Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

အေမရိကန္ျမန္မာ ဆက္ဆံေရး ေ႐ြးေကာက္ပြဲ ရလဒ္ေပၚတည္

၂၂..၁၀..၁၅

အေမရိကန္နဲ႔ ျမန္မာ အနာဂါတ္ ထိေတြ႕ ဆက္ဆံေရးဟာ လာမယ့္ ေ႐ြးေကာက္ပြဲ ရလဒ္ေပၚမွာ မူတည္ေနတယ္လို႔ အေမရိကန္အစိုးရက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲ ခ်ိဳ႕ယြင္းမႈေတြကို အေမရိကန္ အစိုးရအေနနဲ႔ မသိက်ိဳးကၽြံ လုပ္ေနမွာ မဟုတ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲအၿပီး တက္လာမယ့္ အစိုးရကို အကူအညီ ေပးေရး၊ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြကို ေနာက္ထပ္ ေလၽွာ႔ခ်ေရးေတြဟာ အဲဒီ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြနဲ႔ ရလဒ္ေပၚမွာ မူတည္ေနတယ္လို႔ အေရွ႕အာရွေရးရာ အေမရိကန္ အငယ္တန္း ႏိုင္ငံျခားေရးဝန္ႀကီး Daniel Russel က ဝါရွင္တန္ၿမိဳ႕ ကြန္ဂရက္ လႊတ္ေတာ္ ၾကားနာပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အတိုက္အခံ ႏိုင္ငံေရး ပါတီေတြ၊ ေ႐ြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္သူေတြ၊ ျမန္မာျပည္သူေတြနဲ႔ သတင္းမီဒီယာေတြဆီက တုန္႔ျပန္ေျပာဆိုခ်က္ေတြကို အေျခခံၿပီး သုံးသပ္သြားမယ္လို႔ သူက ေျပာပါတယ္။

ဒါ့အျပင္ ေ႐ြးေကာက္ပြဲ အၿပီးကာလကို အေသအခ်ာ ေစာင့္ၾကည့္ ေလ့လာသြားမွာ ျဖစ္ၿပီး ေ႐ြးေကာက္ပြဲ ရလဒ္ကို အားလုံး လက္ခံေရးက သိပ္ကို အေရးႀကီးတယ္လို႔ ဆိုပါတယ္။

ဘာသာေရးကို ႏိုင္ငံေရးနဲ႔ ေရာယွက္တာမ်ိဳး၊ ဘာသာေရး အမုန္းစကား ျဖန္႔တာမ်ိဳးေတြေၾကာင့္ ေ႐ြးေကာက္ပြဲေန႔မွာ အၾကမ္းဖက္မႈေတြ ေပၚေပါက္လာႏိုင္ေၾကာင္း အေရွ႕အာရွေရးရာ အေမရိကန္ အငယ္တန္း ႏိုင္ငံျခားေရးဝန္ႀကီး Daniel Russel က သတိေပး ေျပာၾကားသြားပါတယ္။
=======
BBC Burmese
..........................
အမေရိကန်မြန်မာ ဆက်ဆံရေး ရွေးကောက်ပွဲ ရလဒ်ပေါ်တည်
============================
၂၂..၁၀..၁၅

အမေရိကန်နဲ့ မြန်မာ အနာဂါတ် ထိတွေ့ ဆက်ဆံရေးဟာ လာမယ့် ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်နေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ရွေးကောက်ပွဲ ချို့ယွင်းမှုတွေကို အမေရိကန် အစိုးရအနေနဲ့ မသိကျိုးကျွံ လုပ်နေမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရကို အကူအညီ ပေးရေး၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို နောက်ထပ် လျှော့ချရေးတွေဟာ အဲဒီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ ရလဒ်ပေါ်မှာ မူတည်နေတယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဝါရှင်တန်မြို့ ကွန်ဂရက် လွှတ်တော် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေ၊ မြန်မာပြည်သူတွေနဲ့ သတင်းမီဒီယာတွေဆီက တုန့်ပြန်ပြောဆိုချက်တွေကို အခြေခံပြီး သုံးသပ်သွားမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ အပြီးကာလကို အသေအချာ စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ရလဒ်ကို အားလုံး လက်ခံရေးက သိပ်ကို အရေးကြီးတယ်လို့ ဆိုပါတယ်။

ဘာသာရေးကို နိုင်ငံရေးနဲ့ ရောယှက်တာမျိုး၊ ဘာသာရေး အမုန်းစကား ဖြန့်တာမျိုးတွေကြောင့် ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း အရှေ့အာရှရေးရာ အမေရိကန် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Daniel Russel က သတိပေး ပြောကြားသွားပါတယ်။
=======
BBC Burmese

No comments:

Post a Comment