Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

ဒီမုိကေရစီခုိင္မာေရး ျပည္ခုိင္ၿဖိဳး ပါတီ ေနာက္ ၅ ႏွစ္ ဆက္လက္ေဆာင္ရြက္မယ္လုိ႔ ေျပာ


 ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ အေ၀ရာမီးပံုးပ်ံကြင္းမွာ စက္တင္ဘာလ ၈ ရက္ေန႔ကက်င္းပတဲ့ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း ၁၅ ဦးရဲ႕ မဲဆြယ္ပဲြမွာ ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးတင္ႏုိင္သိန္း ေဟာေျပာေနစဥ္။ Photo: Khun Yarzar/RFA
 ျပည္ခိုင္ၿဖိဳးပါတီဟာ လာမယ့္ ၅ႏွစ္မွာ ဒီမိုကေရစီစနစ္ ရွင္သန္ရင့္က်က္ဖို႔အတြက္ ဆက္လက္ေဆာင္ရြက္သြားမယ္ လို႔ အေထြေထြအတြင္းေရးမွဴး ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ဦးတင္ႏုိင္သိန္းက ေျပာပါတယ္။

ဒီေန႔ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕က အေ၀ရာမီးပံုးပ်ံကြင္းမွာ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း ၁၅ ဦး မဲဆြယ္ပဲြ က်င္းပခဲ့တာျဖစ္ၿပီး အဲဒီမဲဆြယ္ပဲြမွာ ကေလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးတင္ႏုိင္သိန္းက ေျပာခဲ့တာျဖစ္ပါတယ္။

"က်ေနာ္တို႔ ျပည္ခုိင္ၿဖိဳးပါတီ ျပည္ခုိင္ၿဖိဳးအစိုးရဟာ ၂ဝ၁၁ ခုကေန ၂ဝ၁၅ ခုႏွစ္အတြင္း ႏိုင္ငံေတာ္ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းေတြကို ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးကို ေခတ္စနစ္နဲ႔ညီေအာင္ အေျခခံအုတ္ျမစ္ ခ်မွတ္ေပးျခင္းနဲ႔ ျပည္သူေတြရဲ႕လူမႈစီးပြား တိုးတက္ဖို႔အတြက္ကို စဥ္ဆက္မျပတ္ ႀကိဳးပမ္းအားထုတ္ခဲ့ပါတယ္၊ က်ေနာ္တို႔ အေျခခံအုတ္ျမစ္ခ်မွတ္ေပးတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကာလကေနၿပီး ဒီမိုကေရစီ ရွင္သန္ဖြံ႕ၿဖိဳး ရင့္က်က္ခိုင္မာတဲ့အဆင့္ကို ဆက္လက္တက္လွမ္း ျပဳျပင္ေျပာင္းလဲသြားမွာျဖစ္ပါတယ္"

ဦးတင္ႏုိင္သိန္းဟာ ၿပီးခဲ့တဲ့ ၂၀၁၀ ေရြးေကာက္ပဲြမွာ ကေလာၿမိဳ႕နယ္ကေန ေရြးေကာက္ခံခဲ့ရၿပီး သမၼတရံုး၀န္ႀကီးေဟာင္း ျဖစ္ပါတယ္။

မဲဆြယ္ပဲြကို ရြာငံၿမိဳ႕နယ္ကေန ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးစ၀္ေအာင္ျမတ္လည္း တက္ေရာက္ခဲ့ၿပီး ေတာင္ႀကီး၊ ေညာင္ေရႊ၊ ရပ္ေစာက္ စတဲ့ ၿမိဳ႕နယ္ေတြက ျပည္ခုိင္ၿဖိဳးပါတီ ကိုယ္စား လွယ္ေလာင္းေတြ၊ ဗမာတုိင္းရင္းသားလူမ်ဳိးမဲဆႏၵနယ္နဲ႔ အင္းတုိင္းရင္းသားလူမ်ဳိး မဲဆႏၵနယ္အတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြ စုစုေပါင္း ၁၅ ေယာက္ တက္ေရာက္ခဲ့ပါတယ္။

အလားတူ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းေတြ စုေပါင္းမဲဆြယ္ပဲြေတြကို ေနျပည္ေတာ္၊ မေကြးနဲ႔ ရန္ကုန္တုိင္းတုိ႔မွာ က်င္းပခဲ့ၿပီး က်န္တဲ့ တုိင္းနဲ႔ ျပည္နယ္ေတြမွာ ဆက္လက္က်င္းပဖို႔ရွိတယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........................


 ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ စက်တင်ဘာလ ၈ ရက်နေ့ကကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁၅ ဦးရဲ့ မဲဆွယ်ပွဲမှာ ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်း ဟောပြောနေစဉ်။ Photo: Khun Yarzar/RFA
 ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ၅နှစ်မှာ ဒီမိုကရေစီစနစ် ရှင်သန်ရင့်ကျက်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမယ် လို့ အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်းက ပြောပါတယ်။

ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့က အဝေရာမီးပုံးပျံကွင်းမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၁၅ ဦး မဲဆွယ်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီမဲဆွယ်ပွဲမှာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်နိုင်သိန်းက ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးအစိုးရဟာ ၂ဝ၁၁ ခုကနေ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံတော်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကို ခေတ်စနစ်နဲ့ညီအောင် အခြေခံအုတ်မြစ် ချမှတ်ပေးခြင်းနဲ့ ပြည်သူတွေရဲ့လူမှုစီးပွား တိုးတက်ဖို့အတွက်ကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်၊ ကျနော်တို့ အခြေခံအုတ်မြစ်ချမှတ်ပေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကနေပြီး ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာတဲ့အဆင့်ကို ဆက်လက်တက်လှမ်း ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပါတယ်"

ဦးတင်နိုင်သိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကလောမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရပြီး သမ္မတရုံးဝန်ကြီးဟောင်း ဖြစ်ပါတယ်။

မဲဆွယ်ပွဲကို ရွာငံမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်လည်း တက်ရောက်ခဲ့ပြီး တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက် စတဲ့ မြို့နယ်တွေက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်းတွေ၊ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နဲ့ အင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စုစုပေါင်း ၁၅ ယောက် တက်ရောက်ခဲ့ပါတယ်။

အလားတူ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ စုပေါင်းမဲဆွယ်ပွဲတွေကို နေပြည်တော်၊ မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ ကျင်းပခဲ့ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆက်လက်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment