Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 8, 2015
‘နောက်ဆုံးမှာတော့ သုံးစွဲသူရဲ့ ဘာသာစကားကို သရုပ်ခွဲကြည့်ရင် နိုင်ငံရေး၊ အထူးပြုနည်းပညာ (ဒါမှမဟုတ်) ကျိန်ဆဲတဲ့ စကားလုံးတွေကတစ်ဆင့် လူတွေကို ၀င်ငွေမြင့်နဲ့ ၀င်ငွေနိမ့် ခွဲခြားတဲ့ အကြောင်းအရာတွကို မီးမောင်းထိုးပြလာနိုင်စေပါတယ်’’ဟုလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဒီသုတေသန အသေးစိတ်အချက်အလက်တွေကို အနာတ်ဈေးကွက်ရှာဖွေမှုတွေမှာ အသုံးချလာနိုင်တာကြောင့် တွစ်တာကို စွဲစွဲမြဲမြဲသုံးသူတစ်ယောက်ဆိုရင် သတိထားသင့်သည်ဟုလည်း အကြံပြုထားသည်။
........................
လူမှုကွန်ရက်တွင် သုံးနှုန်းသည့် စကားလုံးများမှတစ်ဆင့် သုံးစွဲနေသူ၏ ၀င်ငွေကို ခန့်မှန်းသိနိုင်ဟုဆို
ဤအရာသည် မက်ဆေ့ချ်တစ်ခုမျှ မဟုတ်ပါ။ လူမှုကွန်ရက်တွင် သင်သုံးနှုန်းသည့် စကားလုံးများကပင် ဖန်သားပြင်နောက်ကွယ်က သင်၏ သရုပ်မှန်ကို ပေါ်လွင်လာစေပါသည်။
၄င်းတို့၏ စကားလုံးများက အပေါင်းလက္ခဏာ (သို့မဟုတ်) အနုတ်လက္ခဏာ သက်ရာက်မှုရှိနိုင်သည်ကို တွတ်တာ ပုံမှန်သုံးစွဲသူများ သိကောင်းသိပါလိမ့်မည်။ သို့ရာတွင် လူမှုကွန်ရက်ပေါ်တွင် သူတို့အသုံးပြုနေသည့် စကားလုံးတစ်လုံးချင်းက သူတို့အကြောင်းကို အများကြီးပြောပြနေကြောင်း သိရလျှင်မူ အံ့သြကောင်း အံ့ကြကြပါလိမ့်မည်။
အနီးကပ်စောင့်ကြည့်နေသူများအတွက် ထိုစကားလုံးများက သုံးနှုန်းသူ၏ ပုဂ္ဂလိကဝင်ငွေ မည်မျှရှိသည်ကိုပင် အရိပ်အမြွတ်ပြောပြနိုင်ပါသည်။
ဒနီယယ် ပရောတီရက် ပိုင်ထရိုဆိုသူက အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းပြုလုပ်သည့် ပညာရပ်ဆိုင်ရာ သုတေသနတစ်ရပ်အရ တွစ်တာ (Twitter)ပေါ်တွင် အမှန်တကယ်တင်သည့် ပို့စ်များမှတစ်ဆင့် ၀င်ငွေကို ဖော်ပြမိနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်ဟု ဆိုပါသည်။
မိတ်ဆွေအပေါင်းအသင်းအရေအတွက်၊ လူမှုအသိုင်းအဝိုင်း၊ ကိုယ်ရည်ကိုယ်သွေး၊ ပညာရေးအဆင့် (သို့မဟုတ်) ခံစားမှုဖော်ပြချက်များမှာ လူတစ်ယောက်၏ဝင်ငွေကို ခန့်မှန်းရာတွင် အဓိကကျသည့် အချက်များဖြစ်သည်ဟု ဆိုသည်။
ပရောတီယက် ပိုင်ထရိုမှာ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်၊ အပေါင်းလက္ခဏာ စိတ်ပညာဌာနမှဖြစ်ပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်ကောလိပ်နှင့် ကိန်းဘရစ်မှ မိုက်ခရိုဆော့ဖ် သုတေသနတို့နှင့်လည်း အလုပ်လုပ်နေသည်။
‘ကြောက်ရွံ့မှု၊ ပျောက်ရွှင်မှုနဲ့ ဆက်နွယ်တဲ့ ဝေါဟာရကို အသုံးပြုနေတဲ့ ပြောဆိုချက်တွိအချိုး၊ ချိတ်ဆက်တွေနဲ့ ပြောဆိုချက်တွေနဲ့ ပြန်ပြောချက်တွေအပြင် စကားအဆက်အစပ်အတွင်းမှာ တွေ့ရှိရတဲ့ အကြောင်းအရာတွေမှာလည်း မြင့်မြင့်မားမား ဟောကိန်းထုတ်နိုင်တဲ့ ပါ၀ါရှိနေတာကို ကျနော်တို့ တွေ့ရှိခဲ့ပါတယ်’’ဟု ပရောတီရက် ပိုင်ထရိုက ပြောကြားခဲ့သည်။
‘ဒါ့အပြင် သုံးစွဲသူဟာ မိန်းမဖြစ်ရမယ်။ အသက်ငယ်သေးတယ်။ လူမည်းအမေရိကန်ဖြစ်တယ်။ ပညာရေးနိမ့်တယ်။ ဒါမှမဟုတ် နိမ့်ကျတဲ့ဝင်ငွေနဲ့ ဆက်နွယ်နေတဲ့ သောကတွေရှိနေတယ် ဆိုတာတွေကိုလည်း တွေ့ရှိဖော်ထုတ်နိုင်ပါတယ်’’ဟုလည်း ၄င်းက ပြောကြားခဲ့သည်။
‘တစ်ဖက်မှာလည်း ၀င်ငွေမြင့်မားတဲ့ သုံးစွဲသူတွေဟာ အပေါင်းဖြစ်ဖြစ် အနုတ်ဖြစ်ဖြစ် ခံစားချက်သိပ်မပါတဲ့ ပို့စ်တွေ တင်တတ်ပြီး လိုင်းတင်အချက်အလက်တွေက ကြားကျနေပေမယ့်လည်း ဒေါသပိုကြီး ပိုကြောက်တတ်ပြီး သိပ်ပြီးတော့လည်း မအံ့သြတတ်၊ ၀မ်းမနည်းတတ်၊ မရွံမုန်းတတ်ပါဘူး’’ဟုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
‘နောက်ဆုံးမှာတော့ သုံးစွဲသူရဲ့ ဘာသာစကားကို သရုပ်ခွဲကြည့်ရင် နို်င်ငံရေး၊ အထူးပြုနည်းပညာ (ဒါမှမဟုတ်) ကျိန်ဆဲတဲ့ စကားလုံးတွေကတစ်ဆင့် လူတွေကို ၀င်ငွေမြင့်နဲ့ ၀င်ငွေနိမ့် ခွဲခြားတဲ့ အကြောင်းအရာတွကို မီးမောင်းထိုးပြလာနိုင်စေပါတယ်’’ဟုလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဒီသုတေသန အသေးစိတ်အချက်အလက်တွေကို အနာတ်စျေးကွက်ရှာဖွေမှုတွေမှာ အသုံးချလာနို်င်တာကြောင့် တွစ်တာကို စွဲစွဲမြဲမြဲသုံးသူတစ်ယောက်ဆိုရင် သတိထားသင့်သည်ဟုလည်း အကြံပြုထားသည်။
- See more at: http://mizzimaburmese.com/article/5676#sthash.q3Jdq8pE.dpuf
No comments:
Post a Comment