Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

မဘသအဖြဲ႔၀င္ တစ္ဦးတစ္ေယာက္ ဆႏၵျဖင့္ ႏိုင္ငံေရးပါတီအခ်ိဳ႕အား မဲမေပးေရး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ျခင္းသည္ အသင္းႏွင့္မဆုိင္ဟု ဆုိ


 မဘသအဖြဲ႔၀င္ တစ္ဦးတစ္ေယာက္ ဆႏၵျဖင့္ ႏိုင္ငံေရးပါတီ အခ်ိဳ႕အား မဲမေပးေရး လက္ကမ္း စာေစာင္မ်ား ျဖန္႔ေ၀ျခင္းသည္ အသင္းႏွင့္ မဆုိင္ေၾကာင္း အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအဖြဲ႔ ဦးေဆာင္ ဆရာေတာ္ ေဒါက္တာ အရွင္ဓမၼပီယက မိန္႔ၾကားသည္ ။

အဆိုပါကိစၥႏွင့္ ပတ္သက္ျပီး ေအာက္တိုဘာ ၂ ရက္ေန႔က ရန္ကုန္တိုင္းေဒသၾကီး ၊ အင္းစိန္ျမိဳ႕နယ္ရွိ ရြာမပရိယတၱိစာသင္တိုက္တြင္ ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ မိန္႔ၾကားျခင္းျဖစ္သည္ ။ လက္ရွိအခ်ိန္တြင္ အမ်ိဳးဘာသာ သာသနာ ေစာင့္ေရွာက္ေရးအသင္း အမည္ခံကာ အဖြဲ႔၀င္ တစ္ဦးတစ္ေယာက္ ဆႏၵျဖင့္ ႏိုင္ငံေရးပါတီ အခ်ိဳ႕အား မဲမေပးေရး လက္ကမ္းစာေစာင္မ်ား ျဖန္႔ေ၀ေနျခင္း မီဒီယာမွ ေမးျမန္းရာတြင္ အဖြဲ႔အစည္း မူ၀ါဒအရ ထိုသို႔ လုပ္ေဆာင္ျခင္း မရွိေၾကာင္း ၊ ယင္းသို႔ လုပ္ေဆာင္ျခင္းသည့္ တစ္ဦးတစ္ေယာက္ ဆႏၵအရ လုပ္ေဆာင္ျခင္းမ်ား ျဖစ္သည့္အတြက္ အသင္းၾကီးႏွင့္ သက္ဆိုင္မႈ မရွိေၾကာင္း ျပန္လည္ ေျဖၾကားျခင္းရာတြင္ ယင္းသို႔ မိန္႔ၾကားျခင္း ျဖစ္သည္ ။

ေဒါက္တာအရွင္ဓမၼပီယက “မဘသဘက္က သူရဲ႕ တစ္ဦးတစ္ေယာက္ ဆႏၵအရ ျပဳလုပ္ရင္လည္း ဘုန္းဘုန္းတို႔က မျပဳလုပ္ဖို႔ ၊ တစ္ဖက္မွာလည္း ဒီလိုမေျပာဘူးဆိုတာ ေျပာလည္း ေျပာခ်င္ပါတယ္ ။ ေျပာခ်င္တာက ပုဂၢိဳလ္ေရးရာနဲ႔ အဖြဲႊအစည္း ဆိုတာ သဲသဲကြဲကြဲ နားလည္ေစခ်င္ပါတယ္ ။ ပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ရဲ႕ သူေျပာခ်င္တ့ဲ စကားကိုေျပာတိုင္း ဆန္စင္ရာ က်ည္ေပြ႕လိုက္ေနရရင္ ဘုန္းဘုန္းတို႔ ျပည္ရဲ႕ ျငိမ္းခ်မ္းေရးက ဘယ္ေတာ့မွ ရမွာမဟုတ္ပါဘူး” ဟု ယင္းသို႔ မိန္႔သည္ ။

ေရြးေကာက္ပြဲ စည္း႐ုံးေရးကာလအစတြင္ ဧရာ၀တီတုိင္း ၊ ေျမာင္းျမျမိဳ႕နွင့္ တနသၤာရိတိုင္း ေဒသၾကီးတို႔တြင္ မဘသ အမည္ခံကာ အတိုက္အခံ ပါတီအား မဲမေပးေရး လႈံေဆာ္သည့္ လက္ကမ္း စာေစာင္မ်ား ေ၀သည့္ သတင္းမ်ား ထြက္ေပၚခ့ဲေၾကာင္း ၊ ထိုသို႔ လုပ္ေဆာင္ျခင္းအား မဘသႏွင့္ မသက္ဆိုင္ေၾကာင္း ၊ မဘသ ဗဟိုမွ ထုတ္ျပန္ခ့ဲသည့္အျပင္ တနသၤာရီေဒသတြင္ နယ္ခံ မဘသမ်ား သတင္းစာ ရွင္းလင္းျခင္းမ်ား ျပဳလုပ္ခ့ဲေၾကာင္း မဘသ (ဗဟို) တြဲဖက္အတြင္းေရးမွဴး ဆရာေတာ္ ဦးသီလကၡႏၵာဘိ၀ံသက သတင္းစာရွင္းလင္းပြဲ အျပီးတြင္ မိန္သည့္ ။

ဆရာေတာ္ ဦးသီလကၡႏၵာဘိ၀ံသက “တစ္ဦးတစ္ေယာက္ ေျပာဆိုမႈကို အေၾကာင္းျပဳျပီးေတာ့ မဘသ တစ္ဖြဲ႕လုံးကို ထိခိုက္မယ္ ၊ ထိခိုက္ေအာင္ လုပ္မယ့္ ကိစၥမ်ိဳးေတြကိုလည္း ရပ္တန္႔ေစခ်င္ပါတယ္ ။ ေစာေစာက ပန္းဖလက္တစ္ခု ေ၀တ့ဲကိစၥတစ္ခုကို အေၾကာင္းျပဳျပီးေတာ့ ေရးသားတ့ဲ မီဒီယာေတြ ျပန္လည္သုံးသပ္ဖို႔ လိုပါတယ္ ။ ေျမာင္းျမမွာ ျဖစ္ခ့ဲတ့ဲ ကိစၥက ပန္းဖလက္ေ၀တာကို မဘသက ေၾကညာခ်က္ ထုတ္ခ့ဲတယ္ ။ ဒါေတြကို မေဖာ္ျပဘဲနဲ႔ မဘသ ဆိုတ့ဲ ပုံရိပ္တစ္ခု က်ဆင္းေအာင္ ေဖာ္ျပေနတာေတြ မ်ားစြာေတြ႕ရတယ္” ဟု မိန္႔သည္။ လက္ရွိ ေရြးေကာက္ပြဲ ကာလသည္ အထိအခိုက္ အပြန္းအပဲ့ မခံသည့္ ကာလျဖစ္သျဖင့္ မဘသအေနျဖင့္ မိမိတို႔ဘက္အား ဓမၼစက္ျဖင့္ ထိန္းသိမ္းျခင္းမ်ား ရွိေၾကာင္း ၊ ဓမၼစက္ျဖင့္ ထိန္းသိမ္းမရႏိုင္သည့္ ကိစၥမ်ားလည္း ရွိေၾကာင္း ၊ သို႔ရာတြင္ လက္ရွိႏိုင္ငံေရး ျဖစ္စဥ္အေျပာင္းအလဲတြင္ တိုင္းျပည္လႈပ္ခတ္မႈ ျဖစ္ေပၚျခင္းမ်ားတြင္ မဘသေၾကာင့္ မျဖစ္ေစေရး ထိန္းသိမ္း ေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာ အရွင္ဓမၼပီယက မိန္႔သည္ ။

“တိုင္းျပည္လႈပ္တ့ဲ အရာတိုင္းသည္ မဘသေၾကာင့္ မဟုတ္ဘူးဆိုတာကို ေျပာလိုပါတယ္ ။ ဘုန္းဘုန္းတို႔ဘက္ တိုင္းျပည္ မျငိမ္မသက္ေစတ့ဲ အရာမ်ိဳး မဘသက ျဖစ္ေစရင္ မဘသက ထိန္းမယ္ ၊ တျခား ပါတီေတြကလည္း သူတို႔ေၾကာင့္ ျဖစ္ေပၚမွာကို သူတို႔ ထိ္န္းမယ္ ။ လက္ရွိအစိုးရေၾကာင့္ ျဖစ္ေပၚေစတ့ဲ အရာေတြကို အစိုးရက ထိန္းမယ္ ။ သူတို႔ေတြ ထိန္းရင္ ျပႆနာေတြက` ျငိမ္းခ်မ္းသြားမွာ ျဖစ္တယ္ ။ ဒါေပမဲ့ တစ္သင္းတစ္ဖြဲ႕ကို ဟိုက္လိုက္ လုပ္တာမ်ိဳးကိုေတာ့ မွ်တေစခ်င္တယ္ ၊ နားလည္ေစခ်င္တယ္”ဟု မိန္႔သည္။

သတင္း - စုိင္းဟန္
The Ladies News Journal
https://www.facebook.com/News.TheLadies
.............................

 မဘသအဖွဲ့ဝင် တစ်ဦးတစ်ယောက် ဆန္ဒဖြင့် နိုင်ငံရေးပါတီ အချို့အား မဲမပေးရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းသည် အသင်းနှင့် မဆိုင်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် ဆရာတော် ဒေါက်တာ အရှင်ဓမ္မပီယက မိန့်ကြားသည် ။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မိန့်ကြားခြင်းဖြစ်သည် ။ လက်ရှိအချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း အမည်ခံကာ အဖွဲ့ဝင် တစ်ဦးတစ်ယောက် ဆန္ဒဖြင့် နိုင်ငံရေးပါတီ အချို့အား မဲမပေးရေး လက်ကမ်းစာစောင်များ ဖြန့်ဝေနေခြင်း မီဒီယာမှ မေးမြန်းရာတွင် အဖွဲ့အစည်း မူဝါဒအရ ထိုသို့ လုပ်ဆောင်ခြင်း မရှိကြောင်း ၊ ယင်းသို့ လုပ်ဆောင်ခြင်းသည့် တစ်ဦးတစ်ယောက် ဆန္ဒအရ လုပ်ဆောင်ခြင်းများ ဖြစ်သည့်အတွက် အသင်းကြီးနှင့် သက်ဆိုင်မှု မရှိကြောင်း ပြန်လည် ဖြေကြားခြင်းရာတွင် ယင်းသို့ မိန့်ကြားခြင်း ဖြစ်သည် ။

ဒေါက်တာအရှင်ဓမ္မပီယက “မဘသဘက်က သူရဲ့ တစ်ဦးတစ်ယောက် ဆန္ဒအရ ပြုလုပ်ရင်လည်း ဘုန်းဘုန်းတို့က မပြုလုပ်ဖို့ ၊ တစ်ဖက်မှာလည်း ဒီလိုမပြောဘူးဆိုတာ ပြောလည်း ပြောချင်ပါတယ် ။ ပြောချင်တာက ပုဂ္ဂိုလ်ရေးရာနဲ့ အဖွဲွှအစည်း ဆိုတာ သဲသဲကွဲကွဲ နားလည်စေချင်ပါတယ် ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ သူပြောချင်တဲ့ စကားကိုပြောတိုင်း ဆန်စင်ရာ ကျည်ပွေ့လိုက်နေရရင် ဘုန်းဘုန်းတို့ ပြည်ရဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရမှာမဟုတ်ပါဘူး” ဟု ယင်းသို့ မိန့်သည် ။

ရွေးကောက်ပွဲ စည်းရုံးရေးကာလအစတွင် ဧရာဝတီတိုင်း ၊ မြောင်းမြမြို့နှင့် တနင်္သာရိတိုင်း ဒေသကြီးတို့တွင် မဘသ အမည်ခံကာ အတိုက်အခံ ပါတီအား မဲမပေးရေး လှုံဆော်သည့် လက်ကမ်း စာစောင်များ ဝေသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ၊ ထိုသို့ လုပ်ဆောင်ခြင်းအား မဘသနှင့် မသက်ဆိုင်ကြောင်း ၊ မဘသ ဗဟိုမှ ထုတ်ပြန်ခဲ့သည့်အပြင် တနင်္သာရီဒေသတွင် နယ်ခံ မဘသများ သတင်းစာ ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မဘသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဆရာတော် ဦးသီလက္ခန္ဒာဘိ၀ံသက သတင်းစာရှင်းလင်းပွဲ အပြီးတွင် မိန်သည့် ။

ဆရာတော် ဦးသီလက္ခန္ဒာဘိ၀ံသက “တစ်ဦးတစ်ယောက် ပြောဆိုမှုကို အကြောင်းပြုပြီးတော့ မဘသ တစ်ဖွဲ့လုံးကို ထိခိုက်မယ် ၊ ထိခိုက်အောင် လုပ်မယ့် ကိစ္စမျိုးတွေကိုလည်း ရပ်တန့်စေချင်ပါတယ် ။ စောစောက ပန်းဖလက်တစ်ခု ဝေတဲ့ကိစ္စတစ်ခုကို အကြောင်းပြုပြီးတော့ ရေးသားတဲ့ မီဒီယာတွေ ပြန်လည်သုံးသပ်ဖို့ လိုပါတယ် ။ မြောင်းမြမှာ ဖြစ်ခဲ့တဲ့ ကိစ္စက ပန်းဖလက်ဝေတာကို မဘသက ကြေညာချက် ထုတ်ခဲ့တယ် ။ ဒါတွေကို မဖော်ပြဘဲနဲ့ မဘသ ဆိုတဲ့ ပုံရိပ်တစ်ခု ကျဆင်းအောင် ဖော်ပြနေတာတွေ များစွာတွေ့ရတယ်” ဟု မိန့်သည်။ လက်ရှိ ရွေးကောက်ပွဲ ကာလသည် အထိအခိုက် အပွန်းအပဲ့ မခံသည့် ကာလဖြစ်သဖြင့် မဘသအနေဖြင့် မိမိတို့ဘက်အား ဓမ္မစက်ဖြင့် ထိန်းသိမ်းခြင်းများ ရှိကြောင်း ၊ ဓမ္မစက်ဖြင့် ထိန်းသိမ်းမရနိုင်သည့် ကိစ္စများလည်း ရှိကြောင်း ၊ သို့ရာတွင် လက်ရှိနိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲတွင် တိုင်းပြည်လှုပ်ခတ်မှု ဖြစ်ပေါ်ခြင်းများတွင် မဘသကြောင့် မဖြစ်စေရေး ထိန်းသိမ်း ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ အရှင်ဓမ္မပီယက မိန့်သည် ။

“တိုင်းပြည်လှုပ်တဲ့ အရာတိုင်းသည် မဘသကြောင့် မဟုတ်ဘူးဆိုတာကို ပြောလိုပါတယ် ။ ဘုန်းဘုန်းတို့ဘက် တိုင်းပြည် မငြိမ်မသက်စေတဲ့ အရာမျိုး မဘသက ဖြစ်စေရင် မဘသက ထိန်းမယ် ၊ တခြား ပါတီတွေကလည်း သူတို့ကြောင့် ဖြစ်ပေါ်မှာကို သူတို့ ထိ်န်းမယ် ။ လက်ရှိအစိုးရကြောင့် ဖြစ်ပေါ်စေတဲ့ အရာတွေကို အစိုးရက ထိန်းမယ် ။ သူတို့တွေ ထိန်းရင် ပြဿနာတွေက` ငြိမ်းချမ်းသွားမှာ ဖြစ်တယ် ။ ဒါပေမဲ့ တစ်သင်းတစ်ဖွဲ့ကို ဟိုက်လိုက် လုပ်တာမျိုးကိုတော့ မျှတစေချင်တယ် ၊ နားလည်စေချင်တယ်”ဟု မိန့်သည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment