Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

သိပၸံပညာရွင္ေတြရဲ႕ အဆိုအရ သီခ်င္း နားေထာင္ျခင္းက ေဆးေကာင္း တစ္လက္ျဖစ္ေၾကာင္း သိရ



ဆရာ၀န္ဆီသြားမယ့္အစား ကိုယ္ရဲ႕အၾကိဳက္ဆံုး သီခ်င္းကိုနားေထာင္လိုက္ပါ။ လူတိုင္းက ကိုယ္အၾကိဳက္ သီခ်င္းplaylists ေတြ နားေထာင္ရင္း ကိုယ့္ရဲ႕စိတ္ညစ္မႈေတြကို ေျဖေပ်ာက္ျပီး စိတ္ေပ်ာ္ရႊင္မႈေလးကို ရယူတတ္ၾကပါတယ္။ ဒါေၾကာင့္ သီခ်င္းနားေထာင္ခ်ိန္မွာဆိုရင္ စိတ္က သံစဥ္အလိုက္ လြင့္ေမ်ာသြားျပီး အရာရာကို ေမ့ေပ်ာက္ထားႏိုင္ပါတယ္။
ဂီတျပဇာတ္ေတြထဲက လက္ရွိေလ့လာခ်က္ကို ၾကည့္မယ္ဆိုရင္းလည္း MP4သီခ်င္းနဲ႔ နားေထာင္ျခင္းက ဆရာ၀န္ေပးတဲ့ ေဆးညႊန္းကိုလုိက္နာထားသလိုပဲတဲ့။ Memorial Sloan Kettering ကင္ဆာ စင္တာရဲ႕ ေလ့လာခ်က္ထဲ မွာကေတာ့ အသံဖမ္းထားတဲ့ သီခ်င္းကို နားေထာင္လိုက္ျခင္းက ဂီတတီ၀ိုင္းနဲ႔ သီခ်င္းနားေထာင္ျခင္းထက္ ပိုျပီးအက်ိဳးတက္ေရာက္တယ္ဆိုတဲ့ အေျဖကို ေတြ႔ရွိထားပါတယ္။ ရလဒ္ေကာင္းကေတာ့ ကင္ဆာလူနာအမ်ားစုက ဂီတတီး၀ိုင္းနဲ႔ သီခ်င္းနားေထာင္ျခင္းက အသံဖမ္းထားတဲ့ သီခ်င္းကို နားေထာင္ျခင္းထက္ အာရံုခံစားမႈမွာ အခက္အခဲပိုရွိသလို ပိုျပီးလည္း စိတ္ဓါတ္က်ဆင္းမႈကို အားေပးေစတယ္လို႔ ေလ့လာထားခဲ့ၾကပါတယ္။
အေၾကာင္းရင္းက လူေတြက beatအတိုင္း လိုက္ျပီး ခႏၶာကိုယ္လႈပ္ရွားေနတဲ့အျပင္ တီး၀ိုင္းကိုလည္း ပိုျပီးအာရံုေရာက္ေနတဲ့အတြက္ျဖစ္တယ္လို႔ ေျပာထားပါတယ္။ ေန႔စဥ္ျဖစ္တတ္ တဲ့ စိတ္ပ်ံ႕လြင့္ျခင္းက လည္း စိတ္ဓါတ္က်ဆင္းျခင္းရဲ႕ အဓိကစမွတ္ပါပဲ။ ေလ့လာခ်က္ေတြကို ဆက္ျပီးၾကည့္မယ္ဆိုရင္ The Atlantic ေဆာင္းပါးထဲမွာကေတာ့ သြားလာလႈပ္ရွားလို႔လည္းမရ စိတ္ခံစားလို႔မရတဲ့ အာရံုေၾကာေရာဂါလို႔ေခၚတဲ့ Parkinson's ေရာဂါမွာေတာ့ သီခ်င္းနားေထာင္ျခင္းရဲ႕အက်ိဳးဆက္ေၾကာင့္ ေရာဂါလကၡဏာေလ်ာ့သြားေၾကာင္း ေရးသားထားပါတယ္။
အမွန္တကယ္က Parkinson's လူနာမ်ားက သာယာညိမ့္ေညာင္းတဲ့သံစဥ္ ဒါမွမဟုတ္ beatအလိုက္ သံစဥ္ေလးေတြကို နားေထာင္ရင္း လမ္းေလ်ွာက္ေလ့က်င့္ခန္းကို လုပ္ေဆာင္မယ္ဆိုရင္ အေျခအေနကပိုျပီးတိုးတက္လာခဲ့တယ္။အေၾကာင္းအရာ အားလံုးကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ျဖင့္လည္း The Sync Projectရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Ketki Karanamကေတာ့ ခႏၶာကိုယ္အတြင္း ဂီတစီးဆင္းမႈဆန္းစစ္ေလ့လာခ်က္ေတြက ဇီ၀ကမၼေဗဒအရ တိတိက်က်တြက္ခ်က္တိုင္းတာခ်က္ေတြမပါပဲ ကိုယ္ပိုင္အယူအဆကိုအေျခခံထားျပီးေတာ့ ရလာတဲ့တံု႔ျပန္လာခ်က္ေတြပါလို႔ ေျပာပါတယ္။
The Sync Projectက လူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ပိုင္းဆိုင္ရာေလ့လာထားခ်က္မွာကေတာ့ စိတ္ခံစားခ်က္ စိတ္အေနအထားအေပၚမူတည္ျပီးေတာ့ ဘယ္သီခ်င္းက နားေထာင္ဖို႔ သင့္ေလ်ာ္လည္းဆိုတာကို လမ္းညႊန္ေပးဖို႔ေတာ့ ေရးသားထားပါတယ္။ ငါတို႔ဖ်ားနာေနတဲ့ အခါဆိုရင္ ဘာသီခ်င္းမ်ိဳးေတြ ဒါမွမဟုတ္ ဘာသီခ်င္းအစီအစဥ္ေတြကို ၾကည့္သင့္လည္းဆိုတာကိုလည္း အတိအက်ေတာ့ေဖာ္ျပဖို႔လိုေၾကာင္းေတာ့ ေရးထားပါတယ္။ငါတို႔ကေတာ့ ငါတို႔ အေအးမိ ဖ်ားေနတဲ့အခါဆိုရင္ေတာ့ Taylor Swift ရဲ႕ "Shake it Off" live အစီအစဥ္ကိုနားေထာင္သင့္တယ္လို႔ ညႊန္းလိုက္ပါရေစ။
Ref:yourtango 
http://www.trend.com.mm/2015/10/01/lifestyle-7778
...............................................................................................

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ သီချင်း နားထောင်ခြင်းက ဆေးကောင်း တစ်လက်ဖြစ်ကြောင်း သိရ


Zune on 2015-10-01 14:36    
ဆရာဝန်ဆီသွားမယ့်အစား ကိုယ်ရဲ့အကြိုက်ဆုံး သီချင်းကိုနားထောင်လိုက်ပါ။ လူတိုင်းက ကိုယ်အကြိုက် သီချင်းplaylists တွေ နားထောင်ရင်း ကိုယ့်ရဲ့စိတ်ညစ်မှုတွေကို ဖြေပျောက်ပြီး စိတ်ပျော်ရွှင်မှုလေးကို ရယူတတ်ကြပါတယ်။ ဒါကြောင့် သီချင်းနားထောင်ချိန်မှာဆိုရင် စိတ်က သံစဉ်အလိုက် လွင့်မျောသွားပြီး အရာရာကို မေ့ပျောက်ထားနိုင်ပါတယ်။

ဂီတပြဇာတ်တွေထဲက လက်ရှိလေ့လာချက်ကို ကြည့်မယ်ဆိုရင်းလည်း MP4သီချင်းနဲ့ နားထောင်ခြင်းက ဆရာဝန်ပေးတဲ့ ဆေးညွှန်းကိုလိုက်နာထားသလိုပဲတဲ့။ Memorial Sloan Kettering ကင်ဆာ စင်တာရဲ့ လေ့လာချက်ထဲ မှာကတော့ အသံဖမ်းထားတဲ့ သီချင်းကို နားထောင်လိုက်ခြင်းက ဂီတတီဝိုင်းနဲ့ သီချင်းနားထောင်ခြင်းထက် ပိုပြီးအကျိုးတက်ရောက်တယ်ဆိုတဲ့ အဖြေကို တွေ့ရှိထားပါတယ်။ ရလဒ်ကောင်းကတော့ ကင်ဆာလူနာအများစုက ဂီတတီးဝိုင်းနဲ့ သီချင်းနားထောင်ခြင်းက အသံဖမ်းထားတဲ့ သီချင်းကို နားထောင်ခြင်းထက် အာရုံခံစားမှုမှာ အခက်အခဲပိုရှိသလို ပိုပြီးလည်း စိတ်ဓါတ်ကျဆင်းမှုကို အားပေးစေတယ်လို့ လေ့လာထားခဲ့ကြပါတယ်။

အကြောင်းရင်းက လူတွေက beatအတိုင်း လိုက်ပြီး ခန္ဓာကိုယ်လှုပ်ရှားနေတဲ့အပြင် တီးဝိုင်းကိုလည်း ပိုပြီးအာရုံရောက်နေတဲ့အတွက်ဖြစ်တယ်လို့ ပြောထားပါတယ်။ နေ့စဉ်ဖြစ်တတ် တဲ့ စိတ်ပျံ့လွင့်ခြင်းက လည်း စိတ်ဓါတ်ကျဆင်းခြင်းရဲ့ အဓိကစမှတ်ပါပဲ။ လေ့လာချက်တွေကို ဆက်ပြီးကြည့်မယ်ဆိုရင် The Atlantic ဆောင်းပါးထဲမှာကတော့ သွားလာလှုပ်ရှားလို့လည်းမရ စိတ်ခံစားလို့မရတဲ့ အာရုံကြောရောဂါလို့ခေါ်တဲ့ Parkinson's ရောဂါမှာတော့ သီချင်းနားထောင်ခြင်းရဲ့အကျိုးဆက်ကြောင့် ရောဂါလက္ခဏာလျော့သွားကြောင်း ရေးသားထားပါတယ်။

အမှန်တကယ်က Parkinson's လူနာများက သာယာညိမ့်ညောင်းတဲ့သံစဉ် ဒါမှမဟုတ် beatအလိုက် သံစဉ်လေးတွေကို နားထောင်ရင်း လမ်းလျှောက်လေ့ကျင့်ခန်းကို လုပ်ဆောင်မယ်ဆိုရင် အခြေအနေကပိုပြီးတိုးတက်လာခဲ့တယ်။အကြောင်းအရာ အားလုံးကို ပြန်ကြည့်လိုက်မယ်ဆိုရင်ဖြင့်လည်း The Sync Projectရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Ketki Karanamကတော့ ခန္ဓာကိုယ်အတွင်း ဂီတစီးဆင်းမှုဆန်းစစ်လေ့လာချက်တွေက ဇီဝကမ္မဗေဒအရ တိတိကျကျတွက်ချက်တိုင်းတာချက်တွေမပါပဲ ကိုယ်ပိုင်အယူအဆကိုအခြေခံထားပြီးတော့ ရလာတဲ့တုံ့ပြန်လာချက်တွေပါလို့ ပြောပါတယ်။

The Sync Projectက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာလေ့လာထားချက်မှာကတော့ စိတ်ခံစားချက် စိတ်အနေအထားအပေါ်မူတည်ပြီးတော့ ဘယ်သီချင်းက နားထောင်ဖို့ သင့်လျော်လည်းဆိုတာကို လမ်းညွှန်ပေးဖို့တော့ ရေးသားထားပါတယ်။ ငါတို့ဖျားနာနေတဲ့ အခါဆိုရင် ဘာသီချင်းမျိုးတွေ ဒါမှမဟုတ် ဘာသီချင်းအစီအစဉ်တွေကို ကြည့်သင့်လည်းဆိုတာကိုလည်း အတိအကျတော့ဖော်ပြဖို့လိုကြောင်းတော့ ရေးထားပါတယ်။ငါတို့ကတော့ ငါတို့ အအေးမိ ဖျားနေတဲ့အခါဆိုရင်တော့ Taylor Swift ရဲ့ "Shake it Off" live အစီအစဉ်ကိုနားထောင်သင့်တယ်လို့ ညွှန်းလိုက်ပါရစေ။

Ref:yourtango 

No comments:

Post a Comment