Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

စက္ေလွကား လက္ရန္းေအာက္မွာ ညွပ္ပိတ္မိကာ တရုတ္ကေလးငယ္တစ္ေယာက္ ေသဆုံး




ေအာက္တုိဘာ ၈ ရက္ေန ့မွာ တရုတ္လူမ်ိဳး ေယာက်ၤားကေလး တစ္ေယာက္ဟာ စက္ေလွကား လက္ရန္းေအာက္မွာ ညွပ္မိျပီးေနာက္ အသက္ဆုံးရွဳံးခဲ့ရပါတယ္။ အဆိုပါေျခာက္ျခားစရာျဖစ္ရပ္ဟာ တရုတ္ႏိုင္ငံ၊ အေနာက္ေတာင္ပုိင္း၊ Chongqing ျမိဳ ့က ေျမေအာက္ ရထားဘူတာရုံမွာျဖစ္ပြားခဲ့တာျဖစ္တယ္လုိ ့သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့၊ ယခုမေတာ္တဆမွဳျဖစ္ပြားခဲ့ရပုံကို ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီေလာက္မွာ လူအသြားအလာမ်ားတဲ့ Hong Chi He Gou ဘူတာရုံမွာ ျဖစ္ပြားသြားတာျဖစ္ပါတယ္။ သိရသေလာက္ေတာ့၊ ကေလးငယ္ေလးဟာ စက္ေလွကား လက္ရန္းနဲ ့ညွပ္ပါ ကာ လက္ရန္းေအာက္မွာ ညွပ္ပိတ္ျပီး အသက္ရွဴၾကပ္ေသဆုံးခဲ့ရတာျဖစ္တယ္လုိ ့ဆုိပါတယ္။
ဘူတာရုံ၀န္ထမ္းေတြဟာ အလ်င္အျမန္ကူညီခဲ့ေပမယ့္လည္း၊ ကေလးရဲ့အသက္ကို အခ်ိန္မီ မကယ္လုိက္ႏိုင္ဘူးလုိ ့သိရပါတယ္။ မ်က္ျမင္ေတြ ့သူတစ္ေယာက္က ကေလးရဲ့ အေမလုိ ့ယူဆရတဲ့အမ်ိဳးသမီးတစ္ေယာက္ဟာ ကေလးေလးမေသခင္မွာ လက္ကို တစ္မိနစ္ေလာက္ ဆုပ္ကိုင္ေပးထားတယ္လုိ ့ ေျပာျပခဲ့ပါတယ္။ ယခုျဖစ္ရပ္ျဖစ္ပြားျပီးေနာက္မွာ ေသြးပ်က္စရာ ဓာတ္ပုံေတြ အေျမာက္အမ်ား ထြက္ေပၚလာခဲ့သလုိ ဗီဒီယိုအပုိင္းတစ္ခုလည္း ထြက္ေပၚလာခဲ့ပါတယ္။
ဗီဒီယိုအရ စက္ေလွကားေဘးနားတစ္၀ုိက္မွာ အေျခအေနေတြက လုံး၀ပရမ္းပတာျဖစ္္ေနတာကို ေတြ ့ရမွာပါ။ စုံစမ္းစစ္ေဆးမွဳေတြျပဳလုပ္ေနစဥ္အေတာအတြင္း စက္ေလွကားကို ပိတ္ထားလုိက္ျပီျဖစ္ပါတယ္။ လက္ရွိမွာ ေဒသတြင္းရဲေတြကေတာ့ ဘာမွထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။
တရုတ္ႏိုင္ငံမွာ ျပီးခဲ့တဲ့လေတြအတြင္း စက္ေလွကား မေတာ္တဆမွဳေပါင္းမ်ားစြာျဖစ္ပြားခဲ့ျပီး ဇူလုိင္လ တုန္းကလည္း ေရွာ့ပင္းစင္တာတစ္ခုမွာ တရုတ္အမ်ိဳးသမီးတစ္ေယာက္ဟာ စက္ေလွကား ၾကမ္းဖုံးထဲ ကၽြံက်ကာ အသက္ဆုံးရွဳံးခဲ့ရပါတယ္။
Ref: Dailymail 
http://www.trend.com.mm/2015/10/09/news-7837
..............................................................................................
ye wint 
အောက်တိုဘာ ၈ ရက်နေ ့မှာ တရုတ်လူမျိုး ယောကျင်္ားကလေး တစ်ယောက်ဟာ စက်လှေကား လက်ရန်းအောက်မှာ ညှပ်မိပြီးနောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါခြောက်ခြားစရာဖြစ်ရပ်ဟာ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ Chongqing မြို ့က မြေအောက် ရထားဘူတာရုံမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို ့သိရပါတယ်။

လက်ရှိအချိန်မှာတော့၊ ယခုမတော်တဆမှုဖြစ်ပွားခဲ့ရပုံကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ လူအသွားအလာများတဲ့ Hong Chi He Gou ဘူတာရုံမှာ ဖြစ်ပွားသွားတာဖြစ်ပါတယ်။ သိရသလောက်တော့၊ ကလေးငယ်လေးဟာ စက်လှေကား လက်ရန်းနဲ ့ညှပ်ပါ ကာ လက်ရန်းအောက်မှာ ညှပ်ပိတ်ပြီး အသက်ရှူကြပ်သေဆုံးခဲ့ရတာဖြစ်တယ်လို ့ဆိုပါတယ်။

ဘူတာရုံဝန်ထမ်းတွေဟာ အလျင်အမြန်ကူညီခဲ့ပေမယ့်လည်း၊ ကလေးရဲ့အသက်ကို အချိန်မီ မကယ်လိုက်နိုင်ဘူးလို ့သိရပါတယ်။ မျက်မြင်တွေ ့သူတစ်ယောက်က ကလေးရဲ့ အမေလို ့ယူဆရတဲ့အမျိုးသမီးတစ်ယောက်ဟာ ကလေးလေးမသေခင်မှာ လက်ကို တစ်မိနစ်လောက် ဆုပ်ကိုင်ပေးထားတယ်လို ့ ပြောပြခဲ့ပါတယ်။ ယခုဖြစ်ရပ်ဖြစ်ပွားပြီးနောက်မှာ သွေးပျက်စရာ ဓာတ်ပုံတွေ အမြောက်အများ ထွက်ပေါ်လာခဲ့သလို ဗီဒီယိုအပိုင်းတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဗီဒီယိုအရ စက်လှေကားဘေးနားတစ်ဝိုက်မှာ အခြေအနေတွေက လုံးဝပရမ်းပတာဖြစ််နေတာကို တွေ ့ရမှာပါ။ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေစဉ်အတောအတွင်း စက်လှေကားကို ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ လက်ရှိမှာ ဒေသတွင်းရဲတွေကတော့ ဘာမှထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လတွေအတွင်း စက်လှေကား မတော်တဆမှုပေါင်းများစွာဖြစ်ပွားခဲ့ပြီး ဇူလိုင်လ တုန်းကလည်း ရှော့ပင်းစင်တာတစ်ခုမှာ တရုတ်အမျိုးသမီးတစ်ယောက်ဟာ စက်လှေကား ကြမ်းဖုံးထဲ ကျွံကျကာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

Ref: Dailymail 

No comments:

Post a Comment