Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 19, 2015
.....................
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု တပ်မတော်နဲ့ နီးကပ် ဩဇာညောင်းဆဲလား
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အချစ်ဆုံးမြေးတဦးဖြစ်တဲ့ နေရွှေသွေးအောင်ဟာာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း နဲ့အတူ နေပြည်တော်သွားဖို့ လေယာဉ် အတူစီးနေတဲ့ ဓာတ်ပုံကို ဒီနေ့ သူ့ဖေ့ဘုတ်စ်မှာ တင်လိုက်ပါတယ်။ ဓာတ်ပုံနဲ့အတူ မြန်မာ့လေကြောင်းလိုင်းကို အခုမှစစီးဖူးတယ်။ လေယာဉ်လက်မှတ်စျေးနှုန်းက ၈၂၀၀၀ မို့စျေးကြီးတယ်လို့လည်း နေရွှေသွေးအောင်က မှတ်ချက်ပြုထားပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံက ဦးသန်းရွှေမိသားစုနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ရင်းနှီးနေဆဲ ဩဇာညောင်းဆဲဆိုတာကိုလည်း ထင်ရှားစေပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက အောက်တိုဘာ ၁၅ ရက်ကနေ ၁၆ ရက် တရုတ် အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေး၊ ၆ ကြိမ်မြောက် Xiangshan Forum တက်ပြီး တရုတ်ကနေ ပြန်လာပုံရပါတယ်။ ဒီဓာတ်ပုံ က တပ်မတော်ကို ဦးသန်းရွှေ တင်မက သူ့မိသားစုဝင်တွေပါ သြဇာညောင်းနေတယ်ဆိုတာ ပြသသွားတဲ့ ပုံတပုံပါပဲ။
The Irrawaddy (Burmese Version)
No comments:
Post a Comment