Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

လူကၽြံေဘာ - မာေဂ်

ေဖ့စ္ဘြတ္ဆိုတာ အေမရိကန္ ဟားဗတ္ တကၠသိုလ္က မာခ့္ဇူကာဘာခ်္႕နဲ႔ သူငယ္ခ်င္းေလးဦး တီထြင္ခဲ့တဲ့ လူမႈေရး ကြန္ယက္ျဖစ္ၿပီး ၂၀၀၄ခုႏွစ္ ေဖေဖာ္၀ါရီ ၁၁ရက္မွာ စတင္ခဲ့တယ္။ စစခ်င္းမွာ ဟားဗတ္တကၠသိုလ္ ေက်ာင္းသားေတြ သုံးစြဲဖို႔ပဲ ကန္႔သတ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေဘာ္စတြန္ ေဒသက တစ္ျခား တကၠသိုလ္ေတြ ျဖစ္တဲ့ အိုင္ဗီေကာလိပ္နဲ႔ စတန္းဖို႔ တကၠသိုလ္က ေက်ာင္းသားေတြပါ သုံးစြဲဖို႔ ဖြင့္ေပးခဲ့တယ္။ ၂၀၀၆ခုႏွစ္မွာေတာ့ မည္သူမဆို အသက္၁၃ႏွစ္ျပည့္ၿပီးရင္ မွတ္ပုံတင္ၿပီး သုံးစြဲႏိုင္ေၾကာင္း ေၾကညာခဲ့တယ္။ ၂၀၁၅ခုႏွစ္ ၾသဂုတ္လမွာေတာ့ လစဥ္သုံးစြဲသူေပါင္း ၁၁၈၀သန္းအထိ ေရာက္ရွိလာၿပီ ျဖစ္တယ္။ ေဖ့ဘြတ္ တီထြင္သူေတြရဲ႕ ရည္ရြယ္ခ်က္က မိမိနဲ႔ ခင္မင္တဲ့ သူငယ္ခ်င္းေတြၾကား သတင္းေတြ၊ အခ်က္အလတ္ေတြ၊ ဗီဒီယိုေတြ ဖလွယ္ဖို႔ျဖစ္တယ္။ ၂၀၁၂မွာ ပထမဆုံး အႀကိမ္အျဖစ္ ရွယ္ယာေတြ စတင္ေရာင္းခဲ့ရာမွာ စံခ်ိန္တင္အျဖစ္ ေဒၚလာ ၁၀၄ ဘီလ်ံဖိုး ေရာင္းခ်ခဲ့ရတယ္။ ၂၀၁၅ ဇူလိုင္မွာ ကုမၸဏီရဲ႕ တန္ဖိုးဟာ ေဒၚလာ ၂၅၀ဘီလ်ံ အထိရွိၿပီး ကမၻာမွာ အလ်င္ျမန္ဆုံး တိုးတက္ေနတဲ့ ကုမၸဏီ ၅၀၀ စာရင္း၀င္ ျဖစ္ခဲ့တယ္။ ၂၀၁၄မွာ ေၾကာ္ျငာေတြကေန ၀င္ေငြ ၁.၂၃ဘီလ်ံ ရခဲ့တယ္။ ေဖ့စ္ဘြတ္ သုံးစြဲသူေတြကို ၾကည့္ရင္ အေမရိကန္က ၁၆၈.၈သန္း၊ ဘရာဇီးလ္က ၆၄.၆သန္း၊ အိႏ္ၵိယက ၆၂.၄သန္း၊ အင္ဒိုနီးရွားက ၅၁.၄သန္းနဲ႔ မကၠဆီကိုက ၄၀.၂သန္း ရွိေနပါတယ္။ ဒါေတာင္ တ႐ုတ္၊ ဘဂၤလားေဒ့ရွ္႕၊ အီရန္၊ ေျမာက္ကိုရီးယား၊ ဗီယက္နမ္၊ ပါကစၥတန္၊ က်ဴးဘား၊ အီဂ်စ္၊ ဆီးရီးယားနဲ႔ ေမာရစ္ရွပ္ ႏိုင္ငံေတြက သူ႔ႏိုင္ငံသားေတြကို ေဖ့စ္ဘြတ္သုံးစြဲခြင့္ မျပဳေသးလို႔။ သူတို႔သာ ခြင့္ျပဳလုိက္ရင္ ေဖ့စ္ဘြတ္ သုံးစြဲသူက ကမၻာ႔လူဦးေရရဲ႕ သုံးပုံတစ္ပုံေလာက္ ျဖစ္လာလိမ့္မယ္။ အခုကို ကမၻာေပၚမွာ လူ၇ဦးရွိတိုင္း ေဖ့စ္ဘြတ္ သုံးစြဲသူက တစ္ဦးျဖစ္ေနၿပီေလ။ ေဖ့စ္ဘြတ္ကို လက္ကိုင္ဖုန္းကေန သုံးတဲ့ အေရအတြက္ကလည္း တစ္ကမၻာလုံးမွာ လူဦးေရ ၆၀၈သန္း အထိ ရွိလာပါၿပီ။

ဒါေပမဲ့ မာေဂ်တို႔ ျမန္မာေတြဟာ မဟုတ္တာလုပ္တဲ့ ေနရာမွာ သိပ္ေတာ္ေလေတာ့ ေဖ့စ္ဘြတ္ကို တလြဲေတြ သုံးလာတယ္။ ဒါေၾကာင့္ ေဖ့စ္ဘြတ္ရဲ႕ ျမန္မာ ၀န္ထမ္းေတြကို ႐ုံးခ်ဳပ္ေခၚၿပီး သင္တန္းေတြ ေပးခဲ့ရတယ္လို႔လည္း ၾကားတယ္။ တစ္ဦးနဲ႔တစ္ဦး တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔ မိတ္ေဆြျဖစ္ဖို႔နဲ႔ သတင္းေတြ ဖလွယ္ဖို႔ တီထြင္ခဲ့တဲ့ ေဖ့စ္ဘြတ္ဟာ ျမန္မာေတြနဲ႔ေတြ႔မွ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔ တိုက္ခိုက္အပုတ္ခ်တဲ့ ဒစ္ဂ်စ္တယ္ စစ္တလင္း ျဖစ္သြားေတာ့တယ္။ ဒီေတာ့ ေဖ့စ္ဘြတ္ရဲ႕ ေပၚလစီကို ျပန္ဖတ္ၾကည့္ေတာ့ ကိုယ္တိုင္ ေဖ့စ္ဘြတ္ရဲ႕ ေပၚလစီကို ခ်ိဳးေဖာက္သူ ျဖစ္ေနတယ္။ သူက အေကာင့္ ဖြင့္မယ့္သူဟာ ကိုယ့္ရဲ႕နာမည္ရင္းနဲ႔ ကိုယ္ေရးရာဇ၀င္ အမွန္နဲ႔ပဲ တင္ရမယ္။ ဒါမွသာ ကိုယ့္ကို ဆက္သြယ္လာသူက ဘယ္သူဆိုတာသိၿပီး လူ႔အဖြဲ႔အစည္းမွာ စိတ္ခ်လုံၿခဳံမႈ ရွိမယ္လို႔ ေရးထားတယ္။ ကိုယ့္နာမည္ မဟုတ္တာနဲ႔ မတင္ရ႐ုံမက ကေလာင္နာမည္ပါ မသုံးရဘူးဆိုေတာ့ မာေဂ်တို႔က ကေလာင္နာမည္နဲ႔ အေကာင့္ဖြင့္ထားေလေတာ့ သူ႕ရဲ႕ ေပၚလစီနဲ႔ ညိေနတာေပါ့။ ဒါေၾကာင့္ ခ်က္ျခင္း အေကာင့္ကို ကိုယ့္နာမည္ရင္း ျပန္ေျပာင္းလိုက္ရပါတယ္။ ဒါေပမဲ့ ေဖ့စ္ဘြတ္က ဆက္ေရးထားရာမွာ အဲလိုလုပ္လိုက္ေတာ့ အမည္လြဲေတြနဲ႔ တင္ထားတဲ့ ထင္ရွားေက်ာ္ၾကား သူေတြရဲ႕ အေကာင့္ေတြ ပိတ္တဲ့အထဲ ပါသြားတယ္တဲ့။ ၾကည့္ရတာ ေဖ့စ္ဘြတ္ကိုယ္တိုင္က အေကာင့္အတု ကိစၥကို ေျဖရွင္းႏိုင္ပုံ မေပၚဘူး။ သူ႔ေပၚလစီကေတာ့ လူတစ္ေယာက္ အေကာင့္တစ္ခု ေပၚလစီပါပဲ။

ျမန္မာႏိုင္ငံမွာကေတာ့ ကိုယ့္နာမည္နဲ႔ မသုံး႐ုံမက အေကာင့္အတုေတြပါ ဖြင့္ခ်င္တိုင္း ဖြင့္ေနၾကတာ ေတြ႔ေနရတယ္။ ျမန္မာႏိုင္ငံမွာ အီလတ္ထေရာနစ္ ဥပေဒကလည္း ရွိၿပီးသားဆိုေတာ့ အဲဒီတစ္ခ်က္ထဲနဲ႔တင္ အေကာင့္မွာ ကိုယ့္နာမည္ကိုယ္ မသုံးသူေတြ လူကၽြံေဘာ ျဖစ္ေနၿပီ။ ဒီေတာ့ ေဖ့စ္ဘြတ္ေပၚမွာ ေရးခ်င္တာေရးမယ္။ တင္ခ်င္တာတင္မယ္ ဆိုတဲ့သူေတြ ေရွ႕ေလွ်ာက္ သတိႀကီးႀကီးထားဖို႔ လိုပါလိမ့္မယ္။ ေလာေလာဆယ္ကို ေဖ့စ္ဘြတ္ေပၚမွာ ပို႔စ္ေတြ တင္မိလို႔ အစိုးရက အေရးယူထားတာ ေျခာက္ေယာက္ရွိသလို ပုဂၢလိကခ်င္းက ေဖ့စ္ဘြတ္ေပၚမွာ တင္တာကို မေက်နပ္လို႔ တရားစြဲထားတာေတြလည္း အမ်ားႀကီး ရွိပါတယ္။ အခုလို ေရြးေကာက္ပြဲ ကာလမွာ ေဖ့စ္ဘြတ္ေပၚက ပုတ္ခတ္တာေတြ ဆဲဆိုတာေတြလည္း အမ်ားႀကီးရွိပါတယ္။ အခုလို ေရြးေကာက္ပြဲ ကာလမွာ ေဖ့စ္ဘြတ္ေပၚက ပုတ္ခတ္တာေတြ ဆဲဆိုတာေတြ၊ မဖြယ္မရာ ေရးသားတာေတြကို စၿပီးအေရးယူေနလို႔ ဘုမသိ ဘမသိ ကိုယ့္ေဆြမ်ိဳးေတြ အေရးယူခံရမွာ စိုးလို႔ပါ။ ဒီစာေရးေနရင္း ငိုရမလို ရယ္မလို အျဖစ္တစ္ခု ၾကားလိုက္ရပါေသးတယ္။ လူငယ္ေလး တစ္ေယာက္က သူ႔အသက္ ၁၈ႏွစ္ျပည့္လို႔ အသစ္လဲလိုက္တဲ့ မွတ္ပုံတင္ကတ္ကို သူ႔ေဖ့စ္ဘြတ္ေပၚမွာ တင္လိုက္ပါသတဲ့။ အဲဒီမွတ္ပုံတင္ကို ယူၿပီး တစ္ျခား သူနဲ႔မသိတဲ့ တစ္ေယာက္က သူ႔နာမည္နဲ႔ အေကာင့္တစ္ခု ဖြင့္႐ုံမက တကယ့္ အစစ္လူသုံးေနတဲ့ အေကာင့္က အတုပါဆိုၿပီး ေဖ့စ္ဘြတ္ကို ရီပို႔တင္လိုက္တယ္။ ဒီေတာ့ တကယ့္အစစ္လူရဲ႕ အေကာင့္က အပိတ္ခံရၿပီး ဟိုအတုက ေဖ့စ္ဘြတ္ေပၚမွာ ေတြ႔သမွ် အဖြဲ႔အစည္းကိုဆဲ၊ ေတြ႔သမွ် ႏိုင္ငံေရးပါတီကိုဆဲ၊ အစိုးရကိုဆဲနဲ႔ လုပ္ေနေလေတာ့ အဲဒီကေလးမွာ ဘယ္ေန႔ အဖမ္းခံရမလဲ တစ္ထိတ္ထတ္နဲ႔ ေနရပါသတဲ့။ အဲဒီကိစၥကို သူေနတဲ့ အပိုင္ရဲစခန္းျဖစ္တဲ့ ေဒါပုံစခန္း သြားအမႈဖြင့္ေတာ့လည္း ရဲစခန္းက ဒီေလာက္ ေဖ့စ္ဘြတ္ သုံးေနတဲ့ သူေတြ အမ်ားႀကီးထဲမွာ ငါတို႔က ဘယ္လိုဖမ္းရမလဲ ျပန္ေျပာလိုက္လို႔ သူ႔ခမ်ာ စားေကာင္းျခင္း မစားရ အိပ္ေကာင္းျခင္း မအိပ္ရ ျဖစ္ေနပါတယ္။

သူ႔ကိုသာ ရဲစခန္းက အမႈဖြင့္မေပးတာ။ အခုရက္ပိုင္း ဖမ္းခ်င္တဲ့ သူက်ေတာ့လည္း အခ်ိန္ပိုင္းအတြင္း အိမ္အထိ သြားဖမ္းေနၾကတာပဲဗ်ာ။ (ဒီစာေရးေနတုန္းပဲ အဲဒီကေလးကို ဖမ္းသြားၿပီလို႔ သတင္းၾကားလိုက္ရပါတယ္။ ဒါဟာ သက္သက္မဲ့ အျပစ္မရွိတဲ့ ကေလးကို အေကာင့္ အတုသမားက လုပ္ႀကံလိုက္တာပါပဲ)။ ဒီေတာ့ အစိုးရ သက္တမ္း ကုန္ခါနီးေလးမွာ ကိုယ့္ထမင္း ကိုယ္စားၿပီး ေထာင္နဲ႔ကိုယ္နဲ႔ ပဌာန္းဆက္ မပါရေလေအာင္ အေရးအသား ဆင္ျခင္ဖို႔လိုပါတယ္။ ကိုယ္ေရးတာမွ မဟုတ္တာ။ သူမ်ားေရးတာကို ရွယ္တာပဲ ဆိုၿပီးလည္း ေတြ႔သမွ် ရွယ္မေနၾကပါနဲ႔။ တစ္ေယာက္ အဖမ္းခံရတာဆိုရင္ ကိုယ္တိုင္ေရးလို႔ မဟုတ္ပဲ သူမ်ားေရးတာကို ရွယ္လိုက္မိလို႔ပါ။ ေျပာရရင္ ကိုယ့္အမ်ိဳးေတြ ေရြးေကာက္ပြဲမွာ သားေကာင္ အျဖစ္မခံေစခ်င္လို႔ပါ။ ကိုယ့္အမ်ိဳးေတြဆိုတဲ့ စကားကလည္း ၈၈ပြင့္လင္းက ကိုဂ်င့္မီစကား ငွားသုံးလိုက္တာပါ။ ကိုဂ်င္မီက စာေပ ေဟာေျပာပြဲဆိုရင္ ကၽြန္ေတာ့္အမ်ိဳးေတြ ကၽြန္ေတာ့္အမ်ိဳးေတြလို႔ ေျပာတာကို သေဘာက်လို႔ပါခင္ဗ်။

ေျပာရရင္ အစိုးရက လူကၽြံေဘာ ဖမ္းတဲ့ေနရာမွာ အလြန္ ေတာ္ေလေတာ့ ဘုမသိဘမသိ ပါသြားမွာစိုးလို႔ပါ။ ငါတို႔ကေတာ့ အေကာင့္အတုနဲ႔ သုံးေနတာ ဘယ္ဖမ္းလို႔ ရမွာလဲလို႔လည္း မထင္ၾကနဲ႔ဗ်။ ဆက္သြယ္ေရးက အသိတစ္ေယာက္ကေတာ့ ဘယ္အင္တာနက္ လိပ္စာကေန ဘယ္အခ်ိန္မွာ ဘယ္သူက တင္တယ္ဆိုတာ လုိက္လို႔ရသတဲ့။ ဒီေတာ့ အေကာင့္အတုနဲ႔ ျမင္ျမင္ကရာ ရမ္းကားေနသူေတြ သတိခ်ပ္ဖို႔ လိုပါလိမ့္မယ္။ ေရြးေကာက္ပြဲဆိုတာ ရွင္းရွင္းေျပာရရင္ ႏိုင္ငံေရးပါတီေတြ ကုလားထိုင္ လုတဲ့ပြဲပါပဲ။ အဲဒီအထဲမွာ ကိုယ္က ေရာတိေရာရာ ငါလည္းပါ လုပ္ေနခ်ိန္မွာ ဖမ္းမယ့္အခ်ိန္နဲ႔ တိုက္ဆိုင္ေနရင္ျဖင့္ အထက္က ေျပာခဲ့တဲ့ ကေလးလို ကိုယ္တိုင္လည္း ဘာမွမလုပ္ရပါပဲ အဖမ္းခံရပါလိမ့္မယ္။ ဒီေတာ့ သတိႀကီးစြာထားၿပီး ေဖ့စ္ဘြတ္ သုံးၾကဖို႔နဲ႔ လူကၽြံေဘာ ေထာင္ေခ်ာက္ထဲမွာ ကိုယ္မပါေအာင္ ေနတတ္ၾကဖို႔ ဒီေနရာကေန သတိေပးအပ္ပါတယ္ ခင္ဗ်ာ။

မာေဂ်
...................
လူကျွံဘော - မာဂျေ

ဖေ့စ်ဘွတ်ဆိုတာ အမေရိကန် ဟားဗတ် တက္ကသိုလ်က မာခ့်ဇူကာဘာချ့်နဲ့ သူငယ်ချင်းလေးဦး တီထွင်ခဲ့တဲ့ လူမှုရေး ကွန်ယက်ဖြစ်ပြီး ၂၀၀၄ခုနှစ် ဖေဖော်ဝါရီ ၁၁ရက်မှာ စတင်ခဲ့တယ်။ စစချင်းမှာ ဟားဗတ်တက္ကသိုလ် ကျောင်းသားတွေ သုံးစွဲဖို့ပဲ ကန့်သတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘော်စတွန် ဒေသက တစ်ခြား တက္ကသိုလ်တွေ ဖြစ်တဲ့ အိုင်ဗီကောလိပ်နဲ့ စတန်းဖို့ တက္ကသိုလ်က ကျောင်းသားတွေပါ သုံးစွဲဖို့ ဖွင့်ပေးခဲ့တယ်။ ၂၀၀၆ခုနှစ်မှာတော့ မည်သူမဆို အသက်၁၃နှစ်ပြည့်ပြီးရင် မှတ်ပုံတင်ပြီး သုံးစွဲနိုင်ကြောင်း ကြေညာခဲ့တယ်။ ၂၀၁၅ခုနှစ် သြဂုတ်လမှာတော့ လစဉ်သုံးစွဲသူပေါင်း ၁၁၈၀သန်းအထိ ရောက်ရှိလာပြီ ဖြစ်တယ်။ ဖေ့ဘွတ် တီထွင်သူတွေရဲ့ ရည်ရွယ်ချက်က မိမိနဲ့ ခင်မင်တဲ့ သူငယ်ချင်းတွေကြား သတင်းတွေ၊ အချက်အလတ်တွေ၊ ဗီဒီယိုတွေ ဖလှယ်ဖို့ဖြစ်တယ်။ ၂၀၁၂မှာ ပထမဆုံး အကြိမ်အဖြစ် ရှယ်ယာတွေ စတင်ရောင်းခဲ့ရာမှာ စံချိန်တင်အဖြစ် ဒေါ်လာ ၁၀၄ ဘီလျံဖိုး ရောင်းချခဲ့ရတယ်။ ၂၀၁၅ ဇူလိုင်မှာ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၅၀ဘီလျံ အထိရှိပြီး ကမ္ဘာမှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ ကုမ္ပဏီ ၅၀၀ စာရင်းဝင် ဖြစ်ခဲ့တယ်။ ၂၀၁၄မှာ ကြော်ငြာတွေကနေ ၀င်ငွေ ၁.၂၃ဘီလျံ ရခဲ့တယ်။ ဖေ့စ်ဘွတ် သုံးစွဲသူတွေကို ကြည့်ရင် အမေရိကန်က ၁၆၈.၈သန်း၊ ဘရာဇီးလ်က ၆၄.၆သန်း၊ အိန်္ဒိယက ၆၂.၄သန်း၊ အင်ဒိုနီးရှားက ၅၁.၄သန်းနဲ့ မက္ကဆီကိုက ၄၀.၂သန်း ရှိနေပါတယ်။ ဒါတောင် တရုတ်၊ ဘင်္ဂလားဒေ့ရှ့်၊ အီရန်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ကျူးဘား၊ အီဂျစ်၊ ဆီးရီးယားနဲ့ မောရစ်ရှပ် နိုင်ငံတွေက သူ့နိုင်ငံသားတွေကို ဖေ့စ်ဘွတ်သုံးစွဲခွင့် မပြုသေးလို့။ သူတို့သာ ခွင့်ပြုလိုက်ရင် ဖေ့စ်ဘွတ် သုံးစွဲသူက ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် ဖြစ်လာလိမ့်မယ်။ အခုကို ကမ္ဘာပေါ်မှာ လူရဦးရှိတိုင်း ဖေ့စ်ဘွတ် သုံးစွဲသူက တစ်ဦးဖြစ်နေပြီလေ။ ဖေ့စ်ဘွတ်ကို လက်ကိုင်ဖုန်းကနေ သုံးတဲ့ အရေအတွက်ကလည်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၆၀၈သန်း အထိ ရှိလာပါပြီ။

ဒါပေမဲ့ မာဂျေတို့ မြန်မာတွေဟာ မဟုတ်တာလုပ်တဲ့ နေရာမှာ သိပ်တော်လေတော့ ဖေ့စ်ဘွတ်ကို တလွဲတွေ သုံးလာတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ရဲ့ မြန်မာ ၀န်ထမ်းတွေကို ရုံးချုပ်ခေါ်ပြီး သင်တန်းတွေ ပေးခဲ့ရတယ်လို့လည်း ကြားတယ်။ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ မိတ်ဆွေဖြစ်ဖို့နဲ့ သတင်းတွေ ဖလှယ်ဖို့ တီထွင်ခဲ့တဲ့ ဖေ့စ်ဘွတ်ဟာ မြန်မာတွေနဲ့တွေ့မှ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်အပုတ်ချတဲ့ ဒစ်ဂျစ်တယ် စစ်တလင်း ဖြစ်သွားတော့တယ်။ ဒီတော့ ဖေ့စ်ဘွတ်ရဲ့ ပေါ်လစီကို ပြန်ဖတ်ကြည့်တော့ ကိုယ်တိုင် ဖေ့စ်ဘွတ်ရဲ့ ပေါ်လစီကို ချိုးဖောက်သူ ဖြစ်နေတယ်။ သူက အကောင့် ဖွင့်မယ့်သူဟာ ကိုယ့်ရဲ့နာမည်ရင်းနဲ့ ကိုယ်ရေးရာဇဝင် အမှန်နဲ့ပဲ တင်ရမယ်။ ဒါမှသာ ကိုယ့်ကို ဆက်သွယ်လာသူက ဘယ်သူဆိုတာသိပြီး လူ့အဖွဲ့အစည်းမှာ စိတ်ချလုံခြုံမှု ရှိမယ်လို့ ရေးထားတယ်။ ကိုယ့်နာမည် မဟုတ်တာနဲ့ မတင်ရရုံမက ကလောင်နာမည်ပါ မသုံးရဘူးဆိုတော့ မာဂျေတို့က ကလောင်နာမည်နဲ့ အကောင့်ဖွင့်ထားလေတော့ သူ့ရဲ့ ပေါ်လစီနဲ့ ညိနေတာပေါ့။ ဒါကြောင့် ချက်ခြင်း အကောင့်ကို ကိုယ့်နာမည်ရင်း ပြန်ပြောင်းလိုက်ရပါတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်က ဆက်ရေးထားရာမှာ အဲလိုလုပ်လိုက်တော့ အမည်လွဲတွေနဲ့ တင်ထားတဲ့ ထင်ရှားကျော်ကြား သူတွေရဲ့ အကောင့်တွေ ပိတ်တဲ့အထဲ ပါသွားတယ်တဲ့။ ကြည့်ရတာ ဖေ့စ်ဘွတ်ကိုယ်တိုင်က အကောင့်အတု ကိစ္စကို ဖြေရှင်းနိုင်ပုံ မပေါ်ဘူး။ သူ့ပေါ်လစီကတော့ လူတစ်ယောက် အကောင့်တစ်ခု ပေါ်လစီပါပဲ။

မြန်မာနိုင်ငံမှာကတော့ ကိုယ့်နာမည်နဲ့ မသုံးရုံမက အကောင့်အတုတွေပါ ဖွင့်ချင်တိုင်း ဖွင့်နေကြတာ တွေ့နေရတယ်။ မြန်မာနိုင်ငံမှာ အီလတ်ထရောနစ် ဥပဒေကလည်း ရှိပြီးသားဆိုတော့ အဲဒီတစ်ချက်ထဲနဲ့တင် အကောင့်မှာ ကိုယ့်နာမည်ကိုယ် မသုံးသူတွေ လူကျွံဘော ဖြစ်နေပြီ။ ဒီတော့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးချင်တာရေးမယ်။ တင်ချင်တာတင်မယ် ဆိုတဲ့သူတွေ ရှေ့လျှောက် သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။ လောလောဆယ်ကို ဖေ့စ်ဘွတ်ပေါ်မှာ ပို့စ်တွေ တင်မိလို့ အစိုးရက အရေးယူထားတာ ခြောက်ယောက်ရှိသလို ပုဂ္ဂလိကချင်းက ဖေ့စ်ဘွတ်ပေါ်မှာ တင်တာကို မကျေနပ်လို့ တရားစွဲထားတာတွေလည်း အများကြီး ရှိပါတယ်။ အခုလို ရွေးကောက်ပွဲ ကာလမှာ ဖေ့စ်ဘွတ်ပေါ်က ပုတ်ခတ်တာတွေ ဆဲဆိုတာတွေလည်း အများကြီးရှိပါတယ်။ အခုလို ရွေးကောက်ပွဲ ကာလမှာ ဖေ့စ်ဘွတ်ပေါ်က ပုတ်ခတ်တာတွေ ဆဲဆိုတာတွေ၊ မဖွယ်မရာ ရေးသားတာတွေကို စပြီးအရေးယူနေလို့ ဘုမသိ ဘမသိ ကိုယ့်ဆွေမျိုးတွေ အရေးယူခံရမှာ စိုးလို့ပါ။ ဒီစာရေးနေရင်း ငိုရမလို ရယ်မလို အဖြစ်တစ်ခု ကြားလိုက်ရပါသေးတယ်။ လူငယ်လေး တစ်ယောက်က သူ့အသက် ၁၈နှစ်ပြည့်လို့ အသစ်လဲလိုက်တဲ့ မှတ်ပုံတင်ကတ်ကို သူ့ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်ပါသတဲ့။ အဲဒီမှတ်ပုံတင်ကို ယူပြီး တစ်ခြား သူနဲ့မသိတဲ့ တစ်ယောက်က သူ့နာမည်နဲ့ အကောင့်တစ်ခု ဖွင့်ရုံမက တကယ့် အစစ်လူသုံးနေတဲ့ အကောင့်က အတုပါဆိုပြီး ဖေ့စ်ဘွတ်ကို ရီပို့တင်လိုက်တယ်။ ဒီတော့ တကယ့်အစစ်လူရဲ့ အကောင့်က အပိတ်ခံရပြီး ဟိုအတုက ဖေ့စ်ဘွတ်ပေါ်မှာ တွေ့သမျှ အဖွဲ့အစည်းကိုဆဲ၊ တွေ့သမျှ နိုင်ငံရေးပါတီကိုဆဲ၊ အစိုးရကိုဆဲနဲ့ လုပ်နေလေတော့ အဲဒီကလေးမှာ ဘယ်နေ့ အဖမ်းခံရမလဲ တစ်ထိတ်ထတ်နဲ့ နေရပါသတဲ့။ အဲဒီကိစ္စကို သူနေတဲ့ အပိုင်ရဲစခန်းဖြစ်တဲ့ ဒေါပုံစခန်း သွားအမှုဖွင့်တော့လည်း ရဲစခန်းက ဒီလောက် ဖေ့စ်ဘွတ် သုံးနေတဲ့ သူတွေ အများကြီးထဲမှာ ငါတို့က ဘယ်လိုဖမ်းရမလဲ ပြန်ပြောလိုက်လို့ သူ့ခမျာ စားကောင်းခြင်း မစားရ အိပ်ကောင်းခြင်း မအိပ်ရ ဖြစ်နေပါတယ်။

သူ့ကိုသာ ရဲစခန်းက အမှုဖွင့်မပေးတာ။ အခုရက်ပိုင်း ဖမ်းချင်တဲ့ သူကျတော့လည်း အချိန်ပိုင်းအတွင်း အိမ်အထိ သွားဖမ်းနေကြတာပဲဗျာ။ (ဒီစာရေးနေတုန်းပဲ အဲဒီကလေးကို ဖမ်းသွားပြီလို့ သတင်းကြားလိုက်ရပါတယ်။ ဒါဟာ သက်သက်မဲ့ အပြစ်မရှိတဲ့ ကလေးကို အကောင့် အတုသမားက လုပ်ကြံလိုက်တာပါပဲ)။ ဒီတော့ အစိုးရ သက်တမ်း ကုန်ခါနီးလေးမှာ ကိုယ့်ထမင်း ကိုယ်စားပြီး ထောင်နဲ့ကိုယ်နဲ့ ပဌာန်းဆက် မပါရလေအောင် အရေးအသား ဆင်ခြင်ဖို့လိုပါတယ်။ ကိုယ်ရေးတာမှ မဟုတ်တာ။ သူများရေးတာကို ရှယ်တာပဲ ဆိုပြီးလည်း တွေ့သမျှ ရှယ်မနေကြပါနဲ့။ တစ်ယောက် အဖမ်းခံရတာဆိုရင် ကိုယ်တိုင်ရေးလို့ မဟုတ်ပဲ သူများရေးတာကို ရှယ်လိုက်မိလို့ပါ။ ပြောရရင် ကိုယ့်အမျိုးတွေ ရွေးကောက်ပွဲမှာ သားကောင် အဖြစ်မခံစေချင်လို့ပါ။ ကိုယ့်အမျိုးတွေဆိုတဲ့ စကားကလည်း ၈၈ပွင့်လင်းက ကိုဂျင့်မီစကား ငှားသုံးလိုက်တာပါ။ ကိုဂျင်မီက စာပေ ဟောပြောပွဲဆိုရင် ကျွန်တော့်အမျိုးတွေ ကျွန်တော့်အမျိုးတွေလို့ ပြောတာကို သဘောကျလို့ပါခင်ဗျ။

ပြောရရင် အစိုးရက လူကျွံဘော ဖမ်းတဲ့နေရာမှာ အလွန် တော်လေတော့ ဘုမသိဘမသိ ပါသွားမှာစိုးလို့ပါ။ ငါတို့ကတော့ အကောင့်အတုနဲ့ သုံးနေတာ ဘယ်ဖမ်းလို့ ရမှာလဲလို့လည်း မထင်ကြနဲ့ဗျ။ ဆက်သွယ်ရေးက အသိတစ်ယောက်ကတော့ ဘယ်အင်တာနက် လိပ်စာကနေ ဘယ်အချိန်မှာ ဘယ်သူက တင်တယ်ဆိုတာ လိုက်လို့ရသတဲ့။ ဒီတော့ အကောင့်အတုနဲ့ မြင်မြင်ကရာ ရမ်းကားနေသူတွေ သတိချပ်ဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲဆိုတာ ရှင်းရှင်းပြောရရင် နိုင်ငံရေးပါတီတွေ ကုလားထိုင် လုတဲ့ပွဲပါပဲ။ အဲဒီအထဲမှာ ကိုယ်က ရောတိရောရာ ငါလည်းပါ လုပ်နေချိန်မှာ ဖမ်းမယ့်အချိန်နဲ့ တိုက်ဆိုင်နေရင်ဖြင့် အထက်က ပြောခဲ့တဲ့ ကလေးလို ကိုယ်တိုင်လည်း ဘာမှမလုပ်ရပါပဲ အဖမ်းခံရပါလိမ့်မယ်။ ဒီတော့ သတိကြီးစွာထားပြီး ဖေ့စ်ဘွတ် သုံးကြဖို့နဲ့ လူကျွံဘော ထောင်ချောက်ထဲမှာ ကိုယ်မပါအောင် နေတတ်ကြဖို့ ဒီနေရာကနေ သတိပေးအပ်ပါတယ် ခင်ဗျာ။

မာဂျေ

No comments:

Post a Comment