Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 29, 2015

အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တည်ဆောက်ရန် ၁၂ရက် ကျန်ပါသေးသည် - လက်စောင်းထက်

အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတွေမှာ  မျက်နှာဖုံး ခေါင်းစဉ်တစ်ခုကို အားလုံးတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ခေါင်းစဉ်ကတော့ “မိတ္ထီလာမြို့ နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်”လို့ ဖော်ပြထားပါတယ်။ အဲဒီ ခေါင်းစဉ်ရဲ့ နောက်ခံအရောင်ဟာ အစိမ်းရောင်ဖြစ်ပြီး စာမျက်နှာပြည့် မျက်နှာဖုံး ဓာတ်ပုံမှာလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီးတွေ၊ မန္တလေးတိုင်း ၀န်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးတွေနဲ့ အတူ ဒေသခံ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်နေတာကို ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် သတင်းဌာနတွေ အလုပ်ရှုပ်သွားပါတယ်။ သတင်းသမားတွေအတွက် သတင်းစာက ပုံတွေကိုကြည့်ပြီး မေးခွန်းနှစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ပထမမေးခွန်းကတော့ နိုင်ငံပိုင်တဲ့ သတင်းစာတွေကနေ  နိုင်ငံတော် သမ္မတ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ မဲဆွယ်သလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒုတိယ မေးခွန်းကတော့ လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရရှိခဲ့လျှင် လွယ်လွယ်ကူကူ အာဏာလွှဲပြောင်း ပေးနိုင်ပါ့မလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

 ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတော် သမ္မတဟာ မြန်မာနိုင်ငံ အနှံ့အပြားကို သွားရောက်ခဲ့ပြီး ရွှေဘိုမှာလည်း အောင်မြေနင်းခဲ့ပါတယ်။ ထူးခြားတာ တစ်ခုကတော့ သမ္မတ ဦးသိန်းစိန် သွားတဲ့ ခရီးစဉ်တိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမြဲ လိုက်ပါခဲ့တဲ့အတွက် ကြံ့ခိုင်ရေးပါတီကို တပ်မတော်က အားပေးထောက်ခံလျက် ရှိတယ်ဆိုတဲ့ အချက်ကလည်း ပေါ်လွင်ထင်ရှားနေပါတယ်။ ဒီလို အခြေအနေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲကလို နိုင်ငံအနှံ့အပြား တောင်ပြိုကမ်းပြို နိုင်ခဲ့ရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တပ်မတော် အားပေးထောက်ခံနေတဲ့ ကြံ့ခိုင်ရေးပါတီ အကြားမှာ တင်းမာမှုတွေ၊ အားပြိုင်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါတယ်။

အာဏာခွဲဝေမှု (Power Sharing) မလုပ်နိုင်ခဲ့ရင် (Power Struggle) ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုဆိုရင် ၁၉၉၀ နိုင်ငံရေး အခင်းအကျင်းမှာလို ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေကို အာဏာပိုင်တွေနဲ့ ထောက်လှမ်းရေးတွေက ဥပဒေကြောင်းအရ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်က ဖြုတ်ချပါလိမ့်မယ်။  တချို့သဘောထား ပျော့ပြောင်းတဲ့ အနိုင်ရ ကိုယ်စားလှယ်တွေကိုလည်း  စီးပွားရေးအရ၊ လူမှုရေးအရ ဖိအားပေးပြီး ရွေးချယ်ခံ ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ခိုင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွေ့အကြုံကို ခါးခါးသီးသီး ခံစားခဲ့ဖူးတဲ့ NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စာရေးသူထက် ပိုပြီး အခြေအနေကို သုံးသပ်နိုင်ပါတယ်။

နိုင်ငံရေး ကျွမ်းကျင်သူ တချို့ရဲ့ သုံးသပ်ချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ စည်းရုံးရေး မဟာဗျူဟာ (Election Campaign Strategy) အလွန်ကောင်းမွန်ပေမယ့် ရွေးကောက်ပွဲပြီး မဟာဗျူဟာ (After Election Campaign Strategy) အလွန်အားနည်းနေတာကို ဝေဖန်ထောက်ပြခဲ့ပါတယ်။ နောက်တစ်ချက်က NLDဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို အလွန်အကျူး မျှော်လင့်ချက်တွေ ပေးထားသလား ဆိုတာကိုလည်း သုံးသပ်သင့်ပါတယ်။ တကယ်လို့ NLDဟာ ရည်မှန်းချက်ထက် သာလွန်တဲ့ ကိုယ်စားလှယ် အရေအတွက် ရရှိခဲ့လျှင် လက်ရှိအာဏာကို ဆုပ်ကိုင်ထားသူတွေနဲ့ နိုင်ငံရေး အပေးအယူ စေ့စပ်ဆွေးနွေးမှုများဟာ ပြည်ထောင်စု နိုင်ငံအတွက် အရေးကြီးတဲ့ အဖြေ ဖြစ်လာပါလိမ့်မယ်။ တချို့ကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေး အင်အားစုဟာ တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်ရေးဟာ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ နိုင်ငံရေး အင်အားစုနဲ့ တပ်မတော်  အဆင်ပြေမှသာ မြန်မာနိုင်ငံကို ပြည်တွင်းစစ် သံသရာထဲက ဆွဲထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အကြီးဆုံး ဒီမိုကရေစီ အတိုက်အခံ အင်အားစုဖြစ်တဲ့ NLDဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ချဉ်းကပ်ဆက်ဆံရေး ထူထောင်မည့်အစား ယခင်ကတည်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့လျှင် ယခုရွေးကောက်ပွဲ မကျင်းပမီ ကတည်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ အောင်အောင်မြင်မြင် လက်မှတ် ရေးထိုးနိုင်ခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ အစိုးရကြား အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့တဲ့အခါမှာ NLDဟာ စိတ်ဝင်စားမှု မပြခဲ့ပါဘူး။ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်း SNLDခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ မတက်ရောက်ခဲ့ပါဘူး။ ဒါဟာ တပ်မတော်ရဲ့ NLDပေါ်မှာထားတဲ့ နိုင်ငံရေး သံသယတွေကို ကြီးထွားစေခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံတော်ကို ကာကွယ်မယ့် တစ်ခုတည်းသော အဖွဲ့အစည်းဟာ တပ်မတော်သာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးတွေက အသိအမှတ် ပြုစေချင်ပါတယ်။ ပြီးမှ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး အလျှော့အတင်းတွေလုပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ ရည်မှန်းထားပုံ ပေါ်ပါတယ်။ ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ KIAနဲ့ အခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ လက်မှတ်မရေးထိုးခြင်းဟာ ပြည်တွင်း နိုင်ငံရေး အခြေအနေကို တင်းမာစေခဲ့ပါတယ်။ တပ်တွင်း ခေါင်းဆောင် တပ်မှူးတွေကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို အလျှော့ပေး ဆက်ဆံနေခြင်းကြောင့် မြန်မာနိုင်ငံကို ဒုတိယ ဆီးရီးယားပုံစံ ဖြစ်သွားမှာကို စိုးရိမ်ပူပန်နေပါတယ်။ ဒီပူပန်မှုကို လျှော့ချပေးရမှာက နိုင်ငံရေးသမားတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

တစ်ဖက်ကကြည့်ရင် လွှတ်တော်နှစ်ရပ်မှာ ရွေးကောက်ခံစရာ မလိုတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၁၆ ရှိနေပါတယ်။ တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရကို ထိန်းချုပ်ဖို့နဲ့ ဒီမိုကရေစီ မဆန်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲဖို့ ၇၅ ရာခိုင်နှုန်းထက် ကျော်တဲ့ ကိုယ်စားလှယ် အရေအတွက်ကို လိုချင်ရင် ကိုယ်စားလှယ် ၁၁၆ ယောက်ကို ပိုင်ဆိုင်တဲ့ တပ်မတော် အင်အားစုကို စည်းရုံးဖို့ လိုအပ်ပါတယ်။ တပ်မတော်က ဗိုလ်မှူးကြီး တစ်ဦးကလည်း လူမှုကွန်ရက် စာမျက်နှာမှာ “ဘာလို့ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို အပြစ်ပြောနေရတာလဲ။ ဒီအင်အားစုကို ကိုယ့်လူတွေအဖြစ် စည်းရုံးဖို့ မမြင်မိဘူးလား”ဟု မှတ်ချက်ပေးခဲ့ပါတယ်။

၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ၁၂ရက်သာ လိုပါတော့တယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ပါတီဟာ အစိုးရဖွဲ့ပြီး တိုင်းပြည်ရဲ့ ၅နှစ်တာ ကံကြမ္မာကို ဖန်တီးရမှာ ဖြစ်ပါတယ်။ အနိုင်ရပါတီဟာ ရွေးကောက်ပွဲ နိုင်ရုံနဲ့ မပြီးဘဲ အရာရာ ကျဆုံးနေတဲ့ တိုင်းပြည်ရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပထမဆုံး စိန်ခေါ်မှုက လက်ရှိအစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားခဲ့တဲ့ တရုတ်အစိုးရရဲ့ မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ရေး တောင်းဆိုချက်ကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒုတိယ စိန်ခေါ်မှုကတော့ အပစ်အခတ် ရပ်စဲရေးမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ် အကြားမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာပေမယ့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်က လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တပ်မတော်နဲ့ စံချိန်တင် တိုက်ပွဲကြီးတွေ ဆင်နွှဲခဲ့ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို  ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ Geo-Politic အရ တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှု တစ်ရပ်အဖြစ် မြန်မာနိုင်ငံဟာ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံရေးဟာ မည်သည့်အခါမှ ရွေ့သည့်အကွက်အတိုင်း မ၀င်တတ်တဲ့ သီအိုရီတစ်ခု ဖြစ်ပါတယ်။ ဖဆပလခေတ် ၀န်ကြီးချုပ်ဦးနုဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းကို အကွက်ရွှေ့ပြီး အာဏာတည်မြဲအောင် ကြိုးစားခဲ့ဖူးပါတယ်။ တိုင်းပြည်အတွက် အဖြေကတော့ တစ်ပါတီ အာဏာရှင်စနစ် လက်အောက်ကို အနှစ် ၄၀ ကျရောက်သွားခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါ အနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းဟာလည်း သူ့ရဲ့ တပည့်အရင်းတွေရဲ့ အကျဉ်းချခြင်းကို ခံခဲ့ရပြီး နေအိမ် အကျယ်ချုပ်ဘ၀နဲ့ နေ၀င်ချိန်ကို ဖြတ်သန်းခဲ့ရပါတယ်။ န၀တခေတ် ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာလည်း သူ့လက်အောက်က ဗိုလ်ချုပ်ကြီးတွေရဲ့ အနားပေးခြင်းကို ခံခဲ့ရပြီး လူမသိ သူမသိနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ထိုသို့ သမိုင်းကြောင်းများ ရှိနေတဲ့ တိုင်းပြည်တစ်ခုအတွက် နိုင်ငံရေးမှာ အရေးပါတဲ့ အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ဟာ အရမ်းအရေး ကြီးလာပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိမယ် ဆိုရင်တောင် တိုင်းရင်းသားဒေသ ပြည်သူ့စစ်ခေါင်းဆောင်တွေ သြဇာလွှမ်းမိုးတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ စည်းရုံးရေးကို ကောင်းကောင်း မလုပ်ဆောင်နိုင်ဘူးဆိုတာ တွေ့မြင်နေရပါတယ်။ ဒါရဲ့ရလဒ်ကတော့ ဒီနယ်မြေတွေမှာ ပြည်သူ့စစ်တွေ ထောက်ခံအားပေး သူတွေသာ အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်....။ သူတို့တွေဟာ NLDကို ထောက်ခံမှာလား၊ USDPကို ထောက်ခံမှာလား ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ မသိရသေးပါဘူး။ USDPနဲ့  ပိုပြီးနီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို လူမှုဒုက္ခအပေါင်းက ကင်းလွတ်စေချင်တယ်ဆိုရင် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက်ရပါလိမ့်မယ်။ ထိုသို့ တည်ဆောက်ဖို့ဆိုရင် ရွေးကောက်ပွဲ အနိုင်ရမှ နိုင်ငံရေး အပေးအယူ သဘောဆန်ဆန် ပြုလုပ်ခြင်းနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ရိုးသားဖြောင့်မတ်သော စိတ်ထား၊ တစ်ဖက်နဲ့တစ်ဖက် သံသယကင်းမှု၊ တိုင်းပြည်ကို ချစ်မြတ်နိုးမှုများဖြင့် တည်ဆောက်ဖို့လိုပါတယ်။ နိုင်ငံရေးမှာ တပ်မတော် မပါဝင်စေချင်ဘူးဆိုရင် ပထမဆုံး လုပ်ရမှာက တပ်မတော် သဘောတူဖို့ ဖြစ်ပါတယ်။ ဒါမှလည်း တပ်မတော်ဟာ အရပ်ဘက် အစိုးရ အုပ်ချုပ်မှုအောက်မှာ သူ့တာဝန်သူ ထမ်းဆောင်နိုင်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပြန်လည် ခေါင်းထောင်မလာနိုင်ရေး အတွက် အင်အားကြီး နိုင်ငံရေး ပါတီတွေအပေါ်မှာ များစွာ တာဝန်ရှိပါတယ်။ အခု အချိန်မနှောင်းသေးပါဘူး။

ရွေးကောက်ပွဲကျင်းပဖို့ ၁၂ရက် ကျန်ပါသေးတယ်။

လက်စောင်းထက်
.....................

အရပ္ဘက် စစ္ဘက် ဆက္ဆံရေး တည်ဆောက်ရန် ၁၂ရက် က်န္ပါသေးသည် - လက်စောင်းထက်

Submitted by Zay Thu on Thu, 10/29/2015 - 16:30

အောက္တိုဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံတ္ပောိုင် ကြေးမုံနွင့်ျမန္မာ့အလင်း သတင်းစာတြေမွာ  မ်က်နွာဖုံး ခေါင်းစဥ္တစ္ခုကို အားလုံးတြျေ့မင်ရမျွာဖစ္ပါတယ်။ အဲဒီ ခေါင်းစဉ်ကေတာ့ “မိတ္ထီလာမြို့ နွင့် မိတ္ထီလာ လြင်ျပင္တစ္ခုလုံး အစိမ်းရောင္လြင်ျပင်ျဖစ်ရမည်”လို့ ဖော်ျပထားပါတယ်။ အဲဒီ ခေါင်းစဉ်ရဲ့ နောက္ခံအေရာင်ဟာ အစိမ်းရောင်ျဖစ်ပြီး စာမ်က်နျွာပည့် မ်က်နွာဖုံး ဓာတ္ပုံမွာလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ တပ္မေတာ် ကာကြယ်ရေးဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင်၊ျပည်ထောင္စု ၀န်ကြီးတြေ၊ မန္တလေးတိုင်း ၀န်ကြီးခ်ုပ်၊ ဒုတိယ ၀န်ကြီးတြေနဲ့ အတူ ဒေသချံပည်သူတြေနဲ့ ရင်းရင်းနွီးနွီး နှုတ္ဆက်နေတာကို ဖော်ျပထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန္ကုန်ေအျခစိုက် သတင်းဌာနေတြ အလုပ်ရှုပ်ြသားပါတယ်။ သတင်းသမားတြေအတြက် သတင်းစာက ပုံတြေကိုကြည့်ပြီး မေးခြန်းနွစ္ခု ထြက်ပေါ်လာခဲ့ပါတယ်။ ပထမေမးခြန်းကေတာ့ နိုင်ငံပိုင္တဲ့ သတင်းစာတြေကေန  နိုင်ငံတော် သမ္မတ ဦးဆောင္တဲ့ ကြံ့ခိုင်ရေးပါတီ မဲဆြယ်သလားဆိုတဲ့ မေးခြန်းပျဲဖစ္ပါတယ်။ ဒုတိယ မေးခြန်းကေတာ့ လက်ရွိအာဏာရျပည္ခိုင်ဖြိုးပါတီဟာ ဒီရြေးကောက္ပဲမြွာ ရှုံးနိမ့်ခဲ့ပြီး အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ် အနိုင်ရရွိခဲ့လ်ွင် လြယ္လြယ္ကူကူ အာဏာလွှျဲေပာင်း ပေးနိုင္ပါ့မလားဆိုတဲ့ မေးခြန်းပျဲဖစ္ပါတယ်။

 ဒီရက္ပိုင်းအတြင်းမွာ နိုင်ငံတော် သမ္မတဟျာမန္မာနိုင်ငံ အနွံ့အျပားကို သြားရောက္ခဲ့ပြီး ရွှေဘိုမွာလည်း အောင်ျေမနင်းခဲ့ပါတယ်။ ထူျးခားတာ တစ္ခုကေတာ့ သမ္မတ ဦးသိန်းစိန် သြားတဲ့ ခရီးစဥ္တိုင်းမွာ တပ္မေတာ် ကာကြယ်ရေး ဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင် အမြဲ လိုက္ပါခဲ့တဲ့အတြက် ကြံ့ခိုင်ရေးပါတီကို တပ္မေတ္ကာ အားပေးထောက္ခံလ်က် ရွိတယ္ဆိုတဲ့ အခ်က္ကလည်း ပေါ်လြင္ထင်ရွားနေပါတယ်။ ဒီလို အျေခအေနမွာ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္က ၁၉၉၀ ရြေးကောက္ပဲကြလို နိုင်ငံအနွံ့အျပား တောင်ပြိုကမ်းပြို နိုင္ခဲ့ရင် အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ္နဲ့ တပ္မေတာ် အားပေးထောက္ခံနေတဲ့ ကြံ့ခိုင်ရေးပါတီ အကြားမွာ တင်းမာမှုတြေ၊ အားပြိုင္မှုတြေ၊ ပဋိပက္ခတျြေဖစ္လာနိုင္ပါတယ်။

အာဏာခြဲဝေမှု (Power Sharing) မလုပ်နိုင္ခဲ့ရင် (Power Struggle)ျဖစ္လာပါလိမ့်မယ်။ အဲဒီလိုဆိုရင် ၁၉၉၀ နိုင်ငံရေး အခင်းအက်င်းမွာလို ရြေးကောက္ခံရတဲ့ ကိုယ္စားလွယ်လောင်းတြေကို အာဏာပိုင်တြေနဲ့ ထောက္လွမ်းရေးတြေက ဥပေဒေကြာင်းအရ အျပစ္မရွိ အျပစ်ရွာ ဖမ်းဆီးပြီး ရြေးကောက္ခံ ကိုယ္စားလွယ်အျဖစ္ကျဖုတ္ခ်ပါလိမ့်မယ်။  တခို့သေဘာထား ပော့်ျေပာင်းတဲ့ အနိုင်ရ ကိုယ္စားလွယ်တြေကိုလည်း  စီးပြားရေးအရ၊ လူမှုရေးအရ ဖိအားပေးပြီး ရြေးခ်ယ္ခံ ကိုယ္စားလွယ် အျဖစ္က နှုတ္ထြက္ခိုင်းတာတျြေဖစ္လာနိုင္ပါတယ်။ ဒီအေတြ့အကြုံကို ခါးခါးသီးသီး ခံစားခဲ့ဖူးတဲ့ NLDခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည်ဟာ စာရေးသူထက် ပိုပြီး အျေခအေနကို သုံးသပ်နိုင္ပါတယ်။

နိုင်ငံရေး ကျမြ်းက်င်သူ တခို့ရဲ့ သုံးသပ္ခ်က်အရ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ်ဟာ ရြေးကောက္ပြဲ စည်းရုံးရေး မဟာဗ်ူဟာ (Election Campaign Strategy) အလြန်ကောင်းမြန်ပေမယ့် ရြေးကောက္ပဲပြီး မဟာဗ်ူဟာ (After Election Campaign Strategy) အလြန်အားနည်းနေတာကို ဝေဖန်ထောက်ျပခဲ့ပါတယ်။ နောက္တစ္ခ်က္က NLDဟာ ရြေးကောက္ပြဲနဲ့ ပတ်သက်ပြီျးပည်သူလူထုကို အလြန်အက်ူး မွေ်္လာင့်ခ်က်တြေ ပေးထားသလား ဆိုတာကိုလည်း သုံးသပ်သင့္ပါတယ်။ တကယ္လို့ NLDဟာ ရည္မွန်းခ်က္ထက် သာလြန္တဲ့ ကိုယ္စားလွယ် အေရအတြက် ရရွိခဲ့လ်ွင် လက်ရွိအာဏာကို ဆုပ္ကိုင္ထားသူတြေနဲ့ နိုင်ငံရေး အေပးအယူ စေ့စပ်ဆြေးနြေးမှုမ်ားဟျာပည်ထောင္စု နိုင်ငံအတြက် အေရးကြီးတဲ့ အျေဖျဖစ္လာပါလိမ့်မယ်။ တခို့ကလည်း ဖြံ့ဖြိုးတိုးတက္တဲ့ ဒီမိုကေရစီ နိုင်ငံတစ္ခုကို တည်ထောင္ခ်င္တယ္ဆိုရင် ရြေးကောက္ပြဲ အနိုင်ရ နိုင်ငံရေး အင်အားစုဟာ တပ္မေတ္နာဲ့ ယုံကြည္မှု တည်ဆောက်ရေးဟာ အေရးကြီးတယ္လို့ ထောက်ျပပါတယ်။ နိုင်ငံရေး အင်အားစုနဲ့ တပ္မေတာ်  အဆင်ျေပမွသျာမန္မာနိုင်ငံကျိုပည္တြင်းစစ် သံသရာထဲက ဆြဲထုတ်နိုင္မျွာဖစ္ပါတယ်။ ဒါကြောင့် အကြီးဆုံး ဒီမိုကေရစီ အတိုက်အခံ အင်အားဈုဖစ္တဲ့ NLDဟျာပည္ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ခ်ဉ်းကပ္ဆက္ဆံရေး ထူထောင္မည့်အစား ယခင္ကတည်းက တပ္မေတာ် ကာကြယ်ရေး ဦးစီးခ်ုပ္နဲ့ ကောင်းမြန္တဲ့ ဆက္ဆံရေး ထူထောင်နိုင္ခဲ့လ်ွင် ယခုရြေးကောက္ပြဲ မက်င်းပမီ ကတည်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ္စဲရေးစာခ်ုပ္ကို နိုင်ငံရေး ခေါင်းဆောင်တြေရဲ့ ဦးဆောင္မှုနဲ့ အောင်အောင်ျမင်ျမင် လက္မွတ် ရေးထိုးနိုင္ခဲ့မျွာဖစ္ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက္နက္ကိုင်အဖြဲ့ ၈ဖြဲ့နဲ့ အစိုးရကြား အပစ်အခတ် ရပ္စဲရေးစာခ်ုပ် ခ်ုပ္ဆိုခဲ့တဲ့အခါမွာ NLDဟာ စိတ်ဝင္စားမှု မျပခဲ့ပါဘူး။ ဒီအခမ်းအနားကို ဒေါ်အောင္ဆန်းစုကြည္နဲ့ ရွမ်း SNLDခေါင်းဆောင် ဦးခြန္ထြန်းဦးတို့ မတက်ရောက္ခဲ့ပါဘူး။ ဒါဟာ တပ္မေတ်ာရဲ့ NLDပေါ်မွာထားတဲ့ နိုင်ငံရေး သံသယေတြကို ကြီးထြားစေခဲ့ပါတယ်။ လက်ရျွိမန္မာနိုင်ငံရဲ့ အျေခအေနအရ နိုင်ငံတ္ကောို ကာကြယ္မယ့် တစ္ခုတည်းသော အဖြဲ့အစည်းဟာ တပ္မေတ်ာသျာဖစ္တယ္လို့ ဗိုလ္ခ်ုပ်ကြီးတြေက အသိအမွတ်ျပုစေခ်င္ပါတယ်။ ပြီးမွ တိုင်းရင်းသား လက္နက္ကိုင်တြေနဲ့ ငြိမ်းခ်မ်းရေး အေလွ်ာ့အတင်းတြေလုပ်ပြီး နိုင်ငံရေး ဆြေးနြေးပြဲကို သြားဖို့ ရည္မွန်းထားပုံ ပေါ်ပါတယ်။ ဒါပေမဲ့ အပစ်အခတ် ရပ္စဲရေးစာခ်ုပ္မွာ KIAနဲ့ အျခားတိုင်းရင်းသား အဖြဲ့အစည်းတြေ လက္မွတ္မေရးထိုျးခင်းဟျာပည္တြင်း နိုင်ငံရေး အျေခအေနကို တင်းမာစေခဲ့ပါတယ်။ တပ္တြင်း ခေါင်းဆောင် တပ္မွူးတြေကလည်း တိုင်းရင်းသား လက္နက္ကိုင်တြေကို အေလွ်ာ့ပေး ဆက္ဆံနျေခင်းကြောင့်ျမန္မာနိုင်ငံကို ဒုတိယ ဆီးရီးယားပုံဈံဖစ်ြသားမွာကို စိုးရိမ္ပူပန်နေပါတယ်။ ဒီပူပန္မှုကို လွော့်ခ်ပေးရမွာက နိုင်ငံရေးသမားတြေရဲ့ တာဝန္ပျဲဖစ္ပါတယ်။

တစ္ဖက္ကကြည့်ရင် လွှတ်တော်နွစ်ရပ္မွာ ရြေးကောက္ခံစရာ မလိုတဲ့ တပ္မေတ်ာသား ကိုယ္စားလွယ် ၁၁၆ ရွိနေပါတယ်။ တကယ္လို့ အမိုးသား ဒီမိုကေရစီ အဖြဲ့ခ်ုပ်ဟာ အစိုးရကို ထိန်းခ်ုပ္ဖို့နဲ့ ဒီမိုကေရစီ မဆန္တဲ့ ဥပေဒေတြကျိုပင္ဆင်ျေပာင်းလဲဖို့ ၇၅ ရာခိုင်နှုန်းထက် ကေ်္တာဲ့ ကိုယ္စားလွယ် အေရအတြက္ကို လိုခ်င်ရင် ကိုယ္စားလွယ် ၁၁၆ ယောက္ကို ပိုင္ဆိုင္တဲ့ တပ္မေတာ် အင်အားစုကို စည်းရုံးဖို့ လိုအပ္ပါတယ်။ တပ္မေတ္ကာ ဗိုလ္မွူးကြီး တစ်ဦးကလည်း လူမှုကြန်ရက် စာမ်က်နွာမွာ “ဘာလို့ တပ္မေတ္ကာ ၂၅ ရာခိုင်နှုန်းကို အျပစ်ျေပာနေရတာလဲ။ ဒီအင်အားစုကို ကိုယ့်လူတြေအျဖစ် စည်းရုံးဖို့ မျမင္မိဘူးလား”ဟု မွတ္ခ်က်ပေးခဲ့ပါတယ်။

၂၀၁၅ ပါတီစုံအေထြေထြ ရြေးကောက္ပြဲက်င်းပဖို့ ၁၂ရက်သာ လိုပါတော့တယ်။ ရြေးကောက္ပြဲမျွာပည်သူတြေက ထောက္ခံအားပေးတဲ့ ပါတီဟာ အစိုးရဖြဲ့ပြီး တိုင်ျးပည်ရဲ့ ၅နွစ္တာ ကံကြမ္မာကို ဖန္တီးရမျွာဖစ္ပါတယ်။ အနိုင်ရပါတီဟာ ရြေးကောက္ပြဲ နိုင်ရုံနဲ့ မပြီးဘဲ အရာရာ က်ဆုံးနေတဲ့ တိုင်ျးပည်ရဲ့ စိန်ခေါ်မှုတြေကိုျေဖရွင်းရမျွာဖစ္ပါတယ်။ ပထမဆုံး စိန်ခေါ်မှုက လက်ရွိအစိုးရ လက္ထက္မွာ ရပ္ဆိုင်းထားခဲ့တဲ့ တရုတ်အစိုးရရျဲ့မစ္ဆုံရေကာတျာပန္လည္တည်ဆောက်ရေး တောင်းဆိုခ်က္ကိုျေဖရွင်းရမျွာဖစ္ပါတယ်။ ဒုတိယ စိန်ခေါ်မှုကေတာ့ အပစ်အခတ် ရပ္စဲရေးမွာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက္နက္ကိုင် အဖြဲ့အစည်းတြေရျဲ့ပဿနာပျဲဖစ္ပါတယ်။ လက်ရွိ အစိုးရရဲ့ နိုင်ငံရေျးပျုပင်ျေပာင်းလဲမှုတြေကြာင့်ျမန္မာနိုင်ငံနဲ့ ထိုင်းနယ္စပ် အကြားမွာရွိတဲ့ လက္နက္ကိုင် အဖြဲ့အစည်းတြေဟာ ငြိမ်းခ်မ်းရေး လမ်းကြောင်းပေါ်ကို ရောက်ရွိလာပေမယ့် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ္နိမိတ္က လက္နက္ကိုင် အဖြဲ့အစည်းတြေဟာ တပ္မေတ္နာဲ့ စံခိန္တင် တိုက္ပြဲကြီးတြေ ဆင်နွှဲခဲ့ပြီး နိုင်ငံတော်ရဲ့ အခ်ုပ်အျခာအာဏာကို  ခြိမ်ျးေခာက္ခဲ့ပါတယ်။ ဒါဟာ Geo-Politic အရ တရုတ္နဲ့ အေမရိကန်ရဲ့ အားပြိုင္မှု တစ်ရပ်အျဖစ်ျမန္မာနိုင်ငံဟာ တည်ရွိနေပါတယ်။ျမန္မာနိုင်ငံရေးဟာ မည်သည့်အခါမွ ရြေ့သည့်အကြက်အတိုင်း မ၀င္တတ္တဲ့ သီအိုရီတစ္ချုဖစ္ပါတယ်။ ဖဆပလေခတ် ၀န်ကြီးခ်ုပ်ဦးနုဟာ တပ္မေတာ် ကာကြယ်ရေး ဦးစီးခ်ုပ် ဗိုလ္ခ်ုပ်ကြီးနေ၀င်းကို အကြက်ရွှေ့ပြီး အာဏာတည်မြဲအောင် ကြိုးစားခဲ့ဖူးပါတယ်။ တိုင်ျးပည်အတြက် အျေဖကေတာ့ တစ္ပါတီ အာဏာရွင္စနစ် လက်အောက္ကို အနွစ် ၄၀ က်ရောက်ြသာျးခင်းပျဲဖစ္ပါတယ်။ တစ္ခါ အနိုင်ရခဲ့တဲ့ ဗိုလ္ခ်ုပ်ကြီး နေ၀င်းဟာလည်း သူ့ရဲ့ တပည့်အရင်းတြေရဲ့ အက်ဉ်းခ်ျခင်းကို ခံခဲ့ရပြီး နေအိမ် အက်ယ္ခ်ုပ္ဘ၀နဲ့ နေ၀င္ခိန္ကျိုဖတ်သန်းခဲ့ရပါတယ်။ န၀တေခတ် ဗိုလ္ခ်ုပ္မွူးကြီး စောမောင်ဟာလည်း သူ့လက်အောက္က ဗိုလ္ခ်ုပ်ကြီးတြေရဲ့ အနားပေျးခင်းကို ခံခဲ့ရပြီး လူမသိ သူမသိနဲ့ ကြယ္လြန်ြသားခဲ့ပါတယ်။

ထိုသို့ သမိုင်းကြောင်းမ်ား ရွိနေတဲ့ တိုင်ျးပည္တစ္ခုအတြက် နိုင်ငံရေးမွာ အေရးပါတဲ့ အဖြဲ့အစည်းတြေ ခေါင်းဆောင်တြေရဲ့ အေမွ်ာ်အျမင်ဟာ အရမ်းအေရး ကြီးလာပါတယ်။ လာမယ့် ရြေးကောက္ပြဲမွာ NLD အနိုင်ရရွိမယ် ဆိုရင်တောင် တိုင်းရင်းသားဒေသျပည်သူ့စစ်ခေါင်းဆောင်တြေ သြဇာလွှမ်းမိုးတဲ့ နယ်ျေမေတြမွာ ရြေးကောက္ပြဲ စည်းရုံးရေးကို ကောင်းကောင်း မလုပ်ဆောင်နိုင္ဘူးဆိုတာ တြျေ့မင်နေရပါတယ်။ ဒါရဲ့ရလဒ္ကေတာ့ ဒီနယ်ျေမေတြမျွာပည်သူ့စစ်တြေ ထောက္ခံအားပေး သူတြေသာ အနိုင်ရရွိသြားမျွာဖစ္ပါတယ်။ ဥပမာျေပာရရင်....။ သူတို့တြေဟာ NLDကို ထောက္ခံမွာလား၊ USDPကို ထောက္ခံမွာလား ရွင်းရွင်းလင်းလင်း သဲသဲကြဲကြဲ မသိရေသးပါဘူး။ USDPနဲ့  ပိုပြီးနီးစပ္တဲ့ ဆက္ဆံရေး ရွိပါတယ်။

ဒါကြောင့်ျမန္မာနိုင်ငံကို လူမှုဒုက္ခအေပါင်းက ကင်းလြတ်စေခ်င္တယ္ဆိုရင် အရပ္ဘက်၊ စစ္ဘက် ဆက္ဆံရေးကို အေကာင်းဆုံး တည်ဆောက်ရပါလိမ့်မယ်။ ထိုသို့ တည်ဆောက္ဖို့ဆိုရင် ရြေးကောက္ပြဲ အနိုင်ရမွ နိုင်ငံရေး အေပးအယူ သေဘာဆန္ဆန်ျပုလုပ်ျခင်းနဲ့ ရြေးကောက္ပြဲ မတိုင္ခင် ရိုးသာျးေဖာင့္မတ်သော စိတ္ထား၊ တစ္ဖက္နဲ့တစ္ဖက် သံသယကင်းမှု၊ တိုင်ျးပည္ကို ခ်စ်ျမတ်နိုးမှုမ်ာျးဖင့် တည်ဆောက္ဖို့လိုပါတယ်။ နိုင်ငံရေးမွာ တပ္မေတာ် မပါဝင်စေခ်င္ဘူးဆိုရင် ပထမဆုံး လုပ်ရမွာက တပ္မေတာ် သေဘာတူဖိျု့ဖစ္ပါတယ်။ ဒါမွလည်း တပ္မေတ်ာဟာ အရပ္ဘက် အစိုးရ အုပ္ခ်ုပ္မှုအောက္မွာ သူ့တာဝန်သူ ထမ်းဆောင်နိုင္ပါလိမ့်မယ်။ အထူးသျဖင့်ကေတာ့ ၂၀၁၅ ရြေးကောက္ပြဲအလြန်ျမန္မာနိုင်ငံမွာ စစ်အာဏာရွင္စနစ်ျပန္လည် ခေါင်းထောင္မလာနိုင်ရေး အတြက် အင်အားကြီး နိုင်ငံရေး ပါတီတြေအေပ်ါမွာ မ်ားစြာ တာဝန်ရွိပါတယ်။ အခု အခိန္မေနွာင်းသေးပါဘူး။

ရြေးကောက္ပြဲက်င်းပဖို့ ၁၂ရက် က်န္ပါသေးတယ်။

လက်စောင်းထက်

No comments:

Post a Comment