ၿဗိတိန္ႏုိင္ငံမွာ အႀကီးဆံုးဗလီ တည္ေဆာက္ဖို႔ရာ အစၥလာမ္ ဘာသာေရးအုပ္စုတစ္စုရဲ႕ အစီအစဥ္ကို ၿဗိတိန္အစိုးရက ျငင္းပယ္လိုက္တယ္လို႔ သိရပါတယ္။
Tablighi Jamaat အမည္ရတဲ႔ အစၥလာမ္ ဘာသာေရးအုပ္စုဟာ “Megamosque” လို႔ေခၚရမွာျဖစ္တဲ႔ မီဂါဗလီႀကီးကို လန္ဒန္အေရွ႕ပိုင္းမွာ တည္ေဆာက္ဖို႔ရာ အစီအစဥ္ေတြကို တင္ျပခဲ႔ပါတယ္။ ဝတ္ျပဳသူေပါင္း ၁၁၀၀၀ ဆန္႔တဲ႔ အခန္းေတြနဲ႔ ခန္းမေတြပါရွိမွာပါ။
အိုလံပစ္ဥယ်ာဥ္နဲ႔ နီးပါတယ္။ ဒီဗလီႀကီးရဲ႕ ၾကမ္းခင္းေနရာလြတ္ဟာ St Paul’s Cathedral နဲ႔ ေပ ၁၉၀ အျမင္႔ရွိ ဗလီေမွ်ာ္စင္ပါ ဗလီေတြထက္ကို သံုးဆက်ယ္ပါလိမ္႔မယ္။
ဒီဘာသာေရး အုပ္စုဟာ “အလြန္ ေရွးရိုးစြဲ” အစၥလာမ္ brand ကို အားေပးေနတာျဖစ္ၿပီး ဒီအစီအစဥ္ေတြက ပတ္ဝန္းက်င္တစ္ဝိုက္ကို တင္းမာမႈေတြ ျဖစ္သြားေစႏုိင္တယ္ ဆိုၿပီး ကန္႔ကြက္သူေတြက ေျပာခဲ႔ၾကပါတယ္။ ေထာက္ခံသူေတြအေနနဲ႔လည္း ဒီအစီအစဥ္ေတြကို သေဘာတူခံရဖို႔ ၁၃ႏွစ္ၾကာ ႀကိဳးစားလာခဲ႔ၾကတာပါ။
ဒီမီဂါဗလီ အစီအစဥ္ရဲ႕ ေနာက္ကြယ္မွာေတာ႔ Tablighi Jamaat ဘာသာေရးအဖြဲ႕ဟာ ဝတ္ျပဳသူ ၂၅၀၀ဆန္႔တဲ႔ ယာယီဗလီတစ္ခုကို ေဆာက္လုပ္ထားပါတယ္။ ၂၀၁၃ခုႏွစ္ အထက္တရားရံုက အဲ႔ဒီ႔ ယာယီဗလီကို ပိတ္ဖို႔ အမိန္႔ခ်ခဲ႔ေပမဲ႔ ယခုထက္တိုင္ ဖြင္႔ထားဆဲလို႔ သိရပါတယ္။
( Skyler )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref: Mirror
.....................
ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဗလီတည်ဆောက်ရန် အစီအစဉ်ကို အစိုးရက ငြင်းပယ်
ဗြိတိန်နိုင်ငံမှာ အကြီးဆုံးဗလီ တည်ဆောက်ဖို့ရာ အစ္စလာမ် ဘာသာရေးအုပ်စုတစ်စုရဲ့ အစီအစဉ်ကို ဗြိတိန်အစိုးရက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
Tablighi Jamaat အမည်ရတဲ့ အစ္စလာမ် ဘာသာရေးအုပ်စုဟာ “Megamosque” လို့ခေါ်ရမှာဖြစ်တဲ့ မီဂါဗလီကြီးကို လန်ဒန်အရှေ့ပိုင်းမှာ တည်ဆောက်ဖို့ရာ အစီအစဉ်တွေကို တင်ပြခဲ့ပါတယ်။ ဝတ်ပြုသူပေါင်း ၁၁၀၀၀ ဆန့်တဲ့ အခန်းတွေနဲ့ ခန်းမတွေပါရှိမှာပါ။
အိုလံပစ်ဥယျာဉ်နဲ့ နီးပါတယ်။ ဒီဗလီကြီးရဲ့ ကြမ်းခင်းနေရာလွတ်ဟာ St Paul’s Cathedral နဲ့ ပေ ၁၉၀ အမြင့်ရှိ ဗလီမျှော်စင်ပါ ဗလီတွေထက်ကို သုံးဆကျယ်ပါလိမ့်မယ်။
ဒီဘာသာရေး အုပ်စုဟာ “အလွန် ရှေးရိုးစွဲ” အစ္စလာမ် brand ကို အားပေးနေတာဖြစ်ပြီး ဒီအစီအစဉ်တွေက ပတ်ဝန်းကျင်တစ်ဝိုက်ကို တင်းမာမှုတွေ ဖြစ်သွားစေနိုင်တယ် ဆိုပြီး ကန့်ကွက်သူတွေက ပြောခဲ့ကြပါတယ်။ ထောက်ခံသူတွေအနေနဲ့လည်း ဒီအစီအစဉ်တွေကို သဘောတူခံရဖို့ ၁၃နှစ်ကြာ ကြိုးစားလာခဲ့ကြတာပါ။
ဒီမီဂါဗလီ အစီအစဉ်ရဲ့ နောက်ကွယ်မှာတော့ Tablighi Jamaat ဘာသာရေးအဖွဲ့ဟာ ဝတ်ပြုသူ ၂၅၀၀ဆန့်တဲ့ ယာယီဗလီတစ်ခုကို ဆောက်လုပ်ထားပါတယ်။ ၂၀၁၃ခုနှစ် အထက်တရားရုံက အဲ့ဒီ့ ယာယီဗလီကို ပိတ်ဖို့ အမိန့်ချခဲ့ပေမဲ့ ယခုထက်တိုင် ဖွင့်ထားဆဲလို့ သိရပါတယ်။
( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref: Mirror
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, October 26, 2015
ၿဗိတိန္ႏုိင္ငံ၏ အႀကီးဆံုးဗလီတည္ေဆာက္ရန္ အစီအစဥ္ကို အစိုးရက ျငင္းပယ္
ၿဗိတိန္ႏုိင္ငံ၏ အႀကီးဆံုးဗလီတည္ေဆာက္ရန္ အစီအစဥ္ကို အစိုးရက ျငင္းပယ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 26, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment