေျပာဆိုသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ေမွာ္ဘီၿမိဳ႕နယ္၊ ေျမာင္းတကာ ေက်းရြာအုပ္စုဝင္ ကုလားကုန္းေက်းရြာ ေဘာလုံးကြင္းတြင္ျပဳလုပ္ သည့္ ေအာင္ႏုိ္င္ေရး ေဟာေျပာပဲြအၿပီးတြင္ ဝါးနက္ကုန္း စံျပေက်းရြာတြင္ တည္ရွိသည့္ မစိုးရိမ္ ဘုန္းႀကီးေက်ာင္းတုိက္ရွိ ေက်ာင္း ထိုင္ ဆရာေတာ္ ဘႏၵတၱ ဦးသုမန အပါအဝင္ သံဃာေတာ္ ၄ ပါးကုိ ဝါဆုိသကၤန္း ဆက္ကပ္လွဴဒါန္းခဲ့ၿပီး ၿမိဳ႕မိၿမိဳ႕ဖ ၁၅ ဦးႏွင့္ လည္း ေတြ႕ဆုံခဲ့ေသးသည္။

NLD ပါတီ ၏ ေအာင္ႏုိင္ေရး ေဟာေျပာပဲြခရီးစဥ္ က်င္းပရာ ေမွာ္ဘီႏွင့္ တုိက္ႀကီး ၿမိဳ႕နယ္မ်ားသည္ တပ္မေတာ္မွ ေျချမန္ တပ္ရင္း ၃၉၁ ၊ အမွတ္ ၁ ႐ုပ္ျမင္သံၾကား တပ္၊ ၁၀၆ ေျချမန္တပ္မ်ား အပါအဝင္ အေျခစိုက္ တပ္စခန္းမ်ားစြာရွိေနၿပီး အစိုးရဝန္ထမ္းမ်ားစြာ အေျခခ်ေနထုိင္ရာ ေနရာတခုလည္း ျဖစ္သည္။

သို႔ျဖစ္ရာ ေဒၚေအာင္ဆန္းစုၾကည္ က တပ္မေတာ္သားမ်ားႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္လည္း သတိၱရွိရွိျဖင့္ NLD ပါတီကိုသာ မဲေပး ရန္ စည္း႐ုံးေျပာဆုိခဲ့ေသးသည္ဟု သိရသည္။

“တပ္ဘက္က တခ်ိဳ႕ကေတာ့ က်ေနာ္တုိ႔ပါတီကုိ တိတ္တဆိတ္ ေထာက္ခံမႈ ရွိတယ္။ အေႏွာင့္အယွက္ ေပးတာမ်ိဳးေတာ့ မရွိဘူး။ တခ်ိဳ႕ကေတာ့ ေထာက္ခံတယ္။ ဒီလူထုေဟာေျပာပဲြကို တက္ေရာက္လာတဲ့သူလည္း မနည္းဘူး”ဟု ေျမာက္ပိုင္းခ႐ုိင္ ေအာင္ႏုိင္ ေရး တာဝန္ခံ ဦးလွဝင္း က ဧရာဝတီသို႔ ေျပာသည္။

NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ၏ ေအာင္ႏုိင္ေရး ေဟာေျပာပဲြမ်ားျပဳလုပ္ရာ ေမွာ္ဘီၿမိဳ႕နယ္ ကုလားကုန္း ေက်းရြာအုပ္စု တြင္ ျပဳလုပ္သည့္ ေဟာေျပာပဲြသို႔ လူဦးေရ ၅၀၀၀ ခန္႔ တက္ေရာက္ေၾကာင္း၊ ထို႔နည္းတူ ေန႔လယ္ပိုင္း၌ တုိက္ႀကီးၿမိဳ႕နယ္ ၌ ျပဳလုပ္သည့္ ေဟာေျပာပဲြတြင္လည္း လူဦးေရ ၁၀၀၀၀ နီးပါး တက္ေရာက္ေၾကာင္း သိရသည္။

“က်မဒီေန႔ ေစ်းမေရာင္းဘူး။ နားၿပီးေတာ့ အန္တီစုကို လာအားေပးတာ။ သူ႔ကုိလည္း ေတြ႕ခ်င္တာပါတယ္။ NLD ကုိပဲ မဲေပးမွာ။ သူတုိ႔ေတြက ေျပာတဲ့အတုိင္း လုပ္ေပးမယ္လို႔ ယုံၾကည္ပါတယ္။ ၂၀၁၀ တုန္းကေတာ့ ဒီေလာက္အေနအထား မဟုတ္ဘူး။ ဒီတခါကေတာ့ တကယ့္ကို လူေတြစိတ္ဝင္စားမႈက အစ ျမင္တဲ့အတုိင္းပဲ”ဟု ကုလားကုန္းေက်းရြာ ေဒသခံ ေဒၚေအးသန္း က ေျပာျပ သည္။
Irrawaddy
Top Photo - (ဓာတ္ပုံ - Steve Tickner / ဧရာဝတီ) ယေန႔ ရန္ကုန္တိုင္း တိုက္ႀကီးၿမိဳ႕နယ္၌ က်င္းပေသာ ေအာင္ႏုိင္ေရး ေဟာေျပာတြင္ ေတြ႕ရသည့္ ေဒၚေအာင္ဆန္းစုၾကည္
.................................
ရွေးကောက်ပွဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး
လာမည့် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရန် ပြုလုပ်နိုင်သူများစွာ ရှိနိုင်သည့် အတွက် ပြည် သူ များ သတိထားကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

by မေစစ်ပိုင် | 10 Oct 2015

လာမည့် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ရန် ပြုလုပ်နိုင်သူများစွာ ရှိနိုင်သည့်အတွက် ပြည် သူ များ သတိထားကြရန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ သွားရောက်သည့် ရန်ကုန်တိုင်း မှော်ဘီနှင့် တိုက်ကြီး၌ ပြုလုပ်သည့် အောင်နိုင်ရေးဟောပြောပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမသတိပေးချင်တာက ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ သတိထားပါလို့ ပြောချင်တယ်။ အဲဒီနေ့မှာ ရုန်းရင်းဆန်ခတ် မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒါကြောင့် အချင်းချင်း သတိထားဖို့ လိုတယ်။ တချို့က ပြည်သူ တွေ မဲများများပေးမှာကို သိပ်စိတ်ပါပုံ မရဘူး”ဟု တက်ရောက်လာသည့် လူထုကို ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင်လည်း နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ မတည်မငြိမ်ဖြစ်စေရန် လှု့ံဆော်မှုများကို ဂရုမစိုက်ဘဲ စိတ်ထိန်းထားကြရန် လိုအပ်ကြောင်း၊ မလိုလားသူများ၏ အပြုအမှုများနှင့် ထောင်ချောက်များ အတွင်း သို့ မဝင်သွားရန် ဂရုစိုက်သင့်ကြောင်းလည်း ပြောဆိုသည်။

ဆက်လက်၍ သူက “NLD သာ အစိုးရဖွဲ့နိုင်ရင် သမ္မတနေရာအတွက် စဉ်းစားထားပြီးသားပါ။ ကျမပဲ ဦးဆောင်မယ်။ အစိုးရဖွဲ့နိုင် ရင် ကျမပဲ ဦးဆောင်မှာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ တာဝန်ယူရဲလို့ အစိုးရလုပ်ချင်တာလို့ ပြောပါရစေ။ စနစ် ကို ၁၀၀ ရာခိုင်နှုန်းပြောင်းလဲ ချင်တာဖြစ်တယ်။ ကျမက အလုပ်ကို လုပ်မယ်ဆိုရင်လည်း ပီပီပြင်ပြင် လုပ်ချင်တယ်၊ မဲကို ၁၀၀ ရာခိုင်နှုန်း နိုင်ချင်တယ်။ NLD အစိုးရ ဖွဲ့နိုင်လို့ ကလဲ့စားချေဖို့ဆိုတဲ့မူ ကျမတို့ပါတီမှာ မရှိပါဘူး။ အတိတ်က ဖြစ်ရပ်တွေက သင်ခန်းစာ ယူဖို့ဖြစ်တယ်။ ဒေါသနဲ့ အာဃာတတွေ ထားဖို့ မဟုတ်ဘူး”ဟုလည်း လူထုကို ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာအုပ်စုဝင် ကုလားကုန်းကျေးရွာ ဘောလုံးကွင်းတွင်ပြုလုပ် သည့် အောင်နို်င်ရေး ဟောပြောပွဲအပြီးတွင် ဝါးနက်ကုန်း စံပြကျေးရွာတွင် တည်ရှိသည့် မစိုးရိမ် ဘုန်းကြီးကျောင်းတိုက်ရှိ ကျောင်း ထိုင် ဆရာတော် ဘန္ဒတ္တ ဦးသုမန အပါအဝင် သံဃာတော် ၄ ပါးကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့မိမြို့ဖ ၁၅ ဦးနှင့် လည်း တွေ့ဆုံခဲ့သေးသည်။

NLD ပါတီ ၏ အောင်နိုင်ရေး ဟောပြောပွဲခရီးစဉ် ကျင်းပရာ မှော်ဘီနှင့် တိုက်ကြီး မြို့နယ်များသည် တပ်မတော်မှ ခြေမြန် တပ်ရင်း ၃၉၁ ၊ အမှတ် ၁ ရုပ်မြင်သံကြား တပ်၊ ၁၀၆ ခြေမြန်တပ်များ အပါအဝင် အခြေစိုက် တပ်စခန်းများစွာရှိနေပြီး အစိုးရဝန်ထမ်းများစွာ အခြေချနေထိုင်ရာ နေရာတခုလည်း ဖြစ်သည်။

သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် က တပ်မတော်သားများနှင့် ဝန်ထမ်းများအနေဖြင့်လည်း သတ္တိရှိရှိဖြင့် NLD ပါတီကိုသာ မဲပေး ရန် စည်းရုံးပြောဆိုခဲ့သေးသည်ဟု သိရသည်။

“တပ်ဘက်က တချို့ကတော့ ကျနော်တို့ပါတီကို တိတ်တဆိတ် ထောက်ခံမှု ရှိတယ်။ အနှောင့်အယှက် ပေးတာမျိုးတော့ မရှိဘူး။ တချို့ကတော့ ထောက်ခံတယ်။ ဒီလူထုဟောပြောပွဲကို တက်ရောက်လာတဲ့သူလည်း မနည်းဘူး”ဟု မြောက်ပိုင်းခရိုင် အောင်နိုင် ရေး တာဝန်ခံ ဦးလှဝင်း က ဧရာဝတီသို့ ပြောသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ အောင်နိုင်ရေး ဟောပြောပွဲများပြုလုပ်ရာ မှော်ဘီမြို့နယ် ကုလားကုန်း ကျေးရွာအုပ်စု တွင် ပြုလုပ်သည့် ဟောပြောပွဲသို့ လူဦးရေ ၅၀၀၀ ခန့် တက်ရောက်ကြောင်း၊ ထို့နည်းတူ နေ့လယ်ပိုင်း၌ တိုက်ကြီးမြို့နယ် ၌ ပြုလုပ်သည့် ဟောပြောပွဲတွင်လည်း လူဦးရေ ၁၀၀၀၀ နီးပါး တက်ရောက်ကြောင်း သိရသည်။

“ကျမဒီနေ့ စျေးမရောင်းဘူး။ နားပြီးတော့ အန်တီစုကို လာအားပေးတာ။ သူ့ကိုလည်း တွေ့ချင်တာပါတယ်။ NLD ကိုပဲ မဲပေးမှာ။ သူတို့တွေက ပြောတဲ့အတိုင်း လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၀ တုန်းကတော့ ဒီလောက်အနေအထား မဟုတ်ဘူး။ ဒီတခါကတော့ တကယ့်ကို လူတွေစိတ်ဝင်စားမှုက အစ မြင်တဲ့အတိုင်းပဲ”ဟု ကုလားကုန်းကျေးရွာ ဒေသခံ ဒေါ်အေးသန်း က ပြောပြ သည်။
Top Photo - (ဓာတ်ပုံ - Steve Tickner / ဧရာဝတီ) ယနေ့ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၌ ကျင်းပသော အောင်နိုင်ရေး ဟောပြောတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

No comments:

Post a Comment