Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 23, 2015

ေက်ာင္းမေနႏိုင္တဲ့ ကေလး ေလးသန္းခြဲနီးပါး ရွိေန

 ေက်ာင္းသင္ခန္းစာမ်ားကို ေလ့လာသင္ယူေနေသာ ကေလးငယ္ႏွစ္ဦးကို ေတြ႔ရစဥ္။ Photo: RFA
 ျမန္မာႏိုင္ငံမွာ ပညာမသင္ႏိုင္ဘဲ အလုပ္လုပ္ေနရတဲ့ ကေလးေတြ သန္းနဲ႔ခ်ီ ရွိေနေၾကာင္း AFP သတင္း က ေဖၚျပပါတယ္။

၂ဝ၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ျမန္မာႏုိင္ငံမွာ ေက်ာင္းမေနႏိုင္တဲ့ အသက္ ၁၈ ႏွစ္ေအာက္ ကေလး ေလးသန္းခြဲနီးပါးရွိေနရာမွာ အမ်ားစုဟာ အလုပ္လုပ္ေနၾကရတဲ့ ကေလးအလုပ္သမားေတြျဖစ္ၾကပါတယ္။ သူတို႔ဟာ လက္ဘက္ရည္ဆိုင္ေတြနဲ႔ စက္ရံု ေတြမွာ တစ္ရက္ ၁၄ နာရီေလာက္နဲ႔ အမ်ားစုဟာ တစ္ပတ္မွာ ၇ ရက္လံုး အလုပ္လုပ္ ေနၾကရတာျဖစ္ပါတယ္။

ၿဗိတိန္ အေျခစိုက္ Verisk Maplecroft သုေတသနအဖြဲ႕ အဆိုအရ ျမန္မာႏုိင္ငံဟာ ကေလးသူငယ္ခိုင္းေစမႈ အေျခအေန အဆိုးရြားဆံုးႏုိင္ငံ ၁၀ ႏိုင္ငံထဲမွာ သတၱမ အဆင့္ မွာရွိေနပါတယ္။

ျမန္မာႏိုင္ငံဟာ အျပည္ျပည္ဆုိင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္ ILO အဖြဲ႔ဝင္ႏိုင္ငံျဖစ္ေပမယ့္ အလုပ္လုပ္ခြင့္ရွိတဲ့ အသက္ သတ္မွတ္ခ်က္နဲ႔ ပတ္သက္လို႔ အလုပ္သမား ဥပေဒေတြ မွာ ရွင္းရွင္းလင္းလင္း ျပဌာန္းမထားေၾကာင္း၊  ကေလးအလုပ္သမားျပႆနာကို ေျဖရွင္းမယ္လို႔အစိုးရေျပာေပမဲ့ မျဖစ္မေန လိုက္နာရမယ့္ ဥပေဒ စည္းမ်ဥ္းေတြက ေရးဆြဲေနဆဲျဖစ္ေၾကာင္း ရန္ကုန္အေျခစိုက္ ILO ဝန္ထမ္းတစ္ဦးက ေျပာဆို တယ္လို႔ AFP သတင္း က ေဖၚျပပါတယ္။

အခုအခါ ကေလးအလုပ္သမားေတြကို  ပညာသင္ၾကားေပးေရး အရပ္ဘက္အဖြဲ႔ေတြ ေပၚေပါက္လာ ေနရာမွာ myME လို႔ ေခၚတဲ့ ေရြ႕လ်ားပညာေရး အစီအစဥ္ ဟာ ရန္ကုန္ နဲ႔ မႏၱေလးမွာ ကေလးလုပ္သား ၆၀၀ ကို သူတို႔ အလုပ္ၿပီးခ်ိန္မွာ ပညာသင္ၾကား ေပးေနပါတယ္။

အလားတူ လမ္းေပၚက ကေလးေတြအတြက္ ပညာသင္ဆု ဆိုတဲ့ အဖြဲ႔ကလည္း ကေလးေတြအလုပ္လုပ္လို႔ ရမယ့္ေငြေၾကးကို မိဘေတြကို ျပန္ေလ်ာ္ေပးၿပီး ပညာသင္ေပးတဲ့အစီအစဥ္ အေကာင္အထည္ေဖၚေနရာမွာ အခုအခါ ကေလး သံုးရာ ေလာက္ ရွိတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ စီးပြားေရးကို ဖြင့္လိုက္ၿပီး ေလးႏွစ္အၾကာမွာ ေပၚေပါက္လာတဲ့ ဟိုတယ္သစ္ေတြ၊ ေကာ္ဖီ ဆိုင္ေတြ၊ စက္ရံုေတြမွာ အလုပ္သမားေတြကို အသက္အရြယ္ မေရြး ေခၚယူခိုင္းေစေနတာေၾကာင့္ ကေလးေတြ ဟာ ပစ္မွတ္ျဖစ္ေနဆဲပဲလို႔ AFP သတင္းကေဖၚျပပါတယ္။

RFA Burmese
http://www.rfa.org/burmese
.....................

 ကျောင်းသင်ခန်းစာများကို လေ့လာသင်ယူနေသော ကလေးငယ်နှစ်ဦးကို တွေ့ရစဉ်။ Photo: RFA
 မြန်မာနိုင်ငံမှာ ပညာမသင်နိုင်ဘဲ အလုပ်လုပ်နေရတဲ့ ကလေးတွေ သန်းနဲ့ချီ ရှိနေကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ကျောင်းမနေနိုင်တဲ့ အသက် ၁၈ နှစ်အောက် ကလေး လေးသန်းခွဲနီးပါးရှိနေရာမှာ အများစုဟာ အလုပ်လုပ်နေကြရတဲ့ ကလေးအလုပ်သမားတွေဖြစ်ကြပါတယ်။ သူတို့ဟာ လက်ဘက်ရည်ဆိုင်တွေနဲ့ စက်ရုံ တွေမှာ တစ်ရက် ၁၄ နာရီလောက်နဲ့ အများစုဟာ တစ်ပတ်မှာ ရ ရက်လုံး အလုပ်လုပ် နေကြရတာဖြစ်ပါတယ်။

ဗြိတိန် အခြေစိုက် Verisk Maplecroft သုတေသနအဖွဲ့ အဆိုအရ မြန်မာနိုင်ငံဟာ ကလေးသူငယ်ခိုင်းစေမှု အခြေအနေ အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ သတ္တမ အဆင့် မှာရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် အလုပ်လုပ်ခွင့်ရှိတဲ့ အသက် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ အလုပ်သမား ဥပဒေတွေ မှာ ရှင်းရှင်းလင်းလင်း ပြဌာန်းမထားကြောင်း၊  ကလေးအလုပ်သမားပြဿနာကို ဖြေရှင်းမယ်လို့အစိုးရပြောပေမဲ့ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေ စည်းမျဉ်းတွေက ရေးဆွဲနေဆဲဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ILO ဝန်ထမ်းတစ်ဦးက ပြောဆို တယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

အခုအခါ ကလေးအလုပ်သမားတွေကို  ပညာသင်ကြားပေးရေး အရပ်ဘက်အဖွဲ့တွေ ပေါ်ပေါက်လာ နေရာမှာ myME လို့ ခေါ်တဲ့ ရွေ့လျားပညာရေး အစီအစဉ် ဟာ ရန်ကုန် နဲ့ မန္တလေးမှာ ကလေးလုပ်သား ၆၀၀ ကို သူတို့ အလုပ်ပြီးချိန်မှာ ပညာသင်ကြား ပေးနေပါတယ်။

အလားတူ လမ်းပေါ်က ကလေးတွေအတွက် ပညာသင်ဆု ဆိုတဲ့ အဖွဲ့ကလည်း ကလေးတွေအလုပ်လုပ်လို့ ရမယ့်ငွေကြေးကို မိဘတွေကို ပြန်လျော်ပေးပြီး ပညာသင်ပေးတဲ့အစီအစဉ် အကောင်အထည်ဖေါ်နေရာမှာ အခုအခါ ကလေး သုံးရာ လောက် ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးကို ဖွင့်လိုက်ပြီး လေးနှစ်အကြာမှာ ပေါ်ပေါက်လာတဲ့ ဟိုတယ်သစ်တွေ၊ ကော်ဖီ ဆိုင်တွေ၊ စက်ရုံတွေမှာ အလုပ်သမားတွေကို အသက်အရွယ် မရွေး ခေါ်ယူခိုင်းစေနေတာကြောင့် ကလေးတွေ ဟာ ပစ်မှတ်ဖြစ်နေဆဲပဲလို့ AFP သတင်းကဖေါ်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment