Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

က်ဴရွင္ႏွင့္ ပတ္သက္ၿပီး ေက်ာ္ေစာသတင္း ထြက္ရွိေသာ ဆရာ၊ ဆရာမမ်ားကို အေရးယူမည္ဟုဆို


 ဆရာ၊ဆရာမမ်ားကို က်ဴရွင္သင္ၾကားျခင္းမ်ားႏွင့္ ပတ္သက္ၿပီး ခြင့္ျပဳထားျခင္းမရွိဘဲ
ေက်ာ္ေစာသတင္း ထြက္ရွိလာသူမ်ားကို ေဖာ္ထုတ္၍ ထိေရာက္စြာ အေရးယူမည္
ျဖစ္ေၾကာင္း သိရသည္ ။

ပညာေရး၀န္ႀကီးဌာန အေျခခံ ပညာဦးစီးဌာန လက္ေအာက္တြင္ သင္ၾကားေရး
တာ၀န္ယူထားရေသာ ဆရာ၊ ဆရာမမ်ား အေနျဖင့္ မိမိတို႔ တာ၀န္ယူ သင္ၾကား
ေနေသာ ဘာသာရပ္မ်ားႏွင့္ မိမိတို႔ တာ၀န္ ယူထားရေသာ ေက်ာင္းရွိ ေက်ာင္း
သားေက်ာင္းသူမ်ားကို က်ဴရွင္ သင္ၾကားခြင့္ မရွိဘဲ အျခားေက်ာင္းမွ ေက်ာင္းသား
မ်ားကို အခေၾကးေငြ ေတာင္းခံျခင္းမရွိဘဲ က်ဴရွင္သင္ၾကားမည္ဆိုပါက သင္ၾကား
ႏိုင္ေၾကာင္း အခေၾကးေငြယူၿပီး က်ဴရွင္သင္ၾကားျခင္းမ်ားႏွင့္ ပတ္သက္ၿပီး ေက်ာ္ေစာ
သတင္း ထြက္ရွိလာသူမ်ားကို ေဖာ္ထုတ္ၿပီး ထိေရာက္စြာ အေရးယူသြားမည္ ျဖစ္
ေၾကာင္း အေျခခံပညာဦးစီးဌာန မွ သိရသည္ ။

“က်ဴရွင္သင္တာနဲ႔ ပတ္သက္ၿပီး တရား၀င္ခြင့္ျပဳထားတာမ်ိဳး ဌာနကေန လုပ္မထားပါ
ဘူး။ ဒါေပမဲ့ ဆရာ၊ ဆရာမေတြအေနနဲ႔ သင္မယ္ဆိုရင္ ကိုယ့္ေက်ာင္းက ကေလး
ေတြ မဟုတ္ဘဲ အျခားေက်ာင္းက ကေလးေတြဆိုရင္ေတာ့ သင္ခ်င္ရင္ သင္ႏိုင္ပါ
တယ္။ ဒါကလည္း ေငြေၾကးကို မတရား ေတာင္းခံၿပီးေတာ့ သင္လို႔မရပါဘူး။ ဒီလို
ကိစၥေတြဆိုတာက ေက်ာင္းသား ၊ မိဘနဲ႔ ဆရာေတြ အေပးအယူမွ်ေနရင္ေတာ့ ဘာ
မွ အသံမထြက္ပါဘူး။ အေပးယူမတဲ့ အခ်ိန္က်ရင္ တိုင္တာေတာတာေတြ ျဖစ္လာ
တာပဲ။ ဆရာတို႔အေနနဲ႔ေတာ့ ဆရာေတြ ေငြေၾကးေတာင္းခံ သင္ၾကားမႈေတြကို သိ
လာရရင္ေတာ့ စိစစ္အေရးယူမွာ ျဖစ္ပါတယ္” ဟု အေျခခံပညာဦးစီးဌာနမွ အဆင့္
ျမင့္အရာရွိတစ္ဦးက ေျပာသည္ ။

အမ်ိဳးသားပညာေရးဥပေဒ၏ ဆက္စပ္ဥပေဒ တစ္ခုျဖစ္ေသာ အေျခခံပညာေရး ဥပ
ေဒတြင္ ဆရာ၊ ဆရာမမ်ား က်ဴရွင္သင္ႏိုင္ရန္ ထည့္သြင္း ေရးဆြဲထားသည့္ အျပင္
က်ဴရွင္သင္မည္ဆိုပါက လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကိုပါ ထည့္သြင္းေရးထား
ေၾကာင္း အေျခခံပညာေရး အသိုင္းအ၀ိုင္းမွ သိရသည္ ။

ယင္းဥပေဒတြင္ ဆရာ၊ ဆရာမမ်ား က်ဴရွင္သင္ၾကားႏိုင္ခြင့္ႏွင့္ ပတ္သက္ၿပီး “ဆရာ
မ်ား သည္ ကၽြမ္းက်င္တတ္ေျမာက္ထားေသာ အတတ္ပညာျဖင့္ အသက္ေမြး၀မ္း
ေက်ာင္းျပဳခြင့္ ရွိသည္” ဟု ျပ႒ာန္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
.......................

 ဆရာ၊ဆရာမများကို ကျူရှင်သင်ကြားခြင်းများနှင့် ပတ်သက်ပြီး ခွင့်ပြုထားခြင်းမရှိဘဲ
ကျော်စောသတင်း ထွက်ရှိလာသူများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည်
ဖြစ်ကြောင်း သိရသည် ။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန လက်အောက်တွင် သင်ကြားရေး
တာဝန်ယူထားရသော ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့ တာဝန်ယူ သင်ကြား
နေသော ဘာသာရပ်များနှင့် မိမိတို့ တာဝန် ယူထားရသော ကျောင်းရှိ ကျောင်း
သားကျောင်းသူများကို ကျူရှင် သင်ကြားခွင့် မရှိဘဲ အခြားကျောင်းမှ ကျောင်းသား
များကို အခကြေးငွေ တောင်းခံခြင်းမရှိဘဲ ကျူရှင်သင်ကြားမည်ဆိုပါက သင်ကြား
နိုင်ကြောင်း အခကြေးငွေယူပြီး ကျူရှင်သင်ကြားခြင်းများနှင့် ပတ်သက်ပြီး ကျော်စော
သတင်း ထွက်ရှိလာသူများကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်
ကြောင်း အခြေခံပညာဦးစီးဌာန မှ သိရသည် ။

“ကျူရှင်သင်တာနဲ့ ပတ်သက်ပြီး တရားဝင်ခွင့်ပြုထားတာမျိုး ဌာနကနေ လုပ်မထားပါ
ဘူး။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ သင်မယ်ဆိုရင် ကိုယ့်ကျောင်းက ကလေး
တွေ မဟုတ်ဘဲ အခြားကျောင်းက ကလေးတွေဆိုရင်တော့ သင်ချင်ရင် သင်နိုင်ပါ
တယ်။ ဒါကလည်း ငွေကြေးကို မတရား တောင်းခံပြီးတော့ သင်လို့မရပါဘူး။ ဒီလို
ကိစ္စတွေဆိုတာက ကျောင်းသား ၊ မိဘနဲ့ ဆရာတွေ အပေးအယူမျှနေရင်တော့ ဘာ
မှ အသံမထွက်ပါဘူး။ အပေးယူမတဲ့ အချိန်ကျရင် တိုင်တာတောတာတွေ ဖြစ်လာ
တာပဲ။ ဆရာတို့အနေနဲ့တော့ ဆရာတွေ ငွေကြေးတောင်းခံ သင်ကြားမှုတွေကို သိ
လာရရင်တော့ စိစစ်အရေးယူမှာ ဖြစ်ပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်
မြင့်အရာရှိတစ်ဦးက ပြောသည် ။

အမျိုးသားပညာရေးဥပဒေ၏ ဆက်စပ်ဥပဒေ တစ်ခုဖြစ်သော အခြေခံပညာရေး ဥပ
ဒေတွင် ဆရာ၊ ဆရာမများ ကျူရှင်သင်နိုင်ရန် ထည့်သွင်း ရေးဆွဲထားသည့် အပြင်
ကျူရှင်သင်မည်ဆိုပါက လိုက်နာရမည့် စည်းကမ်းချက်များကိုပါ ထည့်သွင်းရေးထား
ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းမှ သိရသည် ။

ယင်းဥပဒေတွင် ဆရာ၊ ဆရာမများ ကျူရှင်သင်ကြားနိုင်ခွင့်နှင့် ပတ်သက်ပြီး “ဆရာ
များ သည် ကျွမ်းကျင်တတ်မြောက်ထားသော အတတ်ပညာဖြင့် အသက်မွေးဝမ်း
ကျောင်းပြုခွင့် ရှိသည်” ဟု ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment