Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

အဂၤါျဂိဳဟ္ေပၚမွာ “ေရ” ရိွေၾကာင္း ရွာေဖြေတြ႔ရိွ




အဂၤါျဂိဳဟ္ မ်က္ႏွာျပင္မွာ ျမင္ေတြ႔ေနရတဲ့ အနက္ေရာင္ အစင္းက်ားေလးေတြဟာ ပုံမွန္စီးဆင္းေနတဲ့ ေရအရိပ္အေယာင္ေတြျဖစ္ေၾကာင္း ဆက္စပ္ေသာအခ်က္အလက္ေတြအရ သိပၸံပညာရွင္ေတြ ယူဆၾကပါတယ္။
နာဆာျဂိဳဟ္တုဆီမွ ရရိွတဲ့ေဒတာ အခ်က္အလက္မ်ားက ဆားအဆင္းသ႑ာန္မ်ားနဲ႔ ဆက္စပ္ေတြးၾကည့္လုိက္ရင္ ေတာင္ေစာင္းကုန္းေလ်ာေလးေတြမွာ ေပၚေနရတဲ့ အရိပ္အေယာင္ေတြ ေဖာ္ျပထားပါတယ္။
သိပ္အေရးၾကီးတဲ့အခ်က္က အဲဒီလုိဆားအသြင္သ႑ာန္အနယ္အႏွစ္ေတြဟာ အဂၤါျဂိဳဟ္မွာ သိပ္ရွားပါးတဲ့ေလထုထဲ ေရခဲအမွတ္နဲ႔ အေငြ႔ျပန္ အမွတ္အျဖစ္သုိ႔ ေျပာင္းလဲႏုိင္ကာ အေတာ္ေဝးေဝးလွန္လွန္အထိ ေရြ႕လ်ားသြားေအာင္ စီးဆင္းႏုိင္တဲ့ အေျခအေနမွာ ထိန္းသိမ္းေပးထားပါတယ္။
နာဆာရဲ႕ အဂၤါျဂိဳဟ္စူးစမ္းေလ့လာေရးစီမံကိန္း ဦးစီးဦးေဆာင္သူသိပၸံပညာရွင္ Michael Meyer နဲ႔ နာဆာရဲ႕ ျဂိဳဟ္နဲ႔ပတ္သက္ေသာသိပၸံပညာရပ္ဆုိင္ရာ ဒါရုိက္တာ Dr. Jim Green တုိ႔က ဒီထုတ္ျပန္ခ်က္ကို ျပဳလုပ္ခဲ့ၾကပါတယ္။ 
Ref: BBC
http://www.trend.com.mm/2015/09/29/news-7754

................................................................................................................
အင်္ဂါဂြိုဟ်ပေါ်မှာ “ရေ” ရှိကြောင်း ရှာဖွေတွေ့ရှိ


Victor.PaaTung

အင်္ဂါဂြိုဟ် မျက်နှာပြင်မှာ မြင်တွေ့နေရတဲ့ အနက်ရောင် အစင်းကျားလေးတွေဟာ ပုံမှန်စီးဆင်းနေတဲ့ ရေအရိပ်အယောင်တွေဖြစ်ကြောင်း ဆက်စပ်သောအချက်အလက်တွေအရ သိပ္ပံပညာရှင်တွေ ယူဆကြပါတယ်။

နာဆာဂြိုဟ်တုဆီမှ ရရှိတဲ့ဒေတာ အချက်အလက်များက ဆားအဆင်းသဏ္ဍာန်များနဲ့ ဆက်စပ်တွေးကြည့်လိုက်ရင် တောင်စောင်းကုန်းလျောလေးတွေမှာ ပေါ်နေရတဲ့ အရိပ်အယောင်တွေ ဖော်ပြထားပါတယ်။

သိပ်အရေးကြီးတဲ့အချက်က အဲဒီလိုဆားအသွင်သဏ္ဍာန်အနယ်အနှစ်တွေဟာ အင်္ဂါဂြိုဟ်မှာ သိပ်ရှားပါးတဲ့လေထုထဲ ရေခဲအမှတ်နဲ့ အငွေ့ပြန် အမှတ်အဖြစ်သို့ ပြောင်းလဲနိုင်ကာ အတော်ဝေးဝေးလှန်လှန်အထိ ရွေ့လျားသွားအောင် စီးဆင်းနိုင်တဲ့ အခြေအနေမှာ ထိန်းသိမ်းပေးထားပါတယ်။

နာဆာရဲ့ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးစီမံကိန်း ဦးစီးဦးဆောင်သူသိပ္ပံပညာရှင် Michael Meyer နဲ့ နာဆာရဲ့ ဂြိုဟ်နဲ့ပတ်သက်သောသိပ္ပံပညာရပ်ဆိုင်ရာ ဒါရိုက်တာ Dr. Jim Green တို့က ဒီထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ကြပါတယ်။

Ref: BBC

No comments:

Post a Comment