Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

ခါးနာျခင္းႏွင့္ ဓာတ္စာ


 

 
ဆရာခင္ဗ်ာ။ ကြၽန္ေတာ္ ခါးနာေနတာ ၾကာပါၿပီ။ အခန္႔မသင့္ရင္ ေလွကား အတက္အဆင္း လုပ္တဲ့အခါ မွာလည္း နာပါတယ္။ အဲဒါ ဘယ္လို အစားအစာေတြ စားရမယ္ ဆိုတာ ၫႊန္ၾကား ေပးပါဦး ဆရာ။
ဦးဝင္းျမင့္ (ဘုရားႀကီး)
ခါးနာျခင္း ဆိုတာ ျဖစ္စမွာ အေတာ္ နာက်င္ၿပီး မကုန္းႏိုင္၊ မဆန္႔ႏိုင္ ျဖစ္တတ္ပါတယ္။ ဒီထက္ ပိုလာပါက ခါးကိုက္တဲ့ အဆင့္ အထိ ေရာက္သြား တတ္တယ္။ နာက်င္မႈက တစ္ရက္မွ ႏွစ္ပတ္ၾကာ နာေနတတ္တယ္။ အကိုက္အခဲေပ်ာက္ေဆး ေသာက္ျခင္း၊ ေလ့က်င့္ခန္း လုပ္ျခင္းျဖင့္ သက္သာ ေပ်ာက္ကင္း သြားႏိုင္ပါတယ္။ မဆင္ျခင္ရင္ နာက်င္မႈ ေဝဒနာ ပိုၿပီး ျဖစ္တတ္တယ္။ သာမန္ ခါးနာျခင္း ေဝဒနာမွာ တစ္ပတ္ခန္႔ အတြင္း သက္သာ ေပ်ာက္ကင္း ႏိုင္ပါတယ္။
ခါးနာျခင္း ေဝဒနာဟာ အဆင့္ဆင့္ ခါးမွတစ္ဆင့္ တင္ပါး၊ တင္ပါးမွ ဦးေခါင္း တစ္ဖက္ တစ္ခ်က္စီ၊ ယင္းမွ တင္ပါး ကိုက္ျခင္း၊ ေခါင္းကိုက္ျခင္းတို႔ ျဖစ္တတ္တယ္။
နာက်င္ျခင္း ေဝဒနာေၾကာင့္ တစစ္စစ္ ကိုက္ခဲျခင္း၊ ေတာင့္တင္း ေနျခင္း၊ ထံုက်င္ ေနျခင္း၊ အားနည္း လာျခင္း၊ အပ္ျဖင့္ ထိုးသလို စစ္ခနဲ နာက်င္ျခင္း ျဖစ္တတ္တယ္။
ေက်ာေအာင့္ျခင္း၊ ခါးနာျခင္း၊ တင္ပါးမ်က္ျခင္း၊ ေပါင္ကိုက္ျခင္းမွသည္ ၾကြက္တက္ျခင္း၊ ၾကြက္သား က်ဳံ႕ဝင္ျခင္း အထိ ျဖစ္တတ္ပါတယ္။
ေနာက္ဆက္တြဲ ေဝဒနာမ်ား အေနနဲ႔ ခါးနာေဝဒနာကို ခံစားေနရသူမ်ားမွာ ေကာင္းေကာင္း မအိပ္ႏိုင္ဘဲ စိတ္ ဖိစီးျခင္း၊ အိပ္စက္ျခင္းကို အေႏွာင့္အယွက္ေပးျခင္း ျဖစ္ေစတယ္။ ဆီးသြား၊ ဝမ္းသြား ခက္ခဲျခင္း၊ စိတ္ဓာတ္ က်ျခင္း၊ ေပ်ာ္ရႊင္မႈ ကင္းေဝးျခင္း၊ ေသာကမ်ားျခင္း ျဖစ္ေစတယ္။
ခါးနာေဝဒနာ ဆိုးရြားေစျခင္းမွာ ေနထိုင္မႈ စနစ္ ကိုယ္ဟန္ အေနအထား မွားယြင္းျခင္း၊ ေလ့က်င့္ခန္း မလုပ္ျခင္း၊ လုပ္ငန္း သေဘာအရ အခ်ိန္ ၾကာၾကာ မတ္တတ္ ရပ္ရျခင္း၊ ခါးကို အေထာက္အကူ အျပည့္အဝ မေပးတဲ့ ထိုင္ခံု၌ ထိုင္ျခင္း၊ ေပ်ာ့ေပ်ာင္း အိစက္ေသာ ေမြ႕ရာျဖင့္ အိပ္ျခင္း၊ အခ်ိန္ ၾကာျမင့္စြာ ကားေမာင္းျခင္း၊ ကိုယ္ခႏၶာ အဝလြန္ျခင္း၊ ကိုယ္ဝန္ရွိျခင္း၊ ေလးလံေသာ ဝန္ထုပ္ဝန္ပိုး မျခင္း၊ ထမ္းျခင္း၊ တြန္းျခင္း၊ ဆြဲယူျခင္း၊ ေလွကား အတက္အဆင္း မ်ားျခင္း၊ ခါး႐ိုးအဆစ္ လြဲေခ်ာ္မႈကို ဆရာဝန္ႏွင့္ ျပသ စစ္ေဆးမႈ မရွိျခင္း ျဖစ္ၿပီး ခါး႐ိုး ဓာတ္မွန္႐ိုက္ စစ္ေဆးရင္ သိႏိုင္ပါတယ္။
ဓာတ္စာ အေနနဲ႔ ခ်ယ္ရီသီး၊ နာနတ္သီး၊ စေတာ္ဘယ္ရီသီး၊ လိေမၼာ္သီး၊ မာလကာသီး၊ ပန္းသီး စတဲ့ သစ္သီးေတြ စားပါ။ အ႐ိုးပါတဲ့ ငါးေလးမ်ား ငါးကြမ္းရွပ္၊ တူနာငါး၊ ေဆာ္လမြန္ငါး၊ ငါးမန္းေတာင္ႏွင့္ တိရစၧာန္ အ႐ိုးစြပ္ျပဳတ္မ်ား ဗီတာမင္ဘီဓာတ္ ၾကြယ္ဝတဲ့ ေပါင္မုန္႔ၾကမ္း၊ ဆန္လံုးညိဳ၊ လူး၊ ဆတ္၊ ေျပာင္းဖူးမ်ား၊ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား၊ ကိုကိုး၊ ေရႊဖ႐ံုသီးေစ့မ်ား၊ အာလူး၊ ကန္စြန္းဥ၊ သံလြင္ဆီ၊ ေနၾကာဆီ၊ ဟင္းရြက္ဆီ၊ ႏွမ္းဆီ၊ ဗီတာမင္အီး ၾကြယ္ဝစြာ ပါဝင္ေသာ ေနၾကာေစ့၊ ဖ႐ံုေစ့၊ သီဟိုဠ္ေစ့၊ ဗာဒံေစ့၊ သစ္ၾကားသီး၊ မက္မြန္သီးမ်ား စားသင့္ပါတယ္။
ခါးနာ သက္သာေစေသာ ပါရာစီတေမာ စတဲ့ အကိုက္အခဲေပ်ာက္ေဆး အမ်ဳိးမ်ဳိး၊ ဗီတာမင္ဘီ ေဆးဝါးမ်ား၊ အိုမီဂါ (၃)၊ အိုမီဂါ (၆)၊ ငါးႀကီးဆီ၊ ဗီတာမင္ဘီႏွင့္ ကယ္လ္စီယမ္ ပါေသာ ေဆး၊ ဗီတာမင္ စီ၊ ဗီတာမင္ အီး သတၱဳဓာတ္ ပါတဲ့ အားေဆးမ်ားကို ဆရာဝန္ ၫႊန္ၾကားခ်က္ အတုိင္း ေသာက္သံုးႏိုင္ၿပီး ေဆးပူ တစ္ခုခု လိမ္းထား ႏိုင္ပါတယ္။
ေရွာင္ၾကဥ္ရန္မွာ အက္စစ္ ျဖစ္ေစေသာ အစာမ်ား ျဖစ္တဲ့ ေကာ္ဖီ၊ လက္ဖက္ရည္၊ ဘီယာ၊ အရက္၊ အခ်ဳိရည္မ်ား၊ ေဆးလိပ္၊ ဟင္းခတ္ အေမြးအႀကိဳင္မ်ား၊ ဝမ္းတြင္း ကလီစာမ်ားနဲ႔ အသင့္ စားသံုးႏုိင္တဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္ရမွာ ျဖစ္ပါတယ္။ ။

#Pyi Chit Thar

..................................................................................

ခါးနာခြင်းနှင့် ဓာတ်စာ
 


 
ဆရာခင်ဗျာ။ ကျွန်တော် ခါးနာနေတာ ကြာပါပြီ။ အခန့်မသင့်ရင် လှေကား အတက်အဆင်း လုပ်တဲ့အခါ မှာလည်း နာပါတယ်။ အဲဒါ ဘယ်လို အစားအစာတွေ စားရမယ် ဆိုတာ ညွှန်ကြား ပေးပါဦး ဆရာ။
ဦးဝင်းမြင့် (ဘုရားကြီး)
ခါးနာခြင်း ဆိုတာ ဖြစ်စမှာ အတော် နာကျင်ပြီး မကုန်းနိုင်၊ မဆန့်နိုင် ဖြစ်တတ်ပါတယ်။ ဒီထက် ပိုလာပါက ခါးကိုက်တဲ့ အဆင့် အထိ ရောက်သွား တတ်တယ်။ နာကျင်မှုက တစ်ရက်မှ နှစ်ပတ်ကြာ နာနေတတ်တယ်။ အကိုက်အခဲပျောက်ဆေး သောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် သက်သာ ပျောက်ကင်း သွားနိုင်ပါတယ်။ မဆင်ခြင်ရင် နာကျင်မှု ဝေဒနာ ပိုပြီး ဖြစ်တတ်တယ်။ သာမန် ခါးနာခြင်း ဝေဒနာမှာ တစ်ပတ်ခန့် အတွင်း သက်သာ ပျောက်ကင်း နိုင်ပါတယ်။
ခါးနာခြင်း ဝေဒနာဟာ အဆင့်ဆင့် ခါးမှတစ်ဆင့် တင်ပါး၊ တင်ပါးမှ ဦးခေါင်း တစ်ဖက် တစ်ချက်စီ၊ ယင်းမှ တင်ပါး ကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်တယ်။
နာကျင်ခြင်း ဝေဒနာကြောင့် တစစ်စစ် ကိုက်ခဲခြင်း၊ တောင့်တင်း နေခြင်း၊ ထုံကျင် နေခြင်း၊ အားနည်း လာခြင်း၊ အပ်ဖြင့် ထိုးသလို စစ်ခနဲ နာကျင်ခြင်း ဖြစ်တတ်တယ်။
ကျောအောင့်ခြင်း၊ ခါးနာခြင်း၊ တင်ပါးမျက်ခြင်း၊ ပေါင်ကိုက်ခြင်းမှသည် ကြွက်တက်ခြင်း၊ ကြွက်သား ကျုံ့ဝင်ခြင်း အထိ ဖြစ်တတ်ပါတယ်။
နောက်ဆက်တွဲ ဝေဒနာများ အနေနဲ့ ခါးနာဝေဒနာကို ခံစားနေရသူများမှာ ကောင်းကောင်း မအိပ်နိုင်ဘဲ စိတ် ဖိစီးခြင်း၊ အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးခြင်း ဖြစ်စေတယ်။ ဆီးသွား၊ ဝမ်းသွား ခက်ခဲခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ပျော်ရွှင်မှု ကင်းဝေးခြင်း၊ သောကများခြင်း ဖြစ်စေတယ်။
ခါးနာဝေဒနာ ဆိုးရွားစေခြင်းမှာ နေထိုင်မှု စနစ် ကိုယ်ဟန် အနေအထား မှားယွင်းခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း၊ လုပ်ငန်း သဘောအရ အချိန် ကြာကြာ မတ်တတ် ရပ်ရခြင်း၊ ခါးကို အထောက်အကူ အပြည့်အဝ မပေးတဲ့ ထိုင်ခုံ၌ ထိုင်ခြင်း၊ ပျော့ပျောင်း အိစက်သော မွေ့ရာဖြင့် အိပ်ခြင်း၊ အချိန် ကြာမြင့်စွာ ကားမောင်းခြင်း၊ ကိုယ်ခန္ဓာ အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ လေးလံသော ဝန်ထုပ်ဝန်ပိုး မခြင်း၊ ထမ်းခြင်း၊ တွန်းခြင်း၊ ဆွဲယူခြင်း၊ လှေကား အတက်အဆင်း များခြင်း၊ ခါးရိုးအဆစ် လွဲချော်မှုကို ဆရာဝန်နှင့် ပြသ စစ်ဆေးမှု မရှိခြင်း ဖြစ်ပြီး ခါးရိုး ဓာတ်မှန်ရိုက် စစ်ဆေးရင် သိနိုင်ပါတယ်။
ဓာတ်စာ အနေနဲ့ ချယ်ရီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ပန်းသီး စတဲ့ သစ်သီးတွေ စားပါ။ အရိုးပါတဲ့ ငါးလေးများ ငါးကွမ်းရှပ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးမန်းတောင်နှင့် တိရစ္ဆာန် အရိုးစွပ်ပြုတ်များ ဗီတာမင်ဘီဓာတ် ကြွယ်ဝတဲ့ ပေါင်မုန့်ကြမ်း၊ ဆန်လုံးညို၊ လူး၊ ဆတ်၊ ပြောင်းဖူးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကိုကိုး၊ ရွှေဖရုံသီးစေ့များ၊ အာလူး၊ ကန်စွန်းဥ၊ သံလွင်ဆီ၊ နေကြာဆီ၊ ဟင်းရွက်ဆီ၊ နှမ်းဆီ၊ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်သော နေကြာစေ့၊ ဖရုံစေ့၊ သီဟိုဠ်စေ့၊ ဗာဒံစေ့၊ သစ်ကြားသီး၊ မက်မွန်သီးများ စားသင့်ပါတယ်။
ခါးနာ သက်သာစေသော ပါရာစီတမော စတဲ့ အကိုက်အခဲပျောက်ဆေး အမျိုးမျိုး၊ ဗီတာမင်ဘီ ဆေးဝါးများ၊ အိုမီဂါ (၃)၊ အိုမီဂါ (၆)၊ ငါးကြီးဆီ၊ ဗီတာမင်ဘီနှင့် ကယ်လ်စီယမ် ပါသော ဆေး၊ ဗီတာမင် စီ၊ ဗီတာမင် အီး သတ္တုဓာတ် ပါတဲ့ အားဆေးများကို ဆရာဝန် ညွှန်ကြားချက် အတိုင်း သောက်သုံးနိုင်ပြီး ဆေးပူ တစ်ခုခု လိမ်းထား နိုင်ပါတယ်။
ရှောင်ကြဉ်ရန်မှာ အက်စစ် ဖြစ်စေသော အစာများ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်၊ အချိုရည်များ၊ ဆေးလိပ်၊ ဟင်းခတ် အမွေးအကြိုင်များ၊ ဝမ်းတွင်း ကလီစာများနဲ့ အသင့် စားသုံးနိုင်တဲ့ အစားအစာများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment