Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

လိင္တူခ်စ္သူျဖစ္ႏုိင္မျဖစ္ႏုိင္ ဒီအင္န္ေအႏွင္႔ စစ္ေဆးျခင္းက ၇၀ရာခိုင္ႏႈန္းမွန္ကန္

လူတစ္ေယာက္ဟာ ဆန္႔က်င္ဘက္လိင္စိတ္၀င္စားသူလား (ဒါမွမဟုတ္) လိင္တူခ်စ္သူလားဆိုတာကို သိပၸံပညာရွင္ေတြက ႀကိဳတင္ခန္႔မွန္ႏိုင္ၿပီျဖစ္ၿပီး သူတို႔ရဲ႕ေဟာကိန္းက ၇၀ရာခိုင္ႏႈန္းမွန္ကန္တယ္လို႔ သိရပါတယ္။

လိင္စိတ္၀င္စားမႈဟာ ဇီ၀ေဗဒကို အေျခခံထားတယ္ဆိုတာ သိခဲ႔ၾကတာေတာ႔ အေတာ္ၾကာပါၿပီ။ လိင္တူခ်စ္သူ ျဖစ္ရျခင္းဟာ မ်ိဳးရိုးဗီဇနဲ႔တုိက္ရိုက္ ပတ္သက္ေနလို႔ပါ။ လူေတြရဲ႕ မ်ိဳးရိုးဗီဇဟာ ေမြးကတည္းက သတ္သတ္မွတ္မွတ္ ပါလာၿပီးသားျဖစ္တဲ႔အတြက္ မ်ိဳးရိုးဗီဇေပၚမွာ ပါလာတာေတြက အခ်ိန္ၾကာလာတာနဲ႔အမွ် ဘယ္ေလာက္ေျပာင္းလဲသြားႏုိင္တယ္ဆိုတာ ျဖစ္လာပါတယ္။

“ကြ်န္ေတာ္တို႔ သိလိုက္တာကေတာ႔၊ ေမာ္လီက်ဴး ဖန္တီးသူေတြ ေပၚမွာအေျခခံၿပီး လိင္ပိုင္ဆိုင္ရာ အေနအထားေျပာင္းလဲျခင္းအတြက္ ပထမဆံုးအႀကိမ္ ေဟာကိန္းထုတ္ႏုိင္ျခင္းတစ္ရပ္ပါ။” လို႔ ကယ္လ္ဖိုးနီးယားတကၠသိုလ္မွ ေဒါက္တာ Tuck Ngun ကေျပာသြားပါတယ္။

ထပ္တူညီတဲ႔ အမႊာေတြက အျမဲတမ္းေတာ႔မဟုတ္ေပမဲ႔ တူညီတဲ႔ လိင္ပိုင္းရွိေလ႔ရွိပါတယ္။ ဒီရွာေဖြေတြ႔ရွိမႈက လိင္တူခ်စ္သူ ျဖစ္ရျခင္းရဲ႕ မ်ိဳးရိုးဗီဇပိုင္းဆိုင္ရာ ညႊန္းကိန္းတစ္ခုရွိတယ္လို႔ သိပၸံပညာရွင္ေတြရဲ႕ ယံုၾကည္မႈဆီကို ဦးေဆာင္သြားပါတယ္။

ေဒါက္တာ Ngun နဲ႔ အဖြဲ႕ဟာ အရြယ္ေရာက္ အမ်ိဳးသားအမႊာေပါင္း ၄၇တြဲရဲ႕ မ်ိဳးရိုးဗီဇေတြကို ေလ႔လာခဲ႔တာျဖစ္ၿပီး ၃၇တြဲမွာ တစ္ေယာက္က လိင္တူခ်စ္သူျဖစ္ေနၿပီး က်န္တစ္ေယာက္က ဆန္႔က်င္ဘက္လိင္ခ်စ္သူ ျဖစ္ေနတာကို ေတြ႔ခဲ႔ရပါတယ္။ က်န္ ၁၀တြဲကေတာ႔ လိင္တူခ်စ္သူေတြျဖစ္ေနပါတယ္။

“လိင္ပိုင္းဆိုင္ရာ စြဲေဆာင္မႈက လိင္တူခ်စ္သူေတြရဲ႕ဘ၀အတြက္ အေျခခံက်တဲ႔အခ်က္တစ္ခုျဖစ္ပါတယ္။ မ်ိဳးရိုးဗီဇနဲ႔ ေမာ္လီက်ဴးဆိုင္ရာ အဆင္႔ေတြအေၾကာင္း ဒီ႔ထက္ေတာ႔လည္း မသိေသးပါဘူး။ ဒီသုေတသနရပ္က ကြ်န္ေတာ္တို႔ကိုကြ်န္ေတာ္တို႔ ဘာဆိုတာနဲ႔ ကြ်န္ေတာ္တို႔က ဘာေၾကာင္႔ဒီလိုျဖစ္ရတယ္ဆိုတာကို ပိုမိုသိရွိနားလည္လာေအာင္ ကူညီေပးႏုိင္မယ္လို႔ ေမွ်ာ္လင္႔မိပါတယ္။” လို႔ ေဒါက္တာ Ngun ကေျပာခဲ႔ပါတယ္။
သူတို႔ရဲ႕ စမ္းသပ္မႈက ၇၀ရာခိုင္ႏႈန္းမွန္တယ္ ဆိုဦးေတာ႔၊ မမွန္တဲ႔ဘက္ကလည္း ၃၀ရာခိုင္ႏႈန္းရွိေနပါေသးတယ္။

( Skyler )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thihtoolwin.com

Ref:Daily Mail
..................................
လူတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူလား (ဒါမှမဟုတ်) လိင်တူချစ်သူလားဆိုတာကို သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်နိုင်ပြီဖြစ်ပြီး သူတို့ရဲ့ဟောကိန်းက ရ၀ရာခိုင်နှုန်းမှန်ကန်တယ်လို့ သိရပါတယ်။

လိင်စိတ်ဝင်စားမှုဟာ ဇီဝဗေဒကို အခြေခံထားတယ်ဆိုတာ သိခဲ့ကြတာတော့ အတော်ကြာပါပြီ။ လိင်တူချစ်သူ ဖြစ်ရခြင်းဟာ မျိုးရိုးဗီဇနဲ့တိုက်ရိုက် ပတ်သက်နေလို့ပါ။ လူတွေရဲ့ မျိုးရိုးဗီဇဟာ မွေးကတည်းက သတ်သတ်မှတ်မှတ် ပါလာပြီးသားဖြစ်တဲ့အတွက် မျိုးရိုးဗီဇပေါ်မှာ ပါလာတာတွေက အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဖြစ်လာပါတယ်။

“ကျွန်တော်တို့ သိလိုက်တာကတော့၊ မော်လီကျူး ဖန်တီးသူတွေ ပေါ်မှာအခြေခံပြီး လိင်ပိုင်ဆိုင်ရာ အနေအထားပြောင်းလဲခြင်းအတွက် ပထမဆုံးအကြိမ် ဟောကိန်းထုတ်နိုင်ခြင်းတစ်ရပ်ပါ။” လို့ ကယ်လ်ဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ Tuck Ngun ကပြောသွားပါတယ်။

ထပ်တူညီတဲ့ အမွှာတွေက အမြဲတမ်းတော့မဟုတ်ပေမဲ့ တူညီတဲ့ လိင်ပိုင်းရှိလေ့ရှိပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက လိင်တူချစ်သူ ဖြစ်ရခြင်းရဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ညွှန်းကိန်းတစ်ခုရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ယုံကြည်မှုဆီကို ဦးဆောင်သွားပါတယ်။

ဒေါက်တာ Ngun နဲ့ အဖွဲ့ဟာ အရွယ်ရောက် အမျိုးသားအမွှာပေါင်း ၄၇တွဲရဲ့ မျိုးရိုးဗီဇတွေကို လေ့လာခဲ့တာဖြစ်ပြီး ၃၇တွဲမှာ တစ်ယောက်က လိင်တူချစ်သူဖြစ်နေပြီး ကျန်တစ်ယောက်က ဆန့်ကျင်ဘက်လိင်ချစ်သူ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ကျန် ၁၀တွဲကတော့ လိင်တူချစ်သူတွေဖြစ်နေပါတယ်။

“လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုက လိင်တူချစ်သူတွေရဲ့ဘဝအတွက် အခြေခံကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ အဆင့်တွေအကြောင်း ဒီ့ထက်တော့လည်း မသိသေးပါဘူး။ ဒီသုတေသနရပ်က ကျွန်တော်တို့ကိုကျွန်တော်တို့ ဘာဆိုတာနဲ့ ကျွန်တော်တို့က ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို ပိုမိုသိရှိနားလည်လာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ဒေါက်တာ Ngun ကပြောခဲ့ပါတယ်။
သူတို့ရဲ့ စမ်းသပ်မှုက ရ၀ရာခိုင်နှုန်းမှန်တယ် ဆိုဦးတော့၊ မမှန်တဲ့ဘက်ကလည်း ၃၀ရာခိုင်နှုန်းရှိနေပါသေးတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail

No comments:

Post a Comment