Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ျမန္မာျပည္ကိုသြားမည့္ အေမရိကန္ႏိုင္ငံသားမ်ားအတြက္ သတိေပးခ်က္


အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံသို႔ ခရီးသြားမည့္ မိမိႏိုင္ငံသားမ်ားအတြက္ သတိေပးခ်က္ကို ေအာက္တိုဘာ ၇ ရက္၊ ဗုဒၶဟူးေန႔က ထုတ္ျပန္လိုက္ပါသည္။ ျမန္မာႏိုင္ငံ ေ႐ြးေကာက္ပြဲကာလ တစ္ဝိုက္တြင္ လံုျခံဳေရးဆိုင္ရာ အေရးေပၚအေျခအေနမ်ား ျဖစ္ပြားလာႏိုင္ေသာေၾကာင့္ သတိျပဳဆင္ျခင္ရန္ သတိေပးလိုက္ျခင္း ျဖစ္သည္။ ယင္းသတိေပးခ်က္သည္ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာ ၂၀ ရက္ေန႔အထိ အက်ံဳးဝင္ပါသည္။
ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းရွိ အေမရိကန္သံ႐ံုး အေဆာက္အအံုသစ္ ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းရွိ အေမရိကန္သံ႐ံုး အေဆာက္အအံုသစ္ ျဖစ္ပါသည္။ (ပံုႀကီးၾကည့္ရန္ ကလစ္ခ္ လုပ္ပါ။)မန္မာႏိုင္ငံသို႔ ခရီးသြားသူမ်ားသည္ ေ႐ြးေကာက္ပြဲကာလတြင္ အေႏွာင့္အယွက္ အဟန္႔အတားမ်ားႏွင့္ အဆင္မေျပမႈမ်ား ၾကံဳေတြ႕ဖြယ္ရွိသည္ကို သတိျပဳၾကဖို႔ အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ အေမရိကန္ ျပည္ေထာင္စုအပါအဝင္ အျခား ၉ ႏိုင္ငံကလည္း အလားတူ သတိေပးခ်က္မ်ား ထုတ္ျပန္ထားၿပီး ျဖစ္ပါသည္။ ကုလသမဂၢသည္လည္း ေ႐ြးေကာက္ပြဲကာလတြင္ မိမိ၏ ဝန္ထမ္းမ်ား ျမန္မာႏိုင္ငံသို႔ မသြားရန္ သတိေပးထားသည္။
ေ႐ြးေကာက္ပြဲကာလတြင္ လံုျခံဳေရးအတြက္ အထူးသတိျပဳရမည္ ျဖစ္ၿပီး၊ ႏိုင္ငံေရး လူစုလူေဝးမ်ား၊ မဲ႐ံုမဲဌာနမ်ား၊ ဆႏၵျပပြဲမ်ားႏွင့္ မည္သည့္ လူစုလူေဝးကိုမဆို ေရွာင္ရွားၾကရန္ သတိေပးထား၏။ ဆူပူလႈပ္ရွားမႈမ်ား ဆိုင္းမဆင့္ဗံုမဆင့္ ျဖစ္ပြားႏိုင္ကာ ေဘးမွမဆိုင္သူမ်ားလည္း အႏၲရာယ္ျဖစ္ႏိုင္သည္ဟု ေဖာ္ျပထားသည္။ျမန္မာႏိုင္ငံသို႔ ခရီးသြားမည့္ အေမရိကန္ႏိုင္ငံသားမ်ား ဆက္သြယ္ရန္ အေမရိကန္သံ႐ံုး၏ လိပ္စာ၊ ဖုန္းနံပါတ္ႏွင့္ အီးေမးလ္လိပ္စာတို႔ကို ပရင့္ထုတ္၍ ေဆာင္ထားႏိုင္ပါသည္။ျမန္မာႏိုင္ငံသို႔ ခရီးသြားမည့္ အေမရိကန္ႏိုင္ငံသားမ်ား ဆက္သြယ္ရန္ အေမရိကန္သံ႐ံုး၏ လိပ္စာ၊ ဖုန္းနံပါတ္ႏွင့္ အီးေမးလ္လိပ္စာတို႔ကို ပရင့္ထုတ္၍ ေဆာင္ထားႏိုင္ပါသည္။
ျမန္မာႏိုင္ငံ၏ အဓိက ဒီမိုကေရစီအင္အားစုႀကီး ျဖစ္ေသာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါဝင္ယွဥ္ၿပိဳင္မည့္ အေထြေထြ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ ျပဳလုပ္မည္ ျဖစ္၍၊ အႏိုင္အ႐ံႈးရလဒ္ကို ႏိုဝင္ဘာ ၂၂ ရက္ေန႔တြင္ ေၾကညာမည္ ျဖစ္၏။
အေမရိကန္ႏိုင္ငံသားမ်ားသည္  မိမိတို႔၏ လံုျခံဳေရး အကာအကြယ္မ်ားကို စီစဥ္ျပဳလုပ္ထားၾကရန္၊ မိမိေရာက္ေနေသာ ေနရာေဒသ၏ ျဖစ္ရပ္မ်ားႏွင့္တကြ ပတ္ဝန္းက်င္ကို ေလ့လာအကဲခတ္ရန္ႏွင့္ ျမန္မာသတင္းဌာနမ်ားမွ ေနာက္ဆံုးသတင္းမ်ားကို ရယူၾကရန္ တိုက္တြန္းထားသည္။
ျမန္မာအာဏာပိုင္မ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲကာလအတြင္း တစ္ျပည္လံုးတြင္ လံုျခံဳေရး တိုးျမႇင့္ထားဖြယ္ ရွိ၍ အၾကမ္းဖက္မႈမ်ားတြင္ အေမရိကန္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားဖြယ္ မရွိေၾကာင္းကိုလည္း ေဖာ္ျပထား၏။
အကူအညီလိုအပ္ပါက အေမရိကန္သံ႐ံုးသို႔ ဆက္သြယ္ၾကရန္လည္း လိပ္စာႏွင့္ ဖုန္းနံပါတ္မ်ား ေပးထားပါသည္။
ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုး
အမွတ္ ၁၁၀ တကၠသိုလ္ရိပ္သာလမ္း
ကမာ႐ြတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕
တနလၤာမွ ေသာၾကာ၊ ႐ံုးဖြင့္ရက္မ်ားတြင္ နံနက္ ၈း၀၀ နာရီမွ ညေန ၄း၃၀ နာရီအတြင္း ဆက္သြယ္ႏိုင္ေသာ ဖုန္းနံပါတ္မွာ +95-01-536-509 ျဖစ္ပါသည္။
အျခားအခ်ိန္မ်ားတြင္ အေမရိကန္ႏိုင္ငံသားမ်ား အေရးေပၚဆက္သြယ္ရန္ ဖုန္းနံပါတ္မ်ားမွာ +95 09-51-24330, သို႔မဟုတ္ +95 01-500-547 ျဖစ္၏။
ေကာင္စစ္ဝန္႐ံုး၏ အီးေမးလ္လိပ္စာမွာ consularrangoon@state.gov ျဖစ္ပါသည္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အဂၤလိပ္ဘာသာျဖင့္ ခရီးသြား သတိေပးေၾကညာခ်က္ကို ဖတ္႐ႈရန္
 ကလစ္ခ္လုပ္ပါ   Burma Travel Alert
http://kabarthit.com/index.php?option=com_content&view=article&id=780:2015-10-09-16-01-20&catid=8:2013-10-13-17-09-02&Itemid=214
..............................................................................................

.အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ ခရီးသွားမည့် မိမိနိုင်ငံသားများအတွက် သတိပေးချက်ကို အောက်တိုဘာ ရ ရက်၊ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါသည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလ တစ်ဝိုက်တွင် လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပွားလာနိုင်သောကြောင့် သတိပြုဆင်ခြင်ရန် သတိပေးလိုက်ခြင်း ဖြစ်သည်။ ယင်းသတိပေးချက်သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ အကျံုးဝင်ပါသည်။

ရြန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံး အဆောက်အအုံသစ် ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံး အဆောက်အအုံသစ် ဖြစ်ပါသည်။ (ပုံကြီးကြည့်ရန် ကလစ်ခ် လုပ်ပါ။)မန်မာနိုင်ငံသို့ ခရီးသွားသူများသည် ရွေးကောက်ပွဲကာလတွင် အနှောင့်အယှက် အဟန့်အတားများနှင့် အဆင်မပြေမှုများ ကြံုတွေ့ဖွယ်ရှိသည်ကို သတိပြုကြဖို့ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စုအပါအဝင် အခြား ၉ နိုင်ငံကလည်း အလားတူ သတိပေးချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ကုလသမဂ္ဂသည်လည်း ရွေးကောက်ပွဲကာလတွင် မိမိ၏ ဝန်ထမ်းများ မြန်မာနိုင်ငံသို့ မသွားရန် သတိပေးထားသည်။

ရွေးကောက်ပွဲကာလတွင် လုံခြံုရေးအတွက် အထူးသတိပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေး လူစုလူဝေးများ၊ မဲရုံမဲဌာနများ၊ ဆန္ဒပြပွဲများနှင့် မည်သည့် လူစုလူဝေးကိုမဆို ရှောင်ရှားကြရန် သတိပေးထား၏။ ဆူပူလှုပ်ရှားမှုများ ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်ပွားနိုင်ကာ ဘေးမှမဆိုင်သူများလည်း အန္တရာယ်ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံသို့ ခရီးသွားမည့် အမေရိကန်နိုင်ငံသားများ ဆက်သွယ်ရန် အမေရိကန်သံရုံး၏ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို ပရင့်ထုတ်၍ ဆောင်ထားနိုင်ပါသည်။မြန်မာနိုင်ငံသို့ ခရီးသွားမည့် အမေရိကန်နိုင်ငံသားများ ဆက်သွယ်ရန် အမေရိကန်သံရုံး၏ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို ပရင့်ထုတ်၍ ဆောင်ထားနိုင်ပါသည်။

မြန်မာနိုင်ငံ၏ အဓိက ဒီမိုကရေစီအင်အားစုကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင်မည့် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်၍၊ အနိုင်အရှုံးရလဒ်ကို နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကြေညာမည် ဖြစ်၏။

အမေရိကန်နိုင်ငံသားများသည်  မိမိတို့၏ လုံခြံုရေး အကာအကွယ်များကို စီစဉ်ပြုလုပ်ထားကြရန်၊ မိမိရောက်နေသော နေရာဒေသ၏ ဖြစ်ရပ်များနှင့်တကွ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ရန်နှင့် မြန်မာသတင်းဌာနများမှ နောက်ဆုံးသတင်းများကို ရယူကြရန် တိုက်တွန်းထားသည်။

မြန်မာအာဏာပိုင်များအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း တစ်ပြည်လုံးတွင် လုံခြံုရေး တိုးမြှင့်ထားဖွယ် ရှိ၍ အကြမ်းဖက်မှုများတွင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားဖွယ် မရှိကြောင်းကိုလည်း ဖော်ပြထား၏။

အကူအညီလိုအပ်ပါက အမေရိကန်သံရုံးသို့ ဆက်သွယ်ကြရန်လည်း လိပ်စာနှင့် ဖုန်းနံပါတ်များ ပေးထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး
အမှတ် ၁၁၀ တက္ကသိုလ်ရိပ်သာလမ်း
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

တနင်္လာမှ သောကြာ၊ ရုံးဖွင့်ရက်များတွင် နံနက် ၈းဝဝ နာရီမှ ညနေ ၄း၃၀ နာရီအတွင်း ဆက်သွယ်နိုင်သော ဖုန်းနံပါတ်မှာ +95-01-536-509 ဖြစ်ပါသည်။

အခြားအချိန်များတွင် အမေရိကန်နိုင်ငံသားများ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ +95 09-51-24330, သို့မဟုတ် +95 01-500-547 ဖြစ်၏။

ကောင်စစ်ဝန်ရုံး၏ အီးမေးလ်လိပ်စာမှာ consularrangoon@state.gov ဖြစ်ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂလိပ်ဘာသာဖြင့် ခရီးသွား သတိပေးကြေညာချက်ကို ဖတ်ရှုရန် ကလစ်ခ်လုပ်ပါ။ 
Travel Warning
http://kabarthit.com/index.php?option=com_content&view=article&id=780:2015-10-09-16-01-20&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment