Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 14, 2015

ကန္အမ်ိဳးသားလံုၿခံဳေရး ဒုအႀကံေပး ျမန္မာျပည္သြားမည္

ဗီြအိုေအ (ျမန္မာပိုင္း)
15.10.2015 04:15

အေမရိကန္သမၼတရဲ႕ အမ်ဳိးသားလုံၿခံဳေရးဆုိင္ရာ ဒုအႀကံေပးအရာရွိ Ben Rhodes ဟာ ေအာက္တုိဘာလ ၁၈ ရက္ကေန ၂၀ ေန႔အထိ ျမန္မာႏုိင္ငံကုိ သြားေရာက္မယ္လုိ႔ သမၼတ အိမ္ျဖဴေတာ္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာႏုိင္ငံခရီးစဥ္အတြင္း မစၥတာ Rhodes ရန္ကုန္နဲ႔ ေနျပည္ေတာ္တုိ႔ကုိသြားေရာက္ၿပီး အရာရွိႀကီးေတြ၊ လူမႈအဖြဲ႔အစည္းေတြက ကုိယ္စားလွယ္ေတြ၊ တုိင္းရင္းသားနဲ႔ ဘာသာေရး ေခါင္းေဆာင္ေတြကုိ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

ႏုိင္ငံတြင္းရွိ လူထုအားလုံးရဲ႕ အခြင့္အေရးကုိ ေလးစားၿပီး တုိးတက္မႈ အခြင့္အလမ္း ေဖာ္ေဆာင္မယ့္ ျပဳျပင္ေျပာင္းလဲေရးေတြကုိ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံေၾကာင္း အတည္ျပဳ ျပသမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ျပင္ဆင္မႈေတြနဲ႔ အေမရိကန္အစုိးရရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကုိလည္း ေဆြးေႏြးသြားမွာ ျဖစ္တယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံကုိ မသြားခင္ မစၥတာ Rhodes ဟာ ေအာက္တုိဘာလ ၁၆ ရက္ကေန ၁၈ ရက္ေန႔အထိ လာအုိႏုိင္ငံကုိ သြားေရာက္ၿပီး Vientiane ၿမိဳ႕ေတာ္မွာ အစုိးရအရာရွိႀကီးေတြနဲ႔ ေတြ႔ဆုံၿပီး အေမရိကန္ - လာအုိ သံတမန္ ဆက္ဆံေရး ႏွစ္ (၆၀) ျပည့္ အခမ္းအနားကုိ တက္ေရာက္မွာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အေမရိကန္ - လာအုိ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ေရး၊ ႏွစ္ႏုိင္ငံ ဆက္ဆံေရး၊ အထူးသျဖင့္ ၂၀၁၆ ခုႏွစ္အတြင္း အေရးႀကီးတဲ့ အာဆီယံ ဥကၠ႒ရာထူးကုိ လာအုိႏုိင္ငံ ထမ္းေဆာင္ႏုိင္ေရး ကိစၥတုိ႔ကုိ ေဆြးေႏြးမွာ ျဖစ္ပါတယ္။ Vientiane နဲ႔ Luang Prabang ၿမိဳ႕ေတြမွာ လာအုိလူငယ္ေတြနဲ႔ ေတြ႔ဆုံၿပီး အေမရိကန္ အေထာက္အပံ့နဲ႔ ေဆာင္ရြက္ေနတဲ့ အစီအစဥ္ေတြကုိလည္း သြားေရာက္ ၾကည့္႐ႈမွာ ျဖစ္တယ္လုိ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
http://burmese.voanews.com/content/ben-rhodes-burma-trip/3006192.html
....................
ကန်အမျိုးသားလုံခြုံရေး ဒုအကြံပေး မြန်မာပြည်သွားမည်

ဗွီအိုအေ (မြန်မာပိုင်း)
15.10.2015 04:15

အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြံုရေးဆိုင်ရာ ဒုအကြံပေးအရာရှိ Ben Rhodes ဟာ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာ Rhodes ရန်ကုန်နဲ့ နေပြည်တော်တို့ကိုသွားရောက်ပြီး အရာရှိကြီးတွေ၊ လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။

နိုင်ငံတွင်းရှိ လူထုအားလုံးရဲ့ အခွင့်အရေးကို လေးစားပြီး တိုးတက်မှု အခွင့်အလမ်း ဖော်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း အတည်ပြု ပြသမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နို၀င်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေနဲ့ အမေရိကန်အစိုးရရဲ့ မျှော်လင့်ချက်တွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို မသွားခင် မစ္စတာ Rhodes ဟာ အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ လာအိုနိုင်ငံကို သွားရောက်ပြီး Vientiane မြို့တော်မှာ အစိုးရအရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး အမေရိကန် - လာအို သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အခမ်းအနားကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် - လာအို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး၊ အထူးသဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရေးကြီးတဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို လာအိုနိုင်ငံ ထမ်းဆောင်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ Vientiane နဲ့ Luang Prabang မြို့တွေမှာ လာအိုလူငယ်တွေနဲ့ တွေ့ဆုံပြီး အမေရိကန် အထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကိုလည်း သွားရောက် ကြည့်ရှုမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment