Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ကမာၻ႕အေတာ္ဆံုး သိပၸံပညာရွင္ ၁၀၀ ထဲပါတဲ့ ျမန္မာလူမ်ိဳး နာနိုသိပၹံပညာရွင္ ပေရာ္ဖက္ဆာေဒါက္တာေစာေ၀လွ

ဓာတ္ခြဲခန္းထဲက ေဘ့စ္ဂစ္တာ (သို႕) ကမၻာ့အေတာ္ဆံုးသိပၹံပညာရွင္(၁၀၀)ထဲမွ ျမန္မာလူမ်ိဳး နာနိုသိပၹံပညာရွင္ ပေရာ္ဖက္ဆာေဒါက္တာေစာေ၀လွ
(Real Lives Real Stories)……………………………………………
(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
(၂)
“တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္က် ဘ၀မွာ နိုင္ငံတကာက သိတဲ့ ဂစ္တာသမားတစ္ေယာက္ျဖစ္ရမယ္”
၁၉၈၂ ခုနွစ္
စိန္ၾသဂတ္စတင္းေက်ာင္းသား ၊ လီယိုေဟမာန္ တီး၀ိုင္းရဲ႕ (၁၆)နွစ္သား ေဘ့စ္ဂစ္တာသမားေလး ေစာေ၀လွ ရဲ႕ တစ္ခ်ိန္က ရည္မွန္းခ်က္ ။
ေစာေ၀လွ အေဖက မဆလအစိုးရလက္ထက္ စက္မႈ(၂) ၀န္ၾကီးဌာန မွာ ဒု၀န္ၾကီးတာ၀န္ယူခဲ့ဖူးသည္ ။
မိခင္ျဖစ္သူ ေက်ာင္းဆရာမ ။
စစ္ေတြဇာတိ မိဘနွစ္ပါးကေန ေမြးလာတဲ့ ရန္ကုန္သား ရခိုင္လူမ်ိဳးေလး ေစာေ၀လွ ရဲ႕ ဂစ္တာသမားဘ၀က ေအာင္ျမင္ခဲ့သည္ ။
အခ်ိန္တိုအတြင္း မာလာေဆာင္ေရွ႕အုတ္ခံုမွသည္ ျမန္မာ့အသံတြင္ သီခ်င္းသံုးပုဒ္လႊင့္ခြင့္ရခဲ့သည္ ။
သၾကၤန္စင္ျမင့္မ်ားထက္တြင္ လီယုိ နွင့္အတူ ေဘ့စ္သမားဘ၀ကို ေအာင္ျမင္စြာေက်ာ္ျဖတ္ေနခဲ့ျပီ ။
ဂစ္တာသည္သာ ဘ၀ ၊ ဂစ္တာသည္ သာ ရည္မွန္းခ်က္ ။
စာသင္နွစ္မ်ားမွာလည္း အတန္းမွန္မွန္မတက္ ၊ ဂစ္တာကို စာအုပ္ေတြထက္ ပိုဖက္တြယ္မိခဲ့သည့္ ေစာေ၀လွ ။
သို႕ေသာ္လည္း ဘုရားေပးသည့္ ဥာဏ္ပညာကား ေစာေ၀လွဘက္မွာ ရွိသည္ ။
ဂစ္တာတီးရင္းတစ္နွစ္တစ္တန္းမွန္မွန္တက္ကာ တကၠသိုလ္ေန႕စြဲမ်ားကို အလြယ္တကူျဖတ္ေက်ာ္နိုင္ခဲ့၏။
၁၉၈၅ ရူပေဗျဖင့္ ဘြဲ႕ရခဲ့ျပီ ။
ဘြဲ႕ရလ်င္ အလုပ္လုပ္ရေတာ့မည္ ။ ေစာေ၀လွက ဂစ္တာပဲ တီးခ်င္သည္ ။ ဒီေတာ့ ဘာလုပ္ရမလဲ ။
ရူပေဗဒ ဘာသာရပ္ျဖင့္ မာစတာဆက္တတ္သည္ ။ ေက်ာင္းသားဘ၀ မွာပဲ ဂစ္တာ က လြတ္လြတ္လပ္လပ္တီးခြင့္ရွိမည္ မဟုတ္လား ။
မာစတာတက္ရင္း ဂစ္တာတီးသည္ ။ လီယို၀ိုင္းေတာ္သားမ်ားျဖင့္ ပြဲေတာ္ေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့သည္။
အင္းလ်ားလိတ္မွ မဂၤလာေဆာင္ပြဲေတြမွာလည္း တစ္ပတ္ကို သံုးရက္ေလာက္ လီယိုက တီးရသည္ ။
စတိတ္ရႈိးေတြ ၊ ေမြးေန႕ပြဲေတြမွာ ဆူဆူညံညံသိပ္မရွိေသာ လီယို ကို ငွားရမ္းၾကသည္ ။
ဂစ္တာတီးသည့္ ေငြျဖင့္ ကိုယ့္ဘာသာကိုယ္ ရပ္တည္နိုင္ခဲ့သည္ ။
၁၉၈၆ မွာ စက္မႈေက်ာင္းကဘြဲ႕ရသူငယ္ခ်င္းေတြ ၊ ရာဇူးက သူငယ္ခ်င္းမ်ားအဆြယ္ေကာင္းသျဖင့္ တပ္မေတာ္ဗိုလ္ေလာင္းသင္တန္းေက်ာင္း OTS ၀င္ခြင့္ကို သြားေျဖလိုက္သည္ ။
တကၠသိုလ္မွ ဆရာမ်ားကလည္း သူ႕ကို ေက်ာင္းတြင္ သရုပ္ျပဆရာျပန္လုပ္ရန္ တိုက္တြန္းၾကသည္ ။
ဒါလည္း သြားေလ်ွာက္လိုက္သည္ ။
ေလ်ွာက္ထားသည့္ အလုပ္နွစ္ခုလံုးက မီးစိမ္းျပလာျပီ ။
တကၠသိုလ္ေက်ာင္းဆရာလုပ္မလား ။ စစ္ဗိုလ္လုပ္မလား ။
စာသင္ခန္းနွင့္ စစ္ေျမျပင္ ၊ တိုက္ပံုအကၤ်ီနွင့္ ယူနီေဖာင္း ၊ ေျမျဖဴခဲနွင့္ ေသနတ္ ၊ လက္ခ်ာစင္ျမင့္နွင့္ ပခံုးေပၚက အပြင့္..။
တလက္လက္ေတာက္ပေနသည့္ အနာဂတ္မ်ားအား ခြ်န္ျမရင္း လမ္းဆံုမွာ ေရာက္ေနသည့္ လူငယ္ေစာေ၀လွ ။
ဘာကိုေရြးမလဲ ။
အသက္ေမြး၀မ္းေၾကာင္းတစ္ခုကို လုပ္ကိုင္ရင္း ဘ၀ရဲ႕ တပ္မက္အရူးသြပ္ဆံုး ဂစ္တာကို ကိုလဲ ကိုင္ခြင့္ရမည့္ အလုပ္မ်ိဳးက ဘာျဖစ္မလဲ ။
စစ္တပ္မွာေတာ့ ဂစ္တာ ကို ကိုင္ခြင့္ရမည္မဟုတ္ ။
တကၠသိုလ္ဆရာဘ၀ နဲ႕ ဂစ္တာတီးလို႕ က အိုေကမည္ ။
ဒီေတာ့…
“ကြ်န္ေတာ္တို႕ တပ္ထဲ မ၀င္ခ်င္ေတာ့ပါဘူး ။ အဲဒါေလး လာေျပာတာပါ”
“ဘာ..မင္းတို႕ကို ဗိုလ္သင္တန္းတက္ဖို႕ ေရြးျပီးသြားျပီ ။ အခုတမ်ိဳးေတာ္ၾကာတစ္မ်ိဳးနဲ႕ အလုပ္လာရႈပ္တယ္ ။ စစ္တပ္ကြ..စစ္တပ္…မင္းတို႕ ပေထြးအိမ္မဟုတ္ဘူး..”
ေမွာ္ဘီရွိ ဗိုလ္ေရြးအဖြဲ႕မွ အရာရွိမ်ား၏ ဆဲသံကို ေစာေ၀လွနွင့္ သူငယ္ခ်င္းျဖစ္သူတို႕ ဇက္ကေလးပုကာ နားေသာတဆင္ရင္း ကုတ္ကုတ္ေလးထြက္လာခဲ့ရသည္ ။
မတတ္နိုင္ ။ ဂစ္တာ နွင့္ စစ္သား ဘယ္လိုမွ မအပ္စပ္ ။
သူတို႕က ေသနတ္တိုက္ျခင္တာမဟုတ္..ေဘ့စ္ဂစ္တာေလးကို ၾကိဳးညိွ႕ျပီး တီးလံုးေတြပဲ တိုက္ခ်င္တာ။
မတတ္နုိင္ ။

(၂)
၁၉၈၇ ခုနွစ္မွာေတာ့ ျမန္မာ့နိုင္ငံေရးအေျခအေနက ခပ္ယဲ့ယဲ့ ။
ေစာေ၀လွက ရန္ကုန္တကၠသိုလ္ရူပေဗဒဌာနမွ သရုပ္ျပဆရာေလး..။
တီး၀ိုင္းက သူငယ္ခ်င္းေတြက နိုင္ငံျခားထြက္သြားၾကသျဖင့္ လီယိုလည္း ပ်က္သြားျပီ ။
(၈၈)အေရးအခင္းၾကီးျဖစ္ျပီ ။
တပည့္ေက်ာင္းသားေတြၾကား ၊ သူငယ္ခ်င္းဆရာေတြၾကား လႈပ္လႈပ္ရွားရွားေလးျဖစ္ကုန္သည္ ။
ေစာေ၀လွက လစ္ဘရယ္သမား ။ ဒီေတာ့ သိပ္ေတာ့ ျပင္းျပင္းထန္ထန္ၾကီး ၀င္မပါျဖစ္လိုက္ ။
ဒီလိုနွင့္ တံတားျဖဴသည္ နီသြားခဲ့ျပီ ။
ဂ်ဒ္ဆင္သည္လည္း လရိပ္ျပာျပာေအာက္မွာ ငုတ္တုတ္ေမ့ေနခဲ့ျပီ ။
သစ္ပုပ္ပင္ၾကီးလည္း အရိပ္ခိုသူေတြမဲ့ခဲ့ျပီ ။
ေက်ာင္းၾကီးက တစ္ေမ်ွာ္တစ္ေခၚပိတ္သြားခဲ့ေလျပီ ။
စာသင္ဆဲ MSC ေက်ာင္းသားတစ္ျဖစ္လဲ ေက်ာင္းဆရာေလး ေစာေ၀လွ ေက်ာင္းပိတ္ျပီဆိုေတာ့ အလုပ္မရွိျဖစ္သြားသည္ ။
ဂစ္တာတီးတုန္းက စုထားတဲ့ပိုက္ဆံ ၊ ေက်ာင္းဆရာဘ၀က စုထားတဲ့လစာ ၊ မိဘေတြဆီက နည္းနည္းပါးပါးနွင့္ ေစာေ၀လွ စီးပြားေရးေလာကထဲ ၀င္သည္ ။
စီးပြားေရးေလာကဆိုလို႕ ၾကီးၾကီးက်ယ္က်ယ္ေတာ့မဟုတ္ ။
အဲ့ဒီတုန္းက ေခတ္ေရစီးက ဗီဒီယိုေခတ္ဦးမဟုတ္လား ။
ဒီေတာ့ ေစာေ၀လွ ဗြီဒီယိုအေခြအငွားဆိုင္ေလးတစ္ခု တံတားျဖဴမွာ ဖြင့္သည္။
ဗြီဒီယို ေအာက္စက္ (၅)လံုးနွင့္ အေခြေတြ ေကာ္ပီကူးရျပီ ။
ဂစ္တာတီးခ်င္တဲ့ ေက်ာင္းဆရာ အေခြဆိုင္ထိုင္ျပီး စာရင္းေတြမွတ္ရျပီ ။
တစ္နွစ္ၾကာေတာ့ လုပ္ငန္းက ထင္သေလာက္မေအာင္ျမင္လာခဲ့ ။
ေစာေ၀လွ ေငြေနာက္လိုက္ဖို႕ ေလာကၾကီးထဲ ၀င္ခဲ့သည္ ။
ရွမ္းျပည္နယ္ ၀န္းသိုဘက္ကို ထြက္ျပီး သစ္အေရာင္းအ၀ယ္လုပ္ငန္းဘက္ေျခဦးလွည့္ခဲ့သည္ ။
ဂစ္တာတီး ၊ စာသင္ ၊ အေခြငွား ျမိဳ႕ေပၚက အနုသမားဘ၀ က အခု တစ္ေတာ၀င္ တစ္ေတာထြက္ သစ္၀ယ္ထြက္ခဲ့ရျပီ ။
တကယ့္ဘ၀ ၊ တကယ့္တိုက္ပြဲ ၊ တကယ့္စီးပြားေရးဂြင္ထဲမွာ ေစာေ၀လွ က်င္လည္ခဲ့သည္ ။
အက်ိဳးအျမတ္ရသမ်ွ ရဲကိုေပးရသည္ ။ သစ္ေတာကိုေပးရသည္ ။ မ၀တကို ေပးရသည္ ။ ေပးရသည္ ။ေပးရသည္ ။
တကယ့္ လာဘ္ေပးလာဘ္ယူဇုန္ၾကီးထဲမွာ ေစာေ၀လွ က သူတို႕ကို လုပ္ေကြ်းသလိုျဖစ္ေန၏ ။
ဒီေတာ့ ရန္ကုန္ကို ေနာက္ေၾကာင္းျပန္လွည့္လိုက္သည္ ။
သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကလည္း နိုင္ငံျခားေရာက္ကုန္ျပီ ။
ေက်ာင္းေတြကလည္း ဖြင့္ဖို႕ကမေသခ်ာ ။
ဒီေတာ့ ေစာေ၀လွ နိုင္ငံျခားကို ေျခဆန္႕ဖုိ႕ ျပင္သည္ ။
ပတ္စ္ပို႕ ၊ ဗီဇာရျပီးေနာက္ (၆၄)ေဒၚလာကို အိတ္ကပ္ထဲထည့္ကာ ထိုင္းနိုင္ငံသို႕ ထြက္ခြာခဲ့သည္ ။
ေဒါင္က်က် ျပားက်က် ဘ၀ကို အဓိပါယ္ရွိရွိေတာ့ ထူေထာင္ရေတာ့မည္ ။
ဘန္ေကာက္ေလဆိပ္တြင္ လီယိုတီး၀ိုင္းတုန္းက သူငယ္ခ်င္း ကိုေအာင္မင္းတို႕က လာၾကိဳသည္ ။
ကိုေအာင္မင္းတို႕ဆီမွာ သူတည္းရမည္ ။
သို႕ေသာ္ ေရာက္ေရာက္ျခင္း ကိုေအာင္မင္းတို႕ ေနသည့္ေနရာကို သူမသြားရေသး ။
ကိုေအာင္မင္း တို႕က ဘန္ေကာက္ရွိ ဘားမ်ားတြင္ ဂစ္တာလိုက္တီးေနသည္။
အခုလဲ ဘားမွာ ဂစ္တာသြားတီးရမည္ ။
ဒီေတာ့ ေစာေ၀လွ ဘားကို လိုက္ခဲ့ ။ ပြဲျပီးမွ အိမ္အတူျပန္ၾကမည္ ။
ဘန္ေကာက္ေရာက္ေရာက္ျခင္း ေသတၱာကို ဆြဲကာ ကိုေအာင္မင္းတို႕ဂစ္တာတီးမည့္ ဘားကို လိုက္သြားလိုက္သည္ ။
ဟိုေရာက္ေတာ့ ရုပ္ရွင္မင္းသားကိုျမင့္တို႕လည္း တီး၀ိုင္းအဖြဲ႕မွာ ပါေနသည္ ။
ေသတၱာေလးကိုခ်ကာ သူတို႕တီးတာထိုင္ၾကည့္ရင္း ကိုေအာင္မင္းတို႕က ၀င္တီးဖို႕ ဖိတ္ေခၚသည္ ။
ျမန္မာျပည္သား ေဘ့စ္ဂစ္တာလစ္ ေစာေ၀လွ ၏ ဂီတ ကို ဘန္ေကာက္သို႕ ပထမဆံုးေျခခ်သည့္ေန႕မွာပင္ ထိုင္းေတြကို ျပသခြင့္ရခဲ့သည္ ။
(၃)
ေစာေ၀လွတစ္ေယာက္ ဘန္ေကာက္ေရာက္ေရာက္ျခင္းကိုေအာင္မင္းတို႕နွင့္အတူ ဂစ္တာတီးသည့္ အလုပ္ကို ရျပီ ။
ကိုေအာင္မင္းတို႕နွင့္အတူေနသည္။
ကိုေအာင္မင္းတို႕ေနတာက ဘန္ေကာက္ ေအးဘတ္တကၠသိုလ္၀န္းထဲတြင္ ။
ဒီေတာ့ တကၠသိုလ္ထဲတြင္ ျမန္မာျပည္မွထြက္ခြာလာၾကသည့္ တကၠသိုလ္ဆရာအသိုင္းအ၀ိုင္းကလည္း ရွိေနသည္ ။
ဘန္ေကာက္ေရာက္ျပီး ေနာက္တစ္ေန႕တြင္ပင္ ေစာေ၀လွ မာစတာတန္းတက္ခဲ့စဥ္က ဆရာရင္း ေဒါက္တာခိုင္ညြန္႕နွင့္ တကၠသိုလ္တြင္းလမ္းတစ္ခုတြင္ ဆံုမိၾကသည္ ။
ဘန္ေကာက္တြင္ အင္ဂ်င္နီယာေကာလိပ္ကို စဖြင့္စအခ်ိန္ျဖစ္သျဖင့္ ဆရာအင္အားက လိုေနသည္ ။
ထိုင္းနိုင္ငံရွိ တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားက ျမန္မာနိုင္ငံရွိ တကၠသိုလ္ေပါင္းစံုမွ အလုပ္ထြက္လာၾကသည့္ ပညာရွင္ျမန္မာဆရာတို႕၏ အင္အားျဖင့္ သူတို႕နိုင္ငံ၏ ပညာေရးကို တည္ေဆာက္ေနခ်ိန္ ။
ရန္ကုန္ RIT မွ ေဒါက္တာ၀င္းတင္ ၊ ေဒါက္တာခိုင္ညြန္႕တို႕က ေစာေ၀ ကို ဘန္ေကာက္မွာ တကၠသိုလ္ဆရာလုပ္ဖို႕ ကမ္းလွမ္းသည္ ။
အိုေခ…ေစာေ၀ ေခါင္းညိတ္လိုက္ျပီ ။
ဘန္ေကာက္သို႕ေရာက္ျပီး နွစ္ရက္အတြင္းတြင္ ဂစ္တာတီးသည့္အလုပ္ေရာ ၊ တကၠသိုလ္ဆရာအလုပ္ကိုပါ ေစာေ၀လွ တစ္ျပိဳင္တည္းရရွိလိုက္သည္ ။
ကံၾကမၼာကား ကိုယ့္ဘက္မွာ ေစာေ၀လွဘက္မွာ အသာစီး ။
ရုပ္ရွင္မင္းသား ကိုျမင့္တို႕နွင့္အတူ ဘန္ေကာက္တြင္ တစ္နွစ္ဂစ္တာတီးသည္ ။
ေန႕ပိုင္းတြင္ စာသင္ ညပိုင္းတြင္ ဘားမွာ ဂစ္တာလိုက္တီးသည္ ။
ဘန္ေကာက္ရွိ စီယံပတ္ခ္ ဆိုသည့္ေနရာတြင္ စေနတနဂၤေႏြ အားလပ္ရက္မ်ားတြင္ ဂစ္တာတီးသည္ ။
ဘန္ေကာက္ေန႕စြဲမ်ားသည္ ေစာေ၀လွအတြက္ အေပ်ာ္ရႊင္ဆံုးျဖတ္သန္းမႈမ်ားျဖစ္ခဲ့ရ၏ ။
ကိုယ္တီးခ်င္သည့္ ဂစ္တာလည္း တီးရသည္ ။ စာသင္သည့္အလုပ္ကိုလည္း မစြန္႕လႊတ္ရ ။
ဒီလိုနွင့္ တစ္နွစ္ေက်ာ္ကာလကို အသာေလးျဖတ္သန္းသြားနိုင္ခဲ့၏ ။
တစ္ရက္ေတာ့ အီတလီနိုင္ငံတြင္ ရူပေဗဒဘြဲ႕လြန္သင္တန္းတစ္ခုအတြက္ စေကာလားရွစ္ေလ်ွာက္လႊာတစ္ေစာင္ ကို ေစာေ၀လွ သြားေတြ႕သည္ ။
လွမ္းေလ်ွာက္ၾကည့္သည္ ။ စေကာလားရွစ္ရသည္ ။အဆင္ေျပသည္ ။
ဒီေတာ့ ထိုင္းတကၠသိုလ္ကလည္း အီတလီသြားရန္ ခြင့္ျပဳလိုက္သည္။ လစာရေနမည္ ။ ပညာသင္ျပီးျပန္လာလ်ွင္ ဒီတကၠသိုလ္တြင္ပင္ ရာထူးတိုး လစာတိုးျဖင့္ ဆရာျပန္၀င္လုပ္ ။
ထိုင္းေတြက အကြက္ျမင္သည္ ။ ပညာတတ္၏ တန္ဖိုးကို သိသည္ ။ ဆြဲေဆာင္သည္ ။
ထိုကာလတြင္ ျမန္မာျပည္တြင္ေတာ့ ေက်ာင္းမ်ားက တံခါးပိတ္ထားဆဲ ။
ဘန္ေကာက္မွသည္ အီတလီ သို႕ ျမန္မာျပည္သားေဘ့စ္ဂစ္တာသမား ရူပေဗဒဆရာေပါက္စ ေစာေ၀လွ ခရီးဆက္ျပီ ။

(၄)
ထိုစဥ္က ကမၻာ့အင္အားၾကီးနွစ္နိုင္ငံျဖစ္ေသာ အရင္းရွင္အေမရိကန္နွင့္ ကြန္ျမဴနစ္ဆိုဗီယက္တို႕၏ စစ္ေအးတိုက္ပြဲေနာက္ဆံုးနွစ္မ်ားျဖစ္သည္ ။
အနုျမဴသီအိုရီနွင့္ပတ္သက္ျပီး နွစ္နိုင္ငံၾကားျပိဳင္ဆိုင္မႈကား ျပင္းထန္ေနခ်ိန္ ။
ကမၻာ့ကုလသမဂၢ၏ အဖြဲ႕ခြဲတစ္ခုျဖစ္ေသာ ယူနက္စကို ၏ ေအာက္တြင္ ICDP ေခၚ နိုင္ငံတကာရူပေဗဒေလ့လာေရးဌာနရွိသည္ ။
ICDP တြင္ အေမရိကန္အုပ္စုမွ အနုျမဴသိပၹံပညာရွင္မ်ားနွင့္ ရုရွအုပ္စုဘက္မွ အနုျမဴသိပၹံပညာရွင္မ်ား တစ္နွစ္လ်ွင္ (၅၀၀၀)ခန္႕တက္ေရာက္ကာ ေဆြးေႏြးပြဲမ်ားျပဳလုပ္သည့္အစီအစဥ္က်င္းပၾကသည္ ။
ယင္းအစီအစဥ္မွတဆင့္ မ်ိဳးဆက္သစ္သိပၹံပညာရွင္မ်ားေမြးထုတ္ရန္ ပရိုဂရမ္တစ္ခုေရးဆြဲၾကသည္ ။
တစ္ကမၻာလံုးမွ မ်ိဳးဆက္သစ္သိပၹံပညာရွင္ (၁၀) ဦးကို ေရြးခ်ယ္ကာ ပညာသင္ဆုေပးရန္ စီစဥ္ခဲ့ၾကသည္ ။
တစ္ကမၻာလံုးမွ လူေျခာက္ရာ ၀င္ေလ်ွာက္ၾကသည္ ။
ေစာေ၀လွက အေရြးခံရသည့္ (၁၀)ေယာက္ထဲ ပါသြားသည္ ။ အီတလီတြင္အင္တာဗ်ဴးေျဖရမည္ ။
ေစာေ၀လွ ဗန္ေကာက္မွတဆင့္ ေရာမျမိဳ႕သို႕ ေရာက္သည္ ။
ထိုမွတဆင့္ အီတလီနွင့္ ဆလိုေဗးနီးယား နယ္စပ္ရွိ တူးရစ္ဆိုသည့္ ပင္လယ္ကမ္းေျချမိဳ႕ေလးသို႕ ခရီးဆက္ရသည္ ။
ဥေရာပသားဆရာေတြက ရွင္းရွင္းပဲေျပာသည္ ။
စာသင္မည္ ။ စာေမးပြဲစစ္မည္ ။ အမွတ္မေကာင္းလ်င္ လာရာလမ္းကို ျပန္ပို႕မည္ ။
သံုးလျပည့္ေတာ့ ေစာေ၀လွ ရန္ကုန္တကၠသိုလ္မွာ သိထား တတ္ထားသမ်ွ ပညာရပ္က ကုန္ျပီ ။
က်န္တာေတြ ဘာမွ မသိေတာ့ ။
အေနာက္သားေတြၾကားမွာ ကိုယ္က တစ္ဦးတည္းေသာ ျမန္မာ ။
ေနာက္ဆုတ္လို႕ကမျဖစ္ ။ ေရွ႕တိုးဖို႕ပဲ ရွိေတာ့သည္ ။
ဒီေတာ့ ဘုရင့္ေနာင္ေဖာင္ဖ်က္ ေစာေ၀လွ ေရွ႕သို႕သာ ကုန္းရုန္းတက္ရေခ်ျပီ ။
ပထမသံုးလပတ္စာေမးပြဲ စစ္သည္ ။
ဆယ္ေယာက္မွာ နွစ္ေယာက္က်သည္ ။
က်သည့္ ထဲ ျမန္မာျပည္သား ေစာေ၀လွ မပါ ။ အဆင့္ B နွင့္ ေအာင္သည္ ။
စာေမးပြဲက်သည့္ ရိုေမးနီးယားနွင့္ က်ဴးဘားသားနွစ္ေယာက္ အိမ္ျပန္သြားရျပီ ။
B ေရွ႕မွာ A ရွိေသးသည္ ။
ဒုတိယ စာသင္နွစ္က် ဘာသာရပ္အားလံုးတြင္ ေစာေ၀လွ ရသည္က B ေရွ႕က A ။
တတိယစာသင္နွစ္မွာ ဒီဂရီရေတာ့…စာသင္သားအားလံုးထဲမွာ ေစာေ၀လွ သည္ ပထမ ။
ျမန္မာျပည္က လူညိဳေကာင္ေလးသည့္ ပထမ ။
ဒီေတာ့ အီတလီတကၠသိုလ္က ေစာေ၀လွကို PhD ဆက္တက္ဖို႕ ကမ္းလွမ္းလာရျပီ ။
အဂၤလန္ရွိ လစ္ဗာပူးလ္တကၠသိုလ္ကလည္း ျမန္မာျပည္သားေစာေ၀လွ ကို စေကာလာေပးျပီး ကမ္းလွမ္းလာခဲ့ျပီ ။
အျမဲတမ္းလမ္းဆံုမွာ ေရြးရခက္သည့္ ေစာေ၀လွ ။
ဂစ္တာကိုခ်စ္သည့္ေစာေ၀လွ သည္ တစ္ခ်ိန္က စစ္ဗိုလ္ဘ၀နွင့္ ေက်ာင္းဆရာဘ၀တြင္ ဂစ္တာနွင့္ နီးစပ္သည့္ ေက်ာင္းဆရာဘ၀ကို ေရြးခဲ့သလို..။
ယခုတစ္ခ်ိန္တြင္လည္း သူ၏ ဥေရာပေန႕ရက္မ်ား အစျပဳခဲ့ရာ တူးရင့္ျမိဳ႕မွ တကၠသိုလ္ကိုသာ ေရြးခ်ယ္ခဲ့ျပန္သည္ ။
အီတလီနွင့္ စလိုေဗးနီးယားနယ္စပ္ျမိဳ႕ေလး။
၁၉၉၃ တြင္ PhD ေက်ာင္းသားဘ၀စျပီ ။
ဒီေတာ့ အီတလီနွင့္ စလိုေဗးနီးယားနွစ္နိုင္ငံျခား သုေတသနခရီးေတြ အၾကိမ္ၾကိမ္သြားခဲ့ရသည္ ။
ပထမဆံုး အီတလီမွ ဆလိုေဗးနီးယားဘက္ျခမ္းသို႕ သြားရသည့္ခရီးစဥ္တြင္ အျဖစ္အပ်က္တစ္ခုၾကံဳခဲ့ရျပန္သည္ ။
နယ္စပ္ျမိဳ႕နွစ္ျမိဳ႕ျဖစ္သျဖင့္ ရထားျဖင့္သြားသည့္ခရီးတြင္ ရထားတစ္စင္းလံုးတြင္ အာရွသားကား ေစာေ၀လွတစ္ေယာက္တည္း ။
နယ္စပ္အေရာက္တြင္ အီတလီရဲမွ ပတ္စ္ပို႕လာေရာက္စစ္ရင္း ေစာေ၀လွ ပတ္စ္ပို႕ကို ယူသြားသည္ ။
ပတ္စ္ပို႕ျပန္လာမေပးသျဖင့္ နာရီ၀က္ခန္႕ ရထားတစ္စင္းလံုးေစာင့္ေနၾကရသည္ ။
ခဏေနေတာ့ အီတာလ်ံ ရဲ ျပန္ေရာက္လာသည္ ။
“ဟဲလို မစၥတာ..ဒီ ပတ္စ္ပို႕ က ကမၻာေပၚမွာ မရွိတဲ့နိုင္ငံ ျဖစ္ေနပါတယ္”
ေစာေ၀လွ ေခါင္းစားရျပီ ။
“ရွိပါတယ္..ကြ်န္ေတာ္ေျမပံုမွာ လိုက္ျပပါ့မယ္”
အေစာင့္ရဲ နွင့္ ေစာေ၀လွ ရဲစခန္းထဲ ၀င္ျပီး ကမၻာ့ေျမပံုေရွ႕ မတ္တပ္ရပ္ၾကသည္ ။ကပၹလီပင္လယ္ ၊ ဘဂၤလားပင္လယ္ ၊ ခ်ိဳင္းနား ၊ အိႏၵိယၾကား ေဟာ့ဒီမွာ.ေျခတစ္ေပါင္က်ိဳး နိုင္ငံေလး.။
ေျမပံုေပၚမွာက အီတလီလိုေရးထားသည္ ။
ျမန္မာ မဟုတ္ အီတလီအေခၚ ေဘရ္မန္းနီးယား..တဲ့..။
အီတလီရဲက ေခါင္းတညိတ္ညိတ္နွင့္ ျပံဳးျပျပီး ခြင့္ျပဳလိုက္သည္ ။
စလိုေဗးနီးယားအျခမ္း..ေရာက္ျပန္ျပီ ။
ထံုးစံအတိုင္း စလိုေဗးနီးယားရဲက ေမးသည္ ။
ေစာေ၀လွက ေျဖသည္ ။
“ျမန္မာ”
“၀ိုး မေလးရွား”
“နိုး..ျမန္..မာ”
“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”
စာသင္နွစ္တစ္နွစ္ပတ္လံုး စလိုေဗးနီးယားရဲမ်ားအၾကား ျမန္မာသည္ မေလးရွား ၊ မာရာကာစတာ ၊ ဘဟားမား အမ်ိဳးမ်ိဳးျဖစ္ခဲ့ရေလသည္ ။
ေစာေ၀လွ PhD ဘြဲ႕ရျပီ ။ေဒါက္တာ ေစာေ၀လွ ျဖစ္ျပီ ။ ပေရာ္ဖက္ဆာေစာေ၀လွျဖစ္ျပီ ။ သိပၹံပညာရွင္ ေစာေ၀လွျဖစ္ျပီ ။
အီတလီတကၠသိုလ္တြင္ပင္ တာ၀န္ထမ္းေဆာင္ေနစဥ္ ဂ်ာမနီရွိ ဘာလင္တကၠသိုလ္မွ ဧည့္ပါေမာကၡအျဖစ္ သင္ျပေပးရန္ ကမ္းလွမ္းျပန္သည္ ။
ဘာလင္တကၠသိုလ္တြင္ ေလးနွစ္တာ စာသင္ၾကားရင္း နာနိုရူပေဗဒ ဆက္လက္ေလ့လာသည္ ။
ထိုသို႕ေလ့လာရင္း Chemical Reaction ကို ေမာ္လီက်ဴးတစ္လံုးထဲျဖင့္ ထုတ္လုပ္နိုင္သည့္နည္းကို ေစာေ၀လွ ေအာင္ျမင္စြာ ရွာေဖြေတြ႕ရွိခဲ့သည္ ။
ကမၻာေပၚတြင္ မည္သည့္သိပၹံပညာရွင္မွ မေအာင္ျမင္ေသးသည္ကို ျမန္မာလူမ်ိဳး ပေရာ္ဖက္ဆာ က ပထမဆံုးအၾကိမ္ေအာင္ျမင္ခဲ့သည္ ။
၂၀၀၀ ျပည့္နွစ္ကမၻာ့ထိပ္တန္းသိပၹံပညာရွင္ (၁၀၀) စာရင္းတြင္ ေစာေ၀လွ ပါ၀င္ခဲ့ျပီ ။
ဂစ္တာသမားေစာေ၀လွ မွ ကမၻာေက်ာ္သိပၹံပညာရွင္ ေစာေ၀လွ ျဖစ္ခဲ့ျပီ ။
(၅)
အေမရိကားသည့္ ပထမ ဆိုသည့္ လူမ်ားအတြက္ အခြင့္အေရးအမ်ားဆံုးေပးကာ စုစည္းသည့္နိုင္ငံျဖစ္သည္ ။
၂၀၀၁ အေမရိကန္အစိုးရနွင့္ တကၠသိုလ္မ်ားက ေဒါက္တာ ေစာေ၀လွ ကို ကမ္းလွမ္းေလျပီ ။
Ohio တကၠသိုလ္တြင္ ပါေမာကၡတာ၀န္ယူရန္ ေဒါက္တာေစာေ၀လွ လက္ခံလိုက္သည္ ။
နွစ္နွစ္အတြင္း တကၠသိုလ္၏ ရာသက္ပန္ေပါေမာကၡျဖစ္လာသည္ ။
အေမရိကန္နိုင္ငံ၏ အျမင့္ဆံုးအဆင့္ေပါေမာကၡ ေဒါက္တာေစာေ၀လွျဖစ္လာသည္ ။
၂၀၁၁ ခုနွစ္အထိ (၁၄)နွစ္အတြင္း PhD ေက်ာင္းသား (၉)ေယာက္ကို ပေရာ္ဖက္ဆာေဒါက္တာေစာေ၀လွ ေမြးထုတ္ေပးနိုင္ခဲ့ျပီျဖစ္သည္ ။
ျမန္မာနိုင္ငံရွိ တကၠသိုလ္မ်ားတြင္ ဆယ္နွစ္အတြင္း PhD ဘြဲ႕ရေပါင္း ဒါဇင္မ်ားနွင့္ခ်ီကာ ထြက္ေနေသာ္လည္း အေမရိကန္၏ စံႏႈန္းအရ PhD ဘြဲ႕ (၉)ေယာက္ဆိုသည္မွာ မ်ားျပားသည့္ ဦးေရျဖစ္သည္ ။
အေမရိကန္နိုင္ငံ၏ စြမ္းအင္၀န္ၾကီးဌာနစီမံကိန္းမ်ားတြင္လည္း ေဒါက္တာေစာေ၀လွ ပါ၀င္ထမ္းေဆာင္ေနသည္။
ကမၻာ့အနွံတကၠသိုလ္မ်ား၏ ဖိတ္ၾကားခ်က္အရ ေဒါက္တာေစာေ၀လွ ကမၻာပတ္ကာ ေဟာေျပာပြဲေတြ လုပ္ေပးရသည္ ။
တစ္လလ်င္ ေဟာေျပာပြဲ နွစ္ေခါက္ထြက္ရသည္ ။ နိုင္ငံေပါင္း(၂၀)ေက်ာ္ လွည့္လည္ခဲ့ရသည္ ။
နိုင္ငံတကာကြန္ဖရင့္ေတြ တက္ရသည္ ။
သက္ဆိုင္ရာတကၠသိုလ္မ်ားက ေငြေၾကးအကုန္အက်ခံကာ ေဒါက္တာေစာေ၀လွကို လက္ခ်ာေပးရန္ ဖိတ္ၾကားၾကရသည္ ။
သြားသည့္နိုင္ငံတိုင္းတြင္ ေဒါက္တာေစာေ၀လွ အေမးခံရသည္ ။
“ေဒါက္တာက အေမရိကန္နိုင္ငံသားေတာ့ ဟုတ္ပါျပီ..ဒါေပမယ့္ အာရွမ်ိဳးႏြယ္မဟုတ္လား” ဆိုသည့္ ေမးခြန္း ။
“ဖိလစ္ပိုင္လား ၊ အင္ဒိုနီးရွားလား ၊ ထိုင္းလား”
ထုိသို႕ေမးသည့္အခါတိုင္း သူ စိတ္မေကာင္းျဖစ္ရသည္ ။
ေမးသည့္သူမ်ားသည္ ျမန္မာကို သိၾက၏ ။
သို႕ေသာ္ ထက္ျမက္ထူးခြ်န္ေသာ ပညာေရးနွင့္တြဲစပ္လာလ်က္ ျမန္မာကို စာရင္းထဲမထည့္ ။
ထိုအခါက် ေဒါက္တာေစာေ၀လွ ရင္ကို ေကာ့ျပီး ေျပာျပရသည္ ။
“No No. I am Burmese”
ျမန္မာထဲမွာ ဒီလိုသိပၹံပညာရွင္မ်ိဳး ရွိလား အံၾသတၾကီး ထပ္ေမးၾကသည္ ။
ရွိလုိ႕ မင္းျမင္ေနရတာေပါ့ ေဒါက္တာက အဲ့ဒီလိုပဲ ေျဖတတ္သည္ ။
ျမန္မာျပည္မွ ထြက္ခြာလာခဲ့ေသာ ေဘ့စ္ဂစ္တာသမား ရူပေဗဒ ေက်ာင္းဆရာေလးဘ၀မွ ကမၻာေက်ာ္သိပၹံပညာရွင္ ပေရာ္ဖက္ဆာတစ္ေယာက္ဘ၀အၾကား ဘန္ေကာက္တြင္ သံုးနွစ္ ၊ ဥေရာပတြင္ (၁၁)နွစ္ အေမရိကားတြင္ (၁၄)နွစ္ ။
ဓာတ္ခြဲခန္းေတြ ေဖာ္ျမဴလာေတြၾကားမွာ ေဘ့စ္ဂစ္တာသမားသည္ အမိေျမ ျဖစ္သည့္ ျမန္မာနိုင္ငံကိုေတာ့ မေမ့နိုင္ခဲ့တာ ေသခ်ာသည္ ။
ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အေမရိကန္နွင့္ ဥေရာပနိုင္ငံတို႕မွ ပညာေရးစနစ္ေတြကို သိေစခ်င္သည့္ ဆႏၵ ေဒါက္တာေစာေ၀လွမွာ ရွိေနျပန္သည္ ။
တိုးတက္ေသာပညာေရးစနစ္မ်ားအေၾကာင္း ေဒါက္တာေစာေ၀လွက သူ႕အေတြ႕အၾကံဳနွင့္ယွဥ္ကာ မ်ွေ၀ လိုသည္ ။
ထို႕ေၾကာင့္…………….
(၆)
ပညာေရးစနစ္တစ္ခုကို အျပစ္ထိုင္ေျပာေနလို႕ေတာ့ ဘာအေျဖမွ ထြက္မွာ မဟုတ္ဘူး ။
ဒီေတာ့ သူမ်ားနိုင္ငံက ပညာေရးစနစ္ေတြရဲ႕ ေကာင္းကြက္ ဆိုးကြက္ေတြ အတုယူသင့္တာေလးေတြကို ကြ်န္ေတာ္ရွင္းျပခ်င္တယ္ ။
အေမရိကန္ရဲ႕ တကၠသိုလ္ပညာေရးစနစ္က စျပီး ရွင္းျပမယ္ ။
အေမရိကန္ရဲ႕ တကၠသိုလ္အားလံုးက အဆင့္ဆင့္ေသာပေရာ္ဖက္ဆာေတြအားလံုးဟာ အင္ဒီပန္းဒန္႕ လြတ္လပ္သူေတြပဲ ။
ဘယ္သူ႕လက္ေအာက္မွာမွ ဘယ္သူမရွိဘူး ။
ပေရာ္ဖက္ဆာခန္႕ေတာ့မယ္ဆိုရင္လည္း တကမၻာလံုးကို ေလ်ွာက္လႊာေခၚျပီး အေတာ္ဆံုးလူေတြကို ေ၇ြးခန္႕တယ္ ။
ၾကိဳက္တဲ့ေနရာကလာ အေတာ္ဆံုးလူျဖစ္ရင္ျပီးေရာ ။
ပေရာ္ဖက္ဆာခန္႕ျပီဆိုတာနဲ႕ တကၠသိုလ္အာဏာပိုင္အဖြဲ႕က ေခၚေတြ႕တယ္ ။
ပေရာ္ဖက္ဆာမွန္ရင္ ကို္ယ္ပိုင္ ဓာတ္ခြဲခန္းရွိရမယ္ ။ အဲ့ဒီအတြက္ လိုအပ္တဲ့ေငြကိုေျပာ ။ ေဒၚလာနွစ္သန္းလိုလား ။ နွစ္နွစ္အတြင္းမွာ အဲ့ေငြကို ကုန္ေအာင္သံုး ။ ျပီးသြားရင္ ေငြတစ္ျပားမွ မေပးေတာ့ဘူး ။
ျပီးေတာ့ ထူးျခားတာက PhD ေက်ာင္းသားေတြကို သက္ဆိုင္ရာပေရာ္ဖက္ဆာက လစာေပးရတယ္ ။
ကြ်န္ေတာ္တို႕ အုိဟိုင္းယို တကၠသိုလ္မွာဆို PhD ေက်ာင္းသားတစ္ေယာက္ကို တစ္နွစ္ ေဒၚလာ နွစ္ေသာင္းေပးရတယ္ ။
ပေရာ္ဖက္ဆာက ဘာေၾကာင့္ PhD ေက်ာင္းသားေတြကို လစာေပးရသလဲ ။ ကြ်န္ေတာ္ရွင္းျပမယ္ ။
ပေရာ္ဖက္ဆာတစ္ေယာက္မွာ တာ၀န္သံုးခုရွိတယ္ ။
တစ္ခုက တကၠသိုလ္မွာ စာသင္ရတယ္ ။ တစ္ပတ္ကို ေလးနာရီထက္ပိုမမ်ားပဲသင္ရတယ္ ။
ရိုးရိုးတန္းနဲ႕ ဂုဏ္ထူးတန္းေက်ာင္းသားေတြကို သင္ရတာ ။
ဒုတိယတာ၀န္က PhD ေက်ာင္းသားေတြနဲ႕ သုေတသနလုပ္ရတယ္ ။
တတိယတာ၀န္က အေမရိကန္အစိုးရက ေတာင္းတဲ့အၾကံဥာဏ္ေတြေပးရတယ္ ။
အဲဒီသံုးခု ကို အဓိက လုပ္ရတယ္ ။
စာသင္တာအတြက္က လစာရတယ္ ။
သုေတသနပိုင္းက်ေတာ့ ေငြေၾကးကို ကိုယ့္ဘာသာရွာရတယ္ ။
ဘယ္လိုရွာရသလဲဆိုေတာ့ နာနို နည္းပညာဆို သူနဲ႕ပတ္သက္တဲ့ ကုမၼဏီေတြရွိတယ္ ။
သူတို႕ကို ကြ်န္ေတာ္တို႕ သုေတသနလုပ္မယ့္ပေရာ့ဂ်က္နဲ႕ပတ္သက္ျပီး ေျပာျပရတယ္ ။
သူတို႕က ေငြေၾကးခ်ေပးမယ္ ။ သုေတသနေအာင္ျမင္သြားတဲ့နည္းပညာကို သူတိုု႕နဲ႕ အက်ိဳးတူသံုးစြဲမယ္ ။
အေမရိကန္မွာ ျမန္မာနဲ႕မတူတာတစ္ခုက ေဆးတကၠသိုလ္ကိစၥပဲ ။
အေမရိကန္မွာက ေဆးတကၠသိုလ္ကို တိုက္ရိုက္တက္ခြင့္မရွိဘူး ။
ပထမသိပၹံ ဒီဂရီဘြဲ႕တစ္ခုခုရျပီးမွ ေဆးေက်ာင္းကို ေလ်ွာက္ခြင့္ရွိတယ္ ။
အေျခခံပညာတန္းျပီးရံုနဲ႕ ေဆးတကၠသိုလ္၀င္ခြင့္မရွိဘူး ။
ဒီဂရီနွစ္ခုရမွ ဆရာ၀န္ျဖစ္တဲ့အတြက္ ေဒါက္တာ လို႕ သတ္မွတ္တာ ။ပေရာ္ဖက္ဆာေတြနဲ႕ အဆင့္တူသတ္မွတ္လိုက္ျပီး ေဒါက္တာလို႕ေခၚၾကတာ ျဖစ္တယ္ ။
ကြ်န္ေတာ္တို႕ကိုလစာေပးတာကလည္း အစိုးရမဟုတ္ဘူး ။ First Year ေက်ာင္းသားေတြ ။
ပထမနွစ္ ေက်ာင္းသားေတြက ကြ်န္ေတာ့္ရဲ႕ ေဘာစ္ေတြ ။ အလုပ္ရွင္ေတြ ။
ကြ်န္ေတာ့္အတန္းကိုလာတက္တဲ့ ပထမနွစ္ေက်ာင္းသားေတြက ကြ်န္ေတာ့္စာသင္ပံုေပၚ မူတည္ျပီး ကြန္မန္႕ေတြေပးၾကရတယ္ ။
သူတို႕ကြန္မန္႕ေတြေပၚ မူတည္ျပီး တကၠသိုလ္က ကြ်န္ေတာ္တို႕ရဲ႕ လစာအတိုးအေလ်ာ့ေတြ ၊ ရာထူးအတိုးအေလ်ာ့ေတြကို ဆံုးျဖတ္တယ္ ။
သူတို႕ကလည္း တကယ့္ကို မွန္မွန္ကန္ကန္ အကဲျဖတ္ၾကတာ ။
မၾကိဳက္ရင္ မၾကိဳက္ဘူး ၾကိဳက္ရင္ၾကိဳက္တယ္ ပဲ ။
ပထမနွစ္၀က္မွာ ေက်ာင္းသားေတြက ပေရာ္ဖက္ဆာကို ကြန္မန္႕ေရးတဲ့အခ်ိန္ ကြ်န္ေတာ္တို႕က အထဲမ၀င္ရဘူး ။
သူတို႕က ေရးျပီးသားေတြကို မဲပံုးထဲ ထည့္ခဲ့တာ ။
အဲဒါကို တကၠသိုလ္ဘုတ္အဖြဲ႕က ၾကည့္ျပီး ပေရာ္ဖက္ဆာကို မိတၳဴေပးတယ္ ။
ကြ်န္ေတာ္တို႕ အဲ့ဒီမွာ ကိုယ့္အားနည္းခ်က္ကို ဖတ္ျပီး လိုအပ္တာရွိ ျပဳျပင္ရတယ္ ။
အထက္က ဆရာက ကိုယ္မသိတဲ့ အားနည္းခ်က္ကို တပည့္ေတြက ေထာက္ျပတာျဖစ္တဲ့အတြက္ ကိုယ့္ကိုကုိယ္ ျပန္ျပဳျပင္နိုင္လာတယ္ ။
သူတို႕နိုင္ငံရဲ႕ စနစ္မွာက အထက္ကလူရဲ႕ ရပ္တည္ခ်က္ကို ေအာက္ကလူမ်ားစု က အကဲျဖတ္ ဆံုးျဖတ္ေပးတာပဲ ။
ကြ်န္ေတာ္တုိ႕ကို ေက်ာင္းသားေတြက ေစာင့္ၾကည့္အကဲျဖတ္သလို ကြ်န္ေတာ္တို႕ကလည္း သမၼတတို႕ ဒုသမၼတတို႕ အစိုးရအဖြဲ႕တို႕ကို ေစာင့္ၾကည့္အကဲျဖတ္ရတယ္ ။
ကြ်န္ေတာ္တို႕ဆီက တကၠသိုလ္ဆိုတာ ေဆးေကာလိပ္ပါတယ္ ။ နည္းပညာေကာလိပ္ပါတယ္ ။ အျခားအသက္ေမြးေကာလိပ္ေတြပါတယ္ ။ ကိုယ္ပိုင္ဓာတ္ခြဲခန္းေတြရွိတယ္ ။ ကိုယ္ပိုင္ေလယာဥ္ကြင္းေတြ . ကိုယ္ပိုင္ဂ်က္ေလယာဥ္ေတြရွိတယ္ ။
ပေရာ္ဖက္ဆာ အေယာက္ (၇၆၀)ေက်ာ္ရွိတယ္ ။
တစ္နွစ္မွာ အေကာင္းဆံုးပေရာ္ဖက္ဆာတစ္ေယာက္ကို ဆုေပးေလ့ရွိတယ္ ။
(၂၀၀၆)ခုနွစ္မွာ အေကာင္းဆံုးပေရာ္ဖက္ဆာဆု ကြ်န္ေတာ္ရခဲ့တယ္ ။
အဲ့ဒီဆု ဘာလို႕ရသလဲ ။
ေက်ာင္းသားေတြေပးတဲ့ကြန္မန္႕ေတြဖတ္ျပီး ကြ်န္ေတာ္ ကိုယ့္ကိုကိုယ္ ျပဳျပင္ခဲ့လို႕ ရတာ ။
ဒါကေတာ့ အေမရိကားပညာေရးစနစ္ရဲ႕ ဆရာေတြနဲ႕ ပတ္သက္တဲ့ကိစၥပါပဲ ။

(၇)
ျမန္မာနိုင္ငံရဲ႕ အေျပာင္းအလဲကို ေ၀ဖန္ရရင္ေတာ့ ေျပာင္းတာျမန္ပါတယ္ ။
အထဲကလူထက္စာရင္ အျပင္က လာတဲ့လူအေနနဲ႕ ပိုျမင္သာတယ္ ။ မနွစ္က ကြ်န္ေတာ္ျပန္လာတာ တစ္လၾကာတယ္ ။
ျမန္မာျပည္ကေတာ္ေတာ္ေကာင္းလာတယ္ေပါ့ ။ ေဟာ့ အခု ဒီနွစ္ျပန္လာေတာ့ ပိုေကာင္းလာတယ္လို႕ ျမင္တယ္ ။
မနွစ္က ျပန္လာတုန္းကဆို ကြ်န္ေတာ္သူငယ္ခ်င္းေတြနဲ႕ မုိးခ်ဳပ္သြားေတာ့ တကၠစီငွားျပန္တယ္ ။
႒ျပည္လမ္းေပၚေရာက္ေတာ့ တကၠစီသမားက ဆက္မသြားရဲေတာ့ဘူး ။ ေရွ႕မွာက ျပိဳင္ကားေတြ ကိုးစီးေလာက္ရွိတယ္ ။
သူတို႕က ညဘက္ ကားျပိဳင္ၾကမွာ ။
က်န္တဲ့ကားေတြလည္း အကုန္ေၾကာက္ျပီး ရပ္ေနၾကရတယ္ ။
လူေတြသြားတဲ့လမ္းမွာ ကားလာျပိဳင္တာ အံၾသဖို႕ေကာင္းတယ္ ။ အေမရိကန္လိုေနရာမ်ိဳးမွာ ကာျပိဳင္ပြဲေတြရွိတယ္ ။
ဒါေပမယ့္ လူေတြသြားတဲ့လမ္းမွာ ဘယ္သူမွ မျပိဳင္ၾကဘူး ။
ဒီတစ္ေခါက္ျပန္လာေတာ့ အဲ့ဒါေတြ မေတြ႕ရေတာ့ဘူး ။ အဲဒါ မ်ွတလာတဲ့သေဘာပဲ ။
တစ္နွစ္ထက္တစ္နွစ္ ပိုျပီး လူေတြ စည္းကမ္းရွိလာသလို တိုးတက္လာတာေတြ႕ရတယ္ ။
အခု ျမန္မာဆို နိုင္ငံတကာက အရမ္းစိတ္၀င္စားၾကတယ္ ။
ကြ်န္ေတာ္ ျမန္မာပတ္စ္ပို႕ကိုင္ျပီး မ်က္နွာငယ္ခဲ့ရတဲ့အခ်ိန္ေတြရွိတယ္ ။
အခု ကြ်န္ေတာ္အေမရိကန္နိုင္ငံသားခံယူလိုက္ေတာ့မွ ျမန္မာက ဂုဏ္ယူစရာျဖစ္လာတယ္ ။
အခု ကြ်န္ေတာ့္ကို သူငယ္ခ်င္းသိပၹံပညာရွင္ေတြက လာေျပာၾကတယ္ ။ မင္းဇာတိ ျမန္မာနိုင္ငံမွာ ကြန္ဖရင့္ လုပ္ေပးပါ ။
ငါတို႕အေတာ္ဆံုးသိပၹံပညာရွင္ေတြ လက္ခ်ာလာေဟာေျပာၾကမယ္ေပါ့ ။
သူတို႕က အရမ္းလာခ်င္ေနၾကတယ္ ။
ကြ်န္ေတာ္ကလည္း ခဏေစာင့္ခိုင္းထားရတယ္ ။
ကို္ယ့္စီက ပညာေရးက နည္းနည္းေလး လိုက္မမွီေသးတာေတြ႕ရတယ္ ။
တစ္ေန႕ေတာ့ ျဖစ္ကို ျဖစ္လာရမွာပါ ။

(၈)
ကြ်န္ေတာ္ သိပၹံပညာရွင္တစ္ေယာက္ျဖစ္ဖို႕အတြက္ ပတ္၀န္းက်င္ ၊ ဗီဇ ၊ ၀ါသနာ ဘာေၾကာင့္လဲဆိုတာ သံုးသပ္ရရင္ ကြ်န္ေတာ္က ဗီဇ ေၾကာင့္လို႕ပဲ ယူဆတယ္ ။
ပတ္၀န္းက်င္ေၾကာင့္သာဆိုရင္ ကြ်န္ေတာ္ အဲ့ဒီတုန္းက စစ္ဗိုလ္ျဖစ္ေနျပီ ။အဲဒီတုန္းက ပတ္၀န္းက်င္မွာ ဗိုလ္ျဖစ္တာ ပိုဂုဏ္ယူဖို႕ေကာင္းတယ္ေလ ။
ေနာက္ ကံ ဆိုတာ အလုပ္ေနာက္ကို လိုက္တာပဲ ။
အားလံုးေတာ့ ကိုယ္လုပ္တိုင္းမေအာင္ျမင္နိုင္ဘူး ။
ဥပမာ မႏၱေလးသြားခ်င္တယ္ မႏၱေလးသြားတဲ့လမ္းေပၚလမ္းေရာက္ေနတယ္ သြားလည္းသြားေနတယ္ဆိုရင္ ေရာက္ဖို႕ ရာခိုင္ႏႈန္းမ်ားတယ္ ။
သြားခ်င္တဲ့စိတ္သာရွိျပီး မႏၱေလးလမ္းေပၚမဟုတ္ျပန္ရင္လည္း ေရာက္ဖို႕မလြယ္သလို လမ္းေပၚေရာက္လ်က္နဲ႕ ဆက္မသြားရင္လည္း မႏၱေလးက ေ၀းေနမွာပဲ ။
ကိုယ္ ဒါကို လုပ္ခ်င္တယ္ ဒီလမ္းေပၚလမ္းေရာက္ေနတယ္ဆို ေအာင္ျမင္ျခင္းအတြက္ စိတ္ပဲလိုပါတယ္ ။
အားလံုးကို ကြ်န္ေတာ္ ကိုယ့္အစြမ္းအစနဲ႕ လုပ္ခဲ့တာခ်ည္းပဲ ။
(၆၄)ေဒၚလာကေန စခဲ့တဲ့ဘ၀ ကိုယ့္ဘာသာ ၾကိဳးစားခဲ့တဲ့အတြက္ ကို္ယ့္ကိုကိုယ္ ဂုဏ္ယူတယ္ ။
လူငယ္တစ္ေယာက္ဟာ ဖေယာင္းလိုပဲ ။
ကိုယ္လိုခ်င္တဲ့ေနရာကို ပတ္၀န္းက်င္နဲ႕ ဗီဇက ေျပာင္းလဲျဖစ္တယ္ ။
သူ႕ သူငယ္ခ်င္းေတြအားလံုးက ခိုးဆိုးေနသူခ်ည္းပဲဆိုရင္ သူပင္ကိုယ္စရိုက္ဘယ္ေလာက္ေကာင္းေကာင္း သူခိုးျဖစ္လာဖို႕မ်ားတယ္ ။
အဲ့ဒီအရြယ္မွာ ဗီဇ ဟာ မပီျပင္ေသးဘူး ။ ဒီေတာ့ ပတ္၀န္းက်င္လႊမ္းမိုးမႈကို ခံရနိုင္ဖို႕ကပဲမ်ားေနတယ္ ။
အစပိုင္းမွာ ပတ္၀န္းက်င္က အေရးၾကီးေပမယ့္ ေနာက္ပိုင္းက် ဗီဇက ပိုအေရးၾကီးလာတယ္ ။
ကြ်န္ေတာ္ပတ္၀န္းက်င္ဆို လက္ရွိေရာက္ေနတဲ့ ဘ၀နဲ႕ ဘာမွ မဆိုင္ဘူး ။
ကြ်န္ေတာ္ပတ္၀န္းက်င္က ဂီတအနုပညာပတ္၀န္းက်င္ ရွိတယ္ ။
အဲဒါကို အတိုင္းအတာတစ္ခုထိေအာင္ျမင္ေအာင္လုပ္ခဲ့တယ္ ။ လမ္းလြဲမသြားဘူး ။
အဲဒီကတဆင့္ ဘ၀မွာ တစ္ေယာက္တည္းရုန္းကန္ခဲ့ရတယ္ ။ အတက္ေတြ ။ အက်ေတြ ။
အခုအခ်ိန္မွာ တစ္ကေနျပန္စရမယ္ဆိုရင္လည္း ကြ်န္ေတာ့္ဘ၀ကိုဒီအတိုင္းပဲေက်နပ္တယ္ ။
မေကာင္းခဲ့တာလည္းေက်နပ္တယ္ ။ ေကာင္းခဲ့တာလည္းေက်နပ္တယ္ ။
အဆိုးကို မသိရင္ အေကာင္းဟာ ဘယ္ေလာက္အရသာရွိတယ္ဆိုတာ မသိနိုင္ဘူး ။
ဘ၀ ဟာ ဒုကၡရွိတယ္ ။ ဒုကၡကို တည္တည္ျငိမ္ျငိမ္ရင္ဆိုင္ရမယ္ ။ တစ္ခ်ိန္က် ေက်ာ္လႊားနိုင္သြားတာပဲ ။
ေအာင္ျမင္တဲ့အခါလည္း ေမာက္မာေထာင္လႊားစရာမလိုဘူး ။
သူမ်ားက ကိုယ့္အေပၚမေကာင္းတာ သူ႕ျပသနာ ။ ကိုယ့္ျပသနာမဟုတ္ဘူး ။
သူတို႕ မေကာင္းတာကို ကုိယ္က စိတ္ဆိုးမိျပီဆိုတာနဲ႕ ကိုယ့္ျပသနာျဖစ္သြားျပီ ။
ဗီဇ ဆိုတာ ကိုယ္က ေတာ္တာမဟုတ္ဘူး ။ ကိုယ္ ဘာကို ေတာ္လဲ ဆိုတာကို ရွာေဖြေတြ႕ရွိသြားတာ ။
အေရးၾကီးဆံုးက ကိုယ့္ကိုကိုယ္ မလိမ္နဲ႕ ။ ကိုယ့္ကိုကိုယ္လိမ္ရင္ သူမ်ားကိုလိမ္ဖို႕ ပိုလြယ္သြားျပီ ။
ကိုယ့္ကိုကိုယ္ သိရင္ ေအာင္ျမင္ဖို႕ နီးစပ္သြားျပီ ။
ကိုယ္ဘာလုပ္ခ်င္တယ္ဆိုတာကို ကိုယ္ေသခ်ာသိျပီး ေလ့လာအားစိုက္မႈနဲ႕ ၾကိဳးစားမႈေပါင္းစပ္ရင္ တစ္ခ်ိန္မွာ ကိုယ္လိုခ်င္တဲ့ေအာင္ျမင္မႈကို ရကို ရမယ္ ။
(၉)
ေဒါက္တာေစာေ၀လွ
ေအာင္ျမင္ေသာ ျမန္မာတိုင္းရင္းသား သိပၹံပညာရွင္ ။
ကြ်န္ေတာ္တို႕သည္ စနစ္ဆိုးေခတ္ဆိုးမ်ားၾကားတြင္ ျမန္မာျပည္ဖြား အာဂလူသားမ်ားကို သူမ်ားထံသို႕ ေပးလိုက္ၾကရသည္ ။
တန္ဖိုးထားသူနွင့္ တန္ဖိုးမထားသူၾကား လူသား၏ အရည္အေသြး အဆင့္အတန္းသည္ မ်ားစြာ ကြာျခားသြားခဲ့ျပီ ။
ရန္ကုန္တကၠသိုလ္မွ ေဘ့စ္ဂစ္တာသမား ေက်ာင္းဆရာေလးသည္ ကမၻာေက်ာ္သိပၹံပညာရွင္ၾကီး ျဖစ္လာခဲ့သည္ ။
အေမရိကန္နိုင္ငံ၏ ဓာတ္ခြဲခန္းတစ္ခုထဲတြင္ ျမန္မာျပည္က ေဘ့စ္ဂစ္တာသံသည္ သံစဥ္အသစ္မ်ားျဖင့္ သိပၹံကၾကိဳးကို တီးခတ္ေနဆဲ…….။

ခက္ေဇာ္

Credit to ခက္ေဇာ္
.................................
ဓာတ်ခွဲခန်းထဲက ဘေ့စ်ဂစ်တာ (သို့) ကမ္ဘာ့အတော်ဆုံးသိပ္ဖံပညာရှင်(၁၀၀)ထဲမှ မြန်မာလူမျိုး နာနိုသိပ္ဖံပညာရှင် ပရော်ဖက်ဆာဒေါက်တာစောဝေလှ
(Real Lives Real Stories)
……………………………………………………………………………
(၁)
Saw Wai Hla, Ph.D.
Professor,Physics and Astronomy Department
Nanoscale and Quantum Phenomena Institute
Ohio University , USA
(၂)
“တစ်နေ့နေ့ တစ်ချိန်ချိန်ကျ ဘဝမှာ နိုင်ငံတကာက သိတဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ရမယ်”
၁၉၈၂ ခုနှစ်
စိန်သြဂတ်စတင်းကျောင်းသား ၊ လီယိုဟေမာန် တီးဝိုင်းရဲ့ (၁၆)နှစ်သား ဘေ့စ်ဂစ်တာသမားလေး စောဝေလှ ရဲ့ တစ်ချိန်က ရည်မှန်းချက် ။
စောဝေလှ အဖေက မဆလအစိုးရလက်ထက် စက်မှု(၂) ၀န်ကြီးဌာန မှာ ဒုဝန်ကြီးတာဝန်ယူခဲ့ဖူးသည် ။
မိခင်ဖြစ်သူ ကျောင်းဆရာမ ။
စစ်တွေဇာတိ မိဘနှစ်ပါးကနေ မွေးလာတဲ့ ရန်ကုန်သား ရခိုင်လူမျိုးလေး စောဝေလှ ရဲ့ ဂစ်တာသမားဘဝက အောင်မြင်ခဲ့သည် ။
အချိန်တိုအတွင်း မာလာဆောင်ရှေ့အုတ်ခုံမှသည် မြန်မာ့အသံတွင် သီချင်းသုံးပုဒ်လွှင့်ခွင့်ရခဲ့သည် ။
သင်္ကြန်စင်မြင့်များထက်တွင် လီယို နှင့်အတူ ဘေ့စ်သမားဘဝကို အောင်မြင်စွာကျော်ဖြတ်နေခဲ့ပြီ ။
ဂစ်တာသည်သာ ဘဝ ၊ ဂစ်တာသည် သာ ရည်မှန်းချက် ။
စာသင်နှစ်များမှာလည်း အတန်းမှန်မှန်မတက် ၊ ဂစ်တာကို စာအုပ်တွေထက် ပိုဖက်တွယ်မိခဲ့သည့် စောဝေလှ ။
သို့သော်လည်း ဘုရားပေးသည့် ဉာဏ်ပညာကား စောဝေလှဘက်မှာ ရှိသည် ။
ဂစ်တာတီးရင်းတစ်နှစ်တစ်တန်းမှန်မှန်တက်ကာ တက္ကသိုလ်နေ့စွဲများကို အလွယ်တကူဖြတ်ကျော်နိုင်ခဲ့၏။
၁၉၈၅ ရူပဗေဖြင့် ဘွဲ့ရခဲ့ပြီ ။
ဘွဲ့ရလျင် အလုပ်လုပ်ရတော့မည် ။ စောဝေလှက ဂစ်တာပဲ တီးချင်သည် ။ ဒီတော့ ဘာလုပ်ရမလဲ ။
ရူပဗေဒ ဘာသာရပ်ဖြင့် မာစတာဆက်တတ်သည် ။ ကျောင်းသားဘဝ မှာပဲ ဂစ်တာ က လွတ်လွတ်လပ်လပ်တီးခွင့်ရှိမည် မဟုတ်လား ။
မာစတာတက်ရင်း ဂစ်တာတီးသည် ။ လီယိုဝိုင်းတော်သားများဖြင့် ပွဲတော်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။
အင်းလျားလိတ်မှ မင်္ဂလာဆောင်ပွဲတွေမှာလည်း တစ်ပတ်ကို သုံးရက်လောက် လီယိုက တီးရသည် ။
စတိတ်ရှိုးတွေ ၊ မွေးနေ့ပွဲတွေမှာ ဆူဆူညံညံသိပ်မရှိသော လီယို ကို ငှားရမ်းကြသည် ။
ဂစ်တာတီးသည့် ငွေဖြင့် ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့သည် ။
၁၉၈၆ မှာ စက်မှုကျောင်းကဘွဲ့ရသူငယ်ချင်းတွေ ၊ ရာဇူးက သူငယ်ချင်းများအဆွယ်ကောင်းသဖြင့် တပ်မတော်ဗိုလ်လောင်းသင်တန်းကျောင်း OTS ၀င်ခွင့်ကို သွားဖြေလိုက်သည် ။
တက္ကသိုလ်မှ ဆရာများကလည်း သူ့ကို ကျောင်းတွင် သရုပ်ပြဆရာပြန်လုပ်ရန် တိုက်တွန်းကြသည် ။
ဒါလည်း သွားလျှောက်လိုက်သည် ။
လျှောက်ထားသည့် အလုပ်နှစ်ခုလုံးက မီးစိမ်းပြလာပြီ ။
တက္ကသိုလ်ကျောင်းဆရာလုပ်မလား ။ စစ်ဗိုလ်လုပ်မလား ။
စာသင်ခန်းနှင့် စစ်မြေပြင် ၊ တိုက်ပုံအင်္ကျီနှင့် ယူနီဖောင်း ၊ မြေဖြူခဲနှင့် သေနတ် ၊ လက်ချာစင်မြင့်နှင့် ပခုံးပေါ်က အပွင့်..။
တလက်လက်တောက်ပနေသည့် အနာဂတ်များအား ချွန်မြရင်း လမ်းဆုံမှာ ရောက်နေသည့် လူငယ်စောဝေလှ ။
ဘာကိုရွေးမလဲ ။
အသက်မွေးဝမ်းကြောင်းတစ်ခုကို လုပ်ကိုင်ရင်း ဘဝရဲ့ တပ်မက်အရူးသွပ်ဆုံး ဂစ်တာကို ကိုလဲ ကိုင်ခွင့်ရမည့် အလုပ်မျိုးက ဘာဖြစ်မလဲ ။
စစ်တပ်မှာတော့ ဂစ်တာ ကို ကိုင်ခွင့်ရမည်မဟုတ် ။
တက္ကသိုလ်ဆရာဘဝ နဲ့ ဂစ်တာတီးလို့ က အိုကေမည် ။
ဒီတော့…
“ကျွန်တော်တို့ တပ်ထဲ မဝင်ချင်တော့ပါဘူး ။ အဲဒါလေး လာပြောတာပါ”
“ဘာ..မင်းတို့ကို ဗိုလ်သင်တန်းတက်ဖို့ ရွေးပြီးသွားပြီ ။ အခုတမျိုးတော်ကြာတစ်မျိုးနဲ့ အလုပ်လာရှုပ်တယ် ။ စစ်တပ်ကွ..စစ်တပ်…မင်းတို့ ပထွေးအိမ်မဟုတ်ဘူး..”
မှော်ဘီရှိ ဗိုလ်ရွေးအဖွဲ့မှ အရာရှိများ၏ ဆဲသံကို စောဝေလှနှင့် သူငယ်ချင်းဖြစ်သူတို့ ဇက်ကလေးပုကာ နားသောတဆင်ရင်း ကုတ်ကုတ်လေးထွက်လာခဲ့ရသည် ။
မတတ်နိုင် ။ ဂစ်တာ နှင့် စစ်သား ဘယ်လိုမှ မအပ်စပ် ။
သူတို့က သေနတ်တိုက်ခြင်တာမဟုတ်..ဘေ့စ်ဂစ်တာလေးကို ကြိုးညှိ့ပြီး တီးလုံးတွေပဲ တိုက်ချင်တာ။
မတတ်နိုင် ။

(၂)
၁၉၈၇ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအခြေအနေက ခပ်ယဲ့ယဲ့ ။
စောဝေလှက ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှ သရုပ်ပြဆရာလေး..။
တီးဝိုင်းက သူငယ်ချင်းတွေက နိုင်ငံခြားထွက်သွားကြသဖြင့် လီယိုလည်း ပျက်သွားပြီ ။
(၈၈)အရေးအခင်းကြီးဖြစ်ပြီ ။
တပည့်ကျောင်းသားတွေကြား ၊ သူငယ်ချင်းဆရာတွေကြား လှုပ်လှုပ်ရှားရှားလေးဖြစ်ကုန်သည် ။
စောဝေလှက လစ်ဘရယ်သမား ။ ဒီတော့ သိပ်တော့ ပြင်းပြင်းထန်ထန်ကြီး ၀င်မပါဖြစ်လိုက် ။
ဒီလိုနှင့် တံတားဖြူသည် နီသွားခဲ့ပြီ ။
ဂျဒ်ဆင်သည်လည်း လရိပ်ပြာပြာအောက်မှာ ငုတ်တုတ်မေ့နေခဲ့ပြီ ။
သစ်ပုပ်ပင်ကြီးလည်း အရိပ်ခိုသူတွေမဲ့ခဲ့ပြီ ။
ကျောင်းကြီးက တစ်မျှော်တစ်ခေါ်ပိတ်သွားခဲ့လေပြီ ။
စာသင်ဆဲ MSC ကျောင်းသားတစ်ဖြစ်လဲ ကျောင်းဆရာလေး စောဝေလှ ကျောင်းပိတ်ပြီဆိုတော့ အလုပ်မရှိဖြစ်သွားသည် ။
ဂစ်တာတီးတုန်းက စုထားတဲ့ပိုက်ဆံ ၊ ကျောင်းဆရာဘဝက စုထားတဲ့လစာ ၊ မိဘတွေဆီက နည်းနည်းပါးပါးနှင့် စောဝေလှ စီးပွားရေးလောကထဲ ၀င်သည် ။
စီးပွားရေးလောကဆိုလို့ ကြီးကြီးကျယ်ကျယ်တော့မဟုတ် ။
အဲ့ဒီတုန်းက ခေတ်ရေစီးက ဗီဒီယိုခေတ်ဦးမဟုတ်လား ။
ဒီတော့ စောဝေလှ ဗွီဒီယိုအခွေအငှားဆိုင်လေးတစ်ခု တံတားဖြူမှာ ဖွင့်သည်။
ဗွီဒီယို အောက်စက် (၅)လုံးနှင့် အခွေတွေ ကော်ပီကူးရပြီ ။
ဂစ်တာတီးချင်တဲ့ ကျောင်းဆရာ အခွေဆိုင်ထိုင်ပြီး စာရင်းတွေမှတ်ရပြီ ။
တစ်နှစ်ကြာတော့ လုပ်ငန်းက ထင်သလောက်မအောင်မြင်လာခဲ့ ။
စောဝေလှ ငွေနောက်လိုက်ဖို့ လောကကြီးထဲ ၀င်ခဲ့သည် ။
ရှမ်းပြည်နယ် ၀န်းသိုဘက်ကို ထွက်ပြီး သစ်အရောင်းအဝယ်လုပ်ငန်းဘက်ခြေဦးလှည့်ခဲ့သည် ။
ဂစ်တာတီး ၊ စာသင် ၊ အခွေငှား မြို့ပေါ်က အနုသမားဘဝ က အခု တစ်တောဝင် တစ်တောထွက် သစ်ဝယ်ထွက်ခဲ့ရပြီ ။
တကယ့်ဘဝ ၊ တကယ့်တိုက်ပွဲ ၊ တကယ့်စီးပွားရေးဂွင်ထဲမှာ စောဝေလှ ကျင်လည်ခဲ့သည် ။
အကျိုးအမြတ်ရသမျှ ရဲကိုပေးရသည် ။ သစ်တောကိုပေးရသည် ။ မဝတကို ပေးရသည် ။ ပေးရသည် ။ပေးရသည် ။
တကယ့် လာဘ်ပေးလာဘ်ယူဇုန်ကြီးထဲမှာ စောဝေလှ က သူတို့ကို လုပ်ကျွေးသလိုဖြစ်နေ၏ ။
ဒီတော့ ရန်ကုန်ကို နောက်ကြောင်းပြန်လှည့်လိုက်သည် ။
သူငယ်ချင်းတော်တော်များများကလည်း နိုင်ငံခြားရောက်ကုန်ပြီ ။
ကျောင်းတွေကလည်း ဖွင့်ဖို့ကမသေချာ ။
ဒီတော့ စောဝေလှ နိုင်ငံခြားကို ခြေဆန့်ဖို့ ပြင်သည် ။
ပတ်စ်ပို့ ၊ ဗီဇာရပြီးနောက် (၆၄)ဒေါ်လာကို အိတ်ကပ်ထဲထည့်ကာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည် ။
ဒေါင်ကျကျ ပြားကျကျ ဘဝကို အဓိပါယ်ရှိရှိတော့ ထူထောင်ရတော့မည် ။
ဘန်ကောက်လေဆိပ်တွင် လီယိုတီးဝိုင်းတုန်းက သူငယ်ချင်း ကိုအောင်မင်းတို့က လာကြိုသည် ။
ကိုအောင်မင်းတို့ဆီမှာ သူတည်းရမည် ။
သို့သော် ရောက်ရောက်ခြင်း ကိုအောင်မင်းတို့ နေသည့်နေရာကို သူမသွားရသေး ။
ကိုအောင်မင်း တို့က ဘန်ကောက်ရှိ ဘားများတွင် ဂစ်တာလိုက်တီးနေသည်။
အခုလဲ ဘားမှာ ဂစ်တာသွားတီးရမည် ။
ဒီတော့ စောဝေလှ ဘားကို လိုက်ခဲ့ ။ ပွဲပြီးမှ အိမ်အတူပြန်ကြမည် ။
ဘန်ကောက်ရောက်ရောက်ခြင်း သေတ္တာကို ဆွဲကာ ကိုအောင်မင်းတို့ဂစ်တာတီးမည့် ဘားကို လိုက်သွားလိုက်သည် ။
ဟိုရောက်တော့ ရုပ်ရှင်မင်းသားကိုမြင့်တို့လည်း တီးဝိုင်းအဖွဲ့မှာ ပါနေသည် ။
သေတ္တာလေးကိုချကာ သူတို့တီးတာထိုင်ကြည့်ရင်း ကိုအောင်မင်းတို့က ၀င်တီးဖို့ ဖိတ်ခေါ်သည် ။
မြန်မာပြည်သား ဘေ့စ်ဂစ်တာလစ် စောဝေလှ ၏ ဂီတ ကို ဘန်ကောက်သို့ ပထမဆုံးခြေချသည့်နေ့မှာပင် ထိုင်းတွေကို ပြသခွင့်ရခဲ့သည် ။
(၃)
စောဝေလှတစ်ယောက် ဘန်ကောက်ရောက်ရောက်ခြင်းကိုအောင်မင်းတို့နှင့်အတူ ဂစ်တာတီးသည့် အလုပ်ကို ရပြီ ။
ကိုအောင်မင်းတို့နှင့်အတူနေသည်။
ကိုအောင်မင်းတို့နေတာက ဘန်ကောက် အေးဘတ်တက္ကသိုလ်ဝန်းထဲတွင် ။
ဒီတော့ တက္ကသိုလ်ထဲတွင် မြန်မာပြည်မှထွက်ခွာလာကြသည့် တက္ကသိုလ်ဆရာအသိုင်းအဝိုင်းကလည်း ရှိနေသည် ။
ဘန်ကောက်ရောက်ပြီး နောက်တစ်နေ့တွင်ပင် စောဝေလှ မာစတာတန်းတက်ခဲ့စဉ်က ဆရာရင်း ဒေါက်တာခိုင်ညွန့်နှင့် တက္ကသိုလ်တွင်းလမ်းတစ်ခုတွင် ဆုံမိကြသည် ။
ဘန်ကောက်တွင် အင်ဂျင်နီယာကောလိပ်ကို စဖွင့်စအချိန်ဖြစ်သဖြင့် ဆရာအင်အားက လိုနေသည် ။
ထိုင်းနိုင်ငံရှိ တက္ကသိုလ်တော်တော်များများက မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ အလုပ်ထွက်လာကြသည့် ပညာရှင်မြန်မာဆရာတို့၏ အင်အားဖြင့် သူတို့နိုင်ငံ၏ ပညာရေးကို တည်ဆောက်နေချိန် ။
ရန်ကုန် RIT မှ ဒေါက်တာဝင်းတင် ၊ ဒေါက်တာခိုင်ညွန့်တို့က စောဝေ ကို ဘန်ကောက်မှာ တက္ကသိုလ်ဆရာလုပ်ဖို့ ကမ်းလှမ်းသည် ။
အိုခေ…စောဝေ ခေါင်းညိတ်လိုက်ပြီ ။
ဘန်ကောက်သို့ရောက်ပြီး နှစ်ရက်အတွင်းတွင် ဂစ်တာတီးသည့်အလုပ်ရော ၊ တက္ကသိုလ်ဆရာအလုပ်ကိုပါ စောဝေလှ တစ်ပြိုင်တည်းရရှိလိုက်သည် ။
ကံကြမ္မာကား ကိုယ့်ဘက်မှာ စောဝေလှဘက်မှာ အသာစီး ။
ရုပ်ရှင်မင်းသား ကိုမြင့်တို့နှင့်အတူ ဘန်ကောက်တွင် တစ်နှစ်ဂစ်တာတီးသည် ။
နေ့ပိုင်းတွင် စာသင် ညပိုင်းတွင် ဘားမှာ ဂစ်တာလိုက်တီးသည် ။
ဘန်ကောက်ရှိ စီယံပတ်ခ် ဆိုသည့်နေရာတွင် စနေတနင်္ဂနွေ အားလပ်ရက်များတွင် ဂစ်တာတီးသည် ။
ဘန်ကောက်နေ့စွဲများသည် စောဝေလှအတွက် အပျော်ရွှင်ဆုံးဖြတ်သန်းမှုများဖြစ်ခဲ့ရ၏ ။
ကိုယ်တီးချင်သည့် ဂစ်တာလည်း တီးရသည် ။ စာသင်သည့်အလုပ်ကိုလည်း မစွန့်လွှတ်ရ ။
ဒီလိုနှင့် တစ်နှစ်ကျော်ကာလကို အသာလေးဖြတ်သန်းသွားနိုင်ခဲ့၏ ။
တစ်ရက်တော့ အီတလီနိုင်ငံတွင် ရူပဗေဒဘွဲ့လွန်သင်တန်းတစ်ခုအတွက် စကောလားရှစ်လျှောက်လွှာတစ်စောင် ကို စောဝေလှ သွားတွေ့သည် ။
လှမ်းလျှောက်ကြည့်သည် ။ စကောလားရှစ်ရသည် ။အဆင်ပြေသည် ။
ဒီတော့ ထိုင်းတက္ကသိုလ်ကလည်း အီတလီသွားရန် ခွင့်ပြုလိုက်သည်။ လစာရနေမည် ။ ပညာသင်ပြီးပြန်လာလျှင် ဒီတက္ကသိုလ်တွင်ပင် ရာထူးတိုး လစာတိုးဖြင့် ဆရာပြန်ဝင်လုပ် ။
ထိုင်းတွေက အကွက်မြင်သည် ။ ပညာတတ်၏ တန်ဖိုးကို သိသည် ။ ဆွဲဆောင်သည် ။
ထိုကာလတွင် မြန်မာပြည်တွင်တော့ ကျောင်းများက တံခါးပိတ်ထားဆဲ ။
ဘန်ကောက်မှသည် အီတလီ သို့ မြန်မာပြည်သားဘေ့စ်ဂစ်တာသမား ရူပဗေဒဆရာပေါက်စ စောဝေလှ ခရီးဆက်ပြီ ။

(၄)
ထိုစဉ်က ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်သော အရင်းရှင်အမေရိကန်နှင့် ကွန်မြူနစ်ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲနောက်ဆုံးနှစ်များဖြစ်သည် ။
အနုမြူသီအိုရီနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုကား ပြင်းထန်နေချိန် ။
ကမ္ဘာ့ကုလသမဂ္ဂ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော ယူနက်စကို ၏ အောက်တွင် ICDP ခေါ် နိုင်ငံတကာရူပဗေဒလေ့လာရေးဌာနရှိသည် ။
ICDP တွင် အမေရိကန်အုပ်စုမှ အနုမြူသိပ္ဖံပညာရှင်များနှင့် ရုရှအုပ်စုဘက်မှ အနုမြူသိပ္ဖံပညာရှင်များ တစ်နှစ်လျှင် (၅၀၀၀)ခန့်တက်ရောက်ကာ ဆွေးနွေးပွဲများပြုလုပ်သည့်အစီအစဉ်ကျင်းပကြသည် ။
ယင်းအစီအစဉ်မှတဆင့် မျိုးဆက်သစ်သိပ္ဖံပညာရှင်များမွေးထုတ်ရန် ပရိုဂရမ်တစ်ခုရေးဆွဲကြသည် ။
တစ်ကမ္ဘာလုံးမှ မျိုးဆက်သစ်သိပ္ဖံပညာရှင် (၁၀) ဦးကို ရွေးချယ်ကာ ပညာသင်ဆုပေးရန် စီစဉ်ခဲ့ကြသည် ။
တစ်ကမ္ဘာလုံးမှ လူခြောက်ရာ ၀င်လျှောက်ကြသည် ။
စောဝေလှက အရွေးခံရသည့် (၁၀)ယောက်ထဲ ပါသွားသည် ။ အီတလီတွင်အင်တာဗျူးဖြေရမည် ။
စောဝေလှ ဗန်ကောက်မှတဆင့် ရောမမြို့သို့ ရောက်သည် ။
ထိုမှတဆင့် အီတလီနှင့် ဆလိုဗေးနီးယား နယ်စပ်ရှိ တူးရစ်ဆိုသည့် ပင်လယ်ကမ်းခြေမြို့လေးသို့ ခရီးဆက်ရသည် ။
ဥရောပသားဆရာတွေက ရှင်းရှင်းပဲပြောသည် ။
စာသင်မည် ။ စာမေးပွဲစစ်မည် ။ အမှတ်မကောင်းလျင် လာရာလမ်းကို ပြန်ပို့မည် ။
သုံးလပြည့်တော့ စောဝေလှ ရန်ကုန်တက္ကသိုလ်မှာ သိထား တတ်ထားသမျှ ပညာရပ်က ကုန်ပြီ ။
ကျန်တာတွေ ဘာမှ မသိတော့ ။
အနောက်သားတွေကြားမှာ ကိုယ်က တစ်ဦးတည်းသော မြန်မာ ။
နောက်ဆုတ်လို့ကမဖြစ် ။ ရှေ့တိုးဖို့ပဲ ရှိတော့သည် ။
ဒီတော့ ဘုရင့်နောင်ဖောင်ဖျက် စောဝေလှ ရှေ့သို့သာ ကုန်းရုန်းတက်ရချေပြီ ။
ပထမသုံးလပတ်စာမေးပွဲ စစ်သည် ။
ဆယ်ယောက်မှာ နှစ်ယောက်ကျသည် ။
ကျသည့် ထဲ မြန်မာပြည်သား စောဝေလှ မပါ ။ အဆင့် B နှင့် အောင်သည် ။
စာမေးပွဲကျသည့် ရိုမေးနီးယားနှင့် ကျူးဘားသားနှစ်ယောက် အိမ်ပြန်သွားရပြီ ။
B ရှေ့မှာ A ရှိသေးသည် ။
ဒုတိယ စာသင်နှစ်ကျ ဘာသာရပ်အားလုံးတွင် စောဝေလှ ရသည်က B ရှေ့က A ။
တတိယစာသင်နှစ်မှာ ဒီဂရီရတော့…စာသင်သားအားလုံးထဲမှာ စောဝေလှ သည် ပထမ ။
မြန်မာပြည်က လူညိုကောင်လေးသည့် ပထမ ။
ဒီတော့ အီတလီတက္ကသိုလ်က စောဝေလှကို PhD ဆက်တက်ဖို့ ကမ်းလှမ်းလာရပြီ ။
အင်္ဂလန်ရှိ လစ်ဗာပူးလ်တက္ကသိုလ်ကလည်း မြန်မာပြည်သားစောဝေလှ ကို စကောလာပေးပြီး ကမ်းလှမ်းလာခဲ့ပြီ ။
အမြဲတမ်းလမ်းဆုံမှာ ရွေးရခက်သည့် စောဝေလှ ။
ဂစ်တာကိုချစ်သည့်စောဝေလှ သည် တစ်ချိန်က စစ်ဗိုလ်ဘဝနှင့် ကျောင်းဆရာဘဝတွင် ဂစ်တာနှင့် နီးစပ်သည့် ကျောင်းဆရာဘဝကို ရွေးခဲ့သလို..။
ယခုတစ်ချိန်တွင်လည်း သူ၏ ဥရောပနေ့ရက်များ အစပြုခဲ့ရာ တူးရင့်မြို့မှ တက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ပြန်သည် ။
အီတလီနှင့် စလိုဗေးနီးယားနယ်စပ်မြို့လေး။
၁၉၉၃ တွင် PhD ကျောင်းသားဘဝစပြီ ။
ဒီတော့ အီတလီနှင့် စလိုဗေးနီးယားနှစ်နိုင်ငံခြား သုတေသနခရီးတွေ အကြိမ်ကြိမ်သွားခဲ့ရသည် ။
ပထမဆုံး အီတလီမှ ဆလိုဗေးနီးယားဘက်ခြမ်းသို့ သွားရသည့်ခရီးစဉ်တွင် အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြန်သည် ။
နယ်စပ်မြို့နှစ်မြို့ဖြစ်သဖြင့် ရထားဖြင့်သွားသည့်ခရီးတွင် ရထားတစ်စင်းလုံးတွင် အာရှသားကား စောဝေလှတစ်ယောက်တည်း ။
နယ်စပ်အရောက်တွင် အီတလီရဲမှ ပတ်စ်ပို့လာရောက်စစ်ရင်း စောဝေလှ ပတ်စ်ပို့ကို ယူသွားသည် ။
ပတ်စ်ပို့ပြန်လာမပေးသဖြင့် နာရီဝက်ခန့် ရထားတစ်စင်းလုံးစောင့်နေကြရသည် ။
ခဏနေတော့ အီတာလျံ ရဲ ပြန်ရောက်လာသည် ။
“ဟဲလို မစ္စတာ..ဒီ ပတ်စ်ပို့ က ကမ္ဘာပေါ်မှာ မရှိတဲ့နိုင်ငံ ဖြစ်နေပါတယ်”
စောဝေလှ ခေါင်းစားရပြီ ။
“ရှိပါတယ်..ကျွန်တော်မြေပုံမှာ လိုက်ပြပါ့မယ်”
အစောင့်ရဲ နှင့် စောဝေလှ ရဲစခန်းထဲ ၀င်ပြီး ကမ္ဘာ့မြေပုံရှေ့ မတ်တပ်ရပ်ကြသည် ။ကပ္ဖလီပင်လယ် ၊ ဘင်္ဂလားပင်လယ် ၊ ချိုင်းနား ၊ အိန္ဒိယကြား ဟော့ဒီမှာ.ခြေတစ်ပေါင်ကျိုး နိုင်ငံလေး.။
မြေပုံပေါ်မှာက အီတလီလိုရေးထားသည် ။
မြန်မာ မဟုတ် အီတလီအခေါ် ဘေရ်မန်းနီးယား..တဲ့..။
အီတလီရဲက ခေါင်းတညိတ်ညိတ်နှင့် ပြံုးပြပြီး ခွင့်ပြုလိုက်သည် ။
စလိုဗေးနီးယားအခြမ်း..ရောက်ပြန်ပြီ ။
ထုံးစံအတိုင်း စလိုဗေးနီးယားရဲက မေးသည် ။
စောဝေလှက ဖြေသည် ။
“မြန်မာ”
“၀ိုး မလေးရှား”
“နိုး..မြန်..မာ”
“မရာကာစတာ”
“နိုး..နိုး..ဘားမား”
“အိုး..ဘဟားမား”
စာသင်နှစ်တစ်နှစ်ပတ်လုံး စလိုဗေးနီးယားရဲများအကြား မြန်မာသည် မလေးရှား ၊ မာရာကာစတာ ၊ ဘဟားမား အမျိုးမျိုးဖြစ်ခဲ့ရလေသည် ။
စောဝေလှ PhD ဘွဲ့ရပြီ ။ဒေါက်တာ စောဝေလှ ဖြစ်ပြီ ။ ပရော်ဖက်ဆာစောဝေလှဖြစ်ပြီ ။ သိပ္ဖံပညာရှင် စောဝေလှဖြစ်ပြီ ။
အီတလီတက္ကသိုလ်တွင်ပင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် သင်ပြပေးရန် ကမ်းလှမ်းပြန်သည် ။
ဘာလင်တက္ကသိုလ်တွင် လေးနှစ်တာ စာသင်ကြားရင်း နာနိုရူပဗေဒ ဆက်လက်လေ့လာသည် ။
ထိုသို့လေ့လာရင်း Chemical Reaction ကို မော်လီကျူးတစ်လုံးထဲဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို စောဝေလှ အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည် ။
ကမ္ဘာပေါ်တွင် မည်သည့်သိပ္ဖံပညာရှင်မှ မအောင်မြင်သေးသည်ကို မြန်မာလူမျိုး ပရော်ဖက်ဆာ က ပထမဆုံးအကြိမ်အောင်မြင်ခဲ့သည် ။
၂၀၀၀ ပြည့်နှစ်ကမ္ဘာ့ထိပ်တန်းသိပ္ဖံပညာရှင် (၁၀၀) စာရင်းတွင် စောဝေလှ ပါ၀င်ခဲ့ပြီ ။
ဂစ်တာသမားစောဝေလှ မှ ကမ္ဘာကျော်သိပ္ဖံပညာရှင် စောဝေလှ ဖြစ်ခဲ့ပြီ ။
(၅)
အမေရိကားသည့် ပထမ ဆိုသည့် လူများအတွက် အခွင့်အရေးအများဆုံးပေးကာ စုစည်းသည့်နိုင်ငံဖြစ်သည် ။
၂၀၀၁ အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာ စောဝေလှ ကို ကမ်းလှမ်းလေပြီ ။
Ohio တက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှ လက်ခံလိုက်သည် ။
နှစ်နှစ်အတွင်း တက္ကသိုလ်၏ ရာသက်ပန်ပေါမောက္ခဖြစ်လာသည် ။
အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအဆင့်ပေါမောက္ခ ဒေါက်တာစောဝေလှဖြစ်လာသည် ။
၂၀၁၁ ခုနှစ်အထိ (၁၄)နှစ်အတွင်း PhD ကျောင်းသား (၉)ယောက်ကို ပရော်ဖက်ဆာဒေါက်တာစောဝေလှ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည် ။
မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဆယ်နှစ်အတွင်း PhD ဘွဲ့ရပေါင်း ဒါဇင်များနှင့်ချီကာ ထွက်နေသော်လည်း အမေရိကန်၏ စံနှုန်းအရ PhD ဘွဲ့ (၉)ယောက်ဆိုသည်မှာ များပြားသည့် ဦးရေဖြစ်သည် ။
အမေရိကန်နိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနစီမံကိန်းများတွင်လည်း ဒေါက်တာစောဝေလှ ပါ၀င်ထမ်းဆောင်နေသည်။
ကမ္ဘာ့အနှံတက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာစောဝေလှ ကမ္ဘာပတ်ကာ ဟောပြောပွဲတွေ လုပ်ပေးရသည် ။
တစ်လလျင် ဟောပြောပွဲ နှစ်ခေါက်ထွက်ရသည် ။ နိုင်ငံပေါင်း(၂၀)ကျော် လှည့်လည်ခဲ့ရသည် ။
နိုင်ငံတကာကွန်ဖရင့်တွေ တက်ရသည် ။
သက်ဆိုင်ရာတက္ကသိုလ်များက ငွေကြေးအကုန်အကျခံကာ ဒေါက်တာစောဝေလှကို လက်ချာပေးရန် ဖိတ်ကြားကြရသည် ။
သွားသည့်နိုင်ငံတိုင်းတွင် ဒေါက်တာစောဝေလှ အမေးခံရသည် ။
“ဒေါက်တာက အမေရိကန်နိုင်ငံသားတော့ ဟုတ်ပါပြီ..ဒါပေမယ့် အာရှမျိုးနွယ်မဟုတ်လား” ဆိုသည့် မေးခွန်း ။
“ဖိလစ်ပိုင်လား ၊ အင်ဒိုနီးရှားလား ၊ ထိုင်းလား”
ထိုသို့မေးသည့်အခါတိုင်း သူ စိတ်မကောင်းဖြစ်ရသည် ။
မေးသည့်သူများသည် မြန်မာကို သိကြ၏ ။
သို့သော် ထက်မြက်ထူးချွန်သော ပညာရေးနှင့်တွဲစပ်လာလျက် မြန်မာကို စာရင်းထဲမထည့် ။
ထိုအခါကျ ဒေါက်တာစောဝေလှ ရင်ကို ကော့ပြီး ပြောပြရသည် ။
“No No. I am Burmese”
မြန်မာထဲမှာ ဒီလိုသိပ္ဖံပညာရှင်မျိုး ရှိလား အံသြတကြီး ထပ်မေးကြသည် ။
ရှိလို့ မင်းမြင်နေရတာပေါ့ ဒေါက်တာက အဲ့ဒီလိုပဲ ဖြေတတ်သည် ။
မြန်မာပြည်မှ ထွက်ခွာလာခဲ့သော ဘေ့စ်ဂစ်တာသမား ရူပဗေဒ ကျောင်းဆရာလေးဘဝမှ ကမ္ဘာကျော်သိပ္ဖံပညာရှင် ပရော်ဖက်ဆာတစ်ယောက်ဘဝအကြား ဘန်ကောက်တွင် သုံးနှစ် ၊ ဥရောပတွင် (၁၁)နှစ် အမေရိကားတွင် (၁၄)နှစ် ။
ဓာတ်ခွဲခန်းတွေ ဖော်မြူလာတွေကြားမှာ ဘေ့စ်ဂစ်တာသမားသည် အမိမြေ ဖြစ်သည့် မြန်မာနိုင်ငံကိုတော့ မမေ့နိုင်ခဲ့တာ သေချာသည် ။
မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံတို့မှ ပညာရေးစနစ်တွေကို သိစေချင်သည့် ဆန္ဒ ဒေါက်တာစောဝေလှမှာ ရှိနေပြန်သည် ။
တိုးတက်သောပညာရေးစနစ်များအကြောင်း ဒေါက်တာစောဝေလှက သူ့အတွေ့အကြံုနှင့်ယှဉ်ကာ မျှဝေ လိုသည် ။
ထို့ကြောင့်…………….
(၆)
ပညာရေးစနစ်တစ်ခုကို အပြစ်ထိုင်ပြောနေလို့တော့ ဘာအဖြေမှ ထွက်မှာ မဟုတ်ဘူး ။
ဒီတော့ သူများနိုင်ငံက ပညာရေးစနစ်တွေရဲ့ ကောင်းကွက် ဆိုးကွက်တွေ အတုယူသင့်တာလေးတွေကို ကျွန်တော်ရှင်းပြချင်တယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်ပညာရေးစနစ်က စပြီး ရှင်းပြမယ် ။
အမေရိကန်ရဲ့ တက္ကသိုလ်အားလုံးက အဆင့်ဆင့်သောပရော်ဖက်ဆာတွေအားလုံးဟာ အင်ဒီပန်းဒန့် လွတ်လပ်သူတွေပဲ ။
ဘယ်သူ့လက်အောက်မှာမှ ဘယ်သူမရှိဘူး ။
ပရော်ဖက်ဆာခန့်တော့မယ်ဆိုရင်လည်း တကမ္ဘာလုံးကို လျှောက်လွှာခေါ်ပြီး အတော်ဆုံးလူတွေကို ရွေးခန့်တယ် ။
ကြိုက်တဲ့နေရာကလာ အတော်ဆုံးလူဖြစ်ရင်ပြီးရော ။
ပရော်ဖက်ဆာခန့်ပြီဆိုတာနဲ့ တက္ကသိုလ်အာဏာပိုင်အဖွဲ့က ခေါ်တွေ့တယ် ။
ပရော်ဖက်ဆာမှန်ရင် ကို်ယ်ပိုင် ဓာတ်ခွဲခန်းရှိရမယ် ။ အဲ့ဒီအတွက် လိုအပ်တဲ့ငွေကိုပြော ။ ဒေါ်လာနှစ်သန်းလိုလား ။ နှစ်နှစ်အတွင်းမှာ အဲ့ငွေကို ကုန်အောင်သုံး ။ ပြီးသွားရင် ငွေတစ်ပြားမှ မပေးတော့ဘူး ။
ပြီးတော့ ထူးခြားတာက PhD ကျောင်းသားတွေကို သက်ဆိုင်ရာပရော်ဖက်ဆာက လစာပေးရတယ် ။
ကျွန်တော်တို့ အိုဟိုင်းယို တက္ကသိုလ်မှာဆို PhD ကျောင်းသားတစ်ယောက်ကို တစ်နှစ် ဒေါ်လာ နှစ်သောင်းပေးရတယ် ။
ပရော်ဖက်ဆာက ဘာကြောင့် PhD ကျောင်းသားတွေကို လစာပေးရသလဲ ။ ကျွန်တော်ရှင်းပြမယ် ။
ပရော်ဖက်ဆာတစ်ယောက်မှာ တာဝန်သုံးခုရှိတယ် ။
တစ်ခုက တက္ကသိုလ်မှာ စာသင်ရတယ် ။ တစ်ပတ်ကို လေးနာရီထက်ပိုမများပဲသင်ရတယ် ။
ရိုးရိုးတန်းနဲ့ ဂုဏ်ထူးတန်းကျောင်းသားတွေကို သင်ရတာ ။
ဒုတိယတာဝန်က PhD ကျောင်းသားတွေနဲ့ သုတေသနလုပ်ရတယ် ။
တတိယတာဝန်က အမေရိကန်အစိုးရက တောင်းတဲ့အကြံဉာဏ်တွေပေးရတယ် ။
အဲဒီသုံးခု ကို အဓိက လုပ်ရတယ် ။
စာသင်တာအတွက်က လစာရတယ် ။
သုတေသနပိုင်းကျတော့ ငွေကြေးကို ကိုယ့်ဘာသာရှာရတယ် ။
ဘယ်လိုရှာရသလဲဆိုတော့ နာနို နည်းပညာဆို သူနဲ့ပတ်သက်တဲ့ ကုမ္မဏီတွေရှိတယ် ။
သူတို့ကို ကျွန်တော်တို့ သုတေသနလုပ်မယ့်ပရော့ဂျက်နဲ့ပတ်သက်ပြီး ပြောပြရတယ် ။
သူတို့က ငွေကြေးချပေးမယ် ။ သုတေသနအောင်မြင်သွားတဲ့နည်းပညာကို သူတိုု့နဲ့ အကျိုးတူသုံးစွဲမယ် ။
အမေရိကန်မှာ မြန်မာနဲ့မတူတာတစ်ခုက ဆေးတက္ကသိုလ်ကိစ္စပဲ ။
အမေရိကန်မှာက ဆေးတက္ကသိုလ်ကို တိုက်ရိုက်တက်ခွင့်မရှိဘူး ။
ပထမသိပ္ဖံ ဒီဂရီဘွဲ့တစ်ခုခုရပြီးမှ ဆေးကျောင်းကို လျှောက်ခွင့်ရှိတယ် ။
အခြေခံပညာတန်းပြီးရုံနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မရှိဘူး ။
ဒီဂရီနှစ်ခုရမှ ဆရာဝန်ဖြစ်တဲ့အတွက် ဒေါက်တာ လို့ သတ်မှတ်တာ ။ပရော်ဖက်ဆာတွေနဲ့ အဆင့်တူသတ်မှတ်လိုက်ပြီး ဒေါက်တာလို့ခေါ်ကြတာ ဖြစ်တယ် ။
ကျွန်တော်တို့ကိုလစာပေးတာကလည်း အစိုးရမဟုတ်ဘူး ။ First Year ကျောင်းသားတွေ ။
ပထမနှစ် ကျောင်းသားတွေက ကျွန်တော့်ရဲ့ ဘောစ်တွေ ။ အလုပ်ရှင်တွေ ။
ကျွန်တော့်အတန်းကိုလာတက်တဲ့ ပထမနှစ်ကျောင်းသားတွေက ကျွန်တော့်စာသင်ပုံပေါ် မူတည်ပြီး ကွန်မန့်တွေပေးကြရတယ် ။
သူတို့ကွန်မန့်တွေပေါ် မူတည်ပြီး တက္ကသိုလ်က ကျွန်တော်တို့ရဲ့ လစာအတိုးအလျော့တွေ ၊ ရာထူးအတိုးအလျော့တွေကို ဆုံးဖြတ်တယ် ။
သူတို့ကလည်း တကယ့်ကို မှန်မှန်ကန်ကန် အကဲဖြတ်ကြတာ ။
မကြိုက်ရင် မကြိုက်ဘူး ကြိုက်ရင်ကြိုက်တယ် ပဲ ။
ပထမနှစ်ဝက်မှာ ကျောင်းသားတွေက ပရော်ဖက်ဆာကို ကွန်မန့်ရေးတဲ့အချိန် ကျွန်တော်တို့က အထဲမဝင်ရဘူး ။
သူတို့က ရေးပြီးသားတွေကို မဲပုံးထဲ ထည့်ခဲ့တာ ။
အဲဒါကို တက္ကသိုလ်ဘုတ်အဖွဲ့က ကြည့်ပြီး ပရော်ဖက်ဆာကို မိတ္ထူပေးတယ် ။
ကျွန်တော်တို့ အဲ့ဒီမှာ ကိုယ့်အားနည်းချက်ကို ဖတ်ပြီး လိုအပ်တာရှိ ပြုပြင်ရတယ် ။
အထက်က ဆရာက ကိုယ်မသိတဲ့ အားနည်းချက်ကို တပည့်တွေက ထောက်ပြတာဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ပြန်ပြုပြင်နိုင်လာတယ် ။
သူတို့နိုင်ငံရဲ့ စနစ်မှာက အထက်ကလူရဲ့ ရပ်တည်ချက်ကို အောက်ကလူများစု က အကဲဖြတ် ဆုံးဖြတ်ပေးတာပဲ ။
ကျွန်တော်တို့ကို ကျောင်းသားတွေက စောင့်ကြည့်အကဲဖြတ်သလို ကျွန်တော်တို့ကလည်း သမ္မတတို့ ဒုသမ္မတတို့ အစိုးရအဖွဲ့တို့ကို စောင့်ကြည့်အကဲဖြတ်ရတယ် ။
ကျွန်တော်တို့ဆီက တက္ကသိုလ်ဆိုတာ ဆေးကောလိပ်ပါတယ် ။ နည်းပညာကောလိပ်ပါတယ် ။ အခြားအသက်မွေးကောလိပ်တွေပါတယ် ။ ကိုယ်ပိုင်ဓာတ်ခွဲခန်းတွေရှိတယ် ။ ကိုယ်ပိုင်လေယာဉ်ကွင်းတွေ . ကိုယ်ပိုင်ဂျက်လေယာဉ်တွေရှိတယ် ။
ပရော်ဖက်ဆာ အယောက် (၇၆၀)ကျော်ရှိတယ် ။
တစ်နှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာတစ်ယောက်ကို ဆုပေးလေ့ရှိတယ် ။
(၂၀၀၆)ခုနှစ်မှာ အကောင်းဆုံးပရော်ဖက်ဆာဆု ကျွန်တော်ရခဲ့တယ် ။
အဲ့ဒီဆု ဘာလို့ရသလဲ ။
ကျောင်းသားတွေပေးတဲ့ကွန်မန့်တွေဖတ်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြုပြင်ခဲ့လို့ ရတာ ။
ဒါကတော့ အမေရိကားပညာရေးစနစ်ရဲ့ ဆရာတွေနဲ့ ပတ်သက်တဲ့ကိစ္စပါပဲ ။

(၇)
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ဝေဖန်ရရင်တော့ ပြောင်းတာမြန်ပါတယ် ။
အထဲကလူထက်စာရင် အပြင်က လာတဲ့လူအနေနဲ့ ပိုမြင်သာတယ် ။ မနှစ်က ကျွန်တော်ပြန်လာတာ တစ်လကြာတယ် ။
မြန်မာပြည်ကတော်တော်ကောင်းလာတယ်ပေါ့ ။ ဟော့ အခု ဒီနှစ်ပြန်လာတော့ ပိုကောင်းလာတယ်လို့ မြင်တယ် ။
မနှစ်က ပြန်လာတုန်းကဆို ကျွန်တော်သူငယ်ချင်းတွေနဲ့ မိုးချုပ်သွားတော့ တက္ကစီငှားပြန်တယ် ။
ဋ္ဌပြည်လမ်းပေါ်ရောက်တော့ တက္ကစီသမားက ဆက်မသွားရဲတော့ဘူး ။ ရှေ့မှာက ပြိုင်ကားတွေ ကိုးစီးလောက်ရှိတယ် ။
သူတို့က ညဘက် ကားပြိုင်ကြမှာ ။
ကျန်တဲ့ကားတွေလည်း အကုန်ကြောက်ပြီး ရပ်နေကြရတယ် ။
လူတွေသွားတဲ့လမ်းမှာ ကားလာပြိုင်တာ အံသြဖို့ကောင်းတယ် ။ အမေရိကန်လိုနေရာမျိုးမှာ ကာပြိုင်ပွဲတွေရှိတယ် ။
ဒါပေမယ့် လူတွေသွားတဲ့လမ်းမှာ ဘယ်သူမှ မပြိုင်ကြဘူး ။
ဒီတစ်ခေါက်ပြန်လာတော့ အဲ့ဒါတွေ မတွေ့ရတော့ဘူး ။ အဲဒါ မျှတလာတဲ့သဘောပဲ ။
တစ်နှစ်ထက်တစ်နှစ် ပိုပြီး လူတွေ စည်းကမ်းရှိလာသလို တိုးတက်လာတာတွေ့ရတယ် ။
အခု မြန်မာဆို နိုင်ငံတကာက အရမ်းစိတ်ဝင်စားကြတယ် ။
ကျွန်တော် မြန်မာပတ်စ်ပို့ကိုင်ပြီး မျက်နှာငယ်ခဲ့ရတဲ့အချိန်တွေရှိတယ် ။
အခု ကျွန်တော်အမေရိကန်နိုင်ငံသားခံယူလိုက်တော့မှ မြန်မာက ဂုဏ်ယူစရာဖြစ်လာတယ် ။
အခု ကျွန်တော့်ကို သူငယ်ချင်းသိပ္ဖံပညာရှင်တွေက လာပြောကြတယ် ။ မင်းဇာတိ မြန်မာနိုင်ငံမှာ ကွန်ဖရင့် လုပ်ပေးပါ ။
ငါတို့အတော်ဆုံးသိပ္ဖံပညာရှင်တွေ လက်ချာလာဟောပြောကြမယ်ပေါ့ ။
သူတို့က အရမ်းလာချင်နေကြတယ် ။
ကျွန်တော်ကလည်း ခဏစောင့်ခိုင်းထားရတယ် ။
ကို်ယ့်စီက ပညာရေးက နည်းနည်းလေး လိုက်မမှီသေးတာတွေ့ရတယ် ။
တစ်နေ့တော့ ဖြစ်ကို ဖြစ်လာရမှာပါ ။

(၈)
ကျွန်တော် သိပ္ဖံပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် ပတ်ဝန်းကျင် ၊ ဗီဇ ၊ ၀ါသနာ ဘာကြောင့်လဲဆိုတာ သုံးသပ်ရရင် ကျွန်တော်က ဗီဇ ကြောင့်လို့ပဲ ယူဆတယ် ။
ပတ်ဝန်းကျင်ကြောင့်သာဆိုရင် ကျွန်တော် အဲ့ဒီတုန်းက စစ်ဗိုလ်ဖြစ်နေပြီ ။အဲဒီတုန်းက ပတ်ဝန်းကျင်မှာ ဗိုလ်ဖြစ်တာ ပိုဂုဏ်ယူဖို့ကောင်းတယ်လေ ။
နောက် ကံ ဆိုတာ အလုပ်နောက်ကို လိုက်တာပဲ ။
အားလုံးတော့ ကိုယ်လုပ်တိုင်းမအောင်မြင်နိုင်ဘူး ။
ဥပမာ မန္တလေးသွားချင်တယ် မန္တလေးသွားတဲ့လမ်းပေါ်လမ်းရောက်နေတယ် သွားလည်းသွားနေတယ်ဆိုရင် ရောက်ဖို့ ရာခိုင်နှုန်းများတယ် ။
သွားချင်တဲ့စိတ်သာရှိပြီး မန္တလေးလမ်းပေါ်မဟုတ်ပြန်ရင်လည်း ရောက်ဖို့မလွယ်သလို လမ်းပေါ်ရောက်လျက်နဲ့ ဆက်မသွားရင်လည်း မန္တလေးက ဝေးနေမှာပဲ ။
ကိုယ် ဒါကို လုပ်ချင်တယ် ဒီလမ်းပေါ်လမ်းရောက်နေတယ်ဆို အောင်မြင်ခြင်းအတွက် စိတ်ပဲလိုပါတယ် ။
အားလုံးကို ကျွန်တော် ကိုယ့်အစွမ်းအစနဲ့ လုပ်ခဲ့တာချည်းပဲ ။
(၆၄)ဒေါ်လာကနေ စခဲ့တဲ့ဘဝ ကိုယ့်ဘာသာ ကြိုးစားခဲ့တဲ့အတွက် ကို်ယ့်ကိုကိုယ် ဂုဏ်ယူတယ် ။
လူငယ်တစ်ယောက်ဟာ ဖယောင်းလိုပဲ ။
ကိုယ်လိုချင်တဲ့နေရာကို ပတ်ဝန်းကျင်နဲ့ ဗီဇက ပြောင်းလဲဖြစ်တယ် ။
သူ့ သူငယ်ချင်းတွေအားလုံးက ခိုးဆိုးနေသူချည်းပဲဆိုရင် သူပင်ကိုယ်စရိုက်ဘယ်လောက်ကောင်းကောင်း သူခိုးဖြစ်လာဖို့များတယ် ။
အဲ့ဒီအရွယ်မှာ ဗီဇ ဟာ မပီပြင်သေးဘူး ။ ဒီတော့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို ခံရနိုင်ဖို့ကပဲများနေတယ် ။
အစပိုင်းမှာ ပတ်ဝန်းကျင်က အရေးကြီးပေမယ့် နောက်ပိုင်းကျ ဗီဇက ပိုအရေးကြီးလာတယ် ။
ကျွန်တော်ပတ်ဝန်းကျင်ဆို လက်ရှိရောက်နေတဲ့ ဘဝနဲ့ ဘာမှ မဆိုင်ဘူး ။
ကျွန်တော်ပတ်ဝန်းကျင်က ဂီတအနုပညာပတ်ဝန်းကျင် ရှိတယ် ။
အဲဒါကို အတိုင်းအတာတစ်ခုထိအောင်မြင်အောင်လုပ်ခဲ့တယ် ။ လမ်းလွဲမသွားဘူး ။
အဲဒီကတဆင့် ဘဝမှာ တစ်ယောက်တည်းရုန်းကန်ခဲ့ရတယ် ။ အတက်တွေ ။ အကျတွေ ။
အခုအချိန်မှာ တစ်ကနေပြန်စရမယ်ဆိုရင်လည်း ကျွန်တော့်ဘဝကိုဒီအတိုင်းပဲကျေနပ်တယ် ။
မကောင်းခဲ့တာလည်းကျေနပ်တယ် ။ ကောင်းခဲ့တာလည်းကျေနပ်တယ် ။
အဆိုးကို မသိရင် အကောင်းဟာ ဘယ်လောက်အရသာရှိတယ်ဆိုတာ မသိနိုင်ဘူး ။
ဘဝ ဟာ ဒုက္ခရှိတယ် ။ ဒုက္ခကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ရမယ် ။ တစ်ချိန်ကျ ကျော်လွှားနိုင်သွားတာပဲ ။
အောင်မြင်တဲ့အခါလည်း မောက်မာထောင်လွှားစရာမလိုဘူး ။
သူများက ကိုယ့်အပေါ်မကောင်းတာ သူ့ပြသနာ ။ ကိုယ့်ပြသနာမဟုတ်ဘူး ။
သူတို့ မကောင်းတာကို ကိုယ်က စိတ်ဆိုးမိပြီဆိုတာနဲ့ ကိုယ့်ပြသနာဖြစ်သွားပြီ ။
ဗီဇ ဆိုတာ ကိုယ်က တော်တာမဟုတ်ဘူး ။ ကိုယ် ဘာကို တော်လဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတာ ။
အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် မလိမ်နဲ့ ။ ကိုယ့်ကိုကိုယ်လိမ်ရင် သူများကိုလိမ်ဖို့ ပိုလွယ်သွားပြီ ။
ကိုယ့်ကိုကိုယ် သိရင် အောင်မြင်ဖို့ နီးစပ်သွားပြီ ။
ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို ကိုယ်သေချာသိပြီး လေ့လာအားစိုက်မှုနဲ့ ကြိုးစားမှုပေါင်းစပ်ရင် တစ်ချိန်မှာ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို ရကို ရမယ် ။
(၉)
ဒေါက်တာစောဝေလှ
အောင်မြင်သော မြန်မာတိုင်းရင်းသား သိပ္ဖံပညာရှင် ။
ကျွန်တော်တို့သည် စနစ်ဆိုးခေတ်ဆိုးများကြားတွင် မြန်မာပြည်ဖွား အာဂလူသားများကို သူများထံသို့ ပေးလိုက်ကြရသည် ။
တန်ဖိုးထားသူနှင့် တန်ဖိုးမထားသူကြား လူသား၏ အရည်အသွေး အဆင့်အတန်းသည် များစွာ ကွာခြားသွားခဲ့ပြီ ။
ရန်ကုန်တက္ကသိုလ်မှ ဘေ့စ်ဂစ်တာသမား ကျောင်းဆရာလေးသည် ကမ္ဘာကျော်သိပ္ဖံပညာရှင်ကြီး ဖြစ်လာခဲ့သည် ။
အမေရိကန်နိုင်ငံ၏ ဓာတ်ခွဲခန်းတစ်ခုထဲတွင် မြန်မာပြည်က ဘေ့စ်ဂစ်တာသံသည် သံစဉ်အသစ်များဖြင့် သိပ္ဖံကကြိုးကို တီးခတ်နေဆဲ…….။

ခက်ဇော်

Credit to ခက်ဇော်

No comments:

Post a Comment